အိမ်နီးနားရှိ ဆီးချိုနှင်.သွေးတိုးဆေးခန်း

 

အိမ်နီးနားရှိ ဆီးချိုနှင်.သွေးတိုးဆေးခန်း

ယနေ့ခေတ်တွင်ရောဂါအမျိုးမျိုးရှိသော်လည်း ရောဂါနီးစပ်သူများအတွက် မကြာခဏသတိမမူမိသော အထူးသဖြင့်ဆီးချိုရောဂါနှင်.သွေးတိုရောဂါဖြစ်သည်။ ဤရောဂါနှစ်မျိုးစလုံးသည်အလွန်အန္တရာယ်များပြီး မကူးစက်နိုင်သောရောဂါများဖြစ်သည်။  ထို့ကြောင့် သွေးတိုးဆီးချိုကုသသောခန်းများသည် အလွန်အရေးကြီးပါသည်။ လူနာများကို အနီးကပ်ပြုစုကုသရာတွင် အဆင်ပြေ၊ မြန်ဆန်၊ လူမစည်ကားသောကြောင့် လူနာများစိတ်ချမ်းချမ်းသာသာနေနိုင်စေပါသည်။

 

သံသယလက္ခဏာတွေရှိနေသည်.အခါ ရောဂါရှာဖွေစစ်ဆေးမှုပြုလုပ်ပြီး ရောဂါတွေ့ရှိပါကချက်ချင်းကုသရမည်။ ထို့ကြောင့် သွေးတိုးနှင့်ဆီးချိုရောဂါကုသသောဆေးခန်းသည်အရေးကြီးပါသည်။ ဆီးချိုရောဂါနှင့်သွေးတိုးရောဂါအကြောင်း ပိုမိုသိရှိနိုင်စေရန် တင်ဆက်ပေးပါမည်။

 

ဆီးချိုရောဂါနှင့် သွေးတိုးရောဂါအကြောင်း သိကောင်းစရာအချက်များ

โรคเบาหวานคืออะไร

ဆီးချိုဆိုတာဘာလဲ

 

ဆီးချိုရောဂါသည် ခန္ဓာကိုယ်တွင်သွေးတွင်းသကြားဓာတ်ပါဝင်မှု မြင့်မားသည့်အခြေအနေတစ်ခုဖြစ်သည်။ အင်ဆူလင်ဟော်မုန်း၏ မူမမှန်ခြင်းကြောင့်ဖြစ်သည်။ အင်ဆူလင်ဟော်မုန်းသည် ကျွန်ုပ်တို့စားသုံးသောသကြားများကို သွေးတွင်းရှိဂလူးကို့စ်ပုံစံအဖြစ်သို့ လုပ်ဆောင်ပြီး စွမ်းအင်အဖြစ်သို့ ပြောင်းလဲခဲ့သည်။

 

ဆေးဘက်ဆိုင်ရာဌာန၏ ကိန်းဂဏန်းစာရင်းဇယားများအရ ထိုင်းနိုင်ငံတွင်ဆီးချိုရောဂါရှိသူဦးရေ နှစ်စဉ်တိုးလာသည်ကိုတွေ့ရသည်။ ငယ်ရွယ်သောလူနာများတွင်လည်း တွေ့ရှိခဲ့သည်။


ဆီးချိုရောဂါကို အမျိုးအစားနှစ်မျိုးခွဲထားပါသည်

โรคเบาหวานในเด็ก

အမျိုးအစား ၁ ဆီးချိုရောဂါ

အင်ဆူလင်ဟော်မုန်းလုံးဝမထုတ်နိုင်သည်.ပန်ကရိယချို့ယွင်းမှုကြောင့် ဖြစ်သည်။  ခန္ဓာကိုယ်တွင် အင်ဆူလင်ချို့တဲ့ပြီး သွေးတွင်းသကြားဓာတ်မြင့်မားနေခြင်းကိုတားဆီးရန်အတွက် လူနာသည်ခန္ဓာကိုယ်ထဲသို့အင်ဆူလင်ကိုပုံမှန်ထိုးပေးရမည်။ ရုတ်တရက်

အသက်အန္တရာယ်ရှိနိုင်ပြီး နာတာရှည်ရှုပ်ထွေးမှုများဖြစ်ပေါ်စေနိုင်သည်။ ဤဆီးချိုအမျိုးအစားသည်အလွန်ရှားပါးပြီး ထိုင်းနိုင်ငံတွင်ဆီးချိုရောဂါဖြစ်ပွားမှု၏ 5% သည် ကလေးများနှင့် ဆယ်ကျော်သက်များတွင်သာ တွေ့ရပါသည်။

โรคเบาหวานกลุ่มคนที่มีอายุ 40 ปีขึ้นไป

အမျိုးအစား 2 ဆီးချိုရောဂါ

ပန်ကရိယသည်ခန္ဓာကိုယ်၏ လိုအပ်ချက်များကိုဖြည့်ဆည်းရန် အင်ဆူလင်လုံလောက်စွာ မထုတ်နိုင်ခြင်းကြောင့် နှင်. ခန္ဓာကိုယ်ကအင်ဆူလင်ကိုခံနိုင်ရည်မရှိခြင်းကြောင့်ဖြစ်သည် ။ ဤအမျိုးအစား 2 ဆီးချိုရောဂါသည် ထိုင်းနိုင်ငံတွင်ဆီးချိုရောဂါရှိ

သူများ၏ 95% အထူးသဖြင့် အသက် 40 နှစ်နှင့်အထက်များတွင် အဖြစ်အများဆုံးအမျိုးအစားဖြစ်သည်။


ဆီးချိုရောဂါ၏လက္ခဏာများ

မူမမှန်မှုတိုင်းကို ကိုယ်တိုင်စောင့်ကြည့်ခြင်းသည် ဆီးချိုရှိမရှိစစ်ဆေးရန် အဓိကနည်းလမ်းများထဲမှတစ်ခုဖြစ်သည်။ ဤတွင် သင့်ကိုယ်သင် စစ်ဆေးနည်း။

อาการของโรคเบาหวาน

၁. အရင်ကမကြာခဏ ဆီးမသွားဖူးပေမဲ့ နေ့ရောညမှာပါ ဆီးသွားတတ်ပါသည်။

၂. ပုံမှန်ထက်ရေပိုဆာသလိုခံစားရပါသည် ။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်သည် ရေဓာတ်ပို၍စွန့်ထုတ်ရသောကြောင့် ရေဓာတ်ခန်းခြောက်ခြင်းဖြစ်ပေါ်လာသည်။

၃. အရင်ကထက်ဗိုက်ပိုဆာလာတတ်ပါသည်။ အထူးသဖြင့် အချိုပွဲများ‌ပိုစာပါသည်။ 

၄. တစ်ကိုယ်လုံးယားယံသလိုခံစားရပြီး ကူးစက်ခံနိုင်နှုန်းများပါသည် ။ အရေပြားပေါ်တွင် မှိုတစ်မျိုးလိုဖြစ်တက်ပြီး မကြာခဏမိန်းမကိုယ်မှအဖြူဆင်းခြင်းတို.ဖြစ်တက်ပါသည်။

၅. လုံလောက်သည်. အနားယူထားရင်တောင် မောပန်းနွမ်းနယ်နေသလိုခံစားတက်ပါသည်။ အဘယ်ကြောင်.ဆိုသေ် ခန္ဓာကိုယ်ကသကြားဓာတ်ကို ကိုယ်တိုင်မသုံးနိုင်ခြင်းကြောင်.ဖြစ်သည်။

၆. အရင်ကမဖြစ်ဖူးပေမယ့် အမြင်အာရုံနှစ်ထပ်မြင်ခြင်း၊ မှုန်ဝါးခြင်းတို.ဖြစ်တက်ပါသည်။

၇. အာရုံကြောများ ယိုယွင်းမှုကြောင့် ခြေလက်များ ထုံကျင်ခြင်း။


ဆီးချိုရောဂါ ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ

ဆီးချိုရောဂါ၏လက္ခဏာတစ်ရပ်ဖြစ်ကြောင်း သင်ကိုယ်တိုင်လေ့လာတွေ့ရှိသောအခါနောက်တစ်ဆင့်မှာသွေးတွင်းသကြားဓာတ်စစ်ဆေးမှုခံယူပါမည်။ ဤသည်မှာ ဆီးချိုရောဂါကိုအလွယ်တကူသိရှိနိုင်သော အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည်။ 

သွေးတွင်းသကြားဓာတ်ကိုမတိုင်းတာမီ ရေသောက်ခြင်းအစာစားခြင်းမှ အနည်းဆုံး 8 နာရီရှောင်ကြဉ်ရပါမည်။ 

รู้ได้ยังไงว่าเป็นโรคเบาหวานหรือไม่
  •  ရေနှင်.အစာကိုအနည်းဆုံး ၈ နာရီ ရှောင်ပြီးနောက် သွေးတွင်းသကြားဓာတ်အဆင့်သည် 126 mg/dL နှင့် ညီမျှခြင်း

  • သွေးတွင်းသကြားဓာတ်ပမာဏ 200 mg/dL ထက်များသော သို့မဟုတ် ညီမျှသော ဆီးချိုရောဂါလက္ခဏာများရှိခြင်း

ผลของระดับน้ำตาลในเลือด
  • 75 g ဂလူးကို့စ်ကိုသောက်သုံးပြီး သည်းခံနိုင်စွမ်းစမ်းသပ်ပြီးနောက် 2 နာရီအကြာတွင် သွေးတွင်းသကြားဓာတ်အဆင့်သည် 200 mg/dL ထက်များသော သို့မဟုတ် ညီမျှခြင်း

  • ပျမ်းမျှသကြားအဆင့် (HbA1c) သည် 6.5 ရာခိုင်နှုန်းထက်ပိုခြင်း သို့မဟုတ် ညီမျှခြင်း

ဆီးချိုရောဂါအတွက် ဘယ်လိုပြင်ဆင်သင်.မ၏သလဲ

 သင့်ဆရာဝန်၏အကြံဉာဏ်ကို မှန်ကန်စွာလိုက်နာပါက ဆီးချိုရောဂါသည်သင်ထင်ထားသလောက် မပြင်းထန်ပါ။ အစောပိုင်းအဆင့်မှာ ဆီးချိုရောဂါခံစားနေလျှင် ထိတ်လန့်စရာမလိုပါ။ အစားအသောက်ထိန်းချုပ်ပြီး ခန္ဓာကိုယ်အလေးချိန်ထိန်းရန်နှင်. လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ ဆေးသောက်ပြီးကျန်းမာရေးကို ကောင်းမွန်စေပြီး နောက်ဆက်တွဲပြဿနာများမဖြစ်ပေါ်် နိုင်ပါ။

 

 

ဗီဒီယိုရည်ညွှန်း- ဆီးချိုရောဂါ ဆီးချိုဝေဒနာရှင်တစ်ဦးသည်မည်သို့လေ့ကျင့်သနည်း။ မကူးစက်နိုင်သောရောဂါများဌာန၊ ရောဂါထိန်းချုပ်ရေးဌာန

 

သို့သော် သင့်တွင်အင်ဆူလင်ထိုးရန်လိုအပ်သောဆီးချိုရောဂါဝေဒနာရှင်ဖြစ်ပါက သင့်ကိုယ်ပိုင်အင်ဆူလင်ကိုမှန်ကန်စွာထိုးသွင်းနည်းကို လေ့လာရန်လိုအပ်ပါသည်။ အစားအစာထိန်းချုပ်မှုနှင့်အတူ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးလုပ်ပြီး စိတ်ကို ကြည်လင်အောင်လုပ်ပါ။ ဤသည်တခြားရောဂါတွေ၏နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ဖို့နှင်.လူနာကိုအသက်ရှည်စေပါသည်။

พบแพทย์ที่คลินิกเบาหวาน

သို့သော်ဆီးချိုရောဂါသည် ပြင်းထန်သောရောဂါမဟုတ်ကြောင်း  သို.ပေမယ့် ကောင်းကောင်းမကုသဘဲ လျစ်လျူရှုထားလျှင် သွေးကြောထဲမှာကျန်နေသည်.သကြားဓာတ်တွေများလာပြီး အခြားရောဂါများ အထူးသဖြင့်သွေးတိုးရောဂါကို ဖြစ်စေနိုင်သည်။


โรคความดันโลหิตคืออะไร

သွေးပေါင်ချိန်ဆိုတာဘာလဲ

အများအားဖြင့်သွေးပေါင်ချိန်သည် သွေးလွှတ်ကြောနံရံများကို တွန်းပို့သောဖိအားဖြစ်သည်။ နှလုံးညှစ်ထုတ်ခြင်းဖြစ်စဉ်မှ ဖြစ်ပေါ်လာသည်။ နှလုံးကျုံ့သည်.အခါသွေးပေါင်ချိန်တက်လာပြီး နှလုံးတွေပြေလျော့သွားသလိုလျော့သွားမည်ဖြစ်သည်။

 

သွေးပေါင်ချိန်သည် လူအနည်းငယ်ကိုသေစေသော အသံတိတ်လူသတ်သမားနှင့်တူသည်။ ၎င်းသည် သွေးပေါင်ချိန်ပုံမှန်မဟုတ်ခြင်းကြောင့် သွေးပေါင်ချိန်ကျခြင်းနှင်.သွေးတိုးခြင်းကိုဖြစ်စေသည်။ 


သွေးပေါင်ကျခြင်းကိုဘာတွေကဖြစ်စေသလဲ

၉၀ mmHg ထက်နည်းသော systolic သွေးပေါင်ချိန်ကြောင့်ဖြစ်သည်။ အများစုမှာပရိုတင်းနှင့်ဗီတာမင်စီ ကဲ့သို့သော အာဟာရဓာတ်အချို့ ချို့တဲ့ခြင်းကြောင့်ဖြစ်တတ်ပါသည်။ ဤရောဂါသည်အမျိုးသားနှင်.အမျိုးသမီးများတွင် အသက်အရွယ်မရွေး သွေးပေါင်ကျခြင်းရောဂါကို ခံစားရနိုင်သည်။


อาการของโรคความดันโลหิตต่ำ

တွေ့ရှိနိုင်သောသွေးတိုးရောဂါ၏ လက္ခဏာများ

  • မူးဝေခြင်း၊ မူးမေ့ခြင်း သို့မဟုတ် ထိုင်နေရာမှတခြားပုံစံပြောင်းထိုင်ခြင်းမှ မူးမေ့လဲခြင်း၊  ရုတ်တရက်ထရပ်ရာမှမူးခြင်းသည် ဦးနှောက်သို့သွေးလည်ပတ်မှု မလုံလောက်ခြင်းကြောင့်ဖြစ်သည်။

  • နှလုံးခုန်ခြင်း၊ ရင်တုန်ခြင်း၊ အမြင်အာရုံဝေဝါးခြင်းနှင့် ပျို့အန်ခြင်းတို.ဖြစ်တက်သည်။

  • ပိုပင်ပန်းခြင်း ပင်ပန်းပြီးရေဆာသလို ခံစားရခြင်း။


သွေးပေါင်ကျလျှင် ခန္ဓာကိုယ်ကိုဂရုစိုက်ခြင်း

သွေးပေါင်ကျလျှင် သူ့အလိုလိုပျောက်သွားနိုင်ပါသည် ။ အကယ်၍စနစ်တကျကုသပါက ဤရောဂါသည်သင်ထင်သလောက် အန္တရာယ်မရှိပါ။ အောက်ပါအတိုင်း သင့်ကိုယ်သင်ဂရုစိုက်ပါ။

  • အစားအစာကို ချိန်ညှိပါ။ ကဖင်းဓာတ်ပါသည်.ဖျော်ရည်နှင်.အရက်တွေကို ရှောင်ပါ။ ဤအချိုရည်ထဲတွင် နှလုံးခုန်နှုန်းကိုလှုံ့ဆော်ပေးနိုင်သောကြောင့် နှလုံးတုန်ခြင်းကိုဖြစ်စေပါသည်။ နှလုံးပိုခုန်စေပါသည်။

  • အထူးသဖြင့် ပရိုတင်းဓာတ်ပါသော အစားအစာအုပ်စု ၅ မျိုးမှ ပြီးပြည့်စုံအောင်စားပါ။ ဗီတာမင်စီ မချို့တဲ့သင့်ပါ။

  • မူးလဲခြင်းကိုခံစားနေပါက ထိုင်ပြီးအနားယူသင့်ပါသည် ဒါမှမဟုတ် ချက်ချင်းလှဲအိပ်သင်.ပါသည်။ ဦးနှောက်သို့သွေးလုံလောက်စွာရရှိရန် နှလုံး၏အဆင့်ထက် ခြေထောက်ကိုမြှင့်တင်ပါ။

  • ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းကိုရှောင်ကြဉ်ပါ၊၊ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းကိုသာ ပြုလုပ်ပါ။ လွန်ကဲသောလေ့ကျင့်ခန်းကိုမပြုလုပ်သင်.ပါ။

  • လုံလောက်စွာ အနားယူအိပ်စက်သင့်သည်။ နောက်ကျပြီးအိပ်ရာမဝင်ဖို့ ကြိုးစားပါ။ အဘယ်ကြောင်.ဆိုသော် လုံလောက်သည်. အနားယူမှုမရှိလျှင် သွေးပေါင်ချိန်ကျသွားနိုင်ပါသည်။

သို့သော်သွေးပေါင်ကျခြင်းသည် ကုသနိုင်သည်။ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းကို မှန်ကန်သောနည်းလမ်းဖြင့်လိုက်နာခြင်းဖြင်. ဤရောဂါလက္ခဏာတွေကို သက်သာစေပါလိမ့်မည်။


โรคความดันโลหิตสูง คืออะไร

သွေးတိုးဆိုတာဘာလဲ

သွေးတိုးရောဂါသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါသည်။ သွေးပေါင်ချိန်တိုင်းတာမှု 140/90 mmHg သို့မဟုတ် ထို့ထက်ပိုပါက သွေးတိုးဖြစ်နိုင်ခြေဟုသတ်မှတ်သည်။ ရောဂါသည်အစောပိုင်းအဆင့်တွင် သိသာထင်ရှားသောလက္ခဏာများမရှိ သောကြောင့် လူနာများစွာသည်၎င်းတို့တွင် သွေးတိုးရောဂါရှိနေကြောင်းသတိမထားမိကြပါ ။ ထို့ကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါများကိုထိခိုက်စေသည်။



 

သွေးတိုးခြင်း၏အကြောင်းရင်း လက္ခဏာတွေကဘာတွေလဲ

သွေးတိုးလူနာများ၏ 85 ရာခိုင်နှုန်းကျော်သည် ရှင်းလင်းသောအကြောင်းမရှိသောကြောင့် "တိတ်ဆိတ်လူသတ်သမား"ဟုယူဆနိုင်ပါသည်။ သို.ပေမယ့် တခြားရောဂါတွေဖြစ်သည်.ကျောက်ကပ်ရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ အဝလွန်ခြင်းနှင်. ဆီးချိုရောဂါ စတာတွေကိုပူးတွဲတွေ့ရှိနိုင်ပါသည်။

สูบบุหรี่ สาเหตุของโรคความดันโลหิตสูง

သွေးပေါင်ချိန်တိုင်းကြည့်သည်.အခါ သွေးတိုးသည်ကိုတွေ့ရပါသည်။ လူနာတော်တော်များများက သူတို့မှာသွေးတိုးရှိမှန်း မသိကြပါ ။ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အမြင်မှုန်ဝါးခြင်း နှင့် နှာခေါင်းသွေးလျှံခြင်းစသည့် ပုံမှန်မဟုတ်သောလက္ခဏာများ ခံစားရသောလူနာအနည်းစုကိုသာ တွေ့ရှိပါသည်။ သွေးပေါင်ချိန်တိုင်းကြည့်သည်.အခါ သွေးတိုးပါက အခြားရောဂါများမဖြစ်ပွားမီအချိန်မီကုသနိုင်သည်။

 

ထို့အပြင်အပြုအမူနှင်.လူနေမှုပုံစံသည်သွေးတိုးခြင်းကိုဖြစ်စေပါသည်။ ဉပမာအားဖြင်. စပ်သောအစာစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊လေ့ကျင့်ခန်းမလုပ်ခြင်းနှင်.မျိုးရိုးဗီဇ စသည့်တို.တွင်သွေးတိုးရောဂါကိုဖြစ်စေသောအချက်ဖြစ်သည်။


သွေးတိုးရောဂါရှိသည်.အခါ ခန္ဓာကိုယ်ကိုဂရုစိုက်ခြင်း

 သွေးတိုးရောဂါသည် ပြင်းထန်သောနာတာရှည်ရောဂါဖြစ်သည်။ အများစုမှာကုသဆေးမရှိပါ။ သို.ပေမယ့် ကိုယ့်ကိုယ်ကိုဂရုစိုက်ပါက ရောဂါ၏ပြင်းထန်မှုကို ထိန်းချုပ်နိုင်ပါသည်။ ၎င်းတို့၏အပြုအမူကို အောက်ပါအတိုင်းပြင်ဆင်ပါ။

การดูแลร่างกาย เมื่อเป็นโรคความดันโลหิตสูง
  • အစားအသောက်အမူအကျင့်ကိုချိန်ညှိပါ။ အာဟာရပြည့်ဝသောအစားအစာများကို ရွေးချယ်ခြင်းဖြင့် သစ်သီးများနှင့်ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များကို အာရုံစိုက်ကာ အစားအစာတွင်ရှိသောအသားပမာဏကိုလျှော့စားပါ။ အလွန်စပ်သော အစားအစာများကို ရှောင်ပါ။

  •  ဆေးလိပ်ဖြတ်ခြင်း သို့မဟုတ် အရက်များလျှော့သောက်ပါ။

  • လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ သို.ပေမယ်. ပြင်းထန်သောလေ့ကျင့်ခန်းလုပ်ခြင်းမပြုသင်.ပါ။

  • စိတ်တည်ငြိမ်အောင်ထားပါ။ သင့်ပတ်၀န်းကျင်ရှိ အရာများစွာနှင့် အရမ်းဖိအားမပေးသင်.ပါ။

  • ပြဿနာရှိလျှင် ဆရာဝန်နှင့်တိုင်ပင်သင်.ပြီး ဆရာဝန်၏အကြံပေးချက်ကိုလိုက်နာပါ။


  
 

သွေးတိုးရောဂါ သို့မဟုတ် သွေးပေါင်ကျခြင်းသည် မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်နိုင်သည်။ ပုံမှန်မဟုတ်သော လက္ခဏာများဖြစ်ပေါ်လာပါက ရောဂါရှာဖွေရန်အတွက် ဆရာဝန်ထံချက်ချင်းပြသသင့်ပြီး ၎င်းကိုအချိန်အကြာကြီးမထားသင်.ပါ။ အဘယ်ကြောင့်ဆိုသော် အချိန်အကြာကြီးထားခဲ့လျှင် ပြင်းထန်သောရောဂါ၏လက္ခဏာဖြစ်နိုင်သည်။

 

အထူးသဖြင့်ဆီးချိုရောဂါနှင်.သွေးတိုးရောဂါသည် ဆက်စပ်နေသောရောဂါအဖြစ်တွေ့မြင်နိုင်ပါသည်။ ၎င်းတို့တွင်တူညီသောအန္တရာယ်အချက်များရှိသောကြောင့် ဆီးချိုသွေးချိုရှိသူ ၃ ဦးထဲမှ ၁ ဦးသည် သွေးတိုးရောဂါဖြစ်ပွားနိုင်သည်ဟုတွေ့ရှိရသည်။

พบแพทย์เพื่อตรวจสุขภาพ

သို့သော်ထိုရောဂါနှစ်မျိုးစလုံးသည် ကုမ၍မပျောက်သောတာရှည်ရောဂါများဖြစ်သော်လည်း အနေအထိုင်ထိန်းလျှင် သို့မဟုတ် ရောဂါဖြစ်စေနိုင်သောအန္တရာယ်ရှိသောအပြုအမူများကိုရှောင်ကြဉ်ပါ၊ ကျန်းမာရေးစစ်ဆေးရန် ဆရာဝန်ထံသွားရောက်ပါသို့မဟုတ် ဆီးချို၊ သွေးတိုးအတွက် ကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ်ကိုဝယ်ပါ။ 


လက်ရှိမှာသက်သာသောစျေးနှုန်းများဖြင့် ဆီးချိုရောဂါနှင့်သွေးတိုးရောဂါကုသသောဆေးခန်းနှင်.ဆေးရုံများရှိပြီး အမြန်စစ်ဆေးမှုများ၊ အမြန်ရောဂါရှာတွေ.ခြင်း  အချိန်မီကုသခြင်းဖြင်. နောက်ဆက်တွဲပြဿနာများကိုလည်းလျှော့ချပေးသည်။

 


ကုသမှုနှင့်ကျန်းမာရေးစစ်ဆေးခြင်း

ဆီးချိုသွေးတိုးရောဂါအတွက် ဘတ် 500 မှစတင်ပါသည်

เรียบเรียงโดย อินทัชเมดิแคร์คลินิกเวชกรรม

  ပြင်ဆင်ရက် : 27/10/2022

free counters
This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy