1 လခံထိုးဆေးနှင့် 3 လခံထိုးဆေး မည့်သည့်ဆေးကိုရွေးချယ်မှု့သည်သင်နှင့် အသင့်တော်ဆုံးဖြစ်မည်လဲ

 

 မည့်သည့်ဆေးကိုရွေးချယ်မှု့သည်သင်နှင့် အသင့်တော်ဆုံးဖြစ်မည်လဲ

       

       တားဆေးသုံးခြင်းဖြင့်ကိုယ်၀န်တားခြင်းသည် လွယ်ကူအဆင်ပြေသောကာကွယ်နည်းဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော် တားဆေးတစ်ခါထိုးလျှင် ဆေးလုံးနှင့်ကွန်ဒုံးသုံးသကဲ့သို့သီးသန့်အမြဲဆောင်စရာမလိုပဲ  1-3 လအထိကာကွယ်နိုင်ပါသည်။ ၄င်းသည်ထိရောက်မှု့ရှိ၍အခြားနည်းလမ်းများကဲ့သို့ပင် အထူးခြားနားမှု့မရှိပေမဲ့လည်း မေးစရာရှိသည်မှာ မည့်သည့်ဆေးသည်သင်နှင့် အသင့်တော်ဆုံးဖြစ်မည်ကို သင်ဆုံးဖြတ်ချက်ချရာတွင်လမ်းညွှန်အဖြစ်သုံးရန် အချက်အလက်များအားကျွန်ုပ်တို့အကျဉ်းချုပ်ဖော်ပြထားပါသည်။

ထိုးဆေးသုံး၍ကိုယ်၀န်တားခြင်း(Injection Contraceptives)

        ပထမဉီးစွာတားဆေးထိုးခြင်းကို စိတ်၀င်စားသောသူတိုင်းအတွက်လေ့လာကြပါမည်။ရာသီလာချိန်ပထမ 5 ရက်အတွင်းတားဆေးထိုးနိုင်ပါသည်။ပုံမှန်အားဖြင့် လက်မောင်းရင်း(သို့)တင်ပါးဆုံ၌ထိုးခြင်းဖြစ်ပါသည်။ထိုးပြီးနောက်တွင် 7 ရက်ကြာသောအခါ ဟော်မုန်းလုပ်ဆောင်ချက်စတင်မည်ဖြစ်ပြီး မျိုးဉကြွေခြင်းအားတားဆီးပေးပါသည်။ သုတ်ပိုးထည့်သွင်းရန် မသင့်တော်အောင်လုပ်ဆောင်ပေးပါသည်။ထို့ကြောင့် မျိုးအောင်မှု့မရှိခြင်း(သို့) ကိုယ်၀န်မရနိုင်ခြင်ပဲးဖြစ်ပါသည်။

 

တားဆေးထိုးခြင်းနှင့်သင့်တော်သောသူများ

  1. ရာသီလာချိန်တွင် ဗိုက်အောင့်တတ်သောသူများနှင့် သင့်တော်ပါသည်။

  2. ကလေးနို့တိုက်နေသောမိခင်များ အဘယ်ကြောင့်ဆိုသော် ၄င်းသည်.ကလေးနို့တိုက်ခြင်းအားထိခိုက်မှု့မရှိ၍သင့်တော်ပါသည်။

  3. ထိရောက်မြင့်မားသောကိုယ်၀န်ကာကွယ်လိုသူများအတွက်သင့်တော်ပါသည်။

  4. ဆေးသောက်ဖို့မေ့လျှင်ကိုယ်၀န်ရနိုင်သည့်မတွက် ပုံမှန်တားဆေးသောက်ရန်မေ့တတ်သောသူများအတွက်သင့်တော်ပါသည်။

  5. ရာသီလာခါနီးအချိန် စိတ်ဖိစီးမှု့လျော့ကျစေရန်ဖြစ်ပါသည် အဘယ်ကြောင့်ဆိုသော် ထိုဆေးသုံးခြင်းသည် ရာသီလာမည့်အချိန်အားတိကျစွာသိနိုင်သောကြောင့်ဖြစ်ပါသည်။

 

တားဆေးထိုးခြင်းနှင့်မသင့်တော်သောသူများ

  1. ပြင်းထန်စွာစိတ်ကျရောဂါခံစားနေရသူများ

  2. အ၀လွန်သောအမျိုးသသမီးများ

  3. ကိုယ်၀န်ရှိနေသောအမျိုးသမီးများ(သို့) ကိုယ်၀န်ရှိနေပြီဟုသံသယရှိသောအမျိုးသမီးများနှင့်ထိုးဆေးမသုံးသင့်ပါ။

  4. အသက် 18 နှစ်အောက်ကလေးများ (သို့) 45 နှစ်အထက်ရှိသောသူများနှ့င့်ထိုးဆေးသုံးခြင်းမသင့်တော်ပါ အဘယ်ကြောင့်ဆိုသော်ထိုးဆေးသုံး၍ကာကွယ်ခြင်းသည် အရိုးသိပ်သည်းဆ သန်မာမှု့အားထိခိုက်နိုင်ပါသည်။

  5. သွေးတိုးရောဂါနှင့်ဆီးချိုရောဂါ ၊ရင်သားကင်ဆာရောဂါ၊မိုင်ဂရိန်းရောဂါရှိသောသူများကျောက်ကပ်ရောဂါ ၊အသည်းရောင်ရောဂါ၊ အသည်းကင်ဆာရောဂါရှိသောသူများသည် တားဆေးမထိုးသင့်ပါ။

 

အသုံးများသောကိုယ်၀န်တားဆေးထိုးဆေး 2 မျိုးမှာ

1. 1 လခံတားထိုးဆေး

       1 လခံတားထိုးဆေးဆိုသည်မှာ ပေါင်းစပ်ဟော်မုန်းတားဆေးများဖြစ်ကြသည့် ပရိူကျိုစသရူန်း(Progesterone)အား အက်စ်သရိူဂျင်(Estrogen)နှင့်ပေါင်းစပ်ထားသည့်ဟော်မုန်းတားဆေးသည် လစဉ်ပုံမှန်ဆေးထိုးရပါမည်။အဘယ်ကြောင့်ဆိုသော်တစ်ကြိမ်ထိုးလျှင် 1 လသာကာကွယ်နိုင်သောကြောင့်ဖြစ်ပါသည်။ဆေးထိုးပြီး ပုံမှန်ရာသီလာပြီးနောက် ခေါင်းကိုက်ခြင်း၊ရင်သားတင်းခြင်းများဖြစ်နိုင်ပြီး အများအားဖြင့်လက်မောင်းရင်းအနီးတစ်၀ိုက်ထိုးမှာဖြစ်ပြီး ကလေးနို့တိုက်နေသောမိခင်များထိုးဆေးသုံးရန်မသင့်တော်ပါ အဘယ်ကြောင့်ဆိုသော် နို့ရည်ခမ်းခြောက်စေတတ်သောကြောင့်ဖြစ်ပါသည်။                                    

2. 3 လခံတားထိုးဆေး

       သို့တည်းမဟုတ် ဟော်မုန်းတစ်မျိုးတည်းပါသောတားဆေးဟုလည်းခေါ်နိုင်ပါသည်။အဘယ်ကြောင့်ဆိုသော်ဟော်မုန်းပရိူဂျက်စတင်(Progestin)ဟော်မုန်းသည် မျိုးဉကြွေခြင်းအားဟန့်တားပေးသည်။တားဆေးတစ်ကြိမ်ထိုးလျှင် 3 လကြာထိကာကွယ်နိုင်သည်။အချိန်ပေး၍မကြာခဏသွားထိုးရန်မလိုပါ တင်ပါးဆုံ၌ 1 ချောင်းထိုပြီးနောက်တွင် ရာသီ့မလာတော့ပေမဲ့ ဆေး၏ဘေးထွက်ဆိုးကျိုးများဖြစ်သော သွေးထွက်ခြင်းအနည်းငယ်ရှိနိုင်ပြီး ကလေးနို့တိုက်နေသောမိခင်များလည်းထိုးနိုင်ပါသည်။နို့ထွက်ခြင်းအားထိခိုက်မှု့မရှိနိုင်ပါ။


       ကိုယ်၀န်တားသောထိုးဆေးနှစ်မျိုးလုံး၏ ကာကွယ်မှု့အား ထိရောက်မြင့်မားစွာကာကွယ်နိုင်သည်ကိုတွေ့ရမည်ဖြစ်ပါသည်။အသုံးပြုရာတွင် ကန့်သတ်ချက်များအားစဉ်းစားချင့်ချိန်၍မိမိနှင့်သင့်တော်သောဆေးအားရွေးချယ်သင့်ပါသည်။ ဉပမာ ကလေးနို့တိုက်နေသောမိခင်များသည် 3 လခံတားဆေးရွေးချယ်မှု့နှင့်သင့်တော်ပြီး(သို့) သင်သည်ရာသီလတိုင်းပုံမှန်လာစေလိုပါက 1 လခံတားဆေးကသင်နှင်အသင့်တော်ဆုံးဖြစ်ပါသည်။

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy