အမျိုးသမီးတိုင်းသိသင့်သောအဖြူဆင်းခြင်း အမျိုးအစားတွေကဘာတွေလဲ

Last updated: 2021-11-16  |  380 ကြည့်ရှုခြင်း  | 

ตกข่าวที่ผู้หญิงควรรู้

 

         အဖြူဆင်းခြင်းသည်အမျိုးသမီးတိုင်းတွင်ဖြစ်ပွားနိုင်သော လက္ခဏာတစ်ခုဖြစ်သော်လည်း မည်သည့်လက္ခဏာအားပုံမှန်အဖြူဆင်းခြင်းနှင့်မည်သည့်လက္ခဏာမျိုးကအန္တရာယ်ရှိနိုင်ကြောင်းအား အများစုဤမေးခွန်းအားအဖြေမပေးနိုင်သေးပါ။အဘယ်ကြောင့်ဆိုသော် လက္ခဏာပြသောအချိန်တွင် အများအားဖြင့်ရှက်ကြောက်ခြင်းကြောင့်ဆရာ၀န်နှင့်သွားမတွေ့၀ံ့ကြပေ။ထို့ကြောင့် ယနေ့ကျွန်ုတို့မှ ဖြစ်နေသောလက္ခဏာသည် မည်သည့်အန္တရာယ်လက္ခဏာအားညွှန်းသည်နှင့် ဆရာ၀န်အမြန်ဆုံးသွားတွေ့ရန်လိုအပ်သည်(သို့)မလိုအပ်သည်ကို ဉီးစွာသတိပြုစောင့်ကြည့်နိုင်ရန် သိသင့်သိထိုက်သောအချက်အလက်များအားယူဆောင်လာပေးပါသည်။ 

အဖြူဆင်းခြင်းဆိုတာဘာလဲ

      အဖြူဆင်းခြင်းသည် အနည်ကျဆင်းလာသော ကြည်လင်သောအရည်(သို့)၌ပေါင်ဒါဖျော်ရည်ကဲ့သို့သောအဖြူရောင်ရင့်ပျစ်ခဲသောအရည်အား စစ်ချပေးရန်ကူညီထောက်ပံ့ပေးသောတာ၀န်ရှိပါသည်။၄င်အနီးတစ်၀ိုက်ရှိ အရည်ပြားအား ခြောက်သွေ့မှု့ကြောင့်ယားယံမှု့မရှိအောင် အစိုဓာတ်ဖြစ်ပေါ်စေရန် ကူညီကုသပေးပါသည်။မွေးလမ်းကြောင်းအတွင်းရှိတတ်သောပိုးများအားသေစေရန်နှင့်ချွဲဓာတ်ပုံမှန်ဖြစ်စေရန်အတွက်လည်းညှိနှိုင်းပေးပါသည်။အဖြူဆင်းခြင်းလက္ခဏာမျိုးသည် အများအားဖြင့် သာမန်အမျိုးသမီးများထက် ပျိုဖော်၀င်စအမျိုးသမီးများတွင် ပို၍ဖြစ်တတ်ပါသည်။အဘယ်ကြောင့်ဆိုသော် ထိုအရွယ်များသည် အခြားအရွယ်များထက် "မ"ဟော်မုန်းလုပ်ဆောင်ချက် အားကောင်းသောကြောင့်ဖြစ်ပါသည်။

 

ပုံမှန်အဖြူဆင်းခြင်းးလက္ခဏာ

           ပုံမှန်အဖြူဆင်းခြင်းးလက္ခဏာသည် အရောင်မရှိကြည်လင်သောအရည်ချွဲမျိုးဖြစ်ပါသည်။ ရာသီမလာခင်နှင့်လာပြီးအချိန်၌အဖြူဆင်းခြင်းသည် ပေါင်ဒါမှုန့်ဖျော်ရည်ကဲ့သို့ အဖြူရောင်ရင့်ရင့်အရည်ဖြစ်ပါသည်။အကြောင်းမှာ တစ်လချင်းစီ၏ရာသီလာခြင်း ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်ပါသည်။ တစ်ဉီးချင်းစီ၏အနံ့အလိုက်အနံ့အနည်းငယ်ရှိနိုင်ပါသည်။ ဉပမာ မျိုးဉကြွေခြင်းနှင့်ရာသီစက်၀န်းကြား အလယ်ရက်အခြေအနေပြောင်းလဲမှု့ပေါ်မူတည်၍ ပမာဏတိုးလာတတ်ပါသည်။လိင်စိတ်နှိုးဆော်နေစဉ်အချိန်အတွင်း(သို့)စိုးရိမ်ပူပန်နေစဉ်တွင်လည်း မိန်းမဂိုလ်မှအဖြူဆင်းခြင်းအားပိုဖြစ်တတ်စေခြင်းနှင့်အခြားအကြောင်းအရာများဖြစ်သော ဉပမာ စိုထိုင်းခြင်း၊ပူခြင်း၊စသည့်အခြားဆက်စပ်သောအချက်များလည်းရှိပါသေးသည်။

 

ပုံမှန်မဟုတ်သောအဖြူဆင်းခြင်းလက္ခဏာ

       ပုံမှန်မဟုတ်သောအဖြူဆင်းခြင်းလက္ခဏာ၏အချက်ပြမှု့မှာ ပုံမှန်မဟုတ်သောအနံ့မှသတိထားစောင့်ကြည့်နိုင်ပါသည်။ငါးပုပ်ကဲ့သို့သောအနံ့၊(သို့)အဖြူဆင်းသောအရောင်ပြောင်းလဲခြင်း ဉပမာ အစိမ်းရောင်၊အ၀ါရောင်၊ပန်းရောင်၊အညိုရောင်၊အတုံးကဲ့သို့သောအဖြူဆင်းခြင်း၊ပြည်ရည်များရောပါလာခြင်း၊(သို့)သွေးအရိချွဲများရောပါလာခြင်း၊နှင့် 2 ပတ်အချိန်ထိအဆက်မပြတ်ဖြစ်နေခြင်း၊ယားယံမှု့ရှိခြင်း၊မိန်းမဂိုလ်အ၀မှပူစပ်ခြင်း၊အနာဖြစ်ခြင်း၊ ဆီးစပ်အောင့်ခြင်း၊ဖျားခြင်း၊စသဖြင့်ထိုကဲ့သို့သောလက္ခဏာအမျိုးမျိုးမှာ ပုံမှန်မဟုတ်သောအဖြူဆင်းခြင်းလက္ခဏာများဖြစ်ပါသည်။ အဖြူဆင်းခြင်းအရောင်ပြောင်းခြင်းများမှသတိထားစောင့်ကြည့်နိုင်သောလက္ခဏာာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

  • ပေါင်ဒါမှုန့်ကဲ့သို့အဖြူရောင်အရင့်သည် အများအားဖြင့် ယားယံခြင်း နှင့်မိန်းမဂိုလ်အ၀တွင်ပူစပ်ခြင်းတို့သည်၊မှိုစွဲခြင်းမှဖြစ်တတ်သော ကုသမှု့မှာ ပြည်တည်ခြင်းကိုပါတွဲ၍ ကုသရမည်ဖြစ်ပါသည်။

  • အစိမ်းရောင်၊ အ၀ါရောင် နှင့်နာကျင်ကိုက်ခြင်း၊ယားယံခြင်း၊ဆီးသွားချိန်၌နာခြင်း၊(သို့)လိင်ဆက်ဆံနေစဉ်နာခြင်းတို့သည် ဘတ်တီးရီးယားပိုး၀င်ခြင်းမှဖြစ်တတ်သောလက္ခဏာာများဖြစ်ပါသည်။လိင်ဆက်ဆံခြင်းမှတစ်ဆင့်ကူးစက်တတ်သောရောဂါများ(သို့)ကပ်ပါးကောင်(သံကောင်)များကြောင့်လည်းဖြစ်နိုင်ပါသည်။ထိုကြောင်းအရင်းအားအသေးစိတ်စစ်ဆေးရန်လိုအပ်ပါသည်။

  • မီးခိုးရောင်သည် များသောအားဖြင့် ဘတ်တီးရီးယားပိုး၀င်ခြင်းကြောင့်ဖြစ်သည်။မည့်သည့်ဘတ်တီးရီးယားအမျိုးအစားဖြစ်သည်ကို အသေးစိတ်စစ်ဆေးရန်လိုအပ်ပါသည်။အကယ်၍ ၄င်းသည်လိင်ဆက်ဆံခြင်းမှ ကူးစက်မှု့ဖြစ်ပါက ဆရာ၀န်မှအိမ်ထောင်ဘက်အမျိုးသားအားဆေးပေးခြင်းဖြင့် တွဲ၍ကုသပေးမည်ဖြသ်ပါသည်။

  • သွေးရောပါတတ်သောအညိုရောင်သည် တင်ပါးဆုံအလယ်၌နာကျင်ခြင်းကိုဖြစ်ပေါ်စေပြီးဆီးစပ်ဆီးကျင်ခြင်း(သို့)လိင်ဆက်ဆံနေစဉ်နာကျင်ခြင်း ဖြစ်စေပါသည်။ဤသို့သောလက္ခဏာများအားအသေးစိတ်စစ်ဆေးရန်လိုအပ်ပါသည်။အဘယ်ကြောင့်ဆိုသော်၄င်းသည် Endometrial သားအိိမ်ကင်ဆာဖြစ်စေခြင်းနှင့် အကျိတ်(သို့)သားအိမ်ခေါင်းကင်ဆာလည်းဖြစ်နိုင်ပါသည်။

 

        အဖြူဆင်းခြင်းလက္ခဏာသည် ပုံမှန်ဖြစ်နိုင်သောအခြေအနေဆိုပေမဲ့လည်း အကယ်၍သံသယဖြစ်ပါကဆရာ၀န်နှင့်တိုင်ပင်ဆွေးနွေး၍ရောဂါရှာဖွေသင့်ပါသည်။အဘယ်ကြောင့်ဆိုသော်အချို့သော ပုံမှန်မဖြစ်မှု့များသည်ရောဂါများသည် တူညီသောလက္ခဏာများပြသောကြောင့်ဖြစ်ပါသည်။ဆေးဘက်ဆိုင်ရာကျွမ်းကျင်သောဆရာ၀န်တစ်ဉီး၏စစ်ဆေးမှူ့သည်ရောဂါတိုင်းအားပို၍မှန်ကန်သော ကုသမှု့ကိုရရှိစေနိုင်သောကြောင့်ဖြစ်ပါသည်။အထူးသဖြင့်အဖြူဆင်းခြင်း လိင်ဆက်ဆံခြင်းမှတစ်ဆင့်ပိုး၀င်ခြင်းများသည် အိမ်ထောင်ဘက်အမျိုးသားအားနှင့်အတူတွဲ၍ကုသခြင်းဖြင့် အဆိုပါလက္ခဏာအားပျောက်ကင်းစေမည်ဖြစ်ပါသည်။

 

အမျိုးသမီးများအတွက်မီးယပ်ရောဂါစစ်ဆေးခြင်း


 

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက 
  Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)
  marketing3
  อินทัชเมดิแคร์คลินิกเวชกรรม (အင်ထ‌‌ပ်မီဒယ်ခဲဆေးခန်း)