ကလေးအသက်အရွယ်အလိုက်ထိုးရန်လိုအပ်သောကာကွယ်ဆေးများ

Last updated: 28 Oct 2022  |  7808 ကြည့်ရှုခြင်း  | 

วัคซีนที่เด็กวัยเราจำเป็นต้องฉีด

       ကလေးအရွယ်သည်  ရုပ်ပိုင်းဆိုင်ရာနှင့်ဥာဏ်ရည်ပါ ကျန်းမာစွာကြီးပြင်းလာရန်အတွက် အထူးဂရုစိုက်စောင့်ရှောက်မှု့များစွာလိုအပ်သောအရွယ်ဖြစ်ပါသည်။အဟာရပြည့်၀မှု့အပြင် ကလေးများအားကာကွယ်ဆေးထိုးပေးခြင်းသည်လည်းအရေးကြီးသည့်အပြင်သတိထားရမည့်အချက်တစ်ခုဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော် ကာကွယ်ဆေးထိုးခြင်းသည် ဖြစ်ပေါ်နိုင်သောရောဂါအမျိုးမျိုးအား ကာကွယ်ရန်အတွက် ကလေးငယ်၏ခန္ဓာကိုယ်အားဒိုင်းကဲ့သို့သော ကာကွယ်မှု့ပေးသောကြောင့်ဖြစ်ပါသည်။ကလေးများအတွက်ကာကွယ်ဆေးအမျိုးအစားများနှင့်မည်သည့်ကာကွယ်ဆေးကာကွယ်ဆေးများလိုအပ်ပြီးမည်သည့်အမျိုးအစားများအပါအ၀င်ကလေးများအတွက်ကာကွယ်ဆေးများ၏အရေးကြီးပါပုံကို ကျွန်ုပ်တို့ လေ့လာကြည့်ကြပါစို့။



ကာကွယ်ဆေးထိုးခြင်းဆိုတာဘာလဲ?

      ကာကွယ်ဆေးထိုးခြင်းဆိုသည်မှာ ကိုယ်ခံအားတည်ဆောက်ရန်အတွက် ခန္ဓာကိုယ်အတွင်းသို့ရောဂါကာကွယ်ဆေးအမျိုးအစားအလိုက်ထိုးလိုက်သော ထိုရောဂါကာကွယ်မှု့အားကူညီရန်အတွက်ကာကွယ်ဆေးထိုးခြင်းဖြစ်ပါသည်။ဥပမာ တုပ်ကွေးကာကွယ်ဆေး၊ပိုလီယိုကာကွယ်ဆေး၊မေးခိုင်ပိုးကာကွယ်ဆေး၊အသည်းရောင်အသား၀ါ ဘီ ပိုးကာကွယ်ဆေး(သို့)ပေါင်းစပ်ကာကွယ်ဆေးစသည့်ထိုးသွင်းသောအမျိုးအစားအလိုက်ရောဂါများကိုကာကွယ်ရန်ကူညီပေးပါသည်။ကာကွယ်ဆေးတစ်ခုစီ၏ရောဂါကာကွယ်မှု့သက်တမ်းမှာလည်းကွာခြားပါသည်။ထို့ကြောင့် ကာကွယ်ဆေးသည် ကလေးကာကွယ်ဆေးနှင့်လူကြီးကာကွယ်ဆေး ဟူ၍ရှိပြီး အချို့ကာကွယ်ဆေးများသည် ကိုယ်ခံအားမြှင့်တင်ရန်အတွက် နှစ်စဥ်ထိုးပေးရန်လိုအပ်နိုင်ပါသည်။
     

ဘာကြောင့်ကလေးကာကွယ်ဆေးထိုးရပါသလဲ ?

  1. ကလေးအရွယ် အထူးသဖြင့် မွေးကင်းစမှ 1 နှစ်သားအရွယ်ထိသည် အရေးကြီးသောအရွယ် ခန္ဓာကိုယ်ခုခံအားမရှိသေးသောကြောင့် ကာကွယ်ဆေးထိုးခြင်းသည် ရောဂါနှင့်အသက်ဆုံးရှုံးမှု့များအားလျော့ချနိုင်ပါသည်။

  2. ကလေးငယ်များ၏ စွမ်းရည်များပြည့်၀စွာနေထိုင်ကြီးပြင်းလာနိုင်စေရန်ကူညီပေးခြင်း၊ကိုယ်ခန္ဓာသန်မာသောကြောင့်လူနေမှု့ဘ၀နှင့် အလုပ်တွင်ထိခိုက်နိုင်သောရောဂါများလည်းမရှိနိုင်ပါ။ 

  3. ကာကွယ်ဆေးထိုးခြင်းသည် လူအဖွဲ့အစည်းတစ်ခုလုံးအားသက်ရောက်မှု့ရှိပါသည်။အဘယ်ကြောင့်ဆိုသော် ကပ်ရောဂါများမရှိသောအခါ ကျန်းမာရေးစောင့်ရှောက်မှု့အားလျော့ချနိုင်ခြင်းကြောင့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် အခြားအရာများ၌ အသုံးချနိုင်ပါသည်။


ကလေးအတွက်ကာကွယ်ဆေးဘာတွေရှိပါသလဲ?

    ကာကွယ်ဆေးထိုးခြင်းသည် ဘာလဲဟူသောအချက်အားကျွန်ုပ်တို့သိရှိပြီးနောက် ကလေးအရွယ်နှင့်ဘ၀တစ်ခုလုံးအတွက်မည်သို့အရေးကြီးပုံအား ယခု ကလေးများအတွက် အရေးကြီးသောကာကွယ်ဆေးအချို့အားကျွန်ုပ်တို့လေ့လာကြည့်ရအောင်

  1. ဆုံဆို့နာကာကွယ်ဆေး-မေးခိုင်ပိုးကာကွယ်ဆေး-ကြက်ညှာချောင်းဆိုးကာကွယ်ဆေးအား 2 လ၊ 4 လ၊ 6 လတွင်ထိုးပေးပြီး 1 နှစ် 6 လ၊ 4 မှ 6 နှစ်ကြားတွင်လှုံ့ဆော်ထိုးပေးပြီး ဆုံဆို့နာ ကာကွယ်ဆေး - မေးခိုင်ကာကွယ်ဆေးအား အသက် 11 - 12 နှစ်တွင်ထပ်မံထိုးသင့်ပါသည်။

  2. ပိုလီယိုကာကွယ်ဆေး (Poliovirus) အာရုံကြောဆိုင်ရာချို့ယွင်းသော ရောဂါများအားကာကွယ်ပေး ခြင်း ဥပမာ ခြေ ၊လက် များအားမရှိသကဲ့သို့လေဖြတ်ခြင်းရောဂါများအားကာကွယ်ပေးပြီး အသက် 2 လ၊ 4 လ၊ 6 လ၊ 1 နှစ် 6 လ နှင့် 4 နှစ်တို့တွင် ကာကွယ်ဆေးထိုးသင့်ပါသည်။

  3. (Hib) ကာကွယ်ဆေးသည်ဦးနှောက်အမြှးပါးရောင်ခြင်းရောဂါအားကာကွယ်ပေးပြီး ဆိုင်နပ်စ်နှင့် လေပြွန်ရောဂါ (Sinus-Bronchial) အား 2 လ၊ 4 လ ၊ 6 လ တွင်ထိုးပေးခြင်းနှင့် အသက် 1 နှစ် 6 လတွင်အသီးသီးလှုံ့ဆော်ထိုးပေးနိုင်ပါသည်။

  4. အသည်းရောင်အသား၀ါ ဘီ ပိုးကာကွယ်ဆေးသည် အသည်းကိုပိုး၀င်စေပြီးရောင်ရမ်းစေသော ဗိုင်း ရပ်စ်ပိုးများအားကာကွယ်ပေးပါသည်။မွေးပြီး 1 နှစ် 6 လအရွယ်တွင်ကာကွယ်ဆေးထိုးသင့်ပါသည်။     

  5. ဝက်သက်-ဂျိုက်သိုး-ပါးချိတ်ရောင် (MMR) ကာကွယ်ဆေးသည် အသက် 9 လ (သို့) 1 နှစ် မှ 1 နှစ်နှင့် 6 လ အကြားထိုးရမည့်ကလေးကာကွယ်ဆေးဖြစ်ပါသည်။

  6. (JE) ဦးနှောက်ရောင်ကာကွယ်ဆေး  (JE) ဗိုင်းရပ်စ်ကြောင့်ဖြစ်ရသောဦးနှောက်ရောင် ကာကွယ်ဆေး အနက်ရောင်ရှိသောခြင်များ (သို့) စိတ်အနှောင့်အယှက်ဖြစ်စေသောခြင်ကိုက်ခြင်းဖြင့် လူအများအားကူးစက်စေသော ကာကွယ်ဆေးအား 1 နှစ် နှင့် 2 နှစ် 6 လတွင်ထိုးသင့်ပါသည်။

  7. (Rota) ရိုတာကာကွယ်ဆေးသည် ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသောဝမ်းလျှောခြင်းအားကာကွယ် ပေးသည်။၄င်းသည်အစက်ချသောက်ရသောကာကွယ်ဆေးဖြစ်ပါသည်။ဤကာကွယ်ဆေးအား အသက် 2 လ၊ 4 လနှင့် 6 လတွင်အသီးသီးထိုးသင့်ပါသည်။

  8. ပေါင်းစပ်ကာကွယ်ဆေးများအားအောက်ပါအတိုင်းအမျိုးအစားခွဲနိုင်ပါသည်။

         *ပေါင်းစပ်ကာကွယ်ဆေးရောဂါ 6 မျိုး : ဆုံဆို့နာကာကွယ်ဆေး၊ကြက်ညှာချောင်းဆိုး ကာကွယ်ဆေး၊မေးခိုင်ပိုးကာကွယ်ဆေး၊ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ HIB, ဦးနှောက်အမြှေး ပါးရောင်ကာကွယ်ဆေး၊အသည်းရောင်အသား၀ါ ဘီ ပိုးကာကွယ်ဆေး

         **ပေါင်းစပ်ကာကွယ်ဆေးရောဂါ 5 မျိုး : ဆုံဆို့နာကာကွယ်ဆေး၊ကြက်ညှာချောင်းဆိုး ကာကွယ်ဆေး၊မေးခိုင်ပိုးကာကွယ်ဆေး၊ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ HIB, ဦးနှောက် အမြှေးပါးရောင်ကာကွယ်ဆေး

         *** ပေါင်းစပ်ကာကွယ်ဆေးရောဂါ 4 မျိုး : ဆုံဆို့နာကာကွယ်ဆေး၊ကြက်ညှာချောင်းဆိုး ကာကွယ်ဆေး၊မေးခိုင်ပိုးကာကွယ်ဆေး၊ပိုလီယိုကာကွယ်ဆေးထိုးဆေး


မှတ်ချက်

(1) MMR ကာကွယ်ဆေးကို အသက် 9 လတွင် ကာကွယ်ဆေးမထိုးပါက တတ်နိုင်သမျှ အမြန်ဆုံးထိုးသင့်ပါသည်။

(2) ရိုတာ ကာကွယ်ဆေး (Rota) 1 ပထမဆုံးအကြိမ်သည် ထိုးနိုင်သောသက်အငယ်ဆုံးမှာ 6 ပတ်ဖြစ်သည်။


(3) ရိုတာ ကာကွယ်ဆေး (Rota) 2  ဒုတိယအကြိမ်သည် 24 ပတ်ထက်မကျော်သောကလေးများနှင့်ဆေးများအကြားအကွာအဝေးသည် 4 ပတ်ထက်မနည်းပါ။


      သတ်မှတ်ထားသေားအမျိုးအစားနှင့်အချိန်ကြားကာလတွင် ပြီးပြည့်စုံသောကာကွယ်ဆေးထိုးခြင်းသည်ကလေးအရွယ်ကတည်းက ခန္ဓာကိုယ်၏ခုခံအားစနစ်ကို အားကောင်းစေသည့်အပြင် သက်တမ်းတစ်လျှောက်လုံး သက်ရောက်မှု့အားအကျိုးပေးမည်ဖြစ်ပါသည်။ထို့ကြောင့် အဖေအမေ (မိဘ) များသည် သားသမီးများအတွက်ကာကွယ်ဆေးထိုးပေးမှု့အား အာရုံစိုက်ရန်လိုအပ်ပါသည်။အချိန်ကြာမြင့်စွာယုံကြည်စိတ်ချရသော ကျွန်ုပ်တို့ Intouch Medicare ဆေးခန်းတွင် စံချိန်စံညွှန်းနှင့်ညီ၍ဘေးကင်းသော ကလေးကာကွယ်ဆေးထိုးခြင်း၀န်ဆောင်မှု့အား အိမ်နှင့်နီးသောဆေးခန်းဌာနခွဲတိုင်းတွင်ရယူနိုင်ပါသည်။အသေးစိတ်အချက်အလက်များအားထပ်မံသိရှိလိုပါလျှင် ကျွန်ုပ်နှင့်နီးသောဆေးခန်းဟု Google တွင်ရိုက်၍ရှာဖွေခြင်းဖြင့် ၀န်ဆောင်မှု့အားအသုံးမပြုမီလမ်းညွှန်ချက်များအားမေးမြန်းပြီးရက်ချိန်းယူနိုင်ပါသည်။

 

ကလေးငယ်ကာကွယ်ဆေ


အသေးစိတ်စုံစမ်းမေးမြန်းလိုပါက 
  Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)
  @qns9056c
  อินทัชเมดิแคร์คลินิกเวชกรรม (အင်ထ‌‌ပ်မီဒယ်ခဲဆေးခန်း)

 

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy