သန္ဓေသားတားဆေးထိုးခြင်း

သန္ဓေသားတားဆေးထိုးခြင်

 

သန္ဓေသားတားဆေးထိုးခြင်း (Injection Contraceptives)

သန္ဓေတားဆေးသောက်ရန်မေ့သွားခြင်းအတွက်စိုးရိမ်စရာမလိုတော.ဘဲ သန္ဓေတားဆေးထိုးခြင်းသည်အဆင်ပြေမြန်ဆန်သောကြောင့် ရေပန်းစားသောသန္ဓေတားနည်းလမ်းတစ်ခုဖြစ်လာသည်။ ကိုယ်၀န်တားနိုင်ခြင်းအရည်အသွေးမြင့်မားပြီး၎င်းသည်ဉကျခြင်းကိုဟန့်တားစေပြီး သုတ်ရည်၀င်မသွားလောက်အောင်သားအိမ်ခေါင်းအချွဲကိုထူစေပါသည်။ စျေးနှုန်းချိုသာသန္ဓေတားဆေးထိုးခြင်းဝန်ဆောင်မှုသည် 399 ဘတ်မှ 795 ဘတ်အထိရှိပြီး ကိုယ်ဝန်စစ်ဆေးမှုများမပါဝင်သေးပါ။ သန္ဓေတားဆေးထိုးခြင်း၏စျေးနှုန်းသည် သန္ဓေတားဆေးအမျိုးအစားနှင့် ထိုး၏အဆက်အစပ်ပေါ်မူတည်ပါသည်။ သန္ဓေတားဆေးထိုးခြင်း၏စျေးနှုန်းသည် သန္ဓေတားဆေးအမျိုးအစားနှင့် ထိုးခြင်းအဆက်အစပ်ပေါ်မူတည်ပါသည်။

 

 

သားအိမ်ခေါင်းအချွဲကိုလည်းထူထဲစေးကပ်စေပြီး သုတ်ပိုးမဖောက်ဝင်အောင်ပြုလုပ်ပေးပါသည်။ ဒါပေမယ့် သန္ဓေတားဆေးထိုးခြင်းသည် ၁ လ သို့မဟုတ် ၃ လ အချိန်တိုအတွင်းသာကိုယ်ဝန်တားနိုင်ပါသည်။ သန္ဓေတားဆေးထိုးခြင်း နှစ်မျိုးရှိပြီး ၁ လစာသန္ဓေတားဆေးထိုးခြင်းနှင့် ၃ လစာသန္ဓေတားဆေးထိုးခြင်းတို.ဖြစ်ပါသည်။ ဆရာဝန်ရက်ချိန်းအရ သန္ဓေတားဆေမးထိုးနိုင်ပါက ကိုယ်ဝန်ရနိုင်ချေရှိပါသည်။

တားဆေးထိုးခြင်းများမကြာခဏတွေ့ရသောမေးခွန်းများ


  • တားဆေးကိုဘယ်ချိန်မှာစထိုးသင့်ပါသလဲ?

တား‌ဆေးကိုရာသီလာတဲ့ချိန်ပထမ ၅ ရက်အတွင်းမှာထိုးသင့်ပါသည်

 

  • တား‌ဆေးထိုးပြီးနောက်တခါတည်းလိင်ဆက်ဆံခြင်းရှိနိုင်ပါသလား ?

လိင်ဆက်ဆံချိန်မှာကာကွယ်ရန်မလိုအပ်အောင် နှင်. ပထမအကြိမ်တားဆေးစထိုးသည်.ရက်မှာကိုယ်၀န်မဆောင်ကြောင်းသေချာသွားအောင် တား‌ဆေးကိုရာသီလာချိန်ပထမ ၅ ရက်အတွင်းမှာထိုးသင့်ပါသည်၊‌၊အကယ်၍ရာသီလာသည်.အချိန်မဟုဘဲတားဆေးထိုးချင်ပါက တားဆေးထိုးပြီး 7ရက်‌နောက်ပိုင်းမှ စိတ်ချစွာဖြင့်လိင်ဆက်ဆံခြင်းရှိနိုင်ပါသည်၊၊ တား‌ဆေးထိုးခြင်းသည်လိင်မှတဆင့်ကူးစက်‌သောရောဂါကိုမကာကွယ်‌နိုင်သောကြောင့် လိင်မှတဆင့်ကူးစက်‌သောရောဂါကို ကာကွယ်လိုပါလိင်ဆက်ဆံချိန်မှာကွန်တုံးကိုအသုံးပြုသင့်ပါသည်

 

  • ရာသီမလာသည်.ရက်မှာတားဆေးထိုးလို့ရပါသလား ?

ရာသီမလာသည်.ရက်မှာတားဆေးထိုးနိုင်ပါသည်၊၊ သို.သော်တားဆေးမထိုးမီ ဆရာ၀န်ထံမှကိုယ်၀န်ကိုစစ်‌ဆေးခြင်းခံယူသင့်ပြီး ဆရာ၀န်ထံမှအကြံဉာဏ်ယူသင့်ပါသည်။

 

  • တား‌ဆေးထိုးတဲ့‌နောက်ဘာလို့ရာသီပုံမှန်မလာတာလဲ

တား‌ဆေးထိုးပြီးရာသီမလာခြင်းသည် ဖြစ်ပွားနိုင်သည့်လက္ခဏာဟုယူဆပါသည်။ လူတစ်ချင်းစီပေါ်မူတည်၍ ရလဒ်ကမတူညီနိုင်ပါ ။ သို.သေ်ခန္ဓာကိုယ်ကို ထိခိုက်မှုမရှိစေပါ။

 

  • ၃လစာဆေးထိုးတာနှင့် ၁လစာ‌ဆေးထိုးတာ ဘယ်လိုကွာခြားသလဲ ?

- ၁လစာ‌ဆေးထိုးခြင်းသည်ပေါင်းစပ်‌ဟော်မုန်းဖြစ်ပြီး (အီစထရိုဂျင်နှင့် ပရိုဂျက်စတင် နှစ်မျိုးလုံးပါရှိသည်) ။လစဉ်ဆေးထိုးရန်တစ်လ ၁ ကြိမ် ရက်ချိန်းပေးခြင်းနှင်.ဓမ္မတာပုံမှန်အတိုင်းလစဉ်လာပါမည်။
- ၃လစာ‌ဆေးထိုးခြင်းသည် ‌ဟော်မုန်းတစ်မျိုးဖြစ်သောပရိုဂျက်စတင်တခုတည်းပါ၀င်ပါသည်၊၊ ၃ လတစ်ကြိမ်ထိုးရန်ရက်ချိန်းပေးခြင်းနှင်.ရာသီ‌ပျောက်သွားနိုင်ပါသည်၊၊ သို.သေ်ကျန်းမာ‌ရေးကိုမထိခိုက်စေပါ။

 

  • လစာတား‌‌ဆေးထိုးပြီး၃လစာပြောင်းထိုးလို့ရပါသလား (သို့) ၃လစာထိုးပြီး၁လစာ‌ပြောင်းထိုးလို့ရပါသလား

ပြောင်းထိုးချင်ပါက နောက်တ‌ခေါက်တားဆေးထိုးရန်ရက်ချိန်းထား‌သောရက်အတိုင်းလာရပါမည်၊၊ချိန်း‌ထားသောရက်မတိုင်မီလာနိုင်ပြီး ချိန်းရက်‌‌ကျော်လွန်ပြီးမလာသင့်ပါ။

 

  • တား‌ဆေးထိုးခြင်းသည် ရက်ချိန်းအရထိုးရမလား၊ရက်ချိန်းမတိုင်ခင် သို့မဟုတ် ရက်ချိန်း‌ကျော်လို.ရပါသလား ?

တား‌ဆေးသည်ဟော်မုန်းအမျိုးအစား၂မျိုးရှိသည်။  အက်ထရိုဂျင်နှင့်ပရိုဂျက်တင် ပေါင်းစပ်ထားသောဟော်မုန်း နှင်. ပရိုဂျက်တင်ဟော်မုန်းတမျိုးတည်းရှိ‌သော စသည်.အမျိုးအစားတို.ရှိပါသည်။

ဘယ်လိုဘဲဖြစ်ဖြစ်ရက်ချိန်းမတိုင်ခင်တားဆေးထိုးလိုပါကအောက်ပါအတိုင်းလိုက်နာသင်.ပါသည်။ ‌

 

ရက်ချိန်းမတိုင်ခင်တားဆေးထိုးခြင်း ၁ လစာထိုးတားဆေးကို သတ်မှတ်ရက်မတိုင်မီ ၇ ရက်ထိုးနိုင်ပြီး ၃ လစာတားဆေးးကို သတ်မှတ်ရက်မတိုင်မီ ၂ ပတ်အလိုတွင်ကြိုထိုးနိုင်ပါသည်။ ၎င်းသည်ပုံမှန်မဟုတ်သော ရာသီသွေးဆင်းခြင်းကိုဖြစ်ပေါ်စေနိုင် ပြီးနောက်ပိုင်းမှာ တဖြည်းဖြည်း ရာသီသွေးလျော့နည်းစေပါသည်။

 

ရက်ချိန်းထက်တားဆေးထိုးနောက်ကျခြင်း ၁ လစာတားဆေးကို သတ်မှတ်ရက်ထက် ၇ ရက်အထိနှောင့်နှေးပြီး ထိုးနိုင်ပါသည်။ ၃ လစာတားဆေးကို သတ်မှတ်ရက်ထက် ၂ ပတ်အထိရွှေ့ဆိုင်းနိုင်သည်။ သို.သော် အထက်ပါဖော််ပြထားသောရက်ထက် နောက်ကျပါက တခြားသန္ဓေတားနည်းများဖြင်. ကာကွယ်သင်.ပါသည်။ ဥပမာအားဖြင်. လိင်ဆက်ဆံချိန်တွင် တားဆေးထိုးမည်.နေ့အထိ နှင်. တားဆေးထိုးပြီးနောက် ၇ ရက်အထိကွန်ဒုံးကိုအသုံးပြုသင်.ပါသည်။


This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy