ကိုယ်၀န်မရှိခင်အဖေနှင့်အမေများကြိုတင်ပြင်ဆင်ထားသင့်သောအချက်များ

 

 

       မိသားစုတစ်ခုစတင်ခြင်း၏အရေးအကြီးဆုံးအချက်များထဲမှတစ်ခုမှာအိမ်တွင်ကလေးလေးတစ်ယောက်ရှိခြင်းပင်ဖြစ်သည်။ လက်ရှိလူများသည်မိသားစုတည်ဆောက်ရန်ပိုမိုအာရုံစိုက်လာကြသည်။ ကျန်းမာရေးကိစ္စအပါအ၀င် ငွေရေးကြေးရေးအဆင်သင့်ဖြစ်မှု၊ အလုပ်အကိုင်၊အဆင်သင့်‌ဖြစ်မှု ရှိသည်ဖြစ်ပြီးကိုယ်၀န်ရှိရန်ပြင်ဆင်ထားကြပါသည်။ အကယ်၍အမေသည် သန်မာသောကျန်းမာရေးရှိနေပါက မိမိ၏ကလေးလဲသန်မာသောကျန်းမာရေးရှိနိုင်ခြေများပါသည် နောက်ပြီးမိမိကိုကိုယ်၀န်ရှိဖို့ရန်အတွက်ပိုပြီးလွယ်ကူစေနိုင်ပါသည်။ထို့ကြောင့် ကိုယ်၀န်မရှိခင်ပြင်ဆင်ခြင်းသည်အရေးကြီးသောအရာတစ်ခုဖြစ်ပါသည်။ပြင်ဆင်ရန်မည်သို့လုပ်ရမည်နည်းကိုအောက်ပါအတိုင်းရှင်းပြထားပါသည်။

 

ကိုယ်၀န်ရှိရန်ပြင်ဆင်ဖို့အတွက်ကျန်းမာရေးစစ်ဆေးခြင်း

       ကိုယ်၀န်ရှိရန်ပြင်ဆင်ခြင်း၏ပထမဆုံးအချက်သည် ကျန်းမာရေးစစ်ဆေးခြင်းဖြစ်ပါသည်။သင်သည်ကိုယ်၀န်ရှိနိုင်၍ မည်သည့်အရာကိုမှမထိခိုက်ခြင်း သို့မဟုတ် ကိုယ်၀န်ချိန်၌အခြားမူမမှန်ခြင်းကိစ္စများမဖြစ်ခြင်းကိုသေချာစေရန်အတွက်ဖြစ်ပါသည်။အမေအတွက်သည်ဖြစ်စေ ကလေးအတွက်သည်ဖြစ်စေ ကူးစက်နိုင်သောမျိုးရိုးဗီဇဆိုင်ရာရောဂါများကိုစစ်ဆေးရန် သို့မဟုတ် ကိုယ်ဝန်ဆောင်ချိန်အန္တရာယ်ထိခိုက်စေနိုင်မည့်ရောဂါများ ဉပမာအား‌ဖြင့် သွေးအားနည်းရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါစသည်တို့ဖြင့်  ကျန်းမာရေးကိုစစ်ဆေး ရခြင်းဖြစ်ပါသည်။ မိဘများသည်မကျန်းမာသောသုက်ပိုးကဲ့သို့မျိုးမပွားနိုင်ခြင်းပြဿနာများရှိသည်ကိုလည်း ဖော်ပြပါသည်။ ရာသီမမှန်ခြင်း ဒါမှမဟုတ်အသက် ၃၅ ကျော်ပြီးကိုယ်ဝန်ရှိရင်ကလေးမှာ Down's syndromeလို့ခေါ််သောရောဂါ ဖြစ်နိုင်ချေမှုရှိ မရှိကိုလဲစစ်ဆေးနိုင်ပါသည်။ ဒါကလွှဲ၍ ကိုယ်၀န်ချိန်အခြားမူမမှန်သောရောဂါများဖြစ်ခြင်းကိုလဲသတိထားပေးရပါမည် အထူးသဖြင့် ကိုယ်၀န်ပျက်ကျခဲ့ဖူးသောသူများ သို့မဟုတ် ကိုယ်၀န်အဆိပ်ဖြစ်ခြင်းရှိခဲ့ဖူးသောသူများဖြစ်ပါသည်။

 

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း

       လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် ကိုယ်၀န်ရှိဖို့ရန်ပြင်ဆင်သောအရာတစ်ခုဖြစ်ပါသည်။ ကိုယ်၀န်ရှိဖို့ရန်လိုသောမိန်းကလေးတိုင်းသည် စိတ်ဖိစီးမှုမရှိအောင်လေ့ကျင့်ခန်းများပြုလုပ်ရပါမည်၊ ကိုယ်၀န်ရှိရန်အခွင့်အရေးပိုရှိပါသည် ။ထိုလျှင်သာမက မိမိကိုကလေးမွေးဖို့ရန်အတွက်ပိုပြီးလွယ်ကူစေပြီးရောဂါဖြစ်နိုင်ခြေသောအန္တရာယ်များကိုလျှော့ချစေနိုင်ပါမည် ။၎င်းသည်မိမိ၏ကလေးမဖွားမီနှင့်ဖွားပြီးနောက်နှစ်ခုလုံးကို အကျိုးသက်ရောက်စေပါမည်။သို့ပေမဲ့လဲ သင့်ခန္ဓာကိုယ်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေကိုကျော်လွန်ပြီးလေ့ကျင့်ခန်းကိုအလွန်အကျွံမလုပ်သင့်ပါဘူး။ အခြေခံအားဖြင့် အမြန်လမ်းလျှောက်ခြင်း၊ ဖြည်းဖြည်းပြေးခြင်း၊ အေရိုးဘစ်၊ ရေကူးခြင်းစသည့်လေ့ကျင့်ခန်းများကိုအလယ်အလတ်ထဲရှိသင့်သည်။

 

ကယ်လ်စီယမ်နှင့်သံဓာတ်ကိုအဓိကထားပြီးအာဟာရရှိသောအစားအစာများကိုစားခြင်း

       ကိုယ်၀န်ရှိဖို့ပြင်ဆင်ရန်နောက်ထပ်အရေးကြီးမှုတစ်ခုသည်အစာစားခြင်းဖြစ်ပါသည်။အာဟာရှိသောအစားအစာစားခြင်း၊အုပ်စု၅မျိုးရှိအစားအစာစားခြင်း နှင့်ဗီတာမင်များပါ၀င်သောအစားအစာစားခြင်းသည်ပြုလုပ်ရမည်ဖြစ်သောအချက်ဖြစ်ပါသည်။ ကိုယ်၀န်ရှိချင်သောမိန်းကလေးများသည် ကယ်လဆီယံရှိသောအစာများကိုပိုပြီးအလေးထားပေးရပါမည် ဘာလို့လဲဆိုတော့ာကိုယ်ဝန်ဆောင်ချိန်နှင့်နို့တိုက်နေစဉ်၌အရိုးပွရောဂါဖြစ်ပွားရန်လွယ်ကူသည်။သံဓာတ်အစားအစာများကိုလဲမချို့တဲ့သင့်ပါ။ ဘာကြောင့်လဲဆိုတော့ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။၎င်းထဲ၌အသားများ၊အသည်းများ၊ ပင်လယ်စာနဲ့အစိမ်းရောင်အရွက်မျိုးစုံဟင်းသီးဟင်းရွက်တွေမှာပါ၀င်ပါသည်။

 

ကလေးအတွက်အန္တရာယ်ထိခိုက်စေနိုင်မည့်အပြုအမူကိုရှောင်ကြည်ခြင်

       ကိုယ်၀န်နေစဉ်သည်ဖြစ်စေ၊ မွေးဖွားပြီးသည်ဖြစ်စေ အဖေအမေဖြစ်သူသည်သူတို့၏သားသမီးများကိုအန္တရာယ်ထိခိုက်စေနိုင်မည့်ရောဂါများကိုမဖြစ်ခိုင်းစေချင်ဘူးလို့ယုံကြည်ပါသည်။ထို့ကြောင့် အန္တရာယ်ထိခိုက်စေနိုင်မည့်အပြုအမူကိုရှောင်ကြည်ခြင်းသည်ကိုယ်၀န်ရှိဖို့အတွက်ပြင်ဆင်ခြင်းတစ်ခုဖြစ်ပါသည်။အထူးသဖြင့် ဆေးလိပ်သောက်ခြင်းနှင့်အရပ်သောက်ခြင်းများရှောင်ကြည်ရမည်ဖြစ်ပါသည်။သုတေသနအရဆေးလိပ်သောက်တဲ့အမျိုးသမီးတွေဟာဆေးလိပ်မသောက်သူတွေထက်ကိုယ်ဝန်ရနိုင်ခြေပိုများပါတယ်။ အရက်သောက်ခြင်းသည်ကလေးများဖွံ့ဖြိုးမှုနှောင့်နှေးစေသောအကြောင်းရင်းများဖြစ်သည်။ ဤအရာသည်မိဘများကိုယ်တိုင်ကအမျိုးမျိုးပြင်းထန်သောရောဂါများဖြစ်ပေါ်စေမည့်အန္တရာယ်ကိုမထည့်သွင်းသေးပါ။ ကလေးမွေးပြီးအဖေသို့မဟုတ်အမေနေမကောင်းရင်ကလေးကိုပြုစုပျိုးထောင်ဖို့ပိုခက်ခဲလိမ့်မယ်ဆိုတာမြင်ယောင်ကြည့်ပါ။


အလေးချိန်ထိန်းသင့်ခြင်း

       အဝလွန်ခြင်းသို့မဟုတ်ကိုယ်အလေးချိန်နည်းခြင်းသည်ကိုယ်ဝန်ကိုထိခိုက်စေနိုင်သည်။ အဝလွန်သောအမျိုးသမီးများသည်ပုံမှန်ကိုယ်အလေးချိန်ရှိသောအမျိုးသမီးများထက်ကိုယ်ဝန်ရရန်နှစ်ဆပိုခက်ခဲကြောင်းတွေ့ရှိရသည်။ အကြောင်းမှာခန္ဓာကိုယ်အဆီသည်ပိုလျှံအီစထရိုဂျင်ထုတ်လုပ်မှုကိုထိခိုက်စေသောကြောင့်ဖြစ်သည်။ ၎င်းသည်မျိုးဥထွက်ခြင်းအပေါ်သက်ရောက်မှုရှိသည်။ ကိုယ်အလေးချိန်ကိုသင့်တင့်လျောက်ပတ်စွာထိန်းချုပ်ခြင်းသည်နောက်ထပ်ကိုယ်ဝန်ရှိဖို့ကြိုတင်ပြင်ဆင်ရမည့်အချက်ဖြစ်သည်။


ဗိုက်အပ်ရန်နေရာရှာခြင်း

       ဗိုက်အပ်ရန်ကြိုတင်ပြင်ဆင်ဖို့အတွက်မိဘဖြစ်သူသည် ဗိုက်အပ်ဖို့ ေနရာနှင့် အသေးစိတ်သတင်းအချက်အလက်များကိုကြိုတင်ရှာ ပြီးရန်ဖြစ်ပါသည် သို့မဟုတ် သူငယ်ချင်းထံမေးမြန်းခြင်း သို့မဟုတ် အင်ထပ်မီဒယ်ခဲဆေးခန်းမှသတင်းအချက်အလက်များကိုရှာခြင်းဖြစ်ပါသည်။ဗိုက်အပ်တာကလွှဲပြီး မွေးဖွားပြီး ေနာက်ကုသစစ်ေဆးခြင်းနှငိ့်အခြား၀န် ေဆာင်မှုများရှိပါသည် အ ေမနှင့်ကေလးကိုကျန်းမာရေးသန်မာဖို့ရန်အတွက်ဖြစ်ပါသည်။


       က ေလးလိုချင် ေသာမိခင်များသည်ကိုယ်၀န်ရှိရန်ပြင်ဆင်ခြင်းသည်မလျစ်လျူရှုသင့်သောအရာဖြစ်ပါသည်။ဘာလို့လဲဆိုတော့ပြင်ဆင်ရန်လိုက်နာလုပ် ေဆာင်ရမည့်အ ေသးစိတ်များရှိပါသေးပါသည်။သတင်းအချက်အလက်များစုံစမ်းမေးမြန်းခြင်းသည် သင့်အတွက်လဲကောင်းပြီးမွေးလာမည့်က ေလးအတွက်လဲ ကောင်းကျိုးပြုစေပါသည်။

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy