သန္ဓေသားတားဆေးမထိုးမီအနည်းငယ်သိသင့်သောအချက်များ

Last updated: 28 Oct 2022  |  16182 ကြည့်ရှုခြင်း  | 

รู้ไว้สักนิดก่อนฉีดยาคุม

       သန္ဓေသားတားဆေးထိုးခြင်းဖြင့် ကိုယ်၀န်မရှိရန်ကာကွယ်ခြင်းဤနည်းလမ်းသည် ကျွန်ုပ်တို့အားလုံးသိပြီးဖြစ်သောကာကွယ်နည်းဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော် ကုန်ကျစရိတ်သက်သာ၍ မည့်သည့်ဆေးဘက်ဆိုင်ရာဌာနတွင်မဆို ထိုးဆေးရွေးချယ်နိုင်သောကြောင့် အမျိုးသမီးအများစုအသုံးများသောနည်းဖြစ်ပါသည်။ သက်တောင့်သက်သာစျေးနှုန်းဖြင့်အဆင်ပြေလွယ်ကူမှု့အားအဓိကထားသောယနေ့ခေတ်လူများနှင့် အထူးသင့်လျော်ပါသည်။သို့သော် မည်သည့်အကြောင်းကြောင့်မိသားစုအစီအစဥ်အရဤသားဆက်ခြားနည်းလမ်းအားရွေးချယ်သည်ဖြစ်စေ အရေးကြီးသည်မှာ မိမိနှင့် သင့်တော်ခြင်း ရှိ (သို့) မရှိအား ဦးစွာသိထားသင့်ပါသည်။အဘယ်ကြောင့်ဆိုသော် ကိုယ်၀န်ရှိခြင်းမှကာကွယ်ပုံနည်းအမျိုးမျိုးမှတစ်မျိုးချင်းစီ၏ သတ်မှတ်ထားသောကန့်သတ်ချက်များသည်ကွဲပြားမှု့ရှိပါသည်။ထို့ကြောင့် သန္ဓေသားတားဆေးထိုးခြင်းအာရွေးချယ်ပါက သိသင့်သောအချက်များအား သွားကြည့်ကြရအောင်။

သန္ဓေသားတားထိုးဆေး (Injection Contraceptives)

      သန္ဓေသားတားဆေးထိုးခြင်းသည် ယာယီသန္ဓေတားနည်းတစ်မျိုးဖြစ်ပါသည်။ရွေးချယ်ရန်ထိုးဆေး 2 မျိုးရှိပါသည်။၄င်းမှ

 

  1. 1 လ ကြာသန္ဓေသားတားထိုးဆေးမှာ ပေါင်းစပ်ဟော်မုန်းသန္ဓေသားတာဆေး  များဖြစ်ပြီး၄င်းသည်ဟော်မုန်းပရိုဂျက်တင်နှင့် ဟော်မုန်းအက်ထရိုဂျင်ပေါင်းစပ်ထားသောထိုးဆေးများအားကိုယ်၀န်မရအောင်တစ်လတာကာလအားကူညီကာကွယ်ရန်အတွက် ခန္ဓာကိုယ်တွင်းသို့ 1 လလျှင် 1 ချောင်း အများအားဖြင့် လက်မောင်းရင်းဧရိယာ၌ထိုးပေးခြင်းနှင့် သန္ဓေသားတားထိုးဆေး 1 လကြာရှည်ခံပြီး တစ်လကြာသန္ဓေသားတားသောက်ဆေးမျိုးနှင့်အတူတူပင်ဖြစ်ပါသည်။သို့ပေမဲ့အားသာချက်မှာ နေ့စဥ်ဆေးသောက်ရန်မလိုခြင်းပဲဖြစ်ပါသည်။သန္ဓေတားဆေးအားပုံမှန်သောက်ရန်မေ့တတ်သောသူများနှင့်သင့်တော်ပါသည်။ထို့ကြောင့် ရည်ရွယ်မထားသည့်ကိုယ်၀န်ရခြင်း၏အဓိကအကြောင်းအရင်းပင်ဖြစ်ပါသည်။

  2. 3 လ ကြာထိုးနိုင်သောသန္ဓေသားတားဆေးမှာ ဟော်မုန်းတစ်မျိုး  တည်းပါသော မျိုးဥထွက်ခြင်းအားကူညီကာကွယ်ရန်အတွက်  ခန္ဓာကိုယ်တွင်းသို့ 3 လလျှင် 1 ချောင်း ပရိုဂျက်တင်ဟော်မုန်းဆေးအားတင်ပါးဆုံ၌ထိုးခြင်းဖြင့် 3 လကြာကိုယ်၀န်မရအောင်ကာကွယ်ပေးသည့်သန္ဓေတားဆေးတစ်မျိုးဖြစ်ပါသည်။မကြာခဏဆရာ၀န်နှင့်သွားတွေ့ရန်အချိန်ပေးစရာမလိုပေမဲ့ ဆိုးကျိုးမှာ အနည်းအကျဥ်းသွေးထွက်နိုင်သောကြောင့်စိတ်အနှောင့်အယှက်ဖြစ်စေပြီး သောက်ဆေးသုံး၍ကာကွယ်သောသန္ဓေသားတားနည်းနှင့်ကွာခြားမှု့သည် ဤပြဿနာအားတွေ့ရမည်မဟုတ်ပါ။    

         

      သို့သော်မည်သည့်သန္ဓေသားတားထိုးဆေးအမျိုးအစားအားရွေးချယ်သည်ဖြစ်စေ ထည့်သွင်းစဥ်းစားရမည့်အချက်မှာ 1 လ ကြာသန္ဓေသားတားထိုးဆေးသည် သတ်မှတ်ထားသောအချိန်ပြည့်လျှင်ပုံမှန်အတိုင်းရာသီလာပြီး 3 လ ကြာသန္ဓေသားတားထိုးဆေးဖြစ်လျှင် ရာသီလာချိန်သည်မည်သည့်အချိန်တွင်ပုံမှန်ဖြစ်မည်ကို မဆုံးဖြတ်နိုင်သောဆိုးကျိုးကြောင့် ကိုယ်၀န်ရနိုင်ချေအားပိုများစေပါသည်။
 

လျစ်လျူမရှု့သင့်သောသတိထားသင့်သည့်အချက်များ

  1. ကိုယ်၀န်ရှိနေသူများ (သို့) ကိုယ်၀န်ရှိနေသည်ဟု သံသယရှိသူများသည်သန္ဓေသားတားဆေးအားမထိုးသင့်ပါ။အကယ်၍ မသေချာပါက ဆေးမထိုးမီ ကိုယ်၀န်စစ်ဆေးမှု့အားပြုလုပ်သင့်ပါသည်။

  2. အသက် 18 နှစ်အောက် (သို့) အသက် 45 နှစ်အထက် ရှိသူများအတွက်မသင့်တော်ပါ။ အဘယ်ကြောင့်ဆိုသော် အရိုးသိပ်သည်းဆအားထိခိုက်နိုင်သောကြောင့်ဖြစ်ပါသည်။

  3. သန္ဓေသားတားဆေးအားထိုးပြီးနောက် ဆေးထိုးသည့်နေရာအား စမ်းခြင်း(သို့)ပွတ်ခြင်းများမပြုသင့်ပါ။အဘယ်ကြောင့်ဆိုသော်သန္ဓေသားတားထိုးဆေးများအားလှုံ့ဆော်ပေးသောကြောင့်နှင့်စုပ်ယူမှု့လျင်မြန်သောကြောင့် သတ်မှတ်ထားသည့်အချိန်အတိုင်း ကိုယ်၀န်ရှိခြင်းမှမကာကွယ်နိုင်ခြင်းဖြစ်ပါသည်။

  4. နှာတာရှည်ရောဂါအမျိုးမျိုးရှိသူများသန္ဓေသားတားဆေးမထိုးမီ ဆရာ၀န်နှင့်အရင်တိုင်ပင်ဆွေးနွေးသင့်ပါသည်။ကုသမှု့ခံယူနေသောရောဂါအပေါ်ထိရောက်မှု့ရှိ (သို့) မရှိအားနှင့် အချို့သောဆေး၀ါးများတွင်ကိုယ်၀န်တားရန်သန္ဓေသားတားဆေး၏ထိရောက်မှု့အားထိခိုက်စေပါသည်။

 

 

      1 လ ကြာသန္ဓေသားတားထိုးဆေးအားရွေးချယ်သည်ဖြစ်စေ  3 လ ကြာသန္ဓေသားတားထိုးဆေးအားရွေးချယ်သည်ဖြစ်စေ အရေးကြီးသောသိသင့်သည့်အချက်မှာ မိမိသည်သန္ဓေသားတားထိုးဆေးနှင့် သင့်တော်ခြင်း ရှိ (သို့) မရှိအား ဦးစွာသိသင့်ပါသည်။အဘယ်ကြောင့်ဆိုသော်  သတိမမူပဲလျှစ်လျှုရှု့ထားပါက ရည်ရွယ်မထားသည့်ကိုယ်၀န်ရခြင်းမျိုးဖြစ်ပေါ်တတ်ပြီးလျှင် ရေရှည်၌နောက်ဆက်တွဲပြဿနာများပါဖြစ်လာနိုင်ပါသည်။အကယ်၍ မသေချာခြင်း (သို့) သံသယရှိပါက အိမ်အနီးရှိ Intouch Medicare ဆေးခန်းဌာနခွဲတိုင်းတွင်ဆွေးနွေးညှိနှိုင်းမေးမြန်းနိုင်ပါသည်။ကျွန်ုပ်နှင့်နီးသောဆေးခန်းဟု Google တွင်ရိုက်၍ရှာဖွေခြင်းဖြင့် ကျွန်ုပ်တို့တွင်ပြုစုစောင့်ရှောက်ရန် သင့်အတွက် အသင့်လျော်ဆုံးနှင့်ဘေးကင်းသောမိသားစုစီမံကိန်းအား အကြံဥာဏ်ပေးနိုင်သည့်ဆရာ၀န်များနှင့်ကျွမ်းကျင်သောသူနာပြုတစ်ဖွဲ့ရှိပါသည်။

 

သန္ဓေတားဆေးထိုးခြင်း

 


အသေးစိတ်စုံစမ်းမေးမြန်းလိုပါက 
  Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)
  marketing3
  อินทัชเมดิแคร์คลินิกเวชกรรม (အင်ထ‌‌ပ်မီဒယ်ခဲဆေးခန်း)

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy