သန္ဓေစတားသောလက်သစ်များအတွက် သန္ဓေတားနည်း 5 မျိုး

Last updated: 28 Oct 2022  |  25173 ကြည့်ရှုခြင်း  | 

วิธีคุมกำเนิด

အဆင့်သင့်မဖြစ်သောအချိန်၌ကိုယ်၀န်ရှိခြင်းသည် အများစုအား ကိုယ်၀န်ရှိခြင်းမှဟန့်တားရန်နှင့်ဖျက်ချရန်ဆုံးဖြတ်ရသောပြဿနာတစ်ခုဖြစ်စေပါသည်။ကျွန်ုတို့၏ဥပဒေစည်းမျဥ်းစည်းကမ်းအရ ကိုယ်၀န်ဖျက်ချခြင်းအား တရားမ၀င်ဟု သတ်မှတ်ဆဲဖြစ်ပါသည်။ကိုယ်၀န်ဖျက်ချခြင်းသည်တရားမ၀င်သည့်အပြင် အသက်အန္တရာယ်ရှိနိုင်ပါသည်။ထို့ကြောင့် သန္ဓေတားဆေးသည် မူလဇစ်မြစ်အရအဆင်သင့်မဖြစ်သောအခါတွင် ကိုယ်၀န်တားခြင်းပြဿနာအားဖြေရှင်းနည်းဖြစ်ပါသည်။ဤဆောင်းပါးတွင်သန္ဓေတားနည်း 5 မျိုးနှင့်မိတ်ဆက်ပေးလိုက်ပါသည်။ သန္ဓေစတားမည့်လက်သစ်များအတွက် ပုံမှန်အတိုင်းစိုးရိမ်မှု့မရှိပဲ လိင်ဆက်ဆံနိုင်ရန်အတွက်နှင့်အဆင့်သင့်မဖြစ်သောအချိန်၌ကိုယ်၀န်မရှိနိုင်အောင် စိတ်ချရမှု့အားကူညီပေးပါသည်။

 

1. သောက်ဆေးသုံး၍ကိုယ်၀န်တားခြင်း

      ဆေလုံးသုံး၍ကိုယ်၀န်တားခြင်းသည်ဆေးအားမှန်ကန်စွာပုံမှန်သောက်ပေးခြင်းအားဖြင့်အလွယ်တကူပြုလုပ်နိုင်သောနည်းလမ်းဖြစ်ပါသည်။အထွေထွေစျေးကွက်တွင်ရရှိနိုင်သောအမျိုးအစား 21 လုံးနှင့် 28 လုံးဟူ၍(နောက်ဆုံး 7 လုံးတွင်ဟော်မုန်းမပါပါ)ထို့ကြောင့် 21 လုံးအားရွေးလျှင်ဆေးမသောက်သောရက်အားရေတွက်ရပါလိမ့်မည်။အကယ်၍ 28 လုံးအမျိုးအစားဖြစ်ပါကနေ့စဥ်သောက်ပေးရပါမည်။သို့ပေမဲ့ ပထမဦးစွာဟော်မုန်းပါသောဆေးများအားသောက်ပေးရပါမည်။ဆေးကဒ်နောက်ပြန်သောက်ခြင်းပြုပါနှင့်၄င်းသည်ဟော်မုန်းမပါသောအမြင်သဘောအရပါရှိသည့်ရိုးရိုးဆေးလုံးသာဖြစ်သောကြောင့်ကိုယ်၀န်ရှိခြင်းမှမကာကွယ်နိုင်ပါ။

 

2. သားဆက်ခြားတားဆေးပစ္စည်းထည့်သွင်းခြင်း

သန္ဓေသားတားဆေးပစ္စည်းထည့်သွင်းခြင်း (implantable contraceptive or contraceptive implant) ယာယီသန္ဓေတားဆေးဖြစ်သည်။မီးခြစ်ဆံချောင်းကဲ့သို့ သေးငယ်၍တုတ်ချောင်းနှင့်တူသောသန္ဓေတားဆေးအား အရေပြားအောက်တွင်ထည့်သွင်းခြင်းဖြစ်ပါသည်။အတိမ်ပိုင်းအရေပြားအောက်တွင်အစားထိုးထည့်သွင်းခြင်း (subdermal use) မိမိမသန်သောလက်ဖက်အခြမ်း၌လက်မောင်းအပေါ်ပိုင်းအား အသုံးပြုမည်ဖြစ်ပါသည်။ထည့်သွင်းလိုက်သောသန္ဓေသားတားဆေးပစ္စည်းမှ ကပ်၀င်သွားပြီးလျှင်ဆေးအရှိန်သည်တစ်ဖြည်းချင်းသွေးကြောထဲသို့အဆက်မပြတ်ထွက်ရှိလာခြင်းကြောင့် သန္ဓေသားတားဆေးအာနိသင်သည် 3-5 နှစ်အထိရှိပြီးကိုယ်၀န်ကာကွယ်ရာတွင်အလွန်ထိရောက်မှု့ရှိပါသည်။

 

3. သန္ဓေတားထိုးဆေး

သန္ဓေတားထိုးဆေး (injectable contraceptives) များသည်ကိုယ်၀န်တားရာတွင်လွန်စွာထိရောက်ခြင်းနှင့်နေ့စဥ်သောက်ရန်မလိုသောကြောင့် လူသုံးများသောနည်းလမ်းတစ်မျိုးဖြစ်ပါသည်။သန္ဓေတားထိုးဆေးအမျိုးအစားသည် ပရိုဂျက်စတင်းတစ်မျိုးတည်းပါသောသီးသန့်ဟော်မုန်းများသာပါ၀င်ခြင်းနှင့်ပေါင်းစပ်ဟော်မုန်းနှစ်မျိုးပါရှိမှု့ကြောင့် ကျွန်ုပ်တို့ပတ်၀န်းကျင်တွင် ရေပန်းစားအဆင်ပြေအသုံးများကြပါသည်မှာ သန္ဓေတားထိုးဆေး 3 လကြာခံထိုးဆေးပရိုဂျက်စတင်းတစ်မျိုးတည်းပါသောဟော်မုန်းသီးသန့် အချိန်ကြာမြင့်စွာသန္ဓေတားလိုသောသူများနှင့်သင့်တော်ပါသည်။သို့သော် သန္ဓေတားထိုးဆေးသည် သားအိမ်အတွင်းရှိနံရံများအားကျဥ်းမြောင်းစေသောကြောင့်ကလေးမွေးဖူးသောသူများနှင့်သာသင့်တော်ပါသည်။ထို့ကြောင့် အကယ်၍ကိုယ်၀န်ရချင်သောအခါတွင်သန္ဓေတားထိုးဆေးသုံးပြီးသူများသည် လပေါင်းများစွာစောင့်ရပါသည်။


4. အရေးပေါ်သန္ဓေတားဆေး

ဤတားဆေးသည် လိင်ဆက်ဆံပြီးနောက် နာရီပေါင်း 120 အထိအသုံးပြုနိုင်သောသန္ဓေတားဆေးဖြစ်ပါသည်။သို့သော် အရေး၌ပေါ်သန္ဓေတားဆေးအားမကြာခဏသောက်ပါက အောက်ပါကဲ့သို့သောဘေးထွက်ဆိုးကျိုးများရှိနိုင်ပါသည်။ရာသီမမှန်ခြင်း၊တပျစ်ပျစ်လာခြင်းတို့ကြောင့်အရေးပေါ်သန္ဓေတားဆေးအားသုံးသင့်ပါသည်။ထို့နောက် အခြားသန္ဓေတားနည်းလမ်းအားရှာသင့်ပါသည်။

   

5. သန္ဓေတားကပ်ဆေး

သန္ဓေတားကပ်ဆေးသည်  ဟော်မုန်းပါသောကပ်ဆေးတစ်မျိုးဖြစ်ပါသည်။ကပ်ဆေး၏ပမာဏမှာ 4 x 4 cm ဖြစ်ပြီး ကပ်ဆေးအသုံးပြုနိုင်သောနေရာသည် တင်ပါးဆုံနား၊ ဆီးစပ်ခုံ၊လက်မောင်းရင်း(သို့)ခါးအပေါ်ပိုင်းတစ်၀ိုက်၌ 1 လအတွင်း အသုံးပြုရမည်ဖြစ်ပါသည်။သန္ဓေတားကပ်ဆေးအားတစ်ပတ်လျှင်တစ်ကြိမ် လဲပေးခြင်းဖြင့် 3 ပတ်နှင့်း ရာသီလာရန်အတွက် 1 ပတ်ခြားထားပြီး အကယ်၍ရာသီလာပါက သန္ဓေတားကပ်ဆေးအားသုံးရန်မလိုပါ။ သို့ပေမဲ့ ဤနည်းလမ်းသည်ခန္ဓာကိုယ်၌ ပြင်ပအရာတစ်ခုခုရှိခြင်းကြောင့်စိတ်မသက်မသာမှု့အားခံစားရစေပါသည်။(သို့)တားဆေးကပ်သောနေရာတွင် ယားယံခြင်း၊ကပ်ထားသောတားဆေးကွာကျမှု့အားစိုးရိမ်ရမှု့(သို့)ရင်သားတင်ခြင်းများပါဖြစ်လာနိုင်ပါသည်။

 

လက်တွဲဖော်မှ ကွန်ဒုံးသုံးသည့်အခါသန္ဓေတားဆေးအား ပိုမိုထိရောက်နိုင်စေပါသည်။ထိရောက်သောသန္ဓေတားဆေးဖြစ်သည့်အပြင်လိင်မှတစ်ဆင့်ကူးစက်နိုင်သောရောဂါများအားလည်းကာကွယ်ပေးပါသည်။

  

လက်မောင်းအရေပြားအောက်ထည့် သား‌ဆက်ခြားပစ္စည်းထည့်ခြင်းနှင့်ထုတ်ခြင်း

သန္ဓေတားဆေးထိုးခြင်း


 

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက 
  Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)
  marketing3
  อินทัชเมดิแคร์คลินิกเวชกรรม (အင်ထ‌‌ပ်မီဒယ်ခဲဆေးခန်း)

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy