အလုပ်မ၀င်ခင်ကျန်းမာရေးစစ်ဆေးခြင်း (အလုပ်မစတင်ခင်ခန္တာကိုယ်စစ်ဆေးခြင်း)


အလုပ်မဝင်ခင်ကျန်းမာရေးစစ်ဆေးခြင်းဆိုသည်မှာ အဖွဲ့အစည်း သို့မဟုတ် အေဂျင်စီမှအလုပ်သမားများကို အလုပ်မခန့်မီကျန်းမာရေးစစ်ဆေးခြင်းဖြစ်ပါသည်။  အလုပ်ကို အနှောင့်အယှက်မပေးကြောင်း အလုပ်လုပ်ရန် အသင့်ဖြစ်ကြောင်းခန္ဓာကိုယ်၏ ပြည့်စုံမှုကိုစစ်ဆေးခြင်းဖြစ်သည်။ ကျန်းမာရေးစစ်ဆေးမှုခံသူသည် ထိုအဖွဲ့အစည်း သို့မဟုတ် အေဂျင်စီ၏ဝန်ထမ်းအဖြစ် အလုပ်ခန့်ထားခြင်းမရှိသေးပါ။ နောက်ဆက်တွဲဝန်ထမ်းများအတွက် ကျန်းမာရေး သို့မဟုတ် နာမကျန်းဖြစ်နိုင်ခြေကို လျှော့ချရန်

 

သာကျန်းမာရေးစစ်ဆေးခြင်းဖြစ်သည်။ အလုပ်မဝင်မီ အထွေထွေကျန်းမာရေးစစ်ဆေးခြင်း နှင်. အေဂျင်စီမှသတ်မှတ်ထားသောစစ်ဆေးရန်ရောဂါများ စသည်. ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးစစ်ဆေးခြင်း ပုံစံများစွာရှိသည်။ ကျန်းမာရေးစစ်ဆေးစစ်ဆေး ပြီးသည်.နောက် ကျန်းမာရေးစစ်ဆေးစစ်ဆေး ကျန်းမာရေးစစ်ဆေးမှုအစီရင်ခံစာ နှင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် အဆင်သင့်ဖြစ်နေကြောင်းအတည်ပြုထားသော ဆေးလက်မှတ်တစ်စောင်ရရှိပါမည်။ အလုပ်မဝင်ခင်ကျန်းမာရေးစစ်ဆေးခြင်းသည် လုပ်ငန်းခွင်ဆေးဝါးကျန်းမာရေးစစ်ဆေးမှု ပုံစံခြောက်မျိုးထဲမှတစ်ခုအဖြစ်သတ်မှတ်ထားသည်။

အလုပ်မဝင်ခင်ကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ် (အလုပ်မစမီ ကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ်)

၁. အလုပ်မဝင်မီကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ်သည် စံသတ်မှတ်ဈေး 490 ဘတ် (စတင်သောစျေးနှုန်း)

၂. အလုပ်မဝင်မီကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ်၊ အုပ်စု A တွင်ပါဝင်‌သောအလုပ်အကိုင်သည် ဈေးနှုန်း 790 ဘတ် (စတင်သောစျေးနှုန်း)

၂.၁ စက်ရုံအလုပ်သမား၊ ကုန်စုံဆိုင်ဝန်ထမ်း၊ PC၊ ငွေကိုင်၊ ဈေးနှုန်း 790 ဘတ် (စတင်သောစျေးနှုန်း)

၂.၂ ချက်ပြုတ်သူ၊ စားဖိုမှူး၊ စားပွဲထိုး၊ စားသောက်ဆိုင်ဝန်ထမ်း ဈေးနှုန်း 1,390 ဘတ် (စတင်သောစျေးနှုန်း)

၂.၃ ဟိုတယ်၊ အပန်းဖြေဝန်ထမ်း ဈေနှုန်း 890 ဘတ် (စတင်သောစျေးနှုန်)

၃. အလုပ်မဝင်ခင်ကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ်၊ အုပ်စု B တွင်ပါဝင်သောအလုပ်အကိုင်၊ ဈေးနှုန်း 1,090 ဘတ် (စတင်သောစျေးနှုန်း)

၃.၁ ရုံးဝန်ထမ်း ဈေးနှုန်း 1,090 ဘတ် (စတင်သောစျေးနှုန်း)

၃.၂ လေဝင်လေထွက်မရှိသောအခန်းတွင် အလုပ်လုပ်သောအလုပ်သမား များ ဈေးနှုန်း 1,790 ဘတ် (စတင်သောစျေးနှုန်း)

၃.၃ တိုက်းမြင့်အလုပ်သမား ဈေးနှုန်း 1,390 ဘတ်  (စတင်သောစျေးနှုန်း)

၃.၄ ကလေးထိန်းနှင့် သက်ကြီးရွယ်အိုပြုစုရန်အတွက် ဈေနှုန်း 1,090 ဘတ် (စတင်သောစျေးနှုန်း)

 


အလုပ်မဝင်ခင် ကျန်းမာရေးစစ်ဆေးခြင်း

သူငယ်ချင်းဖြစ်ရန်နှိပ်ပါ

စိတ်ဝင်စားပါက စီဘီကိုကြွပါ

 


အလုပ်မ၀င်မီကျန်းမာရေးစစ်ဆေးခြင်းသည် ဝန်ထမ်းများ၏အဆင်သင့်ဖြစ်မှုကို အကဲဖြတ်ရာတွင်ကူညီပေးနိုင်ပါသည်။

အလုပ်မ၀င်မီကျန်းမာရေးစစ်ဆေးမှုများသည် ကော်ပိုရိတ်ယဉ်ကျေးမှုတစ်ခုဖြစ်ပြီး အဖွဲ့အစည်းနှင့်အလုပ်လျှောက်ထားသူများသည် လိုက်နာသင့်သည့်ပြည်သူ့ကျန်းမာရေးအေဂျင်စီ၏စည်းမျဉ်းဖြစ်သည်။ အချို့သောအလုပ်အကိုင်များသည် လူအများ

အပြားကိုဝန်ဆောင်မှုပေးခြင်းနှင့်ဆက်စပ်နေပါက ဥပမာအားဖြင်. အစားအသောက်ကိုင်တွယ်သူဖြစ်ပါက အစားအသောက်ကိုင်တွယ်သူအတွက်ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်စစ်ဆေးရန် လိုအပ်ပါသည်။လုပ်ဖော်ကိုင်ဖက်များအပါအဝင် စားသုံးသူ

များ၏ယုံကြည်မှုအတွက်အင်ထပ်မီဒယ်ခဲ‌ဆေးခန်းတွင်ကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ်အမျိုးမျိုးရှိပါသည်။ သင်၏အနီးနားရှိဆေးခန်းငှာနခွဲကို ရွေးပြီးဝန်ဆောင်မှုရယူနိုင်ပါသည်။ 

အလုပ်မဝင်ခင်ဘာကြောင့်ကျန်းမာရေးစစ်ဆေးဖို့ လိုတာလဲ ? 

၁. အလုပ်မ၀င်မီကျန်းမာရေးစစ်ဆေးမှုကိုအောင်မြင်ပါက အလုပ်လျှောက်ထားသူများသည် ကျန်းမာရေးကောင်းမွန်ကြောင်း၊အလုပ်ကိုထိထိရောက်ရောက်လုပ်ဆောင်နိုင်ကြောင်း အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီအားကိုကူညီပေးပါမည်။ ဆေးစစ်ချက် စာရွက်စာတမ်းများနှင့် ဆေးလက်မှတ်များဖြင့်အတည်ပြုနိုင်ပါသည်။

၂. အလုပ်မ၀င်မီကျန်းမာရေးစစ်ဆေးမှုများသည် စစ်ဆေးခံယူသူအတွက် လက်ရှိ သို့မဟုတ် အန္တရာယ်ရှိလာနိုင်သောရောဂါများကိုသိရှိရန်အထောက်အကူဖြစ်စေသည်။ ၄င်းသည်သင့်ကိုယ်သင်မှန်ကန်စွာဂရုစိုက်နိုင်ရန် ကောင်းသောအချက်အလက်ဖြစ်သည်။

၃. အလုပ်လျှောက်ထားသူသည် လုပ်ဖော်ကိုင်ဖက်များနှင့် ဖောက်သည်များထံ ကူးစက်နိုင်သောကူးစက်ရောဂါများမရှိကြောင်း အလုပ်ရှင်အတွက်ယုံကြည်စိတ်ချစေရန်ဖြစ်သည်။

၄. အလုပ်မ၀င်မီကျန်းမာရေးစစ်ဆေးခြင်းသည် အလုပ်ရှင်များအားကျန်းမာသောပုဂ္ဂိုလ်များကိုရွေးချယ်ရာတွင်ကူညီပေးပြီး ထိရောက်သောရလဒ်များဆီသို့ဦးတည်ပေးအါသည်။ ကျန်းမာရေးပြဿနာများကြောင့် ပျက်ကွက်ခြင်းနှင့် ဖျားနာခွင့်ကိုလည်းလျှော့ချစေပါသည်။

၅. အလုပ်မ၀င်မီကျန်းမာရေးစစ်ဆေးခြင်းသည် ရေရှည်တွင်ဝန်ထမ်းများဖျားနာမှုကြောင့် ကုမ္ပဏီ၏လူမှုဖူလုံရေးကုန်ကျစရိတ်များကို လျှော့ချရန်ကူညီပေးပါသည်။

၆. အလုပ်မစတင်မီကျန်းမာရေးစစ်ဆေးမှုကိုပြုလုပ်သည့်အခါ အလုပ်လျှောက်ထားသူသည်အဖွဲ့အစည်းအတွင်း အလုပ်လုပ်ရန်သင့်လျော်မှုရှိမရှိသိရှိစေပြီး ၎င်း၏ကျန်းမာရေးကိုအကဲဖြတ်ပေးပါသည်။ အဘယ်ကြောင်.ဆိုသော် မသင့်လျော်ဘဲအတင်းအကြပ်အလုပ်လုပ်လျှင် ရေရှည်မှာကျန်းမာရေးကိုထိခိုက်စေနိုင်ပါသည်။

အလုပ်မဝင်ခင်ကျန်းမာရေးစစ်ဆေးခြင်းသည် ဘာတွေစစ်ဆေးတာလဲ? 

၁. အခြေခံအချက်အလက်များရရှိရန် အလုပ်မစတင်မီလူနာ၏ရာဇဝင်ကို မေးမြန်းပါသည်။ မွေးရာပါရောဂါရှိခြင်း၊ ပုံမှန်ဆေးသောက်ခြင်း၊ အချို့သောရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုများ၊ အချို့သောရောဂါများ ဖြစ်နိုင်ခြေရှိခြင်းစသည်တို့ဖြစ်သည်။

၂. သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် သွေးခုန်နှုန်းတိုင်းတာခြင်းကဲ့သို့သော အရေးကြီးသောလက္ခဏာများကိုစစ်ဆေးပါမည်။  ထိုကဲ့သို့ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်းဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ နှင့် အဆီပိုမြင့်မားခြင်းစသည့် အချို့သောရောဂါများကို အကျိုးသက်ရောက်စေမည်ဖြစ်သည်။

၃. အထွေထွေရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်းသည် မျက်စိစစ်ဆေးခြင်း ၊ အဆုတ်၏လုပ်ဆောင်ချက်၊ အသက်ရှူလမ်းကြောင်းစနစ်၊ အခြေခံပြင်ပဝမ်းဗိုက်စစ်ဆေးခြင်း၊ လမ်းလျှောက်ခြင်း၊ စကားပြောခြင်းနှင့် အခြားခန္ဓာကိုယ်ကြံ့ခိုင်မှုတိုင်းတာခြင်းစသည့်

အာရုံကြောစနစ်ဆိုင်ရာလုပ်ဆောင်ချက်များကိုစစ်ဆေးခြင်း ၊အချို့သောကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ်များတွင် စအိုလမ်းကြောင်းဆိုင်ရာစစ်ဆေးမှုများ၊ ဆံပင်၊ အရေပြားနှင့် လက်သည်းများကိုစစ်ဆေးခြင်းဖြင်. ကင်ဆာရောဂါ၊ လိင်ကတဆင့် ကူး စက်နိုင်သောာဂါများကိုရှာဖွေခြင်းဖြစ်သည်။ 

၄. အလုပ်မဝင်ခင် မူးယစ်ဆေးဝါးစမ်းသပ်ခြင်းသည် အဖွဲ့အစည်းမှအမ်ဖက်တမင်း ပြဿနာရှိသူများကိုမလိုလားသောကြောင်းစစ်ဆေးခြင်းဖြစ်သည် ။

၅. ဓာတ်ခွဲခန်းအတွင်းအခြားစစ်ဆေးမှုများ သွေးတွင်းသကြားဓာတ်ပမာဏ၊ ကိုလက်စထရော၊ ကောင်းသောကိုလက်စထရော၊ မကောင်းသောကိုလက်စထရော၊ သိုင်းရွိုက်လုပ်ဆောင်ချက်၊ အသည်းလုပ်ဆောင်ချက် စတာတွေကိုစစ်ဆေးဖို့ သွေးဖောက် စစ်ဆေးခြင်း ။

၆. ဖော်ပြပါအတိုင်းအလုပ်မဝင်မီ ကျန်းမာရေးစစ်ဆေးခြင်းအပြင် အချို့သောအဖွဲ့အစည်းများသည် အလုပ်၏ပုံစံနှင့်လုပ်ဆောင်ချက်ပေါ်တွင်မူတည်၍ စစ်ဆေးရန်သတ်မှတ်ထားသောအချက်အလက်ကိုစစ်ဆေးရန်လိုအပ်ပါသည်။ ဥပမာအားဖြင့်

အမျိုးသားများသည် အဆုတ်လေအိတ်ရောဂါ ၊ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေကိုစစ်ဆေးခြင်း၊ အမျိုးသမီးများသည် ရင်သားကင်ဆာဖြစ်နိုင်ချေရှိမရှိစစ်ဆေးခြင်း သို့မဟုတ် မိန်းမကိုယ်အတွင်းစစ်ဆေးမှု စသည်တို့ဖြစ်သည်။

อาชีพที่ต้องตรวจสุขภาพก่อนเข้าทำงาน

 

အလုပ်မဝင်ခင် ကျန်းမာရေးစစ်ဆေးခြင်း

သူငယ်ချင်းများဖြစ်ရန် နှိပ်ပါ

စိတ်ဝင်စားပါကစီဘီကိုကြွပါ

 

 

ယနေ့ခေတ်တွင်အလုပ်မ၀င်မီကျန်းမာရေးစစ်ဆေးခြင်းသည် အဖွဲ့အစည်းတိုင်းနီးပါး သတိထားရမည့်အရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည်အလုပ်လျှောက်ထားသူများကို အလုပ်ထိရောက်မှုလျော့နည်းစေသော သို့မဟုတ် အဖွဲ့အစည်းရှိလူ များ ၊ဝန်ဆောင်မှုလာရောက်ရယူသူများထံ ရောဂါကူးစက်နိုင်ခြေရှိသော ရောဂါများမရှိခြင်းအတွက်ပထမဆုံးအနေဖြင့် ကူညီပေးသောကြောင့်ဖြစ်သည်။ အလုပ်အမျိုးအစားတစ်ခုစီအတွက်စာရင်း သို့မဟုတ် ကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ်သည် မ တူညီပါ။ ဤဆောင်းပါးတွင်အလုပ်မ၀င်မီကျန်းမာရေးစစ်ဆေးမှုအမျိုးအစားများကို သင့်အားလေ့လာကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ သို့မှသာသင့်လျော်သောကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ်ကို ရွေးချယ်စဉ်းစားရာတွင် အခြေခံအချက်အလက်များ အဖြစ်အသုံးပြုနိုင်သည်။

 

အင်ထပ်မီဒယ်ခဲဆေးခန်းမှ Capital Physician ဒေါက်တာ Supitcha Buengchan သည်အလုပ်မဝင်ခင်ကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ်ကို အနည်းဆုံး 3 နှစ် လေ့လာပြီးသုတေသနလုပ်ခဲ.ပါသည်။ ထို့ကြောင့် အလုပ်မ၀င်မီကျန်းမာရေးစစ်ဆေးခြင်း အစီအစဉ်ကို အမျိုးအစား ၉ မျိုးဖြင့်အလုပ်အကိုင်များကိုအောက်ပါအတိုင်းခွဲခြားထားသည်။

 

အလုပ်မစတင်မီ ကျန်းမာရေးစစ်ဆေးမှုအမျိုးအစားများ

၁. အစားအသောက်အဆက်အသွယ်အဖွဲ့သို့မဝင်မီ ကျန်းမာရေးစစ်ဆေးခြင်း

၂. ကလေးထိန်း / သက်ကြီးရွယ်အိုပြုစုမှုမလုပ်မီ ကျန်းမာရေးစစ်ဆေးခြင်း

၃. ကျဉ်းမြောင်းသောနေရာများတွင် အလုပ်လုပ်နေသူများအုပ်စုထဲသို့မဝင်မီ ကျန်းမာရေးစစ်ဆေးခြင်း

၄.   အမြင့်တွင်အလုပ်လုပ်ရန် လုပ်ငန်းခွင်မ၀င်မီကျန်းမာရေးစစ်ဆေးခြင်း

၅. အလုပ်ပါမစ်လျှောက်ရန် သို့မဟုတ် အလုပ်ပါမစ်သက်တမ်းတိုးရန်အတွက် ကျန်းမာရေးစစ်ဆေးခြင်း

၆. ဝန်ဆောင်မှုအလုပ်မ၀င်မီ ကျန်းမာရေးစစ်ဆေခြင်း

၇. စက်ရုံအလုပ်မ၀င်မီ ကျန်းမာရေးစစ်ဆေးခြင်း

၈. စတိုးဆိုင်ဝန်ထမ်းများ၊ PC၊ ငွေကိုင်အလုပ်သို့မဝင်မီ ကျန်းမာရေးစစ်ဆေးခြင်း

၉. ရုံးဝန်ထမ်းအလုပ်မဝင်မီ ကျန်းမာရေးစစ်ဆေးခြင်း

အမျိုးအစား ၁ အစားအသောက်အဆက်အသွယ်အဖွဲ့သို့ အလုပ်မဝင်မီကျန်းမာရေးစစ်ဆေးခြင်း

၎င်းသည် အစားအသောက်တွင်ပါဝင်ပတ်သက်နေသော သို့မဟုတ် ထိတွေ့ကိုင်တွယ်နေသောအဖွဲ့အတွက် အလုပ်မစတင်မီရုပ်ပိုင်းဆိုင်ရာကျန်းမာရေးစစ်ဆေးမှုတစ်ခုဖြစ်သည်။ ဥပမာ- စားသောက်ဆိုင်တွင်ထမင်းချက်ပြုတ်သူ ၊ စားပွဲထိုးများ၊  ငွေကိုင် များအပြင် အစားအသောက်ထုတ်လုပ်သူ သို့မဟုတ် အစားအသောက်ဝန်ဆောင်မှုပေးသူများတို.ဖြစ်သည်။

 

အမျိုးအစား ၂  ကလေးထိန်း/သက်ကြီးရွယ်အိုပြုစုရန်အလုပ်သို့မ၀င်မီကျန်းမာရေးစစ်ဆေးခြင်း

ကလေးနှင်.သက်ကြီးရွယ်အိုပြုစုရာတွင် အရေးကြီးသည်ဟုယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည်ကိုယ်ခံစွမ်းအားမပြည့်စုံသော အုပ်စုဖြစ်သောကြောင့် အမျိုးမျိုးသောရောဂါများကူးစက်နိုင်ပြီး သင့်ချစ်သောကလေးငယ် သို့မဟုတ် သက်ကြီး ရွယ်အိုမိဘများထံ ပိုးမွှားများသယ်ဆောင်လာပါမည်။

 

အမျိုးအစား ၃ ကျဉ်းမြောင်းသောနေရာများတွင် အလုပ်မဝင်မီကျန်းမာရေးစစ်ဆေးခြင်း

ကျဉ်းမြောင်းသောနေရာတွင် အလုပ်လုပ်ရန်ကျန်းမာရေးစစ်ဆေးခြင်းသည် လေဝင်လေထွက်နည်းသောနေရာတွင်အလုပ်လုပ်ရန်ကျန်းမာရေးစစ်ဆေးခြင်း‌ဖြစ်သည်။ ဥပမာ- ဥမင်လိုဏ်ခေါင်းများ၊ ဆီတိုင်ကီများ၊ ဗိုက်များ၊ ရေတွင်းများ၊ မီးဖိုတွင်းများ၊  မြေအောက်ခန်းများ သို့မဟုတ် ဂူများကဲ.သို.နေရာမျိုးတို.တွင် ခန္ဓာကိုယ်မသန်မာပါကအလုပ်ချိန်အတွင်း ထိခိုက်မှုဖြစ်စေနိုင်သလို သေဆုံးနိုင်ခြေလည်း ရှိလာနိုင်ပါသည်။

 

အမျိုးအစား ၄ အမြင့်တွင်အလုပ်လုပ်ခြင်းမပြုမီ ကျန်းမာရေးစစ်ဆေးခြင်း

အမြင့်တွင်အလုပ်လုပ်နေသူများ (Working at height) သည်မြေပြင် သို့မဟုတ် အဆောက်အဦး၏ကြမ်းပြင်မှအမြင့် ၂ မီတာနှင့်အထက်တွင် အလုပ်လုပ်သောဝန်ထမ်းကို အလုပ်မစတင်မီကျန်းမာရေးစစ်ဆေးခြင်းသည်။ ဥပမာအားဖြင့်၊ အထပ်မြင့် အဆောက်အအုံများတွင် ဆောက်လုပ်ရေးလုပ်သားများ၊ မှန်သန့်စင်သူများ၊ ဆေးသုတ်လုပ်သားများ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်သားများ၊ ငြမ်းတပ်ဆင်ခြင်းလုပ်ငန်းစသည်ဖြင့် အလုပ်အကိုင်များတို.သည် ဝက်ရူးပြန်ရောဂါ ၊ သွေးကြောရောဂါ ၊ အမြင့် ကြောက်ခြင်း ၊ မွေးရာပါရောဂါရှိလျှင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါသည်။

အမျိုးအစား ၅ အလုပ်ပါမစ်လျှောက်ရန် သို့မဟုတ် အလုပ်ပါမစ်သက်တမ်းတိုးရန်အတွက် ကျန်းမာရေးစစ်ဆေးခြင်း

Work Permit သည်ထိုင်းမှာ နိုင်ငံခြားသားများအလုပ်လုပ်ရန်၊ စီးပွားရေးလုပ်ရန် သို့မဟုတ် အမျိုးမျိုးသောအလုပ်အကိုင်များလုပ်ကိုင်ရန် ခွင့်ပြုချက်ဖြစ်သည်။ ထိုင်းနိုင်ငံတွင်ကပ်ရောဂါကာကွယ်ရန် ဥပဒေအရလုပ်ငန်းခွင်မ၀င်မီ ကျန်းမာရေးစစ်ဆေးမှုခံယူရန်နှင်.ဆေးလက်မှတ်ရှိရန်လိုအပ်ပါသည်။

 

အမျိုးအစား ၆ ဝန်ဆောင်မှုအလုပ်မ၀င်မီ ကျန်းမာရေးစစ်ဆေးခြင်း

ဟိုတယ်များ၊ အပန်းဖြေစခန်းများ၊ spa ကဲ့သို့သော ဧည့်ဝတ်ပြုခြင်းအလုပ်များသည် လူအများနှင့်တွေ့ဆုံရန် လိုအပ်သောအလုပ်များဖြစ်သည်.အတွက် အလုပ်မ၀င်မီကျန်းမာရေးစစ်ဆေးရန်လိုအပ်ပါသည်။ ကျန်းမာရေးစစ်ဆေးခြင်းသည် လုပ်ငန်းခွင်မ

ဝင်ခင်ကျန်းမာသန်စွမ်းနေသူများကိုစစ်ဆေးခြင်းများပြုလုပ်ပေးပြီး အဖွဲ့အစည်းအတွင်းရှိလူများနှင့် ဝန်ဆောင်မှုလာရောက်ရယူသူများထံ ကူးစက်နိုင်သောကူးစက်ရောဂါများကို တားဆီးကာကွယ်ပေးပြီး အဖွဲ့အစည်းအတွက်ကောင်းမွန်သောပုံရိပ်ကို  ဖန်တီးပေးပါသည်။

 

အမျိုးအစား ၇  စက်ရုံအလုပ်မ၀င်မီ ကျန်းမာရေးစစ်ဆေးခြင်း

စက်ရုံသည်လူအများ၏ဗဟိုချက်ဖြစ်သောနေရာတစ်ခုဖြစ်ခြင်းနှင်.စက်ရုံ၏အလုပ်သမား၊လုပ်ငန်းလည်ပတ်သူများ၊ ကုန်သည်များရှိ‌သောကြောင်.ကျန်းမာရေးစစ်ဆေးခြင်းသည် အလုပ်လျှောက်ထားသူ၏အလုပ်နှင့်သင့်လျော်မှုရှိမရှိ စစ်ဆေးရန်ကူညီ 
ပေးပြီး အခြားသို့ကူးစက်နိုင်သောရောဂါများကိုလည်း ကာကွယ်ရန်ကူညီပေးခြင်းဖြစ်သည်။ အချို့သောကုမ္ပဏီများသည် ဝန်ထမ်းများ၏စိတ်ဓာတ်ကို မြှင့်တင်ရန်အတွက် နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးပါသည်။

 

အမျိုးအစား ၈ စတိုးဆိုင်ဝန်ထမ်းများ၊ PC၊ ငွေကိုင်အလုပ်သို့မဝင်မီ ကျန်းမာရေးစစ်ဆေးခြင်

စတိုးဆိုင်ဝန်ထမ်းများ၊ PC နှင့် ငွေကိုင်အဖွဲ့တို.သည် ဝန်ဆောင်မှုလုပ်ငန်းနှင့်ပါတီများစွာနှင့် ဆက်ဆံရာတွင်တာဝန်ရှိသောကြောင်. ချောမွေ့စွာနှင့်ထိရောက်စွာလည်ပတ်နိုင်ရန် လုပ်ငန်းခွင်မဝင်မီ ကျန်းမာရေးစစ်ဆေးရန်လိုအပ်ပါသည်။

 

အမျိုးအစား ၉  ရုံဝန်ထမ်အလုပ်းမဝင်မီ ကျန်းမာရေးစစ်ဆေးခြင်း

အလုပ်မဝင်မီကျန်းမာရေးစစ်ဆေးခြင်း၏နောက်ဆုံးအချက်မှာ ရုံးဝန်ထမ်းများ၏ကျန်းမာရေးစစ်ဆေးခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဖွဲ့အစည်းများစွာသည်ကျန်းမာပါက အလုပ်ပျက်ခြင်း သို့မဟုတ် အလုပ်ထွက်နှုန်းကို လျှော့ချနိုင် သောကြောင့် ဖြစ်သည်။ ၎င်းသည် စွမ်းဆောင်ရည်အပြည့်အ၀ဖြစ်အောင် လုပ်ဆောင်ပေးပြီး အဖွဲ့အစည်းနှင့်ဝန်ထမ်းများကိုယ်တိုင် အကျိုးရှိသည်.စိစစ်မှုဖြစ်သည်။

ตรวจสุขภาพก่อนเข้าทำงาน ที่อินทัชเมดิแคร์

အင်ထပ်မီဒယ်ခဲဆေးခန်းနှင်. အလုပ်မဝင်ခင်ကျန်းမာ‌ရေးစစ်ဆေးခြင်း၏ကောင်းကျိုး (၁၀) ချပ်

၁. အလုပ်မ၀င်မီကျန်းမာရေးစစ်ဆေးခြင်း၏ အစီအစဉ်အမျိုးမျိုးနှင့် ပြီးပြည့်စုံသောအစီအစဉ်များ

၂. အဆင်ပြေသောစျေးနှုန်းဖြင်.ရရှိသည်.အရည်အသွေးနှင်.ယှဉ်ကါက ထိုက်တန်ပါသည်။

၃. ဆေးခန်းငှာနခွဲများစွာရှိပြီး ဝန်ဆောင်မှုကိုအလွယ်တကူရယူနိုင်ပါသည်။

၄. ရလဒ်များကို အစီရင်ခံရာတွင် ယုံကြည်စိတ်ချရပါသည်။

၅. ရလဒ်အစီရင်ခံစနစ်

၆. ဝန်ဆောင်မှုအရည်အသွေးထိန်းချုပ်မှုစနစ်

၇. ကျန်းမာရေးစစ်ဆေးခြင်းဝန်ဆောင်မှုမရယူမီနှင်.ရယူပြီးနောက်တွင် ကူညီရန်ဝန်ထမ်းများရှိပါသည်။

၈. အဆင့်အနည်းငယ်သာရှိပြီး ဝန်ဆောင်မှုကို မြန်မြန်ရယူနိုင်ပါသည်။

၉. စီးပွားရေးဖောက်သည်တော်တော်များများက ယုံကြည်ကြပါသည်။

၁၀. အွန်လိုင်းပေးပို့စနစ် med refer

၁. အင်ထပ်မီဒယ်ခဲဆေးခန်းတွင် အလုပ်မ၀င်မီကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ် အများအပြားရှိသည်။ စံချိန်စံညွှန်းအလုပ်မစတင်မီကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ်နှင့် သီးခြားသတ်မှတ်ထားသောအဖွဲ့တို.ရှိပါသည်။

၂. အလုပ်မသွားမီကျန်းမာရေးစစ်ဆေးခြင်း၏စျေးနှုန်းသည် ရာဂဏန်းမှစတင်၍ရရှိသည်.အရည်အသွေးနှင်.ယှဉ်လျှင် ထိုက်တန်သည်ဟုယူဆပါသည်။ ကျွန်ုပ်တို့၏စံနှုန်းများကို အလုပ်မစမီအတည်ပြုရန်ဆေးစစ်ချက်ရလဒ်များနှင့် ဆေးလက်မှတ်လိုအပ်သောအလုပ်လျှောက်ထားသူများကယုံကြည်ကြသည်။ 

၃. ဆေးခန်းငှာနခွဲ ၅ နေရာရှိသောကြောင်. သင်၏အနီးနားရှိဆေးခန်းကို ရှာဖွေပြီး ကျန်းမာရေးလာရောက်စစ်ဆေးခြင်းများအတွက် နာရီပေါင်းများစွာစောင့်စရာမလိုဘဲ အဆင်ပြေမြန်ဆန်စွာလာရောက်နိုင်ပါသည်။ 

၄. ဆေးခန်းတွင်ရလဒ်များအစီရင်ခံရာတွင် ကျင့်ဝတ်စည်းကမ်းရှိပြီး ကျွန်ုပ်တို့၏စစ်ဆေးမှုအားလုံးသည် ရလဒ်အစစ်အမှန်ဖြစ်ကြောင်းအတည်ပြုပါသည်။ ဝန်ဆောင်မှုလက်ခံသူ၏အလုပ်လုပ်ရန်အနုတ်လက္ခဏာရလဒ်ဖြစ်ပေါ်ရင်တောင် ဖုံးကွယ်မထားဘဲ အကြောင်းပြချက်ကိုရှင်းရှင်းလင်းလင်းရှင်းပြပါသည်။

၅. အစီရင်ခံစနစ်သည် "ပြီးပြည့်စုံ၊ တိကျ၊ အချိန်မီ" ဟူသောနိယာမအရ ရလဒ်များကိုစစ်ဆေးရန် အဖွဲ.အစည်းရှိသောကြောင့် အလွန်ယုံကြည်စိတ်ချရပါသည်။

၆. အလုပ်မဝင်မီကျန်းမာရေးစစ်ဆေးခြင်းတွင် အမှားအယွင်းများကိုကာကွယ်ရန် ဝန်ဆောင်မှုပေးရာတွင်အရည်အသွေးထိန်းချုပ်မှုစနစ်ဖြင်. စစ်ဆေးမှုအတွက်စစ်ဆေးမှုစာရင်းရှိသည်။ ကျန်းမာရေးစစ်ဆေးခြင်းကုန်ကျစရိတ်က ပုံမှန်ထက်ပိုများနေသော်လည်း သက်သာသောစျေးနှုန်းဖြင့်ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

၇. အလုပ်မ၀င်မီကျန်းမာရေးစစ်ဆေးခြင်းဝန်ဆောင်မှုကို ဝန်ဆောင်မှုမရယူမီနှင့် ရယူမှုအပြီးတွင်ကူညီရန်ဝန်ထမ်းများရှိပါသည်။ စျေးနှုန်းစစ်ဆေးခြင်း၊ စစ်ဆေးခြင်းစာရင်းများ၊ သင့်လိုအပ်ချက်များနှင့်ကိုက်ညီသည့်လိုအပ်သောစာရွက်စာတမ်းများကဲ့သို့သော ဝန်ဆောင်မှုကိုမရယူမီ သင်မေးမြန်းတိုင်ပင်နိုင်ပါသည်။ ဆေးခန်းသို့ဝန်ဆောင်မှုရယူပြီးနောက် ပြေစာများပေးပို့ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းရလဒ်များကို Grab နှင့် တိုက်ရိုက်ပေးပို့ခြင်း သို့မဟုတ် ရလဒ်များနှင့်ပတ်သက်သည့် မေးခွန်းများမေးမြန်းခြင်းတို့ကိုလုပ်ဆောင်နိုင်ပါသည်။

၈. အဆင့်နည်းပြီး၊ ဝန်ဆောင်မှုကိုအမြန်ရယူနိုင်ခြင်း One Stop Service ၏သဘောတရားအရ ဌာနများစွာကိုစစ်ဆေးရန်မလိုဘဲ လူနာကစည်ကားခြင်းလဲမရှိပါ။

၉. အင်ထပ်မီဒယ်ခဲဆေးခန်း၏ အလုပ်မဝင်ကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ်သည် ခေတ်မီ၊ စံချိန်စံညွှန်းမီစက်ကိရိယာများဖြင့် အထူးကုဆရာဝန်များနှင့်ဆေးဘက်ဆိုင်ရာဝန်ထမ်းများမှစေ့စေ့စပ်စပ်စစ်ဆေးခြင်းဖြစ်ပါသည်။

၁၀. အလုပ်မဝင်မီကျန်းမာရေးစစ်ဆေးရန် ဝန်ထမ်းများစေလွှတ်လိုသောအဖွဲ့အစည်းများအတွက် ကျန်းမာရေးရလဒ်များကိုအွန်လိုင်းတွင်စစ်ဆေးရန်အွန်လိုင်း MED REFER စနစ်မှတဆင့်သင်ကိုယ်တိုင်တင်ပြနိုင်သည်။ သက်တောင့်သက်သာရှိမှု၊မြန်ဆန်မှုနှင့် ထိုပုဂ္ဂိုလ်၏ကျန်းမာရေးဆိုင်ရာ အချက်အလက်များ၏တိကျမှုကို မှန်မှန်ကန်ကန်တင်ပြပေးပါသည်။

 

အင်ထပ်မီဒယ်ခဲဆေးခန်းသည် အရည်အသွေးနှင့်ယုံကြည်စိတ်ချရသော စံချိန်စံညွှန်းများဖြင့်အလုပ်မ၀င်မီကျန်းမာရေးစစ်ဆေးခြင်းဝန်ဆောင်မှုများကိုဆောင်ရွက်ပေးပါသည်။ ဆေးခန်းဝန်ဆောင်မှုပေးနေတာကြာပြီဖြစ်သောကြောင်. ဆေးလက်မှတ် ရရှိရန်ပရိုဂရမ်အမျိုးမျိုးကို စိတ်ပါဝင်စားသူများအနေဖြင့် ငှာနခွဲအသီးသီးရှိဆေးခန်းများတွင် အသေးစိတ်မေးမြန်းနိုင်ပါသည်။ သင့်အတွက်အသင့်တော်ဆုံး ဆုံးဖြတ်ချက်များချရာတွင် တိကျရှင်းလင်းသောအချက်အလက်များကို ရရှိနိုင်ရန် မေးခွန်းများကိုဖြေဆိုရန် ကျွမ်းကျင်ပညာရှင်များအဖွဲ့ရှိပါသည်။


အသေးစိတ်စုံစမ်းမေးမြန်းရန်

  Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။) 

  @qns9056c

  อินทัชเมดิแคร์คลินิกเวชกรรม (အင်ထ‌‌ပ်မီဒယ်ခဲဆေးခန်း)

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy