အင်ထပ်မီဒယ်ခဲဆေးခန်းနှင့် နည်းလမ်းအသစ်ဆေးခန်းပြခြင်း အွန်လိုင်းမှတဆင့်ဆရာ၀န်နဲ့တွေ့ဆုံခြင်း (Telemedicine) 
 
 

      အွန်လိုင်းဆရာဝန်ပြခြင်း (Telemedicine) ဟူသောဝေါဟာရသည် လူများနှင့်ထိတွေ့ခြင်းကို လျှော့ချရမည့်နည်းလမ်းတစ်ခုဖြစ်သည်၊ New Normal နေထိုင်မှုပုံစံအတွက် သင့်လျော်သော ကုသမှုနှင့် ရောဂါရှာဖွေမှုပုံစံဖြစ်သောကြောင့် အမျိုးမျိုးသော ပလက်ဖောင်းများမှ အာရုံစူးစိုက်မှုရရှိပြီး သုံးစွဲသူများ ပိုမိုရရှိလာပါသည်။ ၎င်းသည်သက်တောင့်သက်သာပြီးအဆင်ပြေမှုလိုချင်သောသူများအတွက်ပိုသင့်လျော်ပါသည်၊ အွန်လိုင်းဆရာဝန်ဝန်ဆောင်မှုဆိုတာဘာလဲ၊ဘာအဆင့်ဆင့်တွေရှိလဲသွားကြည့်ကြရအောင်

 

အွန်လိုင်းမှတဆင့်ဆရာ၀န်ပြခြင်းဆိုတာဘာလဲ(Telemedicine)?

      အွန်လိုင်းမှတဆင့်ဆရာ၀န်ပြခြင်းဆိုတာက ခေတ်မီသောနည်းစနစ်တစ်ခုဖြစ်ပါသည်၊ ကွန်ပြူတာ၊ စမတ်ဖုန်း သို့မဟုတ် တက်ဘလက်မှတဆင့် အသံချတ်ဖြင့် ဆေးဝါးကုသခြင်းနှင့် ဖြန့်ဝေခြင်းတွင် ဆက်သွယ်ရေးနည်းပညာကို အသုံးပြုခြင်းဖြစ်ပါသည်။မည်သည့်နေရာမဆိုနေပါက ကုသနိုင်ပါသည်။ သင့်အနီးအနားမှာ ဆရာဝန်ရှိတာနဲ့တူပါမည်၊ မည်သည့်ရောဂါများအကြောင်းမဆို ဆရာဝန်နှင့် တိုင်ပင်နိုင်ပါသည် ဉပမာဆီးချို၊ သွေးတိုး၊ နာတာရှည်ရောဂါ၊ သို့မဟုတ် ကြွက်နို့များ၊ ငါးမျက်စိဖယ်ရှားခြင်း၊ keloid ထိုးဆေးများ လိုအပ်သူများ၊အစရှိသဖြင့်  ဆက်လက်ကုသခြင်းမပြုမီ ၎င်းတို့၏ ရောဂါလက္ခဏာများကို အကဲဖြတ်ရန် ဆရာ၀န်နှင့်ကြိုတင်ပြီးတိုင်ပင်ဆွေးနွေးနိုင်ပါသည်။
 
 

အွန်လိုင်းမှတဆင့်ဆရာ၀န်ပြခြင်း (Telemedicine) ၏အဆင့်ဆင့်များ 

      အွန်လိုင်းမှ ဆရာဝန်ပြလိုသူများအတွက် Intouch Medicare ဆေးဘက်ဆိုင်ရာဆေးခန်းနှင့်အတူ လွယ်ကူ၊ အဆင်ပြေ၊ မြန်ဆန်ပြီး ခရီးစရိတ်လည်း သက်သာစေပါမည်။အောက်ပါအဆင့်များဖော်ပြထားပါသည်။

  1. မိမိ၏ရောဂါနှင့်လက္ခဏာများကိုကြိုတင်ပြောကြားခြင်း

  2. အမှန်တကယ်ကုသဖို့အတွက်ကြိုတင်ရှင်းရန်

  3. ဗီဒီအိုခေါမှတဆင့်ကုသခြင်း(သို့)တိုင်ပင်ခြင်း

  4. ဆရာ၀န်အားဖြင့်အကဲဖြတ်၍ဆုံးဖြတ်ခြင်းနှင့်ဆေး၀ါးများအော်ဒါပေးခြင်း

  5. ဆေးဖိုးနှင့်၀န်ဆောင်ခများရှင်းရန်

  6. ဆရာ၀န်ဆေးအော်ဒါထားအရပို့ဆောင်ပေးခြင်း

  7. မိမိ၏လက္ခဏာကိုဖေားလိုးလိုက်နာပေးခြင်း

 

အင်ထပ်မီဒယ်ခဲဆေးခန်းနှင့်အွန်လိုင်းမှတဆင့်ဆရာ၀န်ပြခြင်း (Telemedicine) ၏ကောင်းကျိုးများ

  1. တန်းစီစောင့်စရာမလိုဘဲ အဆင်ပြေတာကြောင့် အချိန်ကုန်သက်သာပြီး ခရီးစရိတ်လည်း သက်သာပါသည် အထူးသဖြင့် အနေဝေးတဲ့ လူနာတွေအတွက်ပိုပြီးသင့်လျော်ပါသည်။

  2. ဆရာ၀န်ထံမှစစ်ဆေးခြင်းနှင့် ရောဂါရှာဖွေခြင်း(သို့)အကဲဖြတ်ဖို့ပိုပြီးလျင်မြန်စေပါသည်။

  3. ကိုဗစ်ကာလအနေဖြင့် ထိတွေ့မှုများကို လျှော့ချစေပါသည်၊ ဆေးခန်းကို မကြာခဏလာဖို့လိုသောလူနာများအဖွဲ့ ဉပမာ ဆီးချိုရောဂါ၊ သွေးတိုးနှင့် နာတာရှည်ရောဂါများ၊ထိုလက္ခဏာများရှိလူနာများသည် ကုသမှုကို ပိုမိုလွယ်ကူစွာ လိုက်နာနိုင်သည်။ 

  4. ရောဂါလက္ခဏာများကို လိုက်နာနိုင်ခြင်း သို့မဟုတ် အိမ်အလည်အပတ် ဝန်ဆောင်မှုများကို အွန်လိုင်းတွင် လုပ်ဆောင်နိုင်ပါသည်၊ လူနာများအား ဆေးခန်းလာရချိန် ပမာဏကို လျှော့ချရန် ကူညီပေးသည်။
       “အိမ်အလည်အပတ် ဝန်ဆောင်မှုများသည် အိမ်သို့သွားရောက်၍ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးဝါးလိုက်နာမှု ပြည့်စုံမှုရှိမရှိ၊လက္ခဏာများနှင့် ကုသမှုရလဒ်များကို သိရှိရန်အတွက် အိမ်ရှိလူနာများအတွက် နောက်ဆက်တွဲ  ကုသမှုများကိုပြုစုစောင့်ရှောက်လိုက်နာပေးခြင်းဖြစ်ပါသည်။ အစားအသောက်၊ လေ့ကျင့်ခန်း၊ စိတ်နေစိတ်ထား သို့မဟုတ် အန္တရာယ်ပြုမူများကဲ့သို့သော ကုသမှုဆိုင်ရာ နေထိုင်မှုပုံစံများ အပါအဝင် လူနာများသည် ဆရာဝန်  ထံမှ အကြံဉာဏ်တောင်းနိုင်သည်။ ဒါက ကုသမှုရဲ့ ထိရောက်မှုကို မြှင့်တင်ပေးပါလိမ့်မယ်။”

   5.သင်ကိုယ်တိုင် ဆေးဝယ်တာထက် ဆရာဝန်နဲ့ တိုင်ပင်တာက ပိုကောင်းတာကြောင့် သင်ယုံကြည်စိတ်ချနိုင်ပါတယ်။ ဆရာဝန်များထံမှ အသိပညာနှင့် အကြံဥာဏ်များ တိုက်ရိုက်မေးမြန်းနိုင်သည်။

   6.မီးယပ်ရောဂါဖြစ်လျှင် ဓာတ်ပုံရိုက်နိုင်သောကြောင့် မရှက်ပါနဲ့

   7.စကားပြန်ရှိပြီး မြန်မာဆေးတံဆိပ်ရှိပါသည်၊ မြန်မာလူနာများအတွက် အဆင်ပြေစေရန် ကူညီပေးခြင်းဖြစ်သည်။

 

      အွန်လိုင်းမှတဆင့်ဆရာ၀န်ပြခြင်း(Telemedicine)၀န်ဆောင်မှုသည်မည်သည့်ဘယ်နေရာမှာမဆို ကုသနိုင်ပါသည်။ကျန်းမာရေးနည်းလမ်းသစ် Intouch Medicare ဆေးဘက်ဆိုင်ရာဆေးခန်းနှင့်အတူ ထမ်းဆောင်ရန်အဆင်သင့်ဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် ဝဘ်ဆိုဒ်ရှိ လိပ်စာမှ ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်သည် သို့မဟုတ် ကျွန်ုပ်၏အနီးနားရှိ ဆေးခန်းများမှ Google တွင် ရှာဖွေနိုင်ပါသည်။ ဆေးခန်းတွင် အထူးကုဆရာဝန်များရှိပါသည်။ လွယ်ကူမြန်ဆန်သောပရော်ဖက်ရှင်နယ်အဖွဲ့ ခေတ်မီစက်ကိရိယာများနှင့် နည်းပညာများဖြင့် ဒါကြောင့် စစ်ဆေးမှု ရလဒ်တွေကို ယုံကြည်စိတ်ချနိုင်ပါသည်။

 


 

အသေးစိတ်များစုံစမ်းမေးမြန်းရန်
  Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)
   marketing3
   อินทัชเมดิแคร์คลินิกเวชกรรม (အင်ထ‌‌ပ်မီဒယ်ခဲဆေးခန်း)


အွန်လိုင်းဆရာဝန်ပြခြင်း (Telemedicine)