သင်ချစ်‌တဲ့သားသမီးအတွက်ကလေးထိန်းကိုအလုပ်မဝင်ကျန်းမာရေးစစ်ဆေး‌‌ခြင်းမှရရှိစေသောအကျိုးကျေးဇူး7ချက်(Nanny Employment Checkup)

Last updated: 28 Oct 2022  |  4354 ကြည့်ရှုခြင်း  | 

7ประโยชน์ตรวจสุขภาพพี่เลี้ยงเด็ก

       ယနေ့ခေတ်တွင်နေထိုင်ပုံစံများပြောင်းလဲလာမှု့များကြောင့် အဖေနှင့်အမေ (မိဘ) များသည် မိမိတို့၏ရင်သွေးငယ်အားအမြဲတစေဂရုစိုက်ကြည့်ရှု့စောင့်ရှောက်ရန် အချိန်မပေးနိုင်ကြပါ။အဘယ်ကြောင့်ဆိုသော် အိမ်အပြင်ထွက်၍အလုပ် လုပ်ရသောကြောင့်ဖြစ်ပါသည်။ထို့အတွက်ကြောင့် ကလေးထိန်း၀န်ဆောင်မှု့အား (nanny) အသုံးပြုကြရပါသည်။ ယုံကြည်စိတ်ချရသောကလေးထိန်းရနိုင်ရန်အတွက်  မမေ့မလျော့သတိပြုသင့်သောနောက်အချက်မှာ မိမိ ရင်သွေးငယ်အား လာရောက်ကြည့်ရှု့စောင့်ရှောက်မည့်သူ၏ကျန်းမာရေးနှင့်ပက်သက်၍ အလုပ်မ၀င်မီ မိမိ မိသားစုအားကူးစက်နိုင်သောအခြားရောဂါများရှိ/မရှိအားသိနိုင်ရန်အတွက်အလုပ်မ၀င်မီ ကလေးထိန်းကျန်းမာရေးစစ်ခြင်းပင်ဖြစ်ပါသည်။ဘာကြောင့်အလုပ်မ၀င်ခင်ကျန်းမာရေးစစ်ရခြင်းအကြောင်းနှင့် မည်သည့်အစိတ်အပိုင်းများစစ်ရမည့်ကိုကျွန်ုပ်တို့အတူတကွလာကြည့်ကြပါစို့။

ကျန်းမာရေးစစ်ခြင်းဆိုသည်မှာဘာလဲ?

      ကျန်းမာရေးစစ်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ကျန်းမာရေးနှင့်လုပ်ဆောင်ချက်စနစ်များပုံမှန်ရှိ/မရှိခြင်းနှင့်ယိုယွင်းပျက်စီးမှု့(သို့)ကူးစက်နိုင်သောရောဂါ၊မကူးစက်နိုင်သောရောဂါနှစ်မျိုးလုံး၏ဖြစ်ပွားနိုင်ချေအနည်းနှင့်အများရှိနိုင်မှု့အားစစ်ဆေးခြင်းဖြစ်ပါသည်။ထို့နောက်စစ်ဆေးရရှိလာသောအချက်အလက်များအား ချက်ချင်းကုသနိုင်ရန်နှင့် မိမိခန္ဓာကိုယ်အခြေအနေနှင့်အညီသင့်လျော်သောလိုက်နာချက်များရယူရန် အတွက်အနည်းဆုံးတစ်နှစ်လျှင် 1 ကြိမ်ကျန်းမာရေးစစ်ဆေမှု့အားခံယူသင့်ပါသည်။
     

ကလေးထိန်းသူများ၏ကျန်းမာရေးစစ်ဆေးမှု့ဆိုသည်မှာဘာလဲ?

      ကလေးထိန်းသူများ၏ကျန်းမာရေးစစ်ဆေးမှု့ဆိုသည် (Nanny Employment Checkup) မှာကလေးထိန်း (nanny) အလုပ်အားတာ၀န်ထမ်းဆောင်မည့်သူများသည်လုပ်ငန်းခွင်သို့မ၀င်မီကျန်းမာရေးအရည်အသွေးနှင့်ပက်သက်၍ မိမိရင်သွေးငယ်အားကူးစက်နိုင်သောရောဂါများ ဉပမာ အရေပြားရောဂါ၊အသက်ရှုလမ်းကြောင်းရောဂါ၊ကူးစက်နိုင်မှု့ရှိ/မရှိအားစစ်ဆေးခြင်းဖြစ်ပါသည်။အကြောင်းမှာကလေးထိန်းများသည် တစ်ခါတစ်ရံ  မိဘများအစား ကလေးများနှင့် အမြဲဆိုသလိုအချိန်တိုင်းအနီးကပ်ထိတွေ့ဆက်ဆံရခြင်းများကြောင့်ဖြစ်ပါသည်။ 
      

       ကလေးထိန်း အလုပ်အားတာ၀န်ထမ်းဆောင်မည့်သူများသည် (nanny) ကလေးအားကူးစက်နိုင်သောရောဂါပိုးအမျိုးမျိုးဖြစ်သည့် ဥပမာ အသက်ရှုလမ်းကြောင်းရောဂါ၊အရေပြားရောဂါ၊အခြားထိတွေ့ဆက်ဆံမှု့ကြောင့်ကူးစက်နိုင်သောရောဂါများကြောင့် ကလေးများအားကူးစက်စေတတ်နိုင်သည့်အပြင်ကလေးထိန်းများသည် တစ်ခါတစ်ရံ  မိဘများအစား ကလေးများနှင့် အမြဲဆိုသလိုအချိန်တိုင်းအနီးကပ်တာ၀န်ယူထိတွေ့ဆက်ဆံရန်လိုအပ်သောကြောင့်ဖြစ်ပါသည်။ 


အဘယ်ကြောင့်ကလေးထိန်းသူများကျန်းမာရေးစစ်ဆေးရပါသလဲ?

  1. အဖေနှင့်အမေ (မိဘ) အား စိတ်ချနွေးထွေးစေပါသည်။အဘယ်ကြောင့်ဆိုသော် ကျန်းမာရေးစစ်ခြင်း သည် သင်ဌားရမ်းမည့်ကလေးထိန်းအား အလုပ်မစတင်မီသင့်ကလေးအားကူးစက်တတ်သောရောဂါ မရှိကြောင်း ကြိုတင်စီစစ်မှု့အားရရှိစေသောကြောင့်ဖြစ်ပါသည်။ခန္ဓာကိုယ်ကျန်းမာရေးပိုင်းဆိုင်ရာစစ ဆေးမှု့ကြောင့်ကလေးထိန်းအလုပ်တာ၀န်အားပိုမိုထိရောက်၍စံချိန်မီပြီးပြည့်စုံစွာလုပ် ဆောင်နိုင်မည် ဖြစ်ပါသည်။

  2. နိုံစို့အရွယ် (သို့) မွေးကင်းစကလေးငယ်များသည် ကိုယ်ခံအားမြင့်မားမှု့အားနည်းသောကြောင့် အလွယ်တကူရောဂါအမျိုးမျိုးဖြစ်နိုင်ချေရှိပါသည်။ အရာပစ္စည်းမျာအားထိတွေ့မှု့၊ ခန္ဓာကိုယ် (သို့) အသက်ရှုလမ်းကြောင်းမှကူးစက်တတ်သောရောဂါများကြောင့် ဤအလုပ်အားတာ၀န် ထမ်းဆောင်မည့်သူသည် အလုပ်မစတိုင်ိမီ အခါတိုင်း၌ စိတ်ချမ်းသာမှု့ရှိစေရန်အတွက်နှင့်ထိခိုက်မှု့  အန္တရာယ်အားလျော့ကျစေရန်ကျန်းမာရေးစစ်ဆေးသင့်ပါသည်။

  3. ယနေ့ကလေးထိန်းကျန်းမာရေးစစ်ဆေးမှု့များသည် မြန်ဆန်တိကျ၍ အမျိုးမျိုးရွေးချယ်နိုင်ပြီး ဆေးရုံများစွာမှလုပ်ဆောင်နိုင်ပါသည်။ ချစ်သောရင်သွေငယ်အတွက်ပြန်လည်ရရှိသောနွေးထွေး သော၀န်ဆောင်မှု့များနှင့် နှိုင်းယှဥ်လျှင် စျေမးကြီသောစျေးနှုန်းတစ်ခုဖြစ်ပါသည်။

  4. ၄င်းအတွက် အဖေနှင့်အမေ (မိဘ) ကလေးးထိန်း၀န်ဆောင်မှု့အားသုံးရန်ရွေးချယ်ရန်မှာ ဗဟို ဌာန(သို့)အေးဂျင့် (ကိုယ်စားလှယ်) မှတစ်ဆင့်၄င်းစင်တာမှကလေးထိန်းအတွက် ကျန်းမာရေးစစ်ဆေး မှု့ပြုလုပ်ခြင်းရှိ (သို့) မရှိ အကယ်၍မရှိပါက ကလေး၏ အန္တရာယ်လုံခြုံမှု့အတွက်စိတ်ချရစေရန် ထပ်မံ၍တောင်းဆိုအကြံပြုသင့်ပါသည်။

      

       ကလေးထိန်းကျန်းမာရေးစစ်ခြင်းသည် အဖေအမေ (မိဘ) များအနေနှင့် လျစ်လျူမရှု့သင့်သောလိုအပ်ချက်တစ်ခုဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ကလေးငယ်၏ကျန်းမာရေးနှင့် အသက်အန္တရာယ်အားထိခိုက်နိုင်သောကြောင့်ဖြစ်ပါသည်။ဤ ကလေးထိန်းကျန်းမာရေးစစ်ခြင်းပရိုဂရမ်အားစိတ်၀င်စားသောသူများအတွက် အိမ်အနီးရှိ Intouch Medicare ဆေးခန်းမည်သည့်ဌာနခွဲတွင်မဆိုကလေးထိန်းမည့်သူအားခေါ်သွား၍စစ်ဆေးနိုင်ပါသည်။ကျွန်ုပ်နှင့်နီးသောဆေးခန်းဟု Google တွင်ရိုက်၍ရှာဖွေခြင်း (သို့) Website ၀က်ဆိုက်ရှိဆက်သွယ်နိုင်သောလမ်းကြောင်းများမှတစ်ဆင့် မေးမြန်းနိုင်ပါသည်။ကျွန်ုပ်တို့တွင် စံချိန်မီသောကိရိယာများနှင့်  စျေးနှုန်းချိုသာ၍ တိကျမှန်ကန်မြန်ဆန်ဆုံးသောအဖြေများနှင့် ၀န်ဆောင်မှု့ပေးရန် ကျွမ်းကျင်သောအထူးကုဆရာ၀န်များရှိပါသည်။

 

အလုပ်မဝင်ခင်ကျန်းမာရေးစစ်ဆေးခြင်း (အုပ်စုအဆင့်အတန်း)


အသေးစိတ်စုံစမ်းမေးမြန်းလိုပါက 
  Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)
  marketing3
  อินทัชเมดิแคร์คลินิกเวชกรรม (အင်ထ‌‌ပ်မီဒယ်ခဲဆေးခန်း)

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy