သားအိမ်တွင်းပိုင်းစစ်ဆေးခြင်းနှင့်သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း

       

        သားအိမ်တွင်းပိုင်းစစ်ဆေးခြင်းသည်မိန်းမအဂ်ါ၏မွေးအပြင်ပိုင်းကနေပြီးအတွင်းပိုင်းထိကိုစစ်ဆေးကြည့်ပေးခြင်းဖြစ်ပါသည်။မွေးလမ်းကြောင်း၊နှုတ်ခမ်း၀၊သားအိမ်ခေါင်း၊သားအိမ်နှင့်သားဉပြွန်များအစရှိသဖြင့် အချို့သောလူနာသည်လက်သုံးကိရိယာအားဖြင့်သုံးခြင်းသည် သားအိမ်နှင့်မွေးလမ်းကြောင်းများကိုပိုပြီးထင်ရှားစွာတွေ့မြင်နိုင်သည်၊အမျိုးသမီးသည်မည်သည့်အသက်အရွယ်မဆိုစစ်ဆေးနိုင်ပါသည်၊သားအီမ်တွင်းပိုင်းစစ်ဆေးခြင်းသည်သားအိမ်ခေါင်းကင်ဆာကိုစစ်ဆေးနိုင်ပါမည်၊မိန်းမကိုယ်မွေးလမ်းကြောင်း ပိုးဝင်ခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်ပါမည်၊လိင်မှတဆင့်ကူးစက်သောရောဂါများကိုလဲတွေ့နိုင်ပါမည် သို့မဟုတ် အခြားသောရောဂါများ

        သားအိမ်တွင်းပိုင်းစစ်ဆေးခြင်းနှင့်သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းသည်ကွဲပြားခြားနားပါသည်။၎င်းသည်အတူတူစစ်ဆေးနိုင်ပါသည်၊အများအားဖြင့်သားအိမ်ခေါင်းကင်ဆာစစ်ဆေးရင်ဆရာ၀န်သည်သားအိမ်တွင်းပိုင်းကိုလဲတခါတည်းအတူတူစစ်ဆေးပေးမည်ဖြစ်ပါသည်။

 

သင်သိလိုသောခေါင်းစဉ်ကိုရွေးချယ်ပါ

  1. သားအိမ်တွင်းပိုင်းစစ်ဆေးခြင်းသည်ဘယ်လိုအရေးကြီးပါသလဲ?

  2. ဘာလို့သားအိမ်တွင်းပိုင်းစစ်ဆေးရပါသလဲ?

  3. သားအိမ်တွင်းပိုင်းစစ်ဆေးခြင်းကိုဘယ်အခါမှာစစစ်ကြည့်ရပါသလဲ?

  4. အပျိုအမျိုးသမီးများသည်သားအိမ်တွင်းပိုင်းစစ်ဆေးသင့်ပါသလား?

  5. သားအိမ်ခေါင်းကင်ဆာဆိုတာဘာလဲ?

  6. ဘာကြောင့်သားအိမ်ခေါင်းကင်ဆာစစ်ရပါသလဲ?

  7. သားအိမ်ခေါင်းင်ဆာစစ်ဆေးနည်း

  8. ဘယ်သူတွေကသားအိမ်ခေါင်းင်ဆာစစ်ဆေးသင့်ပါသလဲ?

  9. သားအိမ်ခေါင်းင်ဆာစစ်ဆေးဖို့ရန်အတွက်ကိုယ့်ကိုယ်ကိုမည်သို့ပြင်ဆင်ထားသင့်ပါသလဲ?

  10. သားအိမ်ခေါင်းကင်ဆာနှင့်မီးယပ်ရောဂါစစ်ဆေးသောအစီအစဉ်များ (ပက်ကေ့ချ်များ)


သားအိမ်တွင်းပိုင်းစစ်ဆေးခြင်းသည်ဘယ်လိုအရေးကြီးပါသလဲ? 

  1. မူမမှန်တဲ့လက္ခဏာကိုစစ်ဆေးကြည့်ခြင်းဖြစ်ပါသည် ဖြစ်ပြီးပြတဲ့လက္ခဏာရှိပြီးမပြတဲ့လက္ခဏာလဲရှိပါသည် အထူးသဖြင့်သား‌အိမ်ခေါင်းကင်ဆာဖြစ်ပါသည်၊‌ရောဂါတွေ့ရှိပြီးနောက်ပွားခြင်းကိစ္စပိုမိုပြင်းထန်မှုကိုကာကွယ်ရန်ကုသမှုကိုခံယူရမည်ဖြစ်ပါသည်။

  2. အစာခြေစနစ်၊ ဆီးစနစ် စသည်တို့မှ ရောဂါများကို စစ်ဆေးရန်အတွက်ဖြစ်ပါသည်။

 

ဘာလို့သားအိမ်တွင်းပိုင်းစစ်ဆေးရပါသလဲ? 

  1. သား‌အိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း

  2.  ဘက်တီးရီးယား(သို့) မှိုပိုးဝင်ခြင်းခြင်းရှိမရှိ စစ်ဆေးခြင်း

  3. လိင်မှတဆင့်ကူးစက်သောရောဂါကိုစစ်ဆေးခြင်း ဉပမာဆီးပူညောင်းကျရောဂါ၊ရေယုန်၊ကြွက်နို့ သို့မဟုတ် HPV ပိုးကူးစက်သောရောဂါများ

  4. မိန်းမအိဂ်ါမှသွေးထွက်ခြင်းများ၊အဖြူဆင်း၊သားအိမ်အသားလုံး၊သားဉပြွန်အသားလုံး၊သားအိမ်ကျုံ့ခြင်း၊တင်ပါးဆုံတွင်း သို့မဟုတ် နောက်ကျောတွင် နာကျင်ခြင်း

  5. ကိုယ်၀န်မတားခင်စစ်ဆေးခြင်း ဉပမာ ကွင်းဖြင့်တားခြင်း

  6. ကိုယ်၀န်စရှိပြီးနောက်စစ်ဆေးခြင်း

 

သားအိမ်တွင်းပိုင်းစစ်ဆေးခြင်းကိုဘယ်အခါမှာစစစ်ကြည့်ရပါသလဲ? 

  1. ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ပေါ်လာတဲ့အခါ အတွင်းပိုင်းစစ်ဆေးမှုကို စတင်သင့်ပါသည်၊ အသက်အရွယ် မခွဲခြားဘဲ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်း နှင့် တွဲပြီးစစ်ဆေးနိုင်ပါသည်။

  2. အသက် 21 နှစ်မှ စ၍စစ်ဆေးနိုင်သည်၊လိင်ဆက်ဆံဖူးပြီးနောက် အနည်းဆုံး 3 နှစ် စစ်ဆေးနိုင်ပါသည်

  3. အသက် 65-70 နှစ်တွင် သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းကို ရပ်တန့်နိုင်သည်။

  4. စစ်ဆေးမှုမရပ်မီ ၁၀ နှစ်အတွင်း ၃ ကြိမ် ပုံမှန်စစ်ဆေးသင့်ပါသည်

  5. မူမမှန်သောရောဂါရှိနေသည့် အမျိုးသမီးသည် ဆရာဝန်၏ ချိန်းရက်အတိုင်း ပုံမှန်စစ်ဆေးသင့်သည်

  6. HPV ကာကွယ်ဆေးထိုးပြီးသောသူလဲ မထိုးသေးသောသူနဲ့သားအိမ်ခေါင်းကင်ဆာကို ပုံမှန်စစ်ဆေးရပါမည်။

  7. သားအိမ်အတွင်းပိုင်းစစ်ဆေးမှုကို ၁ နှစ်တစ်ကြိမ် စစ်ဆေးသင့်သည်။ သားအိမ်ခေါင်းကင်ဆာကို၃ နှစ်တစ်ကြိမ် စစ်ဆေးနိုင်ပါသည်။

 

အပျိုအမျိုးသမီးများသည်သားအိမ်တွင်းပိုင်းစစ်ဆေးသင့်ပါသလား? 

       အသက် 21 နှစ်နှင့်အထက် အမျိုးသမီးများသည် ပုံမှန်မဟုတ်သော လက္ခဏာများ မပြသော်လည်း နှစ်စဉ်ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုအဖြစ် သားအတွင်းပိုင်းစစ်ဆေးမှုကို ပြုလုပ်ရန် အကြံပြုထားသည်။

       အပျိုစစ်သို့မဟုတ် အပျိုမစစ်သော အမျိုးသမီးများ +-အသက်၂၁ အထက်သည် နှစ်စဉ်သားအိမ်တွင်းပိုင်းစစ်ဆေးနိုင်ပါသည် အပျိုစစ်သူသည်သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေနည်းသော်လည်း ဒါပေမဲ့သားအိမ်အတွင်းပိုင်း၌ရောဂါဖြစ်နိုင်ခြေများပါသည် ဉပမာ သားမွေးလမ်းကြောင်းရောင်ခြင်း၊ပိုး၀င်ခြင်း၊သားအိမ်အရည်အိတ်၊ချောကလက်အိတ်၊ သားအိမ်ကင်ဆာ၊သားဉပြွန်ကင်ဆာများအစရှိသဖြင့် 

 

သားအိမ်ခေါင်းကင်ဆာဆိုတာဘာလဲ? 

       သားအိမ်ခေါင်းကင်ဆာ (Cervical cancer) သည် မိန်းမအင်္ဂါနှင့် သားအိမ်ခေါင်းတို့တွင် ဖြစ်ပေါ်တတ်သော ကင်ဆာအကျိတ်ဖြစ်သည်။ သားအိမ်ခေါင်းကင်ဆာဟာ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတွေမှာဖြစ်တတ်ပါသည်၊ထို့အပြင် လူနာအများစုမှာ ငယ်ရွယ်စဉ် အိမ်ထောင်ကျသော အမျိုးသမီးများ၌ဖြစ်သည်၊စောစောကိုယ်ဝန်ရှိသူ ၊ကိုယ်၀န်အများအပြားမွေးဖွားသူ၊ နှင့် PV ဗိုင်းရပ်စ် ကူးစက်ခံရသူများမှာတွေ့ရှိပါသည် မကြာသေးမီ နှစ်များအတွင်းက  သားအိမ်ခေါင်းကင်ဆာသည် ငယ်ရွယ်သော အမျိုးသမီးများတွင်လည်း ဖြစ်ပွားနိုင်ချေ ပိုများသည်။

 

ဘာကြောင့်သားအိမ်ခေါင်းကင်ဆာစစ်ရပါသလဲ? 

        သားအိမ်ခေါင်းကင်ဆာ (Cervical cancer) သည်အမျိုးသမီးမှာအများဆုံးတွေ့ရသောကင်ဆာတစ်ခုဖြစ်ပါသည်၊အများပိုင်းသည်အသက်၁၇အောက်မှာလိင်ဆက်ဆံမှုရှိတဲ့သူမှာတွေ့ရှိတာများပါသည် အိပ်ဖော်များသူ ၊၎င်းသည် သားအိမ်ခေါင်းကင်ဆာအတွက် အဓိကအန္တရာယ်တစ်ခုဖြစ်သည့် HPV ဗိုင်းရပ်စ် (HPV) ကူးစက်နိုင်ခြေကို တိုးမြင့်စေသည်ဟု ယုံကြည်ရသည်။

        ထို့ကြောင့် သားအိမ်ခေါင်းကင်ဆာကို သင်မသိခြင်း သို့မဟုတ် လက္ခဏာများ မပြဘဲပုံမှန်စစ်ဆေးပါ။ သားအိမ်ခေါင်းကင်ဆာ ပြန့်ပွားမှုကို လျှော့ချပေးပါလိမ့်မည်။ သားအိမ်ခေါင်း ဆဲလ်များသည် ကင်ဆာဆဲလ်များ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။မစစ်ဆေးဘဲ စောစီးစွာ ကုသမှုမရှိပါက ဆဲလ်များသည် ပြင်းထန်သော ကင်ဆာဆဲလ်များ ဖြစ်လာပြီး အခြားနေရာများသို့ ပျံ့နှံ့သွားပါသည်၊ကုသရန် ပိုမိုခက်ခဲစေသည်။

 

သားအိမ်ခေါင်းင်ဆာစစ်ဆေးနည်း? 

  1. ပတ်စမီးယား (Pap Smear) စစ်‌ဆေးနည်းသည်  သားအိမ်ခေါင်းကင်ဆာမတိုင်မီ ကင်ဆာအဆင့် သို့မဟုတ် သာမန်မျက်စိဖြင့် မမြင်နိုင်သော သားအိမ်ခေါင်းကင်ဆာ အဆင့်များတွင် မူမမှန်မှုများကို ရှာဖွေရန် နည်းလမ်းတစ်ခုဖြစ်သည်။ဆရာ၀န်သည်ကင်ဆာဆဲလ်ရှိ မရှိရှာ‌ဖွေရန်မိမိ လိင်အဂ်ါကိုဖြန့်ဖို့စက်ကိရိယာနှင့်သုံးလိမ့်မည် ကောင်းကျိုးသည်ကင်ဆာမဖြစ်ပွားမီ ရောဂါများကို ပြင်းထန်မှု အဆင့်တိုင်းတွင် သိရှိနိုင်သည်။လုံခြုံသောစစ်ဆေးခြင်းနည်းလမ်းတစ်ခုဖြစ်သည်၊side effect နည်းပြီး အချိန်ကုန်သက်သာသည် ကုန်ကျစရတ်လဲသက်သာပါသည်။

  2. Thin Prep Pap Test စစ်ဆေးနည်းသည် အရည်ဖြင့် ဆဲလ်နမူနာကို စုဆောင်းခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်း Tin-Pap Pap Test ဟု အများအားဖြင့် သိကြသည့် (Liquid-based cytology: LBC) သည် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်း အမျိုးအစားသစ်များထဲမှ တစ်ခုဖြစ်သည်။ အစောပိုင်း ကင်ဆာဆဲလ်များကို သမားရိုးကျ pap smears ထက် 65% အထိ ပိုမိုကောင်းမွန်စွာ တွေ့ရှိနိုင်သည်ဟု US Food and Drug Administration မှ ထောက်ခံချက် ရရှိထားသည်။ ဒါဟာ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်း စံစမ်းသပ်မှုတစ်ခုဖြစ်ပါသည်။

    TinPrap Pap Test ၏အားသာချက်မှာ ဆဲလ်များဖုံးကွယ်ခြင်းပြဿနာကို လျှော့ချရန်ဖြစ်သည်။ ဆဲလ်နမူနာများကို ပိုမိုရှင်းလင်းစေသည်။ false negatives နှုန်းကို လျှော့ချနိုင်ပါတယ်။ နမူနာကို ထပ်တလဲလဲမလုပ်ဘဲ HPV ဗိုင်းရပ်စ်အတွက် စမ်းသပ်ရန်အတွက် ဆဲလ်နမူနာကို ယူနိုင်သည်။

 

 

ဘယ်သူတွေကသားအိမ်ခေါင်းင်ဆာစစ်ဆေးသင့်ပါသလဲ? 

  1. ASCCP 2013 အရ 35 နှစ်ကျော်သူ၊ 21 နှစ်ကျော်သူ pap စစ်ဆေးရသည်(သို့သော် 35 နှစ်သည် ပို၍ အန္တရာယ်ရှိသည်)

  2. အသက်ငယ်စဉ်ကတည်းကလိင်ဆက်ဆံခြင်း သို့မဟုတ် ရာသီစလာပြီးသိပ်မကြာ၍ ပထမဆုံးအကြိမ်လိင်ဆက်ဆံခြင်းရှိသူ

  3. လူမျိုးစုံနှင့် လိင်ဆက်ဆံဖူးသည် သို့မဟုတ် မိမိအမျိုးသားတစ်ယောက်တည်းမဟုတ်သော အခြားသူများနှင့် လိင်ဆက်ဆံခြင်းရှိသောသူ

  4.  လိင်မှတဆင့် ကူးစက်တတ်သောရောဂါရှိဖူးတဲ့သူ

  5. HIV ပိုးရှိသူများ

  6. ဆေးလိပ်သောက်သူ သို့မဟုတ် ပုံမှန်ဂွမ်းစားသူ

  7. သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း (Pap Smear) သွားစစ်ကြည့်ပြီး အနည်းငယ် မူမမှန်တာ တွေ့ရတဲ့သူများ ၊ဤအခြေအနေမျိုးတွင်  နှစ်တိုင်း ပြန်လည်စစ်ဆေးသင့်သည်။ ဒါမှ ပုံမှန်မဟုတ်တဲ့ တစ်သျှူးတွေ ကြီးထွားလာတာကို သေချာပေါက် ရပ်တန့်စေမှာ ဖြစ်ပါသည်

သားအိမ်ခေါင်းကင်ဆာမစစ်ဆေးခင်နှင့်မီးယပ်ရောဂါမစစ်ဆေးခင်ကိုယ့်ကိုကိုယ်ပြင်ဆင်ခြင်း

  1. မွေးလမ်းကြောင်းပတ်ပတ်လည်ကိုသန့်ရှင်းရေးလုပ်သွားပါ ဆရာဝန်နဲ့သွားမတွေ့ခင်မှာ အဲ့ဒီမွေးလမ်းကောင်းပတ်ပတ်လည်ရှိအရေပြားပေါ်ကိုနူးညံ့သောသဘာဝဆပ်ပြာလေးနဲ့
    သန့်ရှင်းနေအောင်မွေးလမ်းကြောင်းကိုသန့်ရှင်းရေးလုပ်သွားရပါမယ် ပြီးတော့အပြင်ဘက်ကိုသာဆေးကြောရပါမယ် အတွင်းဘက်ထဲထိဆေးကြောစရာမလိုပါဘူး ပြီးရင်တော့ခြောက်နေအောင်သုတ်ပေးလိုက်ယုံနဲ့လုံလောက်ပါပြီ

  2. ရာသီလာချိန်မှာမစစ်ဆေးသင့်ပါ အနည်းဆုံးရာသီလာပြီးနောက် ၇ ရက်လောက်နေမှသွားစစ်သင့်ပါတယ် ရာသီဖြစ်နေတဲ့အချိန်အတောအတွင်းဆိုရင်ဆရာဝန်ကမီးယပ်ရောဂါကိုစစ်ဆေးမှုပြုလုပ်ပေးမှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့အဲ့အချိန်သည်သားအိမ်ကိုရောဂါပိုးကူးစက်နိုင်မှုလွယ်ကူလို့ပါ

  3. မစစ်ဆေးခင်အနည်းဆုံး ၂ရက်လောက်ကိုမွေးလမ်းကြောင်းအတွင်းသို့ဆေးကြောခြင်းမပြုလုပ်သင့်ပါ မွေးလမ်းကြောင်းအတွင်းဆေးကြောခြင်းကိုရပ်ဆိုင်ထားပါ
    (ပုံမှန်အရဆိုရင် အမျိုးသမီးများသည်မွေးလမ်းကြောင်းအတွင်းဆေးကြောခြင်းကိုနဂိုကတည်းကမပြုလုပ်သင့်ပါဘူး) ရောဂါပိုလွတ်ထွက်သွားအောင်ဖြစ်စေနိုင်တဲ့အကြောင်းအရင်းဖြစ်တဲ့အတွက်ကြောင့်မို့ ရောဂါကိုရှာလို့မတွေ့နိုင်တဲ့အပြင်စစ်ဆေးလို့လည်းမတွေ့နိုင်ပါ

  4. မစစ်ဆေးခင်လိင်ဆက်ဆံခြင်းကိုရပ်ဆိုင်းထားသင့်ပါတယ် မစစ်ဆေးခင်အနည်းဆုံး ၂ ရက်လောက်ကိုလိင်ဆက်ဆံခြင်းရပ်ဆိုင်းထားသင့်ပါတယ် စစ်ဆေးခြင်းပြုလုပ်တဲ့အချိန်တွင်ထိထိရောက်ရောက်အကျိုးဖြစ်အောင်လို့ပါ ပြီတော့စစ်ဆေးချိန်တွင်တိကျသေချာသောအဖြေရအောင်လို့ပါ စစ်ဆေးထွက်ရှိလာသောအဖြေလွှဲချောမှုမရှိအောင်လို့ပါ

  5. အင်္ဂါနားကအမွှေးအမျှင်များကိုရိတ်ဖို့ရန်မလိုအပ်ပါ အမျိုးသမီးများအမွှေးအမျှင်ရိတ်ဖို့မလိုပါဘူး ဒီကိစ္စနဲ့ပတ်သက်ပြီးစိတ်ပူပင်စရာမလိုပါဘူး ဘာကြောင့်လဲဆိုတော့တစ်ချို့သောရောဂါများသည်စစ်ဆေးဖို့လိုအပ်လို့ပါ ပြီးတော့ရှိအမွှေးအမျှင်များ၏လက္ခဏာကိုကြည့်ပြီးသုံးသပ်ဖို့လိုအပ်လို့ပါ အကယ်လို့အမွှေးအမျှင်များကိုရိတ်ထုတ်လိုက်မယ်ဆိုရင်ရောဂါကိုရှာဖွေသုံးသပ်တဲ့နေရာမှာပိုခက်ခဲနိုင်လို့ပါ

  6. သက်တောင့်သက်သာရှိပြီးချွတ်ရလွယ်ကူသောအဝတ်အစားများကိုဝတ်ဆင်ပါ မီးယပ်ရောဂါစစ်ဆေးရာတွင်အတွင်းခံဘောင်းဘီချွတ်ဖို့လိုအပ်လို့ပါ အဲ့ကြောင့်မို့အမျိုးသမီးများသည်ဘောင်းဘီအပွနှင့်သက်တောင့်သက်သာရှိသောဘောင်းဘီများကိုဝတ်ဆင်သင့်ပါတယ် ဒါမှမဟုတ်ရင်စကတ်ဝတ်ရင်လည်းအဆင်ပြေပါတယ် ဂျင်းဘောင်းဘီဝတ်ဆင်ခြင်းကိုတော့ရှောင်ပါဘာကြောင့်လဲဆိုတော့ချွတ်တဲ့အချိန်ကောပြန်ဝတ်တဲ့အချိန်ကောရှုပ်ထွေးလို့ပါ

  7. မီးယပ်ရောဂါမစစ်ဆေးခင်အခြားအခြားသောသုံးကုန်ပစ္စည်းများမသုံးသင့်ပါ အင်္ဂါအတွင်းထည့်သွင်းရသောကပ်ခွာ ကိုယ်ဝန်ဆောင်တားဖော့တုံး ဂျယ်လီ ခရမ်ခ်ဒါမှမဟုတ်မွေးလမ်းကြောင်းအတွင်းအသုံးပြုရသောဆေးအမျိုးမျိုးအသုံးပြုခြင်းကို စစ်ဆေးမှုမခံယူခင်အနည်းဆုံး ၂ ရက်လောက်ရှောင်သင့်ပါတယ် ပိုမိုတိကျမှန်ကန်သောအဖြေရဖို့အတွက်နှင့်လွှဲမှားသောအဖြေမရှိအောင်ပါ

  8. ဆရာဝန်ရဲ့မေးခွန်းများကိုဖြေဖို့ရန်ပြင်ဆင်ပါ မီးယပ်စစ်ဆေးမှုမပြုလုပ်ခင်နှင့်သားအိမ်ခေါင်းကင်ဆာရောဂါစစ်ဆေးမှုမပြုလုပ်ခင်အကြိမ်တိုင်းမှာ ဆရာဝန်ကိုပေးသောအချက်အလက်များသည်ဆရာဝန်ရောဂါကိုသုံးသပ်တဲ့နေရာမှာအကျိုးရှိပါတယ် အဲ့ဒါကြောင့်မို့ဆရာဝန်ကိုရှက်လို့ဆိုပြီးစိုးရိမ်ပူပန်စရာမလိုဘူးနော် သင်ကိုယ်တိုင်အတွက်ပိုပြီးအကျိုးရှိစေဖို့ကိုအမှန်အတိုင်းဆရာဝန်ကိုပြန်ဖြေလို့ရပါတယ်

မီးယပ်သားဖွားဆရာဝန်များမေးလေ့မေးထရှိသောမေးခွန်းတွေကတော့ ရည်းစားရှိလား လိင်ဆက်ဆံမှုရှိဖူးလား နောက်ဆုံးရာသီလာတဲ့ရက်ကဘယ်နေ့လဲ ပြီးတော့ပုံမှန်လာလား ဒါမှမဟုတ်ပုံမှန်မလာဘူးလား ကိုယ်ဝန်တားနည်းတွေမေးပါတယ် ကိုယ်ဝန်ရှိခဲ့ဖူးလား မရှိခဲ့ဖူးဘူးလား ကလေးမွေးဖူးလား အဲ့တာအပြင်ကလေးပျက်ကျဖူးလားဆိုပြီအဲ့ဒီလိုတွေမေးလေ့ရှိပါတယ်

အပေါ်ကပြောထားတဲ့မီးယပ်စစ်ဆေးခြင်းနှင့်သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းမပြုလုပ်ခင်ပြင်ဆင်ရမည့်နည်းလမ်းများသည် စိတ်ရောကိုယ်ပါပြင်ဆင်သည်ဟုယူဆလို့ရပါတယ်
စစ်ဆေးမှုဝင်ရောက်ခံယူတဲ့အချိန်မှာလည်းစိုးရိမ်ပူပန်စရာမလိုတဲ့အပြင်ရှက်ရွံ့မှုလျော့ချသွားအောင်လည်းလုပ်ပေးပါသေးတယ်ဘာကြောင့်လဲဆိုတော့မိမိကိုယ်တိုင်ကအဆင်သင့်ပြင်ထားမယ်ပြီတော့ကိုယ်ပိုင်အချက်အလက်တွေအဆင်သင့်ဖြစ်မယ်ဆိုရင်တော့ စစ်ဆေးတဲ့အချိန်ကျရင်တိကျမှန်ကန်သောအဖြေကိုရရှိမှာဘဲဖြစ်ပါတယ် အဲ့တာအပြင်မိမိကိုယ်တိုင်ရဲ့မီးယပ်ရောဂါကိုအမှားအယွင်းမရှိဘဲသိရှိရမှာဖြစ်ပါတယ်

Intouch Medicare ဆေးခန်း အတွင်းပိုင်းစစ်ဆေးခြင်းနှင့် သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းဝန်ဆောင်မှုများကို အထူးပြုဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ ဆောင်ရွက်ပေးပါသည်။ အမျိုးသမီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးဆောင်ရန် မြန်ပြီးအဆင်ပြေမှုနှင့် ဘေးကင်းမှုဖြင့် ရောဂါရှာဖွေခြင်းနှင့် ကုသမှုများကို လုပ်ဆောင်ပေးပါသည်။စိတ်ပါဝင်စားပါက website မှ မေးမြန်းစုံစမ်းနိုင်ပါသည်  သို့မဟုတ် Google တွင် မိမိ၏အနီးနားရှိ ဆေးခန်းဌာနခွဲများကို ရှာဖွေနိုင်ပါသည် ၊အတွင်းပိုင်းပြဿနာများသည် လျစ်လျူမရှုသင့်သော ပြဿနာများဖြစ်သည်။ အတွင်းစစ်ဆေးမှုက သင်ထင်သလောက် ကြောက်စရာမဟုတ်ပါဘူး။ ထို့ကြောင့် အရှက်ကို စွန့်ပယ်သင့်သည်။  ရောဂါကို အများဆုံး စနစ်တကျ ကုသနိုင်ရန် စစ်ဆေးမှုခံယူသင့်ပါသည်။



အသေးစိတ်စုံစမ်းမေးမြန်းရန်
  Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)         
@qns9056c
  อินทัชเมดิแคร์คลินิกเวชกรรม (အင်ထ‌‌ပ်မီဒယ်ခဲဆေးခန်း)

 


This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy