ဆေးခန်းရှိဝန်ထမ်းများ၏ ကိုယ်ရည်ကိုယ်သွေးသင်တန်း

Last updated: 30 Jan 2024  |  3772 ကြည့်ရှုခြင်း  | 

การฝึกอบรมบุคลิกภาพ

2022 ခုနှစ် ဂျူလိုင်လ 6-7 ရက်နေ့တွင်    အင်ထပ်မီဒယ်ခဲမှစီစဉ်ကျင်းပပေးသောကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှု့သင်တန်းသည် ဆေးခန်းရှိဝန်ထမ်းများ၏ ပြောဆိုဆက်ဆံမှု့စွမ်းရည် ကျွမ်းကျင်မှု့အလားအလာ ဖွံ့ဖြိုးတိုးတက်မှု့ရှိစေရန်နှင့်လူနာများအားအကောင်းဆုံးဝန်ဆောင်မှု့ပေးနိုင်ရန်အတွက်လေ့ကျင့်မှု့သင်တန်းတစ်ခုပြုလုပ်ပေးခဲ့ပါသည်။

 
သင်တန်း၏အဓိကရည်ရွယ်ချက်များနှင့် တက်ရောက်ခဲ့သောသင်တန်းသားများရရှိခဲ့သောရလဒ်များ

  • တက်ရောက် ပါဝင်ခဲ့သောသင်တန်းသားများသည်  မိမိကိုယ်ကိုယ်ကြော့ရှင်းပြေပြစ်မှု့နှင့် အတွင်းရောအပြင်ပါယုံကြည်မှုအပြည့်ရှိမှု့ကိုပေးနိုင်သည့် ကိုယ်ရည်ကိုယ်သွေးများရှိစေပြီး အဖွဲ့အစည်းအတွက် ကောင်းမွန်သောပုံရိပ်ကို ဖန်တီးပေးနိုင်သည်။ 

  • တက်ရောက်ပါဝင်သူများသည် ဝတ်စားဆင်ယင်မှု့ ပက်သက်၍အသိပညာ၊ နားလည်မှုနှင့် လူမှုကျင့်ဝတ်ယဉ်ကျေးမှု့များတွင်  ၎င်းတို့၏ ကြော့ရှင်းသော ကိုယ်ဟန်အနေအထားနှင့်  ကျွမ်းကျင်မှု့စွမ်းရည်များကို မြှင့်တင်ပေးမည်ဖြစ်ပါသည်။

  • တက်ရောက်လာသူများသည် စကားပြောနည်းပညာများနှင့်ပက်သက်၍ ဗဟုသုတရပြီးလျှင် နားလည်သဘောပေါက်ခဲ့ကြပါသည်။၎င်းသည် အမျိုးမျိုးသောဆက်သွယ်ပြောဆိုမှု့တွင် လွန်စွာအရေးကြီးသောအပိုင်းလည်းဖြစ်ပါသည်။

  • အသိပညာ နားလည်မှု့ရှိလာသောအခါ စကားပြောဘာသာအကြောင်းနှင့် ခန္ဓာကိုယ်ဘာသာစကား ဆက်သွယ်ပြောဆိုရာ၌ မျက်နှာချင်းဆိုင်တွေ့ဆုံရာတွင်ဖြစ်စေ ဖုန်းမှတစ်ဆင့်ဖြစ်စေ ဖြားယောင်းလှုံ့ဆော်စည်းရုံးသိမ်းသွင်းရာတွင်ထင်ရှားတိကျမှု့ရှိနိုင်ရန်အတွက်ဖြစ်ပါသည်။

  • တက်ရောက်ပါဝင်သူများ၏ စိတ်အားထက်သန်မှု၊ လှုံ့ဆော်မှုနှင့် ရည်ရွယ်ချက်ရှိရန်အတွက်နှင့် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှု၌ အောင်မြင်မှုရရန်အတွက်ဖြစ်ပါသည်။

     

    "အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ဖောက်သည်များအား ဆွေမျိုးရင်းခြာကဲ့သို့ စိုးရိမ်ကြင်နာမှု့ဖြင့် ဂရုတစ်စိုက်ဝန်ဆောင်မှု့ပေးခြင်းကြောင့်ဖြစ်ပါသည်။"

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy