ဘယ်လိုအလုပ်တွေလဲ?ကန့်သတ်နေရာများနှင့်အမြင့်တွင်လုပ်မည့်သူများစစ်ဆေးရန်လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှု့

Last updated: 28 Oct 2022  |  7863 ကြည့်ရှုခြင်း  | 

ตรวจสุขภาพสำหรับผู้ปฏิบัติงานบนที่สูง อาชีพ

      အလုပ်ခွင်ရှိ အလုပ်သမားများ၏ ဘေးကင်းမှု့အား သေချာစေမည့် အထောက်အကူများထဲမှ တစ်ခုမှာ အလုပ်မဝင်မီကျန်းမာရေးစစ်ဆေးခြင်းပင်ဖြစ်ပါသည်။ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံမှု့ (သို့) ကျန်းမာရေးပြဿနာများမှထိခိုက်မှု့(သို့)ပုံမှန်မဟုတ်သောအန္တရာယ်များကို ရှာဖွေရန်အတွက် အထူးသဖြင့် ဥပမာ သီးသန့်ကန့်သတ်နေရာများတွင် အလုပ်လုပ်သူများကဲ့သို့ အချို့သော အလုပ်အကိုင်များ သို့မဟုတ်အမြင့်တွင်အလုပ်လုပ်သူများ မည်သည့်အလုပ်အကိုင်အုပ်စုများသည် အလုပ်မစတင်မီ ကျန်းမာရေးစစ်ဆေးရန်လိုအပ်သည့် အလုပ်အကိုင်အချို့အားကျွန်ုပ်တို့လေ့လာကြပါစို့။

 

သီးသန့်ကန့်သတ်နေရာများတွင်အလုပ်လုပ်ရန်ကျန်းမာရေးစစ်ဆေးမှု့များလိုအပ်သည့်အလုပ်အကိုင်များ

       သီးသန့်ကန့်သတ်နေရာ (Confined Spaces) ဆိုသည်မှာ အောက်ဆီဂျင်နည်းပြီး ကျဥ်းမြောင်း၍လေဝင်လေထွက်မကောင်းသောကန့်သတ်ထားသည့်နေရာများဖြစ်ပါသည်။၄င်း အန္တရာယ်များသောဓာတုဗေဒဓာတ်များအား အကယ်၍ ပမာဏအမြောက်အများရှူရှိုက်သွင်းမိပါက  ခန္ဓာကိုယ်အားစေခြင်း(သို့)အာရုံကြောစနစ်အားထိခိုက်စေနိုင်ပါသည်။ ဥပမာ အောက်ဆီဂျင်ပျက်ခြင်းအခြေအနေ၊ရာသီဥတုပူလောင်လွန်းသဖြင့်မေ့လဲခြင်း၊အဆုပ်၏လုပ်ဆောင်ချက်မပြည့်ဝခြင်း၊သဲကွဲစွာမမြင်ရခြင်း (သို့) အကြားအာရုံအားထိခိုက်ပျက်စီးစေခြင်း စသည်တို့ဖြစ်ပါသည်။ 

 

 သီးသန့်ကန့်သတ်နေရာ (Confined Spaces)

       ကန့်သတ်နေရာများတွင်အလုပ်လုပ်သူများအတွက်အလုပ်မဝင်မီ ကျန်းမာရေးစစ်ဆေးသင့်သည့်အလုပ်အကိုင်များမှာ ဥမင်လှိုဏ်ခေါင်း၊ဆိုင်လို၊ဆီတိုင်ကီများ၊ပိုက်များ၊ရေတွင်းများ၊မီးဖိုများ၊မြေအောက်ခန်း (သို့) ဂူများ အစရှိသဖြင့် ဤအလုပ်များသည် ကျန်းမာရေးနှင့်မကောင်းလျှင် လုပ်ငန်းစွမ်းဆောင်ရည်အား ထိခိုက်နိုင်ချေနှင့်အန္တရာယ်မြင့်မားပါသည်။ ထို့ကြောင့် အလုပ်လုပ်မည့်သူနှင့်လုပ်ဖော်ကိုင်ဖက်နှစ်ဦးစလုံးအား အန္တရာယ်များအားလျော့ချစေရန်အတွက် အလုပ်လုပ်ရန်သင့်လျော်သောသူများအားရှာဖွေရန် အလုပ်အစတင်မီကျန်းမာရေးစစ်ဆေးမှု့များလိုအပ်ပါသည်။

 

      ကန့်သတ်နေရာတွင်အလုပ်လုပ်သူများသည် အလုပ်မစတင်မီမည်သည့်ကျန်းမာရေးစစ်ဆေးမှု့များ အားပြုလုပ်ရမည်လဲ 

  1. ဆရာ၀န်နှင့်တွေ့၍ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း / Physical  Examination

  2. ကန့်သတ်နေရာများတွင်အလုပ်လုပ်ရန်ဆရာဝန်၏ဆေးလက်မှတ်ထောက်ခံစာ/Medical Certificate For Working In Confined Space

  3. အဆုပ်ဓာတ်မှန် / Chest X-Ray

  4. အခြေခံမျက်စိစစ်ဆေးခြင်း / Visual Acuity Test

  5. ပြီးပြည့်စုံသောသွေးအရေအတွက် / CBC

  6. ကိုယ်ဝန်စစ်ဆေးခြင်း / Pregnancy Test

  7. အကြားအာရုံစစ်ဆေးခြင်း / Audiometric Test

  8. အဆုပ်လုပ်ဆောင်ချက်စစ်ဆေးခြင်း / Pulmonary Function Testing

  9. လျှပ်စစ်လှိုင်းဖြင့်နှလုံးစစ်ဆေးခြင်း / Electrocardiogram

 


အလုပ်မစတင်မီကျန်းမာရေးစစ်ဆေးရန်လိုအပ်သည့်အမြင့်တွင်လုပ်ရသောအလုပ်အကိုင်များ

       အမြင့်တွင်အလုပ်လုပ်ခြင်း (Working at height) ဆိုသည်မှာ မည်သည့်အလုပ်ပင်ဖြစ်စေ မြေပြင် (သို့) အဆောက်အဦး၏ကြမ်းပြင်မှ 2 မီတာထက်မြင့်သော ပြုတ်ကကျနိုင်ပြီးထိခိုက်ဒဏ်ရာရနိုင်သည့်အန္တရာယ်ရှိပါသည်။ 2021 ခုနှစ်ကောက်နှုတ်ချက်ဥပဒေအရ အမြင့်တွင်အလုပ်လုပ်မည့်သူများသည် တင်းကျပ်သောဘေးကင်းရေးအစီအမံများဖြစ်သည့် ဥပမာ သတိပေးဆိုင်းဘုတ်များ၊တစ်ကိုယ်ရည်လုံခြုံရေးကိရိယာများ(သို့)အကာခံများ ထို့အပြင် အမြင့်တွင်အလုပ်လုပ်မည့်သူများသည် အခံရောဂါများဖြစ်သော ဝက်ရူးပြန်ရောဂါ၊သွေးကြောများနှင့်ပက်သက်သည့်ရောဂါ၊အမြင့်မားကြောက်တတ်သောရောဂါ၊ညီမျှမှု့အားထိခိုက်စေနိုင်သောနားအတွင်းပိုင်းရောဂါ (သို့) အသက်ရှုလမ်းကြောင်းနှင့်နှလုံးသွေးကြောစနစ်အားပက်သက်သည့်အချို့သောနောက်ခံရောရောဂါများမှအန္တရာယ်မရှိကြောင်းအားသေချာစေနိုင်ရန်အတွက် အလုပ်မစတင်မီကျန်းမာရေးစစ်ဆေးသင့်ပါသည်။

 

 အမြင့်တွင်အလုပ်လုပ်ခြင်း (Working at height)

 

      အမြင့်တွင်အလုပ်လုပ်မည့်သူများကျန်းမာရေးစစ်ဆေးရမည့်အစိတ်အပိုင်းဖြစ်သည့်အလုပ်အကိုင်များမှာ ဥပမာ အထပ်မြင့်ဆောက်လုပ်ရေးလုပ်သားများ (ပန်းရန်) ၊မှန်သန့်ရှင်းရေးအလုပ်သမားများ၊ဆေးသုတ်အလုပ်သမားများ၊ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများ၊ငြမ်းတပ်ဆင်ခြင်း စသည့်အလုပ်သမားများသည် အကယ်၍ ခန္ဓာကိုယ်မှ အလုပ်လုပ်ရန်အဆင့်သင့်မဖြစ်သေးလျှင် (သို့) မွေးရာပါရောဂါရှိပါက ၄င်းသည် မိမိလုပ်နေသောအလုပ်၏အရည်အသွေးအားထိခိုက်စေသည့်အပြင် သင်ကိုယ်တိုင်နှင့်သင်၏လုပ်ဖော်ကိုင်ဖက်များကိုပါ အသက်အန္တရာယ်ထိခိုက်စေနိုင်သောကြောင့်ဖြစ်ပါသည်။

 

အမြင့်တွင်အလုပ်လုပ်မည့်သူများအလုပ်မစတင်မီစစ်ဆေးရမည့်ကျန်းမာရေးစစ်ဆေးမှု့ကဘာတွေလဲ

  1. ဆရာ၀န်နှင့်တွေ့၍ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း / Physical  Examination

  2. ရောဂါ 5 မျိုးအတွက်ဆေးလက်မှတ်ထောက်ခံစာ / Medical Certificate

  3. သွေးတွင်းအချို(ဂလူးကို့စ်)ဓာတ်စစ်ဆေးခြင်း / DTX

  4. အခြေခံမျက်စိစစ်ဆေးခြင်း / Visual Acuity Test

  5. အရောင် အမြင်အာရုံစစ်ဆေးခြင်း / Color Blind 

  6. (အီးစီဂျီ) လျှက်စစ်လှိုင်းဖြင့်နှလုံးစစ်ဆေးခြင်း / Electrocardiogram

  7. ကိုယ်၀န်စစ်ဆေးခြင်း / Pregnancy Test (အမျိုးသမီးများသာ) 

 

       ကန့်သတ်နေရာများတွင်အလုပ်လုပ်ခြင်း (သို့) အမြင့်တွင်အလုပ်လုပ်ခြင်းသည်လုပ်ငန်းခွင်၏ပတ်ဝန်းကျင်နှင့်အလုပ်သမားများ၏ကျန်းမာရေးပြဿနာနှစ်ခုစလုံးတွင် အန္တရာယ်များပြည့်နေပါသည်။ ခန္ဓာကိုယ်မပြည့်စုံလျှင် (သို့) အန္တရာယ်ရှိနေပါက နောက်ဆက်တွဲအကျိုးဆက်ကြီးကြီးမားမားထိခိုက်မှု့ရှိနိုင်ပါသည်။ထို့ကြောင့် အလုပ်အမစတင်မီကျန်းမာရေးစစ်ဆေးခြင်းသည် ဝန်ထမ်းနှင့်တကွ အဖွဲ့အစည်းအတွက်ပါ အရေးကြီးသောကူညီထောက်ပံ့ပေးမှု့တစ်ခုဖြစ်ပါသည်။ဤဝန်ဆောင်မှု့အားစိတ်ဝင်စားသူများအတွက်ဝန်ဆောင်မှု့အားအသုံးပြုရန် (သို့) သင်အိမ်အနီးရှိ Intouch Medicare ဆေးခန်းဌာနခွဲတိုင်းတွင်အကြံဥာဏ်အားရယူနိုင်ပါသည်။ သင်အနီးနားရှိ ဆေးခန်းဟု Google တွင်ရိုက်ရှာခြင်းဖြင့်(သို့)ကျွန်ုပ်တို့၏ဝက်ဆိုက်စ် (Website) တွင်ပေးထားသည့်အဆက်အသွယ်လမ်းကြောင်းများမှလည်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

အလုပ်မဝင်ခင်ကျန်းမာရေးစစ်ဆေးခြင်း (အုပ်စုအဆင့်အတန်း)


 

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက 
  Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)
  @qns9056c
  อินทัชเมดิแคร์คลินิกเวชกรรม (အင်ထ‌‌ပ်မီဒယ်ခဲဆေးခန်း)

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy