မိန်းကလေးတိုင်းသိရန်လိုအပ်သော အဖြူဆင်းခြင်းအကြောင်း

Last updated: 26 Mar 2024  |  20168 ကြည့်ရှုခြင်း  | 

ตกขาว เรื่องปกติที่ผู้หญิงควรรู้

      မိန်းမဂိုလ်မှအဖြုဆင်းခြင်းပြဿနာသည်မိန်းကလေးတိုင်းကြုံတွေ့ရသော ကိစ္စတစ်ခုဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော်အများအားဖြင့် မျိုးပွားမှု့အားကောင်းသောအရွယ် အမျိုးသမီးများတွင်မိန်းမဂိုလ်မှအဖြူဆင်းခြင်းသည်ပုံမှန်အနေအထားဖြစ်ပြီး ခန္ဓာကိုယ်အတွက်ဆိုးကျိုးမရှိပါ။ဤဆောင်းပါး၌ ကျွန်ုတို့မှသင့်အားအဖြူဆင်းခြင်းအကြောင်းနှင့်ပက်သက်၍ပိုမိုနားလည်နိုင်စေရန်ဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော် အဖြူဆင်းမှု့ထူးဆန်းခြင်းသည်ကိုယ်ခန္ဓာအတွင်း၏ပုံမှန်မဟုတ်သောလက္ခဏာများကိုညွှန်ပြနေသောကြောင့်ဖြစ်ပါသည်။


အဖြူဆင်းခြင်းဆိုသည်မှာဘာလဲ ဘယ်လိုဖြစ်လာတာလဲလက္ခဏာ

      အဖြူဆင်းခြင်းသည် မိန်းမဂိုလ်၏အပြင်ဘက်သို့စီးဆင်းလာသောသွေးမဟုတ်သည့်အရည်တစ်မျိုးဖြစ်ပါသည်။မွေးလမ်းကြောင်း၊မိန်းမဂိုလ်၊မအင်္ဂါစပ်နှင့်သားအိမ်ခေါင်းဝအနီးတစ်ဝိုက်အပါအ၀င် ဤအရည်အများစုအား ထုတ်လုပ်ပါသည်။ပုံမှန်အားဖြင့်အဖြူဆင်းခြင်း၏လက္ခဏာသည်ခန္ဓကိုယ်အတွင်းပြောင်းလဲမှု့များအရ ကွဲပြားမှု့ရှိပါသည်။ရုပ်ပိုင်းဆိုင်ရာ မူမမှန်မှု့များအား ညွှန်ပြချက်အဖြစ်လည်းအသုံးပြုနိုင်သည်။ပုံမှန်မဟုတ်သောအဖြူဆင်းခြင်းသည် ပေါင်ဒါမှုန့်ကဲ့သို့အဖြူရောင်အရင့် ဖြစ်နေခြင်း(သို့)အရည်ကြည်ဖြစ်ပြီး အနံ့ဆိုးထွက်ခြင်းနှင့်ယားယံခြင်းမရှိပါ။

       အဖြူဆင်းခြင်းဖြစ်ပေါ်မှု့သည် အဘယ်ကြောင့်ဆိုသော် ရာသီလာစဥ်ဟော်မုန်းအပြောင်းအလဲကြောင့်မျိုးပွားမှု့အားကောင်းသောအရွယ် အမျိုးသမီးအရွယ်များတွင်ဖြစ်တတ်ပါသည်။ထို့ကြောင့်ကိုယ်တွင်းအင်္ဂါမှထုတ်ပေးသောအရည်၏သဘောသဘာ၀ကိုထိခိုက်စေပါသည်။မျိုးပွားမှု့စနစ်တွင် မျိုးဥထွက်ရန်နီးကပ်လာသောအချိန်ကာလ၌ ဥပမာ အခြားအချိန်ကာလများထက်အဖြူဆင်းခြင်းသည် ကြည်လင်သောအရည်ကြည်ဖြစ်နိုင်ပါသည်။အကယ်၍ ပုံမှန်အဖြှူဆင်းခြင်းလက္ခဏာမဟုတ်ပါက ယားယံခြင်းပါတွဲနေပါကကိုယ်ခန္ဓာအတွင်း၏ပုံမှန်မဟုတ်သောလက္ခဏာများကိုညွှန်ပြနေသောကြောင့်ဖြစ်ပါသည်။
 

မည်သည့်အဖြူဆင်းခြင်းအမျိုးအစားအား မူမမှန်ခြင်းဟုခေါ်ပါသလဲ

      အရင်အစပိုင်း၌ပြောခဲ့သည့်အတိုင်း ပုံမှန်အဖြူဆင်းခြင်းသည် အရည်ကြည် (သို့) အဖြူရောင်အရင့်အနံ့ဆိုးမရှိခြင်းနှင့် ယာ.ယံခြင်းအပါအ၀င် ပုံမှန်မဟုတ်သောအဖြူဆင်းခြင်း၏လက္ခဏာများမှာအောက်ပါအတိုင်းဖြစ်ပါသည်။

  1. ပုံမှန်မဟုတ်သောအဖြူဆင်းခြင်းသည် အကယ်၍ပုံမှန်ထက်အဖြူဆင်းခြင်းများနေပါကပုံမှန်မဟုတ်သောအဖြူဆင်းခြင်းဟုသံသယဖြစ်နိုင်ပါသည်။

  2. အဖြူဆင်းခြင်းလက္ခဏာ၏အသွင်အပြင်ပြောင်းလဲခြင်း အကယ်၍မိန်းမဂိုလ်မှအဖြူဆင်းသည့် သဘောသဘာ၀ပြောင်းလဲပါက ဥပမာအားဖြင့် ပို၍အရောင်ရင့်ခြင်း (သို့) ဂျုံမှုန်ကဲ့သို့အဖြုရင့် ရောင် (သို့) နို့နှစ်ကဲ့သို့အရောင်၊အမြှုပ်ရှိခြင်း၊ဂျုံမှုန့်ကဲ့သို့အဖြူနှစ်တုံးရောင်များအပါအ၀င်အားလုံး  သည် ပုံမှန်မဟုတ်သောအဖြူဆင်းခြင်းလက္ခဏာများဖြစ်ပါသည်။

  3. အဖြူဆင်းခြင်း၏မူမမှန်သောအရောင်ပြောင်းလဲခြင်း အဖြူဆင်းခြင်း၏ပုံမှန်မဟုတ်သောအရောင်ပြောင်းလဲခြင်းသည် ဥပမာ အ၀ါရောင်၊အစိမ်းရောင်၊အဖြူရောင်အရင့်တို့သည် အများအားဖြင့်အတွင်းပိုင်း၌ပိုး၀င်မှု့ရှိခြင်းကြောင့်ဖြစ်နိုင်ချေများပါသည်။ ဖြစ်ပေါ်လာသောနှစ်မျိုးစလုံး၏အရင်းအမြစ်သည်လက်တွဲဖော်နှင့် လိင်ဆက်ဆံခြင်းတို့မှ ဖြစ်နိုင်ပါသည်။ မိန်းမဂိုလ်မွေးလမ်းကြောင်းအတွင်းအချို့သောအရာပစ္စည်များ အသုံးပြုခြင်းအစရှိသည်နှင့်အညိုရောင်ရှိသောအဖြုဆင်းခြင်းသည်လည်း ရာသီလာပြီးနောက်သားအိမ်နံရံရှိအမျှင်များ ကွာကျမှု့နှေးကွေးသောကြောင့် အဖြူဆင်းခြင်းသည် အဖြူရောင်မှအညိုရောင်သို့ပြောင်လဲသွားခြင်းဖြစ်ပါသည်။

  4. အဖြူဆင်းဖခြင်း၏အနံ့ ပုံမှန်မဟုတ်သောအဖြူဆင်းခြင်းသည် အနံံထွက်ခြင်းမှလည်းခွဲခြားသိရှိနိုင်ပါသည်။အနံ့ဆိုးထွက်သောအဖြူဆင်းခြင်းသည်လည်း ပိုး၀င်ခြင်းကြောင့်ဖြစ်ပေါ်နိုင်ခြင်းနှင့်အနံ့မရှိသောအဖြူဆင်းခြင်းသည်လည်း မိန်းမဂိုလ်မှမှိုစွဲခြင်းကြောင့်ဖြစ်ပေါ်နိုင်ပါသည်။

  5. အခြားသောလက္ခဏာများပါ၀င်ခြင်း အကယ်၍အဖြူဆင်းခြင်းသည်အခြားသောလက္ခဏာများအပါအ၀င် ဥပမာ ဆီးသွားသောအခါ၌ ပူခြင်းစပ်ခြင်း၊ပေါင်ခြံဧရိယာ၌စပ်၍ယားယံမှု့အားခံစားရခြင်း သင့်တွင်ဤလက္ခဏာများပါ၀င်မှု့ရှိပါက ဆရာ၀န်နှင့်အမြန်ဆုံးပြသသင့်ပါသည်။

     

      အဖြူဆင်းခြင်းအကြောင်းသည် ရှက်စရာမဟုတ်ပါ၊အဘယ်ကြောင့်ဆိုသော် အမျိုးသမီးတိုင်းဖြစ်တတ်သောရောဂါတစ်မျိုးဖြစ်သောကြောင့်ဖြစ်ပါသည်။ထို့ကြောင့် ရောဂါပိုးမွှားအမျိုးမျိုးများကိုကာကွယ်ရန်နှင့်ပုံမှန်မဟုတ်သောအဖြူဆင်းခြင်းလက္ခဏာများမှကာကွယ်ရန်အတွက်မိန်းမကိုယ်ယောနိအားသန့်ရှင်းမှု့ရှိရန်အရေးကြီးပါသည်။မိန်းမကိုယ်ယောနိအားအကောင်းဆုံးသောသန့်ရှင်းမှု့နည်းလမ်းမှာ ရိုးရိုးရေအားအသုံးပြုပြီးခြောက်အောင်သုတ်ပေးခြင်းဖြစ်ပါသည်။လစဥ်သုံးကပ်ခွာပစ္စည်းအားမကြာခဏလဲပေးခြင်း၊အတွင်းခံအင်္ကျီဘော်လီအားသန့်ရှင်းအောင်ထားခြင်းနှင့် အရေးကြီးသောအချက်မှာ အကယ်၍ ပုံမှန်မဟုတ်သောအဖြူဆင်းခြင်းရှိပါက သင်တစ်ယောက်တည်းစိတ်ထဲတွင်သိမ်းဆည်းမထားသင့်ပါ။ အဘယ်ကြောင့်ဆိုသော် အတွင်းရောဂါ၏ လက္ခဏာများဖြစ်နိုင်သောကြောင့် စနစ်တကျနည်းလမ်းမှန်စွာကုသရန်အတွက်ဆရာ၀န်နှ့င်တိုင်ပင်ဆွေးနွေးသင့်ပါသည်။

 

အမျိုးသမီးများအတွက်မီးယပ်ရောဂါစစ်ဆေးခြင်း


အသေးစိတ်စုံစမ်းမေးမြန်းလိုပါက 
  Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)  
  marketing3
  อินทัชเมดิแคร์คลินิกเวชกรรม (အင်ထ‌‌ပ်မီဒယ်ခဲဆေးခန်း)

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy