လက်မောင်းတွင်းထည့်ပစ္စည်းထည့်ခြင်းကိုယ်၀န်တားနည်းသည်ဘယ်လိုကောင်းသလဲဆိုတာသံသရှိနေကြတဲ့သူအတွက်

 

       ရှေးခေတ်ကအမျိုးသမီးတွေကဆေးကဒ်သောက်သောက်ခြင်းအားဖြင့်ကိုယ်၀န်တားကြပါသည်၊ဘာလို့လဲဆိုတော့ဆေး၀ယ်သောက်ရခြင်းလွယ်တာနဲ့ စျေးချိုတာနဲ့ နောက်ပြီးတားရခြင်းအရည်အသွေးမြင့်မားပါသည် ဒါပေမဲ့ဆေးသောက်ဖို့ရန်မေ့ခဲ့တယ်ဆိုရင်တော့ကိုယ်၀န်ရနိုင်ပါသည်၊အဲ့တာကြောင့်မေ့တတ်တဲ့သူတွေက တခြားနည်းနဲ့ကိုယ်၀န်တားကြပါသည်၊ဉပမာ သားကြောဖြတ်တာ၊ ဆေးထိုးတာ (သို့)အမျိုးသမီးတွင်းထဲကွင်းထည့်တာ များလုပ်ကြပါသည်ကိုယ်၀န်မရအောင်။အခုလက်ရှိအများပိုင်းသည် လက်မောင်းတွင်းထည့်နည်းနဲ့တား တာများကြပါသည်၊ဘာလို့လဲဆိုတော့အရည်အသွေးမြင့်မားပြီး အဆင်ပြေစွာနဲ့အချိန်ကုန်တာသက်သာစေပါသည်။အဲ့တာကြောင့်အခုခေတ်လူငယ်တွေနဲ့ပိုပြီးလုပ်တာများကြပါသည်၊ဘာကြောင့်လဲဆိုတာပိုနားလည်အောင်သွားကြည့်ကြရအောင်-

 

လက်မောင်းတွင်းထည့်ပစ္စည်းထည့်ခြင်းဆိုတာဘာလဲ ?

       လက်မောင်းတွင်းထည့်ပစ္စည်းထည့်ခြင်းဆိုတာ မိမိ၏လက်မောင်းအရေးပြားအောက်၌ပလတ်စတစ်အချောင်းကိုထည့်ခြင်းအားဖြင့်ပြုလုပ်ပါသည်။အဲ့ဒီအထဲသည်ကိုယ်၀န်မရအောင်ဟော်မုန်းလေးများရှိပါသည်၊ဆရာ၀န်သည်မိမိ၏လက်မောင်းအောက်ကိုထည့်ပေးပါမည်၊လက်မောင်းတွင်းထဲထည့်ရခြင်းအကြောင်းရင်းမှာတော့လက်မောင်းသည်ထိခိုက်ထိတွေ့ရခြင်းနည်းသောနေရာဖြစ်တဲ့တွက်ကြောင့်ဖြစ်ပါသည်၊ပလတ်စတစ်အချောင်းထဲ၌ဆေးသည်ဟော်မုန်းပရိုဂျက်တင်ပါ၀င်ပြီးမိမိအရေပြားအောက်ထဲ၌ဆေးသည်သွေးကြောထဲကိုတဖြည်းဖြည်းစိမ့်၀င်သွားမည်ဖြစပါသည်၊ဉကြွေကျဆင်းကိုတားဆီးဖို့အတွက် ဒီနည်းနဲ့လုပ်ခြင်းသည်တခြားနည်းနဲ့နှိုင်းယှဉ်ပါက တားဆီးနိုင်တဲ့အရည်အသွေးအလွန်မြင့်မားပါသည်။

 

လက်မောင်းတွင်းထည့်ပစ္စည်းထည့်ခြင်း၏ကောင်းကျိုးများ

  1. ကိုယ်၀န်တားနိုင်ခြေအရည်အ‌သွေးမြင့်မားသည်။

  2. ဆေးအမျိုးအစားပေါ််မူတည်ပြီး ၃-၅ နှစ်အထိအချိန်ကြာမြင့်စွာဖြင့်တားနိုင်ပါသည်၊အဲ့ကြောင့်မကြာခဏအချိန်ကုန်စရာမလိုပါတော့သည်။

  3. ဆေးသောက်ဖို့မေ့တတ်တဲ့သူနဲ့သင့်တော်ပါသည်။

  4. အကယ်၍ထုတ်ဖို့လိုရင်လဲအလွယ်တကူနဲ့လုပ်နိုင်ပါသည်။

  5. ဆေးထုတ်ပြီးနောက်အချိန်တိုအတွင်း၌ကလေးပြန်ယူနိုင်ပါသည်။

  6. 90%အထိကလေးပြန်ရဖို့မြန်စေလိမ့်မည်တားဆေးထိုးတာထက်

  7. ရာသီလာတဲ့ချိန်ဗိုက်နာခြင်းကိုလျော့စေပြီး ရာသီသွေးအများဆင်းသောသူအတွက်ကိုလဲ ရာသီလာခြင်းသွေးနည်းစေပါမည်။

  8. နို့တိုက်နေသောမိခင်များလဲဘာဆိုးကျိုးမှမရှိဘဲတားဆေးပစ္စည်းထည့်နိုင်ပါသည်။

  9. အီစထရိုဂျင်ပါသောဆေးကဒ်များကိုမသုံးနိုင်သောသူများအတွက်သင့်တော်သည်။

  10. ရင်သားကင်ဆာနှင့်သားအိမ်ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ကျစေနိုင်ပါသည်။

 

       ထို့ကြောင့်လက်မောင်းတွင်း၌တားဆေးပစ္စည်းထည့်ခြင်းသည် ကောင်းကျိုးအချက်များအများကြီးရှိနေတာကိုတွေ့မြင်ရပါသည်။လက်မောင်းအရေပြားအောက်၌ထည့်ရခြင်းသည်စစခြင်းထဲ၌လုပ်ရခြင်းထူးဆန်းမယ်ထင်ရလိမ့်မည်။ဒါပေမယ့်သင့်ရဲ့ထိရောက်မှုနဲ့အကျိုးကျေးဇူးတွေကိုကြည့်ရင်ဒါဟာလုံခြုံတဲ့အကာအကွယ်နည်းတစ်ခုဆိုတာသေချာနိုင်ပါသည်။၎င်းသည်အလွန်အဆင်ပြေပြီးတန်ပါသည်၊တားဆေးထည့်သွင်းခြင်းကိုစိတ်ဝင်စားသူမည်သူမဆို Intouch Medicare လုံခြုံစိတ်ချရပြီးအထူးကျွမ်းကျင်သောဆရာဝန်များနှင့်သူနာပြုအဖွဲ့များမှအကြံဥာဏ်ပေးရန်အသင့်ဖြစ်၍အဆင်ပြေပြီး လျင်မြန်စေပါသည်။