ကျန်းမာရေးစစ်ဆေးမှုမပြုလုပ်ခင်ကြိုတင်ပြင်ဆင်သင့်သည် ထိရောက်တိကျသောရလဒ်များရရှိဖို့ရန်အတွက် အောက်ပါအတိုင်းအချက်များအလိုက်ပြင်ဆင်ထားသင့်သည်။
- ကျန်းမာရေးစစ်ဆေးမှုမပြုလုပ်မီ အနည်းဆုံး 8–10 နာရီ အထိအစာသောက်များနှင့် လက်ဖက်ရည်၊ကော်ဖီနှင်အချိုရည်များကို လုံးဝမစားသောက်ဘဲရှောင်လာရမည်။ (ရိုးရိုးရေတစ်ခုသားအနည်းငယ်သောက်သုံးနိုင်ပါသည်။)
- စစ်ဆေးမှုမပြုလုပ်မီညတွင် အနည်းဆုံး 6- 8 နာရီ လုံလောက်စွာ အနားယူအိပ်စက်ပါ။
- စစ်ဆေးမှုမတိုင်မီ ၂၄ နာရီအတွင်း အရက် ဘီယာများကို ရှောင်ရှားပါ။ အရက်သောက်ခြင်းသည် စစ်ဆေးမှုရလဒ်ကို ထိခိုက်စေနိုင်ပါသည်။
- လက်မောင်းမှသွေဖောက်ရန် လွယ်ကူစေမည် လက်တိုအဝတ်အစားများကိုဝတ်ဆင်လာပါ။
- အမျိုးသမီးများအတွက် (ဆီးစစ်ဆးမှုရှိပါက) ရာသီမလာမီ ၇ ရက် နှင့် ရာသီလာပြီးနောက် ၇ ရက်အတွင်း ကျန်းမာရေးစစ်ဆေးမှုကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါသည်။ အကယ်၍ ရာသီလာနေပါက ဆီးစစ်ဆေးမှုကို မပြုလုပ်သင့်ပါ၊ အဘယ်ကြောင့်ဆိုသော် ရာသီသွေးသည် ဆီးစစ်ဆေးမှုရလဒ်ကို ထိခိုက်စေနိုင်ပါသည်။
- ဝက်ရူးပြန်ရောဂါ (Epilepsy) ကဲ့သို့သော နာတာရှည်ရောဂါ သို့မဟုတ် လက်ရှိဖျားနာမှုရှိပါက ကျန်းမာရေးစစ်ဆေးမှုမပြုလုပ်မီ ဝန်ထမ်းများအား ကြိုတင်အသိပေးပါ။
- သွေးတိုးကျဆေးကဲ့သို့သော ပုံမှန်သောက်သုံးနေသည့် ဆေးများရှိပါက ပုံမှန်အတိုင်း ဆက်လက်သောက်သုံးနိုင်ပါသည်။ သို့သော် မိမိသောက်သုံးနေသော ဆေးများကို ကျန်းမာရေးစစ်ဆေးမှုမပြုလုပ်မီ ဝန်ထမ်းများအား ကြိုတင်အသိပေးပါ။
- Passport နိုင်ငံကူးလက်မှတ်နှင့် ကုမ္ပဏီစာရွက်စာတမ်းများကို အသင့်ပြင်ထားပါ။
အသေးစိတ်ဆက်သွယ်မေးမြန်းရန်အတွက်
Intouchmedicare အထွေထွေကုသရေးအဆေးခန်း
ဆေးဘက်ဆိုင်ရာကုသရေးဆေးခန်း
နောက်ဆုံးပြင်ဆင်ရေးသားခြင်း : 04/08/2026
ရုပ်ပုံများကို ပညာရေးဆိုင်ရာ သို့မဟုတ် ပညာပေးရည်ရွယ်ချက်များအတွက်သာ အသုံးပြုရန်ခွင့်ပြုထားပြီး intouchmedicare.com ကို ခရက်ဒစ် ပေပြီး အသုံးပြုနိုင်ပါသည်။

EN