သင်သိပါသလား ဝန်လေးရသည့်ကိစ္စလည်းမဟုတ်(သို့)ဆိုးသောကိစ္စလည်းမဟုတ်ပဲ မပျက်စီးစေဘူးဆိုလျှင် မီးယပ်စစ်ဆေးရန်အတွက်ခြေထောက်တင်ကုတင်ပေါ်သို့မတက်မီသိထားသင့်သောအကြောင်းကိစ္စ 

Last updated: 28 Oct 2022  |  9526 ကြည့်ရှုခြင်း  | 

เตรียมตัวก่อนตรวจภายใน

         မီးယပ်စစ်ဆေးခြင်းသည် အများအားဖြင့် အမျိုးသမီးများအားစိုးရိမ်စိတ်လွန်ကဲပြီး မစစ်ရဲသောအကြောင်းကိစ္စတစ်ခုဖြစ်ပါသည်။ထို့ကြောင့် ရောဂါဆိုးအန္တရာယ်များမှကာကွယ်ရန် လျှစ်လျှူမရှု့သင့်သောကိစ္စတစ်ရပ်ဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော် ဤနည်းလမ်းဖြင့်ရှာဖွေစစ်ဆေးမှု့သည် ရောဂါဆိုများအားတိကျစွာရှာဖွေသိရှိနိုင်ပါသည်။အကယ်၍ သင်သည်စစ်ဆေးမှု့ပြုလုပ်ရန်ဆန္ဒရှိသူတစ်ဦးဖြစ်ပါက မည်သို့ပြင်ဆင်ရမည်အား မသိသောအခါတွင်ကျွန်ုပ်တို့မှ မီးယပ်စစ်ဆေးမမှု့နှင့်ပက်သက်၍ စစ်ဆေးမှု့မပြုမီကြိုတင်ပြင်ဆင်မှု့ဆိုင်ရာဗဟုသုတများအား စုစည်းတင်ပြထားပါသည်။


မီးယပ်စစ်ဆေးရန်အတွက်ဘယ်လိုပြင်ဆင်ရမည်လဲ

  1. စစ်ဆေးမှု့မပြုမီ 2 ရက်ခန့်အလိုတွင်မိန်းမဂိုလ်အားရေးမဆေးလာသင့်ပါ (သို့) ညှပ်ဆေးထည့်သုံးခြ င်းများမပြုသင့်ပါ။

  2. စစ်ဆေးသောအချိန်တွင် ဆီးသွားချင်သောနာကျင်မှု့အားမခံစားရစေရန်အတွက်မီးယပ်စစ်ဆေးမှု့မ ပြုလုပ်မီဆီးသွားထားပေးပါရန်

  3. ဓမ္မတာလာနေစဥ်စစ်ဆေးမှု့အားမပြုလုပ်သင့်ပါ။ဓမ္မတာလာပြီးနောက် 1 ပတ်ခန့်ကြာပြီး သောအခါမှ လာစစ်ဆေးသင့်ပါသည်။

  4. စစ်ဆေးမှု့မပြုမီ အဝတ်ထမိန်လဲပေးပါရပါမည်။သို့ပေမဲ့ ချောင်၍သက်တောင့်သက်သာဖြစ် စေသောအဝတ်များဖြစ်သည့် ဥပမာ စကတ် (သို့) အလွန်တင်းကျပ်မှု့မရှိသောဘောင်းဘီများ

  5. အကယ်၍ဓမ္မတာလာခြင်းနှင့်ပက်သက်သော ပုံမှန်မဖြစ်သည့်လက္ခဏာများဖြစ်သော ဥပမာ သည်း မခံနိုင်သည့်အထိဗိုက်အောင့်ခြင်းအခြေအနေမျိုး၌ ဓမ္မတာပြီးဆုံးသည့်အချိန်ထိမစောင့်ပဲ ဆရာဝန် နှင့်သွားတွေ့၍တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

  6. ပြဿနာရှိသောသူများအတွက်အဖြူဆင်ခြင်း၊ယားယံခြင်း၊အဖြူဆင်းခြင်းမှင့်အတူအနံ့ရှိခြင်း၊ လက္ခဏာများရှိပါက ဆရာဝန်မှဖြစ်ပေါ်သောလက္ခဏာပမာဏအား တွေ့မြင်သိရှိနိုင်ရန်နှင့်ကုသမှု့ အားပိုမိုလွယ်ကူစေရန်အတွက် ဆေးကြောသန့်စင်ခြင်းမပြုပဲ ဆရာဝန်နှင့်တွေ့၍စစ်ဆေးနိုင် ပါသည်။

  7. မီးယပ်စစ်ဆေးမှုမခံယူခဲ့ဖူခြင်း လိင်ဆက်ဆံမှမရှိခဲ့ဖူးခြင်းကြောင့် အမျိုးသမီးဆရာဝန်နှင့်စစ်ဆေး နိုင်ရန်အတွက် အကယ်၍ ရှက်ကြောက်ခြင်းရှိခဲ့လျှင် သူနာပြု(သို့)ဝန်ထမ်းအား အကြောင်းကြား နိုင်ပါသည်။အကယ်၍အမျိုးသားဆရာဝန်ဖြစ်ခဲ့ပါကလည်း စစ်ဆေးနေသောအချိန်တစ်လျှောက် အတွင်း နံဘေး၌ဝန်ထမ်းတစ်ဦးအမြဲရှိပါသည်။

  8. လိင်အင်္ဂါအနီးတစ်ဝိုက်တွင်လည်း (အမွှေးရိတ်) သန့်ရှင်းမှု့များပြုလုပ်လာရန်မလိုအပ်ပါ။



မီးယပ်စစ်ဆေးခြင်း အဆင့်ဆင့်မှာ ဘယ်လိုလဲ

        မီးယပ်စစ်ဆေးခြင်းအဆင့်ဆင့်သည် ဆရာဝန်မှစစ်ဆေးရန်အတွက် ကုတင်ပေါ်တွင်အိပ်စေပြီးနောက် ခြေထောက်တင်စင်၌ခြေထောက်အားတင်စေပြီး ထို့နောက် မိန်းမဂိုလ်အတွင်းသို့ ပစ္စည်းကိရိယာတစ်မျိုးအားထည့်သွင်း၍ ကားပေးခြင်းဖြင့် သားအိမ်နံရံနှင့်သာအိမ်ခေါင်းအဝ အားစစ်ဆေးခြင်းမျိုးဖြစ်ပါသည်။ထိုနောက် သားအိမ်ခေါင်းကင်ဆာစစ်ဆေးရန်အတွက်တစ်သျူးအသားစချွဲအားသိမ်းယူ၍ (သို့) မီးယပ်နှင့်ပက်သက်သောအခြားရောဂါများ Lab ဓာတ်ခွဲခန်းဆက်လက်စစ်ဆေးရန်အတွက် ဖြစ်ပါသည်။စစ်ဆေးနေသောဝန်ဆောင်မှု့အားရယူနေချိန်အတွင်း စိတ်သက်တောင့်သက်သာထားပေးခြင်း၊တောင့်ထားခြင်းများမပြုရန် အဘယ်ကြောင့်ဆိုသော် နာကျင်မှု့အားဖြစ်ပေါ်စေနိုင်သောကြောင့်ဖြစ်ပါသည်။

 

လိင်မဆက်ဆံဖူးသော အမျိုးသမီးပျိုများသည် မီးယပ်စစ်ဆေးရန်လိုအပ်ပါသလား

       လိင်မဆက်ဆံဖူးသော အမျိုးသမီးပျိုများအတွက် ဆရာဝန်မှ နာကျင်မှု့ကိုဖြစ်ပေါ်စေခြင်းမှကာကွယ်ရန်အတွက်  သေးငယ်သော ပစ္စည်းကိရိယာအားရွေးချယ်အသုံးပြုခြင်းဖြင့် (သို့) ချောဆီတစ်မျိုးအား အသုံးပြုမည်ဖြစ်ပါသည်။ စစ်ဆေးနေသောအချိန်အတွင်း တင်းခြင်း၊ (သို့) နာကျင်မှု့အနည်းငယ်ရှိနိုင်ပြီး သို့ပေမဲ့ စစ်ဆေးပြီးနောက် ထိုလက္ခဏာများအားလုံးသည်ပျောက်ကင်းမည်ဖြစ်ပါသည်။လိင်ဆက်ဆံမှု့မရှိခဲ့ဖူးသောအမျိုးသမီးများပင်လျှင် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေ အခွင့်အရေးနည်းပါသော်လည်း မီးယပ်စစ်ဆေးမှု့အားခံယူသင့်ပါသည်။အဘယ်ကြောင့်ဆိုသော်  အပျိုဆိုပေမဲ့လည်း အခြားမီးယပ်ရောဂါများဖြစ်ပေါ်နိုင်သောကြောင့်ဖြစ်ပါသည်။

       ကောင်းမွန်သောကြိုတင်ပြင်ဆင်မှု့သည် စစ်ဆေးမှု့ရလဒ်အဖြေ၏တိကျမှန်ကန်မှု့အား ကူညီထောက်ပံ့မှုဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံတွင်  နားလည်မှု့မှားနိုင်ချေများရှိနိုင်ခြင်းကြောင့် ဥပမာ  ပုံမှန်မဟုတ်သောအဖြူဆင်းမှု့၊အနံ့ဆိုးရှိခြင်း (သို့) ယားယံခြင်းအပါအဝင်ကဲ့သို့သော နားလည်မှု့လွဲမှားမှု့များရှိတတ်ပါသည်။အမျိုးသမီးအများစုသည် သန့်ရှင်းမှု့အားလုံးပြုလုပ်ရန် ကြိုးစားတတ်ကြပါသည်။ဆရာဝန်မှ ပုံမှန်မဟုတ်သောလက္ခဏာများအား မမြင်နိုင်တော့ပါသောကြောင့် ၄င်းသည်ရောဂါလက္ခဏာအားလွဲစေနိုင်ပါသည်။
       

       အထက်ပါအချက်အလက်များမှ အမျိုးသမီးများအားပိုမိုသင့်လျော်စွာပြင်ဆင်နိုင်ရန်ကူညီထောက်ပံ့ပေးမည်ဟုမျှော်လင့်ပါသည်။အကယ်၍ မီးယပ်စစ်ဆေးရန်စိတ်ပါဝင်စားသူများအတွက် အင်ထပ်မီဒယ်ခဲ Intouch Medicare ဆေးခန်း၌ သင့်အား ကောင်းမွန်မြန်ဆန်ဘေးကင်းသောဝန်ဆောင်မှူ့နှင့် တိကျသောကုသမှု့အားရယူရန် အဆင့်သင့်ရှိနေသော အထူးကုဆရာဝန်အဖွဲ့များရှိပါသည်။ သင့်အနီးနားရှိ ဌာနခွဲတိုင်းတွင်ဝန်ဆောင်မှု့အားရယူနိုင်ပါသည်။ကျွန်ုပ်အနီးနားရှိ ဆေးခန်းဟု Google တွင်ရိုက်ရှာဖွေခြင်းဖြင့် (သို့) ဝက်ဘ်ဆိုဒ်ရှိဆက်သွယ်မှု့လမ်းကြောင်းများမှတစ်ဆင့်လည်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

 


 

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက 
  Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)
  @qns9056c
  อินทัชเมดิแคร์คลินิกเวชกรรม (အင်ထ‌‌ပ်မီဒယ်ခဲဆေးခန်း)

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy