မိဘများသိသင်သည့် အရေးကြီးသောကလေးကာကွယ်ဆေးထိုးခြင်းကဘာလဲ?

Last updated: 28 Oct 2022  |  4740 ကြည့်ရှုခြင်း  | 

ฉีดวัคซีนเด็กสำคัญอย่างไร

       ကလေးအရွယ်ဆိုသည်မှာအထူးဂရုစိုက်စောင့်ရှောက်မှု့လိုအပ်သောအချိန်ဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော် ကလေးဟူသည် မိမိကိုယ်ကိုယ် ကိုယ်တိုင်စောင့်ရှောက်နိုင်သောအရွယ်မဟုတ်သောကြောင့်ဖြစ်ပါသည်။အထူးသဖြင့်ဖွံ့ဖြိုးမှု့၊ကျန်းမာရေးနှင့်ဖျားနာမှု့တို့တွင် ကိရိယာ ပစ်စည်းများမှထောက်ပံ့မှု့ဖြင့်ကလေးငယ်အားသင့်တော်သော  ကြီးပြင်းမှု့အားရရှိစေမည်ဖြစ်ပါသည်။အခြားရောဂါဖျားနာခြင်းတို့မှကာကွယ်ရန်အရေးကြီးသောထောက်ပံ့မှု့သည်သတ်မှတ်ထားသောအသက်အရွယ်တိုင်း၌ကာကွယ်ဆေးအားပြည့်စုံစွာထိုးပေးခြင်းပဲ ဖြစ်ပါသည်။ ၄င်းသည်မိဘများပေးနိုင်သည့်ဒိုင်းကဲ့သို့သော ကာကွယ်မှု့မျိုးဖြစ်ပြီး ကလေးများအားအမြဲတမ်းကာကွယ်ပေးသွားမည်ဖြစ်ပါသည်။
 

ကာကွယ်ဆေးဆိုသည်မှာ ဘာလဲ ?

      ကာကွယ်ဆေးထိုးခြင်း ဆိုသည်မှာ ထိုရောဂါများမဖြစ်အောင်ကာကွယ်ပေးသော ကိုယ်ခံအားတည်ဆောက်ပေးသောကိုယ်ခန္ဓာအတွင်းသို့ထိုးသွင်းပေးသော ကိုယ်ခံအားတစ်မျိုးဖြစ်ပါသည်။ကာကွယ်ဆေးတစ်မျိုးနှ့င့်တစ်မျိုး၏ကိုယ်ခံအားတည်ဆောက်အချိန်မှာကွာခြားမှု့ရှိပါသည်။တစ်ချို့ကာကွယ်ဆေးများသည်ထိုးပြီးနောက်တွင်လည်း အခြားသတ်မှတ်ထားသေားကာကွယ်ဆေးထပ်မံ၍ဖြည့်ထိုးရတာမျိုးလည်းရှိတတ်ပါသည်။ဉပမာ တုတ်ကွေးကာကွယ်ဆေး အစရှိသောဆေးများသည် ကိုယ်ခန္ဓာခုခံမှု့အားတိုးစေရန်အတွက် လူကြီးရောကလေးပါထိုးနိုင်ပါသည်။


      
ကလေးကာကွယ်ဆေးသည်မည်သို့အရေးကြီးပါသနည်း ?

  1. ကာကွယ်ဆေးသည် ရောဂါများမှဖြစ်တတ်သောဖျားနာခြင်းများအားကာကွယ်ပေးပါသည်။ကလေး၏လူနေမှု့ဘ၀အားတိုးတက်စေပါသည်။

  2. ကာကွယ်ဆေးသည်ကလေးငယ်၏ဘ၀အားကာကွယ်ပေးနိုင်သောအသစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော် ဆိုးရွားသောရောဂါကြီးများမဖြစ်အောင်လည်းကာကွယ်ပေးပါသည်။

  3. ကာကွယ်ဆေးထိုးခြင်းသည်ကိုယ်ခန္ဓာအတွင်း၌ခန္ဓာကိုယ်ခုခံအားစနစ်အားကောင်းစေပါသည်။

  4. ကလေးဘ၀၌ဖြစ်တတ်သောမသန်စွမ်းမှု့များနှင့်ရှုပ်ထွေးသောဆိုးကျိုးများအားလည်းလျော့ကျစေပါသည်။

  5. ၄င်းသည်မိဘများပေးနိုင်သည့်ဒိုင်းကဲ့သို့သော ကာကွယ်မှု့မျိုးဖြစ်ပြီး ကလေးများအားအမြဲတမ်းကာကွယ်ပေးသွားမည်ဖြစ်ပါသည်။

 
ကလေးကာကွယ်ဆေးထိုးမည်ဆိုလျှင် မည်သည့်ကာကွယ်ဆေးများအားထိုးရမည်နည်း?

  1. ဆုံဆို့နာ-မေးခိုင်ပိုးကာကွယ်ဆေး- (Pertussis) ကြက်ညှာချောင်းဆိုးကာကွယ်ဆေး

  2. ပိုလီယိုကာကွယ်ဆေး (Poliovirus) အာရုံကြောနှင့်ပက်သက်သော ခြေလက်များကျူံ့ခြင်း လေငန်းခြင်းကဲ့သို့သော (Neurodegenerative) ရောဂါများမှကာကွယ်ပေးသည်။

  3. ကာကွယ်ဆေး (Hib) သည် ဉီးနှောက်အမြှေးရောင်ကာကွယ်ဆေး ဆိုင်နပ်ရောဂါ လေပြွန်ရောဂါများအားလည်းကာကွယ်ပေးပါသည်။

  4. အသည်းရောင်ဘီပိုးကာကွယ်ဆေး အသည်းကိုကူးစက်စေနိုင်သောဗိုင်းရပ်စ်ပိုး၀င်ခြင်းမှလည်းကာကွယ်ပေးပါသည်။

  5. ဂျာမန်၀က်သက်၊ ဂျိုက်သိုး၊ပါးချိတ်ရောင်ရောဂါ MMR

  6. ဉီးနှောက်အမြှေးရောင်ကာကွယ်ဆေးဂျေအီး JE ဂျေအီဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တတ်သောဉီးနှောက်ရောင်ရောဂါနှင့်စိတ်အနှောင့်အယှက်ဖြစ်စေသောခြင်ကိုက်ခြင်းမှကူးစက်စေသောရောဂါများလည်းကာကွယ်ပေးပါသည်။

  7. ရိုတာကာကွယ်ဆေး (Rota) ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်သော၀မ်းလျောခြင်းမှလည်းကာကွယ်ပေးပါသည်။၄င်းသည်အစက်ချသောက်ရသောကာကွယ်ဆေးမျိုးဖြစ်ပါသည်။

  8. ပေါင်းစပ်ကာကွယ်ဆေး

***ပေါင်းစပ်ကာကွယ်ဆေး ၆မျိုး :ဆုံဆို့နာကာကွယ်ဆေး၊Pertussisကာကွယ်ဆေး၊မေးခိုင်ပိုးကာကွယ်ဆေးသောက်ဆေ၊းပိုလီယိုကာကွယ်ဆေး၊HIB ကာကွယ်ဆေး၊အသည်းရောင်ဘီပိုးကာကွယ်ဆေး

***ပေါင်းစပ်ကာကွယ်ဆေး ၅မျိုး :ဆုံဆို့နာကာကွယ်ဆေး၊Pertussisကာကွယ်ဆေး၊မေးခိုင်ပိုးကာကွယ်ဆေး၊ထိုးဆေးပိုလီယိုကာကွယ်ဆေး၊HIB ကာကွယ်ဆေး

***ပေါင်းစပ်ကာကွယ်ဆေး ၄မျိုး :ဆုံဆို့နာကာကွယ်ဆေး၊Pertussisကာကွယ်ဆေး၊မေးခိုင်ပိုးကာကွယ်ဆေး၊ထိုးဆေးပိုလီယိုကာကွယ်ဆေး၊ မှတ်ချက်

(1)အသက် ၉ လအရွယ်တွင် MMR ကာကွယ်ဆေးမထိုးရပါက အမြန်ဆုံးဆက်သွယ်၍ထိုးပေးရပါမည်။

(2)ကန့်သတ်ပေးနိုင်သောအချိန်သည် အသက်အငယ်ဆုံး ၆ ပတ်အထိခွင့်ပြုသည်။

(3)ဒုတိယအကြိမ် ကာကွယ်ဆေးအား ၂၄ ပတ်အတွင်းမကျော်ပဲထိုးသင့်ပြီး ဆေးများအကြားအကွာအခြားသည် ၄ ပတ်ထက်မနည်းသင့်ပါ။
 

 ကလေးငယ်အားကာကွယ်ဆေးထိုးရန်အတွက်  အသင့်ပြင်ရမည့်နည်းလမ်းများ

      မိဘများ (အဖေအမေ) မှကာကွယ်ဆေးထိုးပြီးတိုင်း သင့်ကလေး၏ကာကွယ်ဆေးထိုးမှတ်တမ်း အားယူဆောင်လာပေးရန်မမေ့ပါနှင့်။

အဖျားကြီးနေသောအချိန် (သို့) ပြင်းထန်သောရောဂါဖြစ်နေချိန်တွင်ကာကွယ်ဆေးအားမထိုးသင့်ပါ။အအေးမိတာကလွဲ၍ အဖျားမရှိလျှင်နှာဆေးခြင်း၊၀မ်းလျောခြင်းအခါများ၌ကာကွယ်ဆေးထိုးနိုင်ပါသည်။

သင့်ကလေးသည်မတည့်သောဆေးများနှင့်အစာများမတည့်မှု့တစ်ခုခုရှိလျှင် ကာကွယ်ဆေးမထိုးမီ ဆရာ၀န်(သို့)သူနာပြုအား အကြောင်းကြားသင့်ပါသည်။

      ကလေးငယ်အားကာကွယ်ဆေးထိုးပြီးနောက် ချက်ချင်းအိမ်ပြန်ခြင်းမပြုပဲ ဓာတ်မတည့်ခြင်းတုံ့ပြန်မှု့အား ဆေးခန်းတွင် မီနစ်  ၃၀ အနည်းဆုံးစောင့်ကြည့်သင့်ပါသည်။

 

       Intouch Medicare ဆေးခန်းမှရောဂါကင်းပြီးကောင်းမွန်သောကျန်းမာရေးအတွက်နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု့များကဲ့သို့သောကျန်းမာရေး၀န်ဆောင်မှု့များအားမိသားစုအားလုံးအပါအ၀င်သင့်ကလေးအားကာကွယ်ဆေးထိုးပေးသော၀န်ဆောင်မှု့အားပေးနေပါသည်။ နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု့များကဲ့သို့သောအခြား၀န်ဆောင်မှု့များဖြစ်သော အလုပ်မ၀င်မီကျန်းမာရေးစစ်ဆေးမှု့ သက်ကြီးရွယ်အိုများအတွက်ကျန်းမာရေးစစ်ဆေးမှု့ ကိုယ်၀န်တားခြင်း ကျွမ်းကျင်သောအထူးကုဆရာ၀န်များ၊ ခေတ်မီသောကိရိယာများနှင့် အိမ်နှင့်နီးသောမည်သည့်ဆေးခန်းဌာနခွဲတွင်မဆို သွားရောက်၍၀န်ဆောင်မှု့ရယူနိုင်ပါသည်။ မိမိနှင့်နီးသောဆေးခန်းဌာနခွဲအား Google တွင်ရှာခြင်းဖြင့် (သို့) ကျွန်ုပ်တို့၏(Website)၀က်ဆိုက်ရှိဆက်သွယ်ရန်လမ်းကြောင်းများမှလည်း မေးမြန်းနိုင်ပါသည်။  
 


ကလေးငယ်ကာကွယ်ဆေ     

 


အသေးစိတ်စုံစမ်းမေးမြန်းလိုပါက 
  Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)  
  @qns9056c
  อินทัชเมดิแคร์คลินิกเวชกรรม (အင်ထ‌‌ပ်မီဒယ်ခဲဆေးခန်း)

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy