ယာဉ်မောင်းလိုင်စင်လျှောက်ရန်ဆေးလက်မှတ်

အလုပ်လျှောက်ရန်ဆေးလက်မှတ် ၊ ကျောင်းတက်ရန်အတွက်ဆေးလက်မှတ်

ဘန်ကောက်အတွင်း သင်၏အနီးနားမှာရှိသော အင်ထပ်မီဒယ်ခဲဆေးခန်း

 

 

 

ဆေးလက်မှတ်သည် ယာဉ်မောင်းလိုင်စင်လျှောက်ရန်၊ အလုပ်လျှောက်ရန် စသည့်ရည်ရွယ်ချက်များစွာအတွက် အလွန်အရေးကြီးပါသည်။ အထူးသဖြင့် ယာဉ်မောင်းလိုင်စင်လျှောက်ရန်ဆေးလက်မှတ်၊ ကျောင်းတက်ရန်အတွက်ဆေးလက်မှတ် နှင်. အလုပ်လျှောက်ရန်ဆေးလက်မှတ်တို.သည် လက်ရှိတွင် ဤစာရွက်စာတမ်း အမျိုးအစားကို တောင်းဆိုရန် ပိုမိုအဆင်ပြေပါသည် ။ အဘယ်ကြောင်.ဆိုသော် ဆေးရုံသွားပြီး ‌ဆေးလက်မှတ်ရယူရန် အချိန်ဖြုန်းစရာ မလိုတော.ဘဲ နီးစပ်ရာဆေးခန်း တွင် တောင်းဆိုနိုင်ပါသည်။ ကျွန်ုပ်တို့အင်ထပ်မီဒယ်ခဲဆေးခန်းတွင် ကျောင်းတက်ရန်၊ အလုပ်လျှောက်ရန်  နှင်. ယာဉ်မောင်းလိုင်စင်လျှောက်ရန်  (ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရန်) အတွက် ရောဂါ ၅ မျိုးကိုဖော်ပြသောဆေးလက်မှတ်ရယူနိုင်ပါသည်။ 

สมัครเรียน

ယာဉ်မောင်းလိုင်စင်လျှောက်ရန်ဆေးလက်မှတ် ၊ အလုပ်လျှောက်ရန်ဆေးလက်မှတ် နှင်. ကျောင်းတက်ရန်အတွက်ဆေးလက်မှတ်တို.သည်ဘာကြောင်.လိုအပ်တာလဲ

ယာဉ်မောင်းလိုင်စင်လျှောက်ရန်ဆေးလက်မှတ် ၊ အလုပ်လျှောက်ရန်ဆေးလက်မှတ် နှင်. ကျောင်းတက်ရန်အတွက်ဆေးလက်မှတ်တို.သည် နောက်ဆက်တွဲပြဿနာများဖြစ်စေနိုင်သော လမ်းမပေါ်တွင်ကားမောင်းနေစဉ်ယာဉ်မတော်တဆမှု သို့မဟုတ် ကြိုမမြင်နိုင်သောမတော်တဆမှုကဲ့သို့သော ပြဿနာများဖြစ်စေနိုင်သည့်ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ မရှိကြောင်း ၊ အလုပ်လုပ်ရန် သို့မဟုတ် ‌ပညာရေးအပိုင်းဆက်လက်လေ့လာရန် အဆင်သင့်ဖြစ်ကြောင်း စစ်ဆေးပေးသည့်သမားတော်ထံမှအတည်ပြုချက်ဖြစ်သည်။

အစိုးရအလုပ်များလျှောက်ရန်အတွက်ဆေးလက်မှတ်သည် 2010 ခုနှစ်က ရာထူးဝန်အဖွဲ့ရုံးမှထုတ်ပြန်ချက်အရ ရာထူးဝန်အဖွဲ့မှသတ်မှတ်ထားသောရောဂါများစစ်ဆေးမှုပြုလုပ်ရပါမည်။ (ဝန်ထမ်းကော်မရှင်ရုံး၏ ထုတ်ပြန်ချက်အရ)၊

ယာဉ်မောင်းလိုင်စင်အတွက်ဆေးလက်မှတ်ကိုအသုံးပြုရန်  2021 ခုနှစ် ဖေဖော်ဝါရီ 19 ရက် မှစတင်၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ နည်းဥပဒေ၊ စည်းကမ်းချက်များအပေါ် ယာဉ်မောင်းလိုင်စင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ စည်းကမ်းချက်များအရ ဆေးလက်မှတ်ပုံစံအသစ်ကိုအသုံးပြုရန် လိုအပ်ပါသည်။

အချို့တက္ကသိုလ်များတွင် တက္ကသိုလ်တန်းဝင်ခွင့်လျှောက်ရန် ဆေးလက်မှတ်လိုအပ်ပါသည် (ခွန်ကန်တက္ကသိုလ်၏ပြောကြားချက်အရ)


ယာဉ်မောင်းလိုင်စင်အတွက်ဆေးလက်မှတ်လျှောက်ခြင်း (ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်း)

 

 


ယာဉ်မောင်းလိုင်စင်ဆေးလက်မှတ်လျှောက်ရန် ဘယ်လိုဆက်လုပ်ရမလဲ။ 

ပထမအကြိမ်ယာဉ်မောင်းလိုင်စင်လျှောက်ရန် သို့မဟုတ် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရန် (ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန ညွှန်ကြားမှုအရ) ဆေးကောင်စီမှအသိအမှတ်ပြုထားသောဆေးခန်း သို့မဟုတ် ဆေးဘက်ဆိုင်ရာဌာနမှ ဆေးလက်မှတ် တောင်းဆိုရပါမည်။ ဆေးလက်မှတ်ပုံစံသည် ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနညွှန်ကြားထားသောဆေးလက်မှတ်ပုံစံနှင်.တူညီပြီး အပိုင်း ၂ ပိုင်းခွဲထားပါသည်။

၁.  ဆေးလက်မှတ်တောင်းဆိုသူအပိုင်းသည် ဆေးလက်မှတ်တောင်းဆိုသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များဖြစ်သော အမည် - မျိုးရိုအမည် ၊ လိပ်စာ၊ မှတ်ပုံတင်နံပါတ်၊ ကျန်းမာရေးမှတ်တမ်း၊ ကုသမှုမှတ်တမ်းစသည့် အချက်အလက်များလိုအပ်ပြီး အတက်ရောဂါရှိသူများအတွက်သည် ဆရာဝန်နှင်.သေချာစစ်ဆေးရပါမည်။

၂. ဆရာဝန်၏အပိုင်းသည်စစ်ဆေးခံရသူ၏ အချက်အလက်များ၊ စစ်ဆေးမှုပြုလုပ်သောဆေးရုံ၏အထွေထွေအချက်အလက်များနှင့် ဆရာဝန်၏အမြင် စသည်တို့ဖော် ပြသောအပိုင်းဖြစ်သည်။

ทำใบขับขี่
 
 
 

 

ယာဉ်မောင်းလိုင်စင်အတွက်ဆေးလက်မှတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရန်ဆေးလက်မှတ်တို.သည် အွန်လိုင်ဝန်ဆောင်မှုရယူနိုင်ပါသလား?

ယာဉ်မောင်းလိုင်စင်အတွက်ဆေးလက်မှတ်ရယူရန် ဆေးရုံ သို.မဟုတ် ဆေးခန်းတို. လူကိုယ်တိုင်သွားရောက်ရန်မလိုအပ်ခြင်းနှင်. ထိတွေ့မှုအန္တရာယ်ကိုလျှော့ချရန်အတွက် အွန်လိုင်းဝန်ဆောင်မှုရယူဖို. customer များစွာဆက်သွယ်လာပါသည်။

အင်ထပ်မီဒယ်ခဲဆေးခန်းတွင်ဖောက်သည်များ အမှန်တကယ်လူကိုယ်တိုင်စစ်ဆေးခံယူရရန် မူဝါဒရှိပါသည် အဘယ်ကြောင့်ဆိုသော် ဆရာဝန်နှင့်အမှန်တကယ်စစ်ဆေးမှုမခံယူဘဲဆေးလက်မှတ်ထုတ်ပေးခြင်းသည် လူနာကိုယ်တိုင်ယာဉ်တိုက်မှု၊ မတော်တဆမှုစသည်.ဆိုးကျိုးသက်ရောက်မှုများရှိနိုင်ပြီး ၎င်းသည်လမ်းပေါရှိခြားလူများအပေါ်တွင်လည်းထိခိုက်စေပါသည်။


ขั้นตอนการตรวจ เพื่อขอใบรับรองแพทย์ ใบขับขี่

အင်ထပ်မီဒယ်ခဲဆေးခန်းတွင် ယာဉ်မောင်းလိုင်စင်အတွက်ဆေးလက်မှတ်ပုံစံသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏စည်းမျဉ်းများအတိုင်း ဆေးလက်မှတ်ပုံစံကိုအသုံးပြုထားခြင်းဖြစ်သည်။ (ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှကိုးကားထားခြင်း)

รายการตรวจใบรับรองแพทย์

အလုပ်လျှောက်ရန်အတွက်ဆေးလက်မှတ်၊ ကျောင်းတက်ရန်ဆေးလက်မှတ်လျှောက်နည်း။

အလုပ်လျှောက်ရန်အတွက်ဆေးလက်မှတ်နှင်. ကျောင်းတက်ရန်ဆေးလက်မှတ်တို.သည် များသောအားဖြင်. "ရောဂါ ၅ မျိုးအတွက် ဆေးလက်မှတ်" လို.ခေါ််ဝေါ်ကျပါသည်။ ကုမ္ပဏီ သို့မဟုတ် ပညာရေးအဖွဲ့အစည်းတို.သည် ကျန်းမာရေးစစ်ဆေးခံယူသူများ၏ ကျန်းမာရေးကောင်းမွန်ကြောင်း ၊ဖျားနာခြင်းမရှိကြောင်း၊ တခြားသူများကိုကူးစက်နိုင်သောရောဂါများမရှိကြောင်း ၊ ကျောင်းတက်ရန်နှင်.အလုပ်လျှောက်ရန်အတွက် အဆင်သင်.ဖြစ်ကြောင်း အတည်ပြု သတ်မှတ်ဖော် ပြထားဖြစ်သည်။ အဆိုပါ ရောဂါ ၅ မျိုးအတွက် ဆေးလက်မှတ်တွင်ပါဝင်သောရောဂါများမှာ

၁. အနာကြီးရောဂါ (Leprosy)

၂. အန္တရာယ်အဆင့်ရှိသော တီဘီရောဂါ (Advandced Pulmonary Tuberculosis)

၃. မူးယစ်ဆေးဝါးစွဲခြင်း (Drug addiction)

၄. အရက်စွဲခြင်း (Chronic alcoholish)

၅. ဆင်ခြေထောက်ရောဂါ  (Elephantiasis)

သို့သော်အချို့သောပညာရေးအဖွဲ့အစည်းများ သို့မဟုတ် ကုမ္ပဏီအချို့တွင် အလုပ်လျှောက်လွှာတွင် ဆေးစစ်လက်မှတ်ရယူရန် လိုအပ်သောဆေးစစ်ချက်များဖော်ပြထားပါသည်။ ထို့ကြောင့်ဆရာဝန်သည်အခြေခံရောဂါလက္ခဏာများကို မေးမြန်းခြင်းအပြင် သွေးစစ်ဆေးခြင်း ၊ ဆီးစစ် ခြင်း သို့မဟုတ် အဆုတ်ဓာတ်မှန်ရိုက်ခြင်းလည်း လိုအပ်နိုင်ပါသည်။


 

ဆေးစစ်လက်မှတ်တောင်းဆိုရန်သင်၏အနီးနားမှာရှိသောဆေးခန်း သို.မဟုတ် ဘန်ကောက်ထဲရှိဆေးရုံကိုရှာဖွေနေပါက အင်ထပ်မီဒယ်ခဲဆေးခန်းကိုသာ‌ရွေးချယ်လိုက်ပါ

ယာဥ်မောင်းလိုင်စင်လျှောက်ရန်ဆေးလက်မှတ်၊ အလုပ်လျှောက်ရန်ဆေးလက်မှတ်၊ ကျောင်းတက်ရန်အတွက်ဆေးလက်မှတ်လိုအပ်နေပါက အကယ်၍သင်သည်အင်ထပ်မီဒယ်ခဲဆေးခန်းနှင်.နီးလျှင် ဆေးခန်းထဲရှိဝန်ထမ်းများအားရောဂါ(၅)မျိုးအတွက်ဆေးလက်မှတ်လိုအပ်ကြောင်းအကြောင်းကြားပြီး ဆောင်ရွက်နိုင်ပါသည်။ ဝန်ထမ်းများ၊ သူနာပြုများ၊ ဆရာဝန်များသည် ၎င်းတို့၏စွမ်းဆောင်ရည်အပြည့်ဖြင့် ဆေးလက်မှတ်အမြန်ဆုံးရရှိနိုင်ရန် ဝန်ဆောင်မှုများပေးဆောင်နေပါသည်။ အရေးအကြီးဆုံး ကတော့တိကျမှန်ကန်ပြီး ဆေးကောင်စီရဲ့ ဥပဒေနဲ့အညီ ဆေးလက်မှတ်ကိုအသုံးပြုနိုင်ပြီး ကျွန်ုပ်တို့အင်ထပ်မီဒယ်ခဲဆေးခန်းငှာနခွဲများအားလုံးသည် သင့်အားဝန်ဆောင်မှုပေးရန် အဆင်သင်.ရှိနေပါသည်။ ဆေးစစ်လက်မှတ်ရယူရန်စိတ်ဝင်စားပါက google ထဲတွင်ရှာဖွေနိုင်ပါသည်။

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy