ဆီးချိုရောဂါရှိသူများအတွက် မိမိကိုယ်ကို ဂရုစိုက်ပုံ

Last updated: 23 Mar 2023  |  9141 ကြည့်ရှုခြင်း  | 

ดูแลตนเองสำหรับผู้ป่วยโรคเบาหวาน

ဆီးချိုရောဂါသည် သင့်လျော်မှန်ကန်သောစောင့်ရှောက်မှုမရရှိပါက အခြားရောဂါများ သို့မဟုတ် အန္တရာယ်ရှိသော ရှုပ်ထွေးမှုများ ဆောင်ကြဉ်းပေးလာတတ်သော ရောဂါများထဲမှ တစ်ခုဖြစ်ပါသည်။  သေချာဂရုမစိုက်မိလျှင်လည်းအသက်အန္တရာယ်ရှိသည်အထိဖြစ်နိုင်ပါသည်။ ထို့ကြောင့် လူနာသို့မဟုတ် ပြုစုစောင့်ရှောက်သူသည် ဤရောဂါကို နားလည်သဘောပေါက်ထားသင့်ပါသည်။ တစ်ချိန်တည်းမှာပင်  သင့်တော်တဲ့ နည်းလမ်းကိုရှာဖွေဖို့နှင့် ကုသပေးသူ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ အစကတည်းက ကိုယ့်ကိုကိုယ် မှန်ကန်သောဂရုစိုက်နည်းဖြင့် သွားပါက  ရောဂါလက္ခဏာမပြန့်ပွားမှု့အား ထိန်းချုပ်နိုင်ရန်ဤဆောင်းပါး၌ ဆီးချိုရောဂါရှိသူများအတွက် မိမိကိုယ်ကိုယ် ပြုစုနည်း အားမှာကြားပေးမည်ဖြစ်ပါသည်။


 

1. အစားအသောက် စားသုံးမှုကို တင်းကျပ်စွာ ထိန်းချုပ်ပါ။

ပထမဆုံးအချက်အနေဖြင့် ဆီးချိုဝေဒနာရှင်များအတွက် မိမိကိုယ်ကို ပြုစုစောင့်ရှောက်ရာတွင် အစားအသောက်ကိစ္စသည်လည်းရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေသောကြောင့်းအရေးကြီးသည်ဟု ယူဆရမည်ဖြစ်ပြီး အသီးအရွက်၊ ဂျုံမှုန့်၊ အသားများ အပါအဝင် အစားအစာ ၅ မျိုးပါသော အစားများကို စားသင့်ပြီး အချိုပွဲများအား ရှောင်ကြဉ်သင့်သည်ဟု လူအတော်များများ သိထားပြီးဖြစ်သည်။ အဆီများ သို့မဟုတ် (ရယ်ဒီမိတ်)အသင့်ဖြစ်ပြီးသောအစားအစာများဖြစ်သည့် အရည်များဖြစ်သည့် အချိုရည်၊ဂက်(စ်)ပါသောအချိုရည်များအားရှောင်ကြဉ်ခြင်း၊အနည်းငယ်ချင်းဖြင့်အဆက်မပြတ်စားခြင်းအားအစား 3 နပ်အား အချိန်မှန် စားသောက်ခြင်းအပါအဝင် မှန်ကန်သင့်တော်သော ပမာဏနှင့် စားရန် အာရုံစိုက်သင့်ပါသည်။  

 

2.သင့်ခန္ဓာကိုယ်အလေးချိန်ကို ပုံမှန်စံနှုန်း၌ ထိန်းချုပ်ရန်ကြိုးစားပါ

ဤအချက်သည် အမျိုးမျိုးပြင်းထန်သောရောဂါများ ဖြစ်နိုင်ခြေများကို လျှော့ချရန် စဉ်းစားထားပါသည်။ ဆီးချိုရောဂါတင်မကပဲ အဝလွန်ခြင်း သို့မဟုတ် ခန္ဓာကိုယ်အလေးချိန် လွန်ကဲခြင်း အခြားပြင်းထန်သော ရောဂါဝေဒနာများ ဖြစ်ပေါ်လာတတ်ပါသည်။အကယ်၍အားဖြင့် ဥပမာ နှလုံးသွေးကြောဆိုင်ရာရောဂါ၊သွေးတိုး သို့မဟုတ် အရိုးအဆစ်ရောင်ခြင်းစသည်တို့ကဲ့သို့ ပြင်းထန်သောရောဂါများသည် နောက်ဆက်တွဲပြဿနာ ရောဂါလက္ခဏာများ ပျံ့နှံ့မှု့အား ထိန်းချုပ်ရန် ခက်ခဲစေမည်ဖြစ်ပါသည်။ ထို့ကြောင့် သင်သည် ဆီးချိုရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိပါက သင်၏ မူလကိုယ်အလေးချိန်၏ 5 ရာခိုင်နှုန်းကို ချသင့်ပါသည်။ 

 

3. အရက်ပါဝင်သောအရည်များအား ရှောင်ကြဉ်ပါ။

ဆီးချိုရောဂါရှိသူများအတွက် မိမိကိုယ်ကို ဂရုစိုက်သည့်နည်း နောက်တစ်ဆင့်မှာ အရက်ပါဝင်သောအရည်များအား ရှောင်ကြဉ်ခြင်း သို့မဟုတ် အမျိုးမျိုးသောစိမ်ခံဆေးရည်များဖြစ်သည့်(ယာဒေါင်)စသည်တို့သည် ဆီးချိုရောဂါကုသရာတွင် အသုံးပြုသည့်ဆေးဝါးများနှင့်အခြားဆေးများအပါအဝင် ‌ဆေးအမျိုးမျိုး၏ထိရောက်မှုကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်ပါသည့်အပြင် ဆီးချိုရောဂါရှိသူများသည် အာရုံကြောဆိုင်ရာလုပ်ဆောင်ချက်စနစ်ရှုပ်ထွေးမှုများကိုပါ ထိခိုက်စေနိုင်ပါသည့်အတွက် အကောင်းဆုံးနည်းလမ်းမှာ ကျန်းမာရေးကောင်းရန်နှင့် သင့်ချစ်ရသောသူများအတွက် လျှော့ချပြီး ဖြတ်လိုက်ခြင်းသည် ပိုမိုကောင်းမွန်သောနည်းလည်းဖြစ်ပါသည်။ 

 

4. သင့်ခြေထောက်အားအမြဲဝီရိယဖြင့်ကောင်းစွာဂရုစိုက်ပါ။

ဆီးချိုရောဂါရှိသူများသည်  ခြေထောက်အား ဂရုစိုက်ရန် လိုအပ်ပါသည်။ဆီးချိုရောဂါအရှိန်သည် ခြေထောက်ထိဆင်းလာနိုင်သောအခါ ဆိုးရွားသောအဆင့်သို့ ဖြစ်လာနိုင်ပြီး  ဤအခြေအနေသည် နာတာရှည်ဒဏ်ရာများကိုဖြစ်စေခြင်းမှတစ်ဆင့် ခြေဖဝါးဖြတ်ခြင်း သို့မဟုတ် ခြေထောက်ဖြတ်တောက်ရသည်အထိ ဖြစ်စေပါသည်။ ထို့ကြောင့်ခြေဖဝါးနဲ့ ခြေသည်း ထောင့်စွန်းများအား ပုံမှန် သန့်စင်ပေးသင့်ပါသည်။ ဒဏ်ရာဖြစ်စေနိုင်ခြင်းကဲ့သို့သော ကုတ်ခြင်း သို့မဟုတ် ခြစ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။ အကယ်၍ မူမမှန်မှုများတွေ့ရှိပါကဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ဆွေးနွေးသင့်ပါသည်။

 

5. တုပ်ကွေးရောဂါကာကွယ်ဆေးထိုးပါ။

American Diabetes Association မှ ဆီးချိုရောဂါရှိသူများအား တုပ်ကွေးရောဂါ ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် ထိုးရန် အကြံပြုထားပါသည်။ တုပ်ကွေးရောဂါကြောင့် နောက်ဆက်တွဲရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ရန်နှင့် လေ့လာမှုများအရ ၎င်းသည် ဆေးရုံတက်ပြီး သေဆုံးသည်အထိ ရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်သည်ဟု  ဖော်ပြထားပါသည်။ ထို့အပြင် အသက် ၆၅ နှစ်အထက် လူနာများအား အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး ထိုးသင့်ပါသည်ဟုလည်းဖော်ပြထားပါသည်။

 

6. သွေးပေါင်ချိန်ထိန်းပါ။

ဆီးချိုရောဂါနှင့် သွေးတိုးရောဂါသည်  အတူတွဲလာလေ့ရှိသည့် စကားစုအား လူတော်တော်များများ ကြားဖူးကြပေမည်ဖြစ်ပါသည်။ ထို့ကြောင့် ရောဂါပျံ့ပွားမှု့ဖြစ်နိုင်ခြေအား လျှော့ချရန်အတွက် သွေးပေါင်ချိန်အား 140/90 mm Hg အထက်တွင် မရှိနေစေရန် ဆရာဝန်များက အကြံပြုထားပါသည်။ အကယ်၍ သင့်တွင် သွေးတိုးရောဂါရှိပါက ဆရာဝန်၏ ညွှန်ကြားချက်ဆေးညွှန်းအတိုင်းသာ  တိကျစွာ သောက်သုံးသင့်ပါသည်။

 

7. သွေးတွင်းအဆီဓာတ်ပမာဏကို ထိန်းပါ။

ဆီးချိုဝေဒနာရှင်များအတွက် မိမိကိုယ်ကို ပြုစုစောင့်ရှောက်ရန် နောက်ထပ်အရေးကြီးသည့် ပြဿနာမှာ သွေးတွင်း အဆီဓာတ်ပမာဏအဆင့်အား ထိန်းခြင်းဖြစ်ပါသည်။ LDL ကိုလက်စထရော သို့မဟုတ် မကောင်းသော ကိုလက်စထရောအဆီဓာတ်ပမာဏသည် 100 mg/dl ထက်နည်း၍ အသက် 40 နှစ်နှင့်အထက် လူနာများအတွက်၊ ဆရာဝန်သည် သွေးတွင်း အဆီဓာတ်ပမာဏကို ထိန်းသိမ်းရန်အတွက် အဆီကျသော ဆေးဝါးများကိုသင့်လျော်သလို ညွှန်ကြားပေးမည်ဖြစ်ပါသည်။ သို့သော် ပုံမှန်မဟုတ်သော အဆီဓာတ်ပမာဏသည်  သွေးလွှတ်ကြောမကြီးအား ကျဉ်းသွားစေနိုင်သောကြောင့်ဖြစ်ပါသည်။

 

8. အထူးအချိန်အခါများတွင် မည်သို့ပြုမူရမည်ကို လေ့လာပါ။

အထက်ဖော်ပြပါအချက်များအရ ဆီးချိုရောဂါရှိသူများသည် ပါတီပွဲများ သို့မဟုတ် ခရီးသွားခြင်းကဲ့သို့သော အထူးအခွင့်အရေးအမျိုးမျိုးများ ဥပမာ အလှူ၊ပါတီပွဲ၊များနှင့် ခရီးသွားသောအခါများတွင်ပင် ရောဂါပျံ့နှံ့မှု့အားထိန်းနိုင်ရန်အတွက် မိမိကိုယ်ကိုယ်ဂရုစိုက်ပြုမှုရမည့်နည်းလမ်းများဖြစ်သည့် ဆေးကိုအမြဲဆောင်ထားပြီးလျှင်အချိန်မှန်သောက်ခြင်းများ စသည်ဖြင့် လူမှု့နေထိုင်ပုံ သက်တောင့်သက်သာရှိမှု ဆုံးရှုံးနိုင်သည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ အရက်ပါဝင်သောအရည်များ၊ အကြော်၊အဆီများသို့မဟုတ် အစပ် စားခြင်းများအား ရှောင်ကြဉ်ခြင်းအားဖြင့် အကယ်၍ ပုံမှန်လိုက်နာလေ့ကျင့်ပါက ရောဂါအားမပြင်းထန်စေခြင်း သို့မဟုတ် ကောင်းလာခြင်းအားရရှိမည်ဖြစ်ပါသည်။

 

9. ဆီးချိုဝေဒနာရှင်များ၏ရောဂါရှုပ်ထွေးမှု့အခြေအနေများအကြောင်းလေ့လာပါ။

နောက်ဆုံးအချက်အနေနှင့် ဆီးချိုရောဂါရှိသူများ သို့မဟုတ် ဤလူနာများကို ပြုစုစောင့်ရှောက်မည့်သူများသည်  ဆီးချိုရောဂါဝေဒနာရှင်များ၏ နောက်ဆက်တွဲဖြစ်တတ်သောရောဂါများဖြစ်သည့် ဆီးချိုကြောင့်မျက်ကြည်လွှာအားထိခိုက်သောရောဂါအကြောင်း ဖြစ်စေ ဆီးချိုရောဂါခြေထောက်ထိဆင်းလာခြင်းဖြစ်စေ၊ ကျောက်ကပ်ရောဂါရှုပ်ထွေးမှု့အခြေအနေများ၊ သွေးကြောရောဂါရှုပ်ထွေးမှု့အခြေအနေများ၊အာရုံကြောဆိုင်ရာရောဂါရှုပ်ထွေးမှုများဖြစ်ပေါ်မှု့ အားလုံးသည်  အသက်အင်္ဂါအား ထိခိုက်စေနိုင်သောကြောင့် ကျန်းမာရေးစစ်ဆေးခြင်းအား အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် ကုသပေးသောဆရာဝန်၏ အကြံပြုချက်အရ လိုက်နာသင့်ပါသည်။

 

ဤအရာအားလုံးသည် ဆီးချိုရောဂါဝေဒနာရှင်များ၏ ရောဂါလက္ခဏာ ပြင်းထန်မှု့အားထိန်းချုပ်ရန် သို့မဟုတ် အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲရောဂါရှုပ်ထွေးမှု့များအား မဖြစ်စေရန် ကူညီပေးမည့် ဆီးချိုသမားများအတွက် ပဏာမအစပိုင်း မိမိကိုယ်ကို ဂရုစိုက်ခြင်းဖြစ်ပါသည်။ ဆေးရုံတက်၍ကုသရမှု့နှုန်းအား လျှော့ချစေရန်နှင့်  သာမန်လူမှု့နေထိုင်ရေးဘဝအား အတတ်နိုင်ဆုံးရရှိစေရန် ကူညီပေးမည်ဖြစ်ပါသည်။ Intouch Medicare တွင် တိုင်ပင်ဆွေးနွေး၍အကြံဉာဏ်ရယူပြီးကုသလိုသော လူနာများအတွက်၊ ကျွန်ုပ်တို့၏ ဆေးဘက်ဆိုင်ရာဆေးခန်းသည် ဆီးချိုနှင့် သွေးတိုးရောဂါကို ကုသရန် ပင်တိုင်ဆရာဝန်တစ်ဦးထားရှိပေးထားပါသည်။ ဆွေမျိုးများနှင့် လူနာများအတွက် အဆင်ပြေစေရန် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုများလည်း ပါဝင်ပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် အိမ်နှင့်နီးသော မည်သည့်ဌာနခွဲမဆို ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။ ကျွန်ုပ်၏အနီးနားရှိဆေးခန်းကို Google တွင်ရှာဖွေပါ။ Intouch Medicare Clinic ကိုရွေးချယ်ပါ။ သို့မဟုတ် ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ်ရှိ ဆက်သွယ်ရန်ချန်နယ်မှတဆင့် မေးမြန်းနိုင်ပါသည်။



 

အသေးစိတ်ထပ်မံမေးမြန်းလိုပါက အင်ထပ်မီဒယ်ခဲ

  Hot Line 081-562-7722 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)

  @qns9056c

  အင်ထပ်မီဒယ်ခဲဆေးခန်း


This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy