အရည်အသွေးရှိဗိုက်အပ်ခြင်းဆိုတာဘာလဲ ပြီးတော့ဘာတွေလုပ်ရမှာလဲ

 

အရည်အသွေးရှိဗိုက်အပ်ခြင်းဆိုတာဘာလဲ

 

      ဗိုက်အပ်ခြင်းသည်အရေးကြီးပြီးအမေများသည်လုပ်ဆောင်ရမည့်အရာဖြစ်ပါသည်။၎င်းကိုအမေအတွက်ရောကလေးအတွက်ပါအန္တရာယ်လျော့ချပြီးကောင်းကောင်းမွန်မွန်ဗိုက်အပ်မှုတစ်ခုဖြစ်စေပါသည်။ဒါမှလွှဲ၍မွေးဖွားပြီးနောက်စောင့်ရှောက်ခြင်းရှိပါသည်။ဘာတွေလုပ်မှာလဲဆိုတာသွားကြည့်ကြရေအာင်


အရည်အသွေးရှိဗိုက်အပ်ခြင်းဆိုတာဘာလဲ

       အရည်အသွေးရှိဗိုက်အပ်ခြင်းဆိုသည်မှာ ၁၂ပတ်မတိုင်ခင်ဗိုက်အပ်ခြင်းဖြစ်ပါသည်။ကိုယ်၀န်နေစဉ်အနည်းဆုံး၅ကြိမ်အပ်ထားခြင်းသည်အမေရောကလေးပါကျန်းမာရေးပိုင်းကိစ္စကိုပိုပြီးကောင်းစေပါမည်။၎င်းကိုမွေးပြီးနောက်အထိကောင်းကျိုးပြုစေပါမည်။

 

၁၂ပတ်မတိုင်ခင်ဗိုက်အပ်ခြင်း၏ကောင်းကျိုးများ

       ၁၂ပတ်မတိုင်ခင်ဗိုက်အပ်ခြင်း သို့မဟုတ် ၃လမတိုင်ခင် ဗိုက်အပ်ခြင်းသည် ကိုယ်၀န်နေစဉ်ဖြစ်နိုင်မည့်အန္တရာယ်များကိုလျော့ချစေနိုင်ပါသည်။ဘာလို့လဲဆိုတော့၁၂ပတ်မတိုင်ခင်သည်ကလေး၏ဖွိ့ဖြိုးခြင်းကာလဖြစ်ပါသည်။ကလေးသည်၃ပတ်မြောက်စတင်ဖွိ့ဖြိုးပြီး ၈ပတ်ပြည့်ပြီးတဲ့နောက်ကလေးသည်သိသိသာသာကိုယ်လက်အဂ်ါပြည့်စုံနေတာကိုတွေ့မြင်ရပါသည်။ကလေး၏ဉီးနောက်လဲ၅၀%ဖွိ့ဖြိုးနေပါသည်။ကိုယ်၀န်ကိုစောစောအပ်ပြီးအရည်အသွေးပြည့်စုံမြင့်မားရင် ကိုယ်၀န်နေစဉ်အန္တရာယ်များကိုကောင်းကောင်းမွန်မွန်တွေ့မြင်နေရပါမည်။ထို့နောက် သင်၏ကလေးကိုကျန်းမာသန်မာစေပြီး အမေအတွက်ပါ ကိုယ်၀န်နေစဉ်ကာလ၊မွေးသောအချိန်ကာလနှင့်မွေးပြီးနောက်သည်အထိသို့ကောင်းကောင်းမွန်မွန်လုံခြုံစေပါမည်။

 

ကိုယ်၀န်ကိုဘယ်နှစ်ကြိမ်အပ်ရမလဲ

       ပုံမှန်အရ ကိုယ်၀န်ဆောင်သောမိန်းကလေးများသည်အနည်းဆုံး ၅ ကြိမ်အထိစစ်ဆေးရန်လိုအပ်ပါသည်။၎င်းမှာ-

  • ပထမအကြိမ် ၁၂ ပတ်မတိုင်ခင် : အလွန်အရေးကြီးသောကာလဖြစ်ပါသည်။ထိပ်ဆုံးအချက်သည် မိမိ၏ကိုယ်၀န်ပုံမှန်အထဲမှာရှိနေပါသလား အားနည်းချက်များရှိနေပါသလား မိခင်သည်အမြဲသုံးနေကြသောဆေးများရှိနေပါသလား မည်သည့်နကိုယ်ရောဂါများကိုအဓိကထားပြီးသတိထားရမည်နည်း ဒီကာလသည်ကလေး၏ဖွိ့ဖြိုးတိုးတက်ချိန်ကာလစတင်တဲ့အတွက်ကြောင့် ဗီတာမင်များကိုရရှိသင့်ပါသည်။ထို့ကြောင့် ဗိုက်အပ်ပြီးဆရာ၀န်အကြံအရလိုက်နာရင် မွေးဖွားပြီးနောက်စစ်ဆေးခြင်းသည် ကိုယ်၀န်နေစဉ်ဗိုက်မအပ်ထားသောသူထက် မူမမှန်မခြင်းလက္ခဏာများဖြစ်ပေါနိုင်ခြေနည်းပါမည်း။

  • ဒုတိယအကြိမ် ၁၈ပတ်စဉ်ကိုယ်၀န်ကာလ : သန္ဓေသားစပြီးကိုယ်လက်အဂ်ါစတင်ပြည့်စုံသောအချိန်ကာလ ကလေး၏ဖွိ့ဖြိုးကြီးထွားမှု အလေးချိန် အရွယ်အစားကိုလိုက်နာစစ်ဆေးရနိုင်သောကာလဖြစ်ပါသည်။ကိုယ်၀န်နေစဉ်ကာလသည် ဗိုက်အပ်ခြင်းနှင့်ဆရာ၀န်ရက်ချိန်းအတိုင်းလာပေးပါက သင်အတွက်ဖြစ်နိုင်မည့် မူမှန်ခြင်းလက္ခဏာများကိုလျင်မြန်စွာသိစေနိုင်ပါမည်။

  • တတိယအကြိမ် ၂၆ပတ်စဉ်ကိုယ်၀န်ကာလ : သန္ဓေသားစတင်ဖွိ့ဖြိုးကြီးထွားသောအချိန်ကာလနှင့် လိင်ဖွိ့ဖြိုးတိုးတက်သောအချိန်ကာလ အလေးချိန် နှင့်အရွယ်အစားပါ စောင့်ကြည့်သောအချိန်ကာလဖြစ်ပါသည်။

  • စတုတ္ထအကြိမ်  ၃၂ပတ်စဉ်ကိုယ်၀န်ကာလ : သန္ဓေသားသည်ပုံမှန်အရသတ်မှတ်ထားသောအတိုင်းဖွိ့ဖြိုးမှုရှိနေပါသလားကြည့်ရန်ကာလ ၃၆ပတ်နောက်ပိုင်းသည်ဆရာ၀န်သည်ပုံမှန်ထက်ပြီး ရက်ချိန်းပေးပါမည် ၁ပတ်တစ်ကြိမ်လောက်ချိန်းနိုင်ခြေရှိပါသည်။

  • ပဉ္စမအကြိမ် ၃၈ပတ်ကိုယ်၀န်ကာလ : ကလေးမွေးဖို့ရန်သတိထားရမည့်အချိန်ကာလ အစာကျွေးလမ်းကြောင်း ၊ရေမြွာရည် ကလေး၏ခေါင်းအောက်စိုက်မှု အကြောင်းများကိုလိုက်နာကြည့်ရှုဖို့ရန် သင့်တော်သောမွေးနည်းကိုဆုံးဖြတ်ပေးရန်အတွက်ဖြစ်ပါသည်။

 

      ၅ကြိမ်ပြည့်အောင် အရည်အသွေးရှိရှိဗိုက်အပ်ခြင်းကောင်းကျိုးများသည် ကိုယ်၀န်နေစဉ်ကာလဖြစ်ပေါ်စေနိုင်မည့်အန္တရာယ်များကိုလျော့ချစေနိုင်ပါမည် ပြီးတော့သန္ဓေသား၏ဖွိ့ဖြိုးတိုးက်မှုနှင့်ကျန်းမာမှုကိစ္စများကိုဆရာ၀န်အားဖြင့်အသင့်တော်ဆုံးစောင့်ရှောက်ပေးရန်အတွက်ဖြစ်ပါသည်။

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy