‌စျေးနှုန်းချိုသာသော ကိုယ်ဝန်အပ်ခြင်း မီးယပ်ဆေးခန်း

 

စျေးနှုန်းချိုသာသော ကိုယ်ဝန်အပ်ခြင်း မီးယပ်ဆေးခန်း

 

ကိုယ်ဝန်ဆောင်စဉ်မိဘနှင့်မိခင်များသည် အရာခပ်သိမ်းကိုပြင်ဆင်ခြင်းနှင့် ပြင်ဆင်ခြင်းတွင်အားထုတ်မှုများစွာပြုလုပ်ကြလိမ့်မည်။ မမွေးသေးသောကလေးအတွက်ကောင်းပါသည်။ ဒါပေမယ့်ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဖို့မမေ့ပါနဲ့။ အဘယ်ကြောင်.ဆိုသော်  ကလေးလေးတွေအတွက်ကောင်းကောင်းပြင်ဆင်နိုင်ဖို. မိဘစိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုကနေလာရပါမည်။

ကလေးမမွေးခင်လုပ်စရာတွေ အများကြီးရှိသည်။ ထို့ကြောင့်ကိုယ်ဝန်ဆောင်ဆေးခန်းတွင် ကိုယ်ဝန်အပ်ခြင်းသည် မရှိမဖြစ်လိုအပ်ပါသည်။ သင်နှင့်သင့်မမွေးသေးသောကလေး၏ကျန်းမာရေးနှင့် ကောင်းကျိုးချမ်းသာကိုအာရုံစိုက်ရန် သားဖွားမီးယပ်ဆေးခန်းကိုရွေးချယ်ဖို.ထည့်သွင်းစဉ်းစားစရာများစွာရှိပါသည်။

สิ่งที่คุณแม่ควรรู้ในช่วงตั้งครรภ์

ဒီနေ့မှာကိုယ်ဝန်ရှိစဉ်မှာ ကိုယ့်ကိုယ်ကိုဂရုစိုက်ရန်နှင်. သင့်အတွက်သားဖွားမီးယပ်ဆေးခန်းကို ရွေးချယ်ဖို့အကြံပြုပါသည်။ ၎င်းသည် သင်နှင့်သင့်ကလေးအတွက်အကျိုးရှိစေရန် နှင့် ကျန်းမာရေးကိုဦးစားပေးလုပ်ဆောင်ရန် ကူညီပေးနိုင်ပါသည်။

ကိုယ်ဝန်ဆောင်ကာလမှာ မေမေတို့သိထားသင့်သည်.အရာ

  1. ကိုယ်ဝန်ဆောင်စဉ်အတွင်း မိမိကိုယ်ကိုဂရုစိုက်ရန် အကြံပြုချက်များ

  2. ဘာကြောင့်ကိုယ်ဝန်အပ်သင့်တာလဲ ?

  3. ကိုယ်ဝန်အပ်ခြင်းသည် ဘာတွေစစ်ဆေးတာလဲ ?

  4. ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဘယ်လိုကာကွယ်ဆေးတွေလိုအပ်လဲ။

  5. မီးဖွားပြီးနောက်စစ်ဆေးခြင်း

  6. ကလေးမွေးပြီးနောက် ကျန်းမာရေးကိုဘယ်လိုဂရုစိုက်ကြမလဲ။

  7. မိခင်အသစ်များအတွက် မိဘအုပ်ထိန်းမှုနည်းလမ်းများ

  8. မိခင်၏ကျန်းမာရေးစောင့်ရှောက်မှုအတွက် သားဖွားမီးယပ်ဆေးခန်းကိုဘယ်လိုရွေးချယ်မလဲ။

  9. ကိုယ်ဝန်အပ်ခြင်းအတွက်သက်သာသောစျေးနှုန်း

  10. အင်ထပ်မီဒယ်ခဲဆေးခန်းတွင်ကိုယ်ဝန်အပ်ခြင်း၏ကောင်းကျိုး

 

 

1. ဆရာဝန်၏ညွှန်ကြားချက်များကို လိုက်နာပါ

ကိုယ်ဝန်ရှိစဥ်အချိန်အတွင်း မိမိကိုယ်ကိုဂရုစိုက်ရန် ပထမအချက်မှာဆရာဝန်၏ညွှန်ကြားချက်များကိုနားထောင်ရန်ဖြစ်သည်။ သင်နှင်.သင့်ကလေး၏ကျန်းမာရေးအတွက် သင်ယုံကြည်စိတ်ချရသည်.သူကို ရွေးချယ်ရပါမည်။ ထို့ကြောင့် ညွှန်ကြားချက် များကိုအလေးအနက်ထားပြီး ဆေးအဖွဲ့မှပေးသော လေ့ကျင့်ခန်းပဲဖြစ်ဖြစ်၊ အာဟာရနှင်.ကျန်းမာရေး ညွှန်ကြားချက်များကိုလိုက်နာပါ။ 


မိမဖွားခင်ကျန်းမာရေးစစ်ဆေးသင်.ပြီး ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်သည်။ အကယ်၍သင်သည်စိုးရိမ်ပူပန်မှုများရှိပါက သင်ကိုအဓိကဂရုစိုက်နေသည်. ဆေးအဖွဲ့ကိုမေးသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော်ဤကာလအတွင်း သင်အသုံးပြုသင့်ပြီး အသုံးတည့်စေမည့်ကောင်းမွန်ပြီးမှန်ကန်သော အချက်အလက်တစ်ခုဖြစ်လိမ့်မည်။


เลิอกการบริโภคที่ดี

2. ကောင်းသောအစားအစာကိုရွေးချယ်ပါ

ကိုယ်ဝန်ဆောင်ချိန်အတွင်း မိမိကိုယ်ကိုဂရုစိုက်ခြင်းအတွက် နောက်ထပ်အရေးကြီးသောအကြံပြုချက်မှာ ကောင်းမွန်စွာစားသောက်ခြင်းဖြစ်ပါသည်။အာဟာရပြည့်ဝသောအစားအစာကို စားသုံးခြင်းသည် များစွာအထောက်အကူဖြစ်စေပါသည်။

သင့်ကလေး ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သောအာဟာရဓာတ်အားလုံးကို ဖြည့်ဆည်းပေးရန်လိုအပ်ပါသည်။ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အဆီမပါသောပရိုတင်းများ၊ ကျန်းမာရေးနှင့်ညီညွတ်သောအဆီများနှင့် အစေ့အဆန်များကို များ များစားသောအခါတွင် သင်ကိုသင်အနေထိုင်ကောင်းသလိုခံစားရပါမည်။

သင့်ဆရာဝန်၏ အစားအသောက်အကြံပြုချက်အားလုံးကို လိုက်နာကြောင်းသေချာပါစေ။ အထူးသဖြင့်သင်သည်  ကိုယ်ဝန်ဆိပ်တက်ခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ်ဆီးချိုဖြစ်ခြင်းကဲ့သို့သော နောက်ဆက်တွဲပြဿနာ

များဖြစ်နိုင်ချေရှိလျှင် အထူးသတိထားရန်လိုအပ်ပါသည်။

 


ใส่ใจกับการออกกำลังกาย

၃. လေ့ကျင့်ခန်းကိုအာရုံစိုက်ပါ၏

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းသည် ကိုယ်ဝန်ဆောင်စဉ်အတွင်းမိမိကိုယ်ကို ဂရုစိုက်ခြင်း၏အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည်။ ကိုယ်ဝန်ရှိနေသည်ဖြစ်စေ မရှိသည်ဖြစ်စေ သင့်ကိုယ်ကို ပြုစုစောင့်ရှောက်ခြင်း၏တစ်စိတ်တစ်ပိုင်းဖြစ် သင့်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် တစ်ပတ်လျှင်အနည်းဆုံး မိနစ် 150 အလယ်အလတ်ပြင်းထန်သော အေရိုးဗစ်လေ့ကျင့်ခန်းကိုပြုလုပ်သင့်သည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် ကိုယ်အလေးချိန်ထိန်းခြင်းကဲ့သို့သောအရာများကို ကူညီ ပေးနိုင်နှင်. လန်းဆန်းစေပြီးပိုမိုကောင်းမွန်စွာ အိပ်ပျော်စေရန်ကူညီပေးပါသည်။


ကိုယ်ဝန်လေ့ကျင့်ခန်းမစတင်မီ ဆရာဝန်နှင့်သေချာတိုင်ပင်ပြီး လုံခြုံမှုအဆင့်မှာရှိသင့်သည်။ ဆရာဝန်သည်သင့်ရုပ်ပိုင်းဆိုင်ရာ အခြေအနေကိုအကဲဖြတ်ရာတွင်လည်းကူညီပေးနိုင်ပါသည်။ အကယ်၍ကိုယ်ဝန်မဆောင်ခင်မှာ အများကြီးမလှုပ်ရှားဖူး ဘူးဆိုလျှင် ကိုယ်ဝန်ရှိသည်.အခါအရမ်းကြီး မလုပ်ရှားသင့်ပါး။ ခန္ဓာကိုယ်ကိုလိုက်လျောညီထွေဖြစ်အောင် အသင်.အသင်.ဖြစ်သော လေ့ကျင့်ခန်းကိုသာပြုလုပ်သင်.ပါသည်။


การพักผ่อน

၄. အနားယူခြင်း

အနားယူခြင်းသည်ကိုယ်ဝန်ဆောင်စဉ်တွင် မိမိကိုယ်ကိုစောင့်ရှောက်ခြင်း၏ အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်များစွာသည် ကိုယ်ဝန်ဆောင်စဉ်တွင်ပင်ပန်းနွမ်းနယ်မှုကိုခံစားရပြီးစိတ်ဓာတ်ကျစေနိုင်သည်။ သို့သော်  ကိုယ်ဝန်ဆောင်စဉ်တွင် လုံလောက်စွာအိပ်စက်ရန်ခက်ခဲစေပါသည်။ ဖြစ်နိုင်ပါက ပိုမိုအိပ်စက်ရန်နှင့်စွမ်းအင်ပြန်လည်ရရှိရန် နေ့ဘက်တွင်တစ်ရေးတစ်မော အချိန်ဇယားဆွဲကြည့်ပြီးအိပ်စက်အနားယူသင်.ပါသည်။

 

လေ့ကျင့်ခန်းလုပ်ခြင်းသည်သင့်ကိုပိုမိုလွယ်ကူစွာ အိပ်ပျော်စေနိုင်ပါသည်။ သို.သော် အိပ်ရာဝင်ခါနီးမှာလေ့ကျင့်ခန်း မလုပ်သင့်ပါ။ အိပ်ရေးဝအောင်လေ့ကျင့်ပြီး အိပ်ရာမထခင် ၇-၉ နာရီအတွင်းလုံလောက်အောင်အိပ်နိုင်ရန် စောစောအိပ်သင်.ပါသည်။


၅. းအဖေ၏ခံစားချက်တွေကိုစစ်ဆေးပါ

ကလေးအဖေ၏ခံစားချက်ကိုမကြာခဏစစ်ဆေးဖို့ မမေ့ပါနဲ့။ သင်အမှန်တကယ်ကိုယ်ဝန်ရှိနေသော်လည်း အဖွဲ့ဝင်အသစ်ဖြစ်လာတော့မည့်ကလေးအတွက် ဖခင်များသည်ခံစားချက်အတွေးများနှင့် စိုးရိမ်ပူပန်မှုများရှိပါသည်။ သင်နှင့် သင့် အမျိုးသားသည် အချင်းချင်းအတွက်ပံ့ပိုးမှုစနစ်တစ်ခုအဖြစ် လုပ်ဆောင်နိုင်သည်။ ၎င်းသည် ပြုပြင်ပြောင်းလဲမှုများနှင့် မီးဖွားပြီးနောက်ပြုစုစောင့်ရှောက်မှုကို ပိုမိုအောင်မြင်စေရန်ကူညီပေးပါလိမ့်မည်။

 


เริ่มเตรียมการสำหรับทารก

၆. ကလေးအတွက် စတင်ပြင်ဆင်ခြင်း

သင်ဟာအရာတွေကိုစုစည်းပြီး စီစဉ်ရတာကိုနှစ်သက်သူတစ်ယောက်ဆိုရင် ဤကိုယ်ဝန်ဆောင်ခြင်းအတွက်မိမိကိုယ်ကို ပြုစုစောင့်ရှောက်နည်းများသည် ကိုယ်ဝန်ရှိစဉ်မှာဘာတွေဖြစ်လာမလဲဆိုတာမသိရင်တောင်မှ သင့်အတွက်အကြံပြုချက်ကောင်းဖြစ်သည်။

 

ကလေးမရောက်လာမီ သင်လုပ်ဆောင်ရမည့်အရာများစာရင်းကိုစုစည်းထားခြင်းဖြင့် သင့်အားထိန်းချုပ်နိုင်မည်လို.ခံစားရပါသည်။ ၎င်းသည် စိုးရိမ်ပူပန်မှုကိုလျှော့ချနိုင်သည်။ သို.သော် အရာတိုင်းကိုစစ်ဆေးဖို့ ဖိအားမပေးပါနဲ့  အရေးကြီးဆုံးအရာတွေကိုသာ အရင်ဦးစားပေးထားပါ။

                                


บันทึกความรู้สึกของคุณ

၇. သင့်ခံစားချက်များကို မှတ်တမ်းတင်ထားပါ

အမျိုးသမီးအများစုသည် စိတ်ဖိစီးမှုနှင့်စိတ်ခံစားမှုများကို စီမံခန့်ခွဲရာတွင် အထောက်အကူဖြစ်စေသော မှတ်တမ်းတစ်စောင်တွင် ၎င်းတို့၏ခံစားချက်များကိုရေးသားဖော်ပြကြသည်။ လက်ဆောင်ကောင်းတစ်ခုအဖြစ်လည်း ပြုလုပ်ပေးသည်။ သင့်ဘဝ ၏ ဒီစိတ်လှုပ်ရှားစရာအချိန်တွေအတွင်းမှာ သင်ဘယ်လိုခံစားခဲ့ရလဲဆိုတာကို ပြန်ကြည့်နိုင်ပါသည်။


မှတ်တမ်းတင်ခြင်းသည်  အန်ခြင်း ၊ခေါင်းမူးခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်းကဲ့သို့သောလက္ခဏာများကို ခြေရာခံရန်ကူညီပေးနိုင်သည်။ သို.မှသာ အမျိုးမျိုးသောအပြောင်းအလဲများ သင့်၏စိုးရိမ်မှုတွေကို ဆရာဝန်နှင်.မျှဝေနိုင်ပါသည်။

အထက်ဖော်ပြပါးအတိုင်း သင်.ကိုယ်သင်ဂရုစိုက်ခြင်းအပြင် နောက်တစ်ခုကတော့ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုဖြစ်ပါသည် ။ ကိုယ်ဝန်ဆောင်အပ်ခြင်းသည် ဘာတွေစစ်ဆေးတာလဲ။ မိခင်များသည်၎င်းတို့၏ ချစ်လှစွာသောကလေးနှင့် မိခင်၏ ကျန်းမာရေးအတွက် အရည်အသွေးမီသောကိုယ်ဝန်အပ်မှုကိုရွေးချယ်သင့်သည်။ ဒါ.အပြင်ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သောကာကွယ်ဆေးများ၊ မီးဖွားပြီးနောက်စစ်ဆေးမှု နှင့် မီးဖွားပြီးနောက်ကျန်းမာရေးစောင့်ရှောက်မှုတို.သည် မေ့ထားမသင့်သည်.အရာဖြစ်ပြီး ဆောင်းပါးရဲ့အဆုံးမှာဆွေးနွေးသွားပါမည်။


ทำไมต้องไปฝากครรภ์

ဘာကြောင့်ကိုယ်ဝန်အပ်သင့်တာလဲ?

 ကိုယ်ဝန်ဆောင်ချိန်ရက်ချိန်းခြင်းသည် အထွေထွေရောဂါကုသဆရာဝန်၊ သားဖွားဆရာမများနှင့် သက်ဆိုင်သောအဖွဲ့များကို သင်နှင့်သင့်ကလေးအား ကျန်းမာစွာနေထိုင်ရန်စောင်.ရှောက်ဖို.ကူညီပေးနိုင်ပါသည်။ သင့်ကိုယ်ဝန်ကကောင်းနေသည်.အခြေအနေဆိုလျှင်တောင် ဖြစ်နိုင်ချေရှိသောအန္တရာယ်များကိုရှာဖွေဖော်ထုတ်ရန်နှင့် တားဆီးရန် သို့မဟုတ် လျော့ပါးစေရန်အတွက် သင်သည်သင်၏ချိန်းဆိုချက်များကို မှန်မှန်သွားရန်အရေးကြီးပါသည်။

 

စိတ်ကျန်းမာရေး သို့မဟုတ် သင့်ဘဝနေထိုင်မှုပုံစံအတွက် ကူညီပံ့ပိုးအကြံဉာဏ်ပေးခြင်းအပါအဝင် စိုးရိမ်စိတ်၊ စိတ်ဓာတ်ကျတာ စသည်.ပြဿနာမှန်သမျှကို ပြောပြနိုင်ပါသည်။

 

ဤအရာအားလုံးသည် ကိုယ်ဝန်ဆောင်အပ်ခြင်း၏အရေးပါမှုနှင့် ကိုယ်ဝန်ဆောင်အပ်ခြင်း၏ အကျိုးကျေးဇူးများအဖြစ်ယူဆနိုင်သည်ကို မေမေတိုင်းနားလည်ထားသင့်သည်။


ฝากครรภ์แต่ละครั้งต้องตรวจอะไรบ้าง

ကိုယ်ဝန်အပ်တိုင်း ဘာတွေစစ်ဆေးဖို့လိုအပ်သလဲ?

 

မိခင်များအနေဖြင့် ကိုယ်ဝန်ဆောင်အပ်ရန်အတွက် ဆရာဝန်နှင့်ပြသသည်.အခါ လူတိုင်းအမြဲလိုလိုဆရာဝန်ဘာတွေစစ်ဆေးမှာလဲဆိုတာ သံသယရှိကြပါသည်။ ပထမဦးစွာသားဖွားမီးယပ်ဆရာဝန် သို့မဟုတ် သားဖွားဆရာဝန်သည် ကိုယ်ဝန်ဆောင်ချိန် တွင်ပုံမှန်စစ်ဆေးမှုခံယူရန် မိခင်အားရက်ချိန်းပေးမည်ဖြစ်သည်။ ထို့နောက် ရာသီစက်ဝန်း၊ ဆေးဝါးသုံးစွဲမှုနှင့် နာမကျန်းမှုသမိုင်းအစရှိသည့် မိခင်၏ကိုယ်ရေးရာဇဝင်ကိုမေးမြန်းမည်ဖြစ်သည်။

 

ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှု၊ ကိုယ်အလေးချိန်ချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ ပါးစပ်နှင့် သွားများ၊ ရင်သားနှင့် နို့သီးခေါင်းများကိုစစ်ဆေးခြင်းဖြစ်သည်။ RH ဖဟေမိုဂလိုဘင်စနစ်ဖြင်. သွေးစစ်ဆေးမှုကိုလုပ်ဆောင်ပြီး အခြားရောဂါပိုးများကိုစစ်ဆေးရန် ဆီးနမူနာယူမည်ဖြစ်သည်။

อัลตร้าซาวด์ทารกในครรภ์

နောက်တစ်ခုကတော့ ကိုယ်ဝန်အတွင်းရှိကလေးကိုစစ်ဆေးခြင်းဖြစ်သည်။ ဆရာဝန်သည်ကလေး၏ ခန္ဓာကိုယ်တစ်ခုလုံးကိုခွဲခြမ်းစိတ်ဖြာရန် ကလေးငယ်အားအာထရာဆောင်းရိုက်မည်ဖြစ်သည်။ ဝမ်းဗိုက်စမ်းခြင်းမှ အကဲဖြတ်ခြင်း ၊ ကလေး၏ နှလုံးခုန်သံကို နားထောင်ခြင်း ၊ သန္ဓေသားလှုပ်ရှားမှုမှအကဲဖြတ်ခြင်း အဘယ်ကြောင့်ဆိုသော်ကလေးများသည် လှုပ်ခါတတ်သည့်တိုးတက်သည်. ကာလတစ်ခုရှိပါလိမ့်မည်။ နောက်ဆုံးသည် ဆရာဝန်ကသန္ဓေသား၏ အနေအထားကို စစ်ဆေးပါလိမ့်မည်။


ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဘယ်လိုကာကွယ်ဆေးတွေလိုအပ်လဲ

 

ကိုယ်ဝန်ဆောင်မိခင်များတွင် ကာကွယ်ဆေးထိုးခြင်းသည် ရောဂါအမျိုးမျိုးဖြစ်နိုင်ခြေကိုလျှော့ချရန်နှင်.အမေရောကလေးရောပါကျန်းမာစေရန် မိခင်များကိုယ်ဝန်ဆောင်စဉ်တွင်အတူပါရှိသည့် အခြားအရေးကြီးသောကဏ္ဍတစ်ခုဖြစ်သည်။ 

 

သို့သော် ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ထိုးရန်မသင့်တော်သောကာကွယ်ဆေးများဖြစ်သည့် ရေကျောက်ကာကွယ်ဆေး၊ ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကဲ့သို့သည် ကလေးကိုအန္တရာယ်ဖြစ်စေနိုင်သောကြောင့် ဖြစ်နိုင်သည်။ ကာကွယ်ဆေး ထိုးချိန်ရောက်သောအခါတွင် သင်ကိုယ်ဝန်ဆောင်အပ်ထားသောဆရာဝန်က အကြံဉာဏ်ပေးပါလိမ်.မည်။

 

ကိုယ်ဝန်ဆောင်မိခင်များအတွက် ကိုယ်ဝန်ဆောင်ဆေးခန်းများမှအကြံပြုထားသော ကာကွယ်ဆေးများတွင် ဆုံဆို့နာကာကွယ်ဆေး၊ ကြက်ညှာချောင်းဆိုးနှင့် မေးခိုင်၊တုပ်ကွေးကာကွယ်ဆေး၊ အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးစသည်တို.ပါဝင်ပါသည်။

 

  ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် လိုအပ်သောကာကွယ်ဆေးများ ဆောင်းပါးတွင်ပိုမိုဖတ်ရှုပါ။

ฝากท้องและฉีดวัคซีน

အကိုးအကား ကိုယ်ဝန်ဆောင်မိခင်များအတွက် ကာကွယ်ဆေးဆိုင်ရာဆောင်းပါးများ ပါမောက္ခဒေါက်တာဝိဇ္ဇာသီသာဖန်မှ သားဖွားမီးယပ်ဌာန Siriraj ဆေးရုံဆေးပညာဌာန

 

ကိုယ်ဝန်ဆောင်ကာလမှာမိခင်တိုင်းသည်ကျန်းမာရေးကိုကလေးမမွေးခင်အထိ အချိန်အကြာကြီးဂရုစိုက်လာသည်.အပြင်  သားဖွားပြီးသည်.နောက်လည်း သူတို့၏ကျန်းမာရေးနှင်.ကလေးကျန်းမာရေးကိုပါထပ်မံဂရုစိုက်ရပါသည်။ မိခင်ရောကလေးပါ ကျန်းမာနေစေဖို့ သားဖွားမီးဖွားပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ဘာတွေလိုအပ်လဲလေ့လာကြည့်ရအောင်။


ตรวจหลังคลอดที่คลินิกสูตอนรีเวช

မီးဖွားပြီးနောက်စစ်ဆေးခြင်း

ကလေးမွေးဖွားပြီးနောက် 6 ပတ်အကြာတွင်ဆရာဝန်သည် မိခင်နောက်ထပ်စစ်ဆေးမှုပြုလုပ်ရန် ရက်ချိန်းစီစဉ်ပေးမည်ဖြစ်သည်။ အတွင်းပိုင်းအင်္ဂါများ ပုံမှန်ပြန်ဖြစ်ပြီလားကို စစ်ဆေးခြင်းဖြစ်သည်။

ထိုနေ့၌ အလေးချိန်ချိန်ခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း နှင့် သားအိမ်ခေါင်းကင်ဆာရှိမရှိ စစ်ဆေးခြင်းတို့ ပြုလုပ်မည်ဖြစ်သည်။

 

"စစ်ဆေးသည်.နေ.မှာအဆင်ပြေဖို့ ထဘီ ဒါမှမဟုတ် စကပ်ဝတ်လာရပါမယ်"


ကလေးမွေးပြီးရင် ကျန်းမာရေးကိုဘယ်လိုဂရုစိုက်ကြမလဲ

 

အရင်တုန်းကတော့ကလေးမွေးပြီးရင် မိခင်ကိုလူနာတစ်ယောက်ဟုယူဆကြပြီး သာမန်လူနာကဲ့သို့ဆက်ဆံကြသည်။ ဒါပေမယ့်အခုခေတ်မှာတော့ မီးဖွားပြီးသည်.မိခင်တွေသည် ပုံမှန်မွေးပြီးသူတွေပါ ဒါပေမယ့်အာရုံစူးစိုက်မှုလိုအပ်သည်.ရုပ်ပိုင်းဆိုင်ရာ နှင်.စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေရှိပါသည်။ ကလေးမွေးဖွားပြီးနောက်ပြန်လည်ထူထောင်ရေးကာလတွင် ပံ့ပိုးမှုနှင့်အတူမီးဖွားပြီးနောက်ပိုင်းအလေ့အကျင့်တွင် မိမိကိုယ်ကို ကူညီပေးနိုင်သည်။

 

ကိုယ်ဝန်မရှိသည့်အချိန်ကဲ့သို့  တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာမည့်မျိုးပွားအင်္ဂါများသည် ယေဘုယျအားဖြင့် 5-6 ပတ်သည် ခန္ဓာကိုယ်အတွက်လုံလောက်သည်ဟုယူဆပါသည်။  ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာအခြေအနေနှင်. မိခင်၏အခန်းကဏ္ဍနှင့်လိုက်လျောညီထွေဖြစ်အောင် ကလေးထိန်းနိုင်ရန်အချိန်ပိုကြာလိုအပ်ပါသည်။

 

 

မိခင်များလိုက်နာရမည့်ကျန်းမာရေးစောင့်ရှောက်မှုမှာ အာဟာရပြည့်ဝပြီး အာဟာရရှိသည်.အစားအစာတွေကို စားပါ၊ အစပ်အချဉ်၊ လက်ဖက်ရည်၊ ကော်ဖီနှင့်အရက်ဘီယာများရှောင်ပါ။ တစ်နေ့ကိုအနည်းဆုံး 6-8 နာရီထိလုံလောက်အောင်အိပ်ပြီး

 

ခန္ဓာကိုယ်ကိုသန့်ရှင်းအောင် တစ်နေ့လျှင်အနည်းဆုံးနှစ်ကြိမ်ရေချိုးပေးသင့်ပါသည်။ ဝမ်းဗိုက်တွင်ခွဲစိတ်ထားသောအနာရှိပါက ခွဲစိတ်ပြီး 7 ရက်ကြာသည်အထိ ချုပ်ရိုးဖြတ်တောက်ပြီးသည့်တိုင်အောင် ဒဏ်ရာကိုစိုစွတ်ခြင်းမပြုရပါ။ အနာဧရိယာတစ်ဝိုက်ကိုသန့်ရှင်းရေးလုပ်ပေးပါ။


แม่หลังคลอดและสามี

ကလေးမွေးဖွားပြီးနောက် မိခင်၏စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ။ ပြီးပြည့်စုံတဲ့ မိခင်တစ်ယောက်ဖြစ်ဖို့ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာကိုလည်း ထိန်းညှိပေးရပါမည်။ ဤကိစ္စရပ်တွင် အရေးအကြီးဆုံးအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သူ မှာ"ခင်ပွန်း" ဖြစ်ပြီး ကလေးမွေးဖွားပြီးနောက် မိခင်၏မသာယာမှုနှင့်စိုးရိမ်ပူပန်မှုများကို ပြုစုစောင့်ရှောက်ရန်၊ ပံ့ပိုးမှု၊ အားပေးမှု၊ အလေးထားမှုတို့ကို ပြသရမည်ဖြစ်သည်။

 

နေ့စဉ်လုပ်ရိုးလုပ်စဉ်စသည့်နယ်ပယ်အသီးသီးတွင် ကူညီပေးခြင်းအပါအဝင်ကလေးထိန်းပေးခြင်းသို့မှသာ မိခင်များအနားယူခွင့်ရပါမည်။

 

ကိုးကားချက်- ကလေးမီးဖွားပြီးနောက်မိခင်များအတွက်အကြံပြုချက်သည် ကျန်းမာရေးပညာပေးအဖွဲ့မှ Phranangklao ဆေးရုံ နွန်သဘူရီခရိုင်တို.ဖြစ်သည်။


วิธีเลี้ยงลูกสำหรับคุณแม่มือใหม่

မိခင်အသစ်များအတွက် မိဘအုပ်ထိန်းမှုနည်းလမ်းများ

မွေးကင်းစကလေးငယ်ကို အိမ်တွင်ဖြစ်စေ ဆရာဝန်နှင့်ဝေးရာသို့မွေးမြူခြင်းသည် မိဘအသစ်များအတွက်စိုးရိမ်စရာဖြစ်သည်။ ကိုယ်ဝန်ဆောင်အပ်ထားသောဆေးခန်းများ သို့မဟုတ် သားဖွားမီးယပ်ဆေးခန်းများသည် အကြံဥာဏ်တွေပေးပြီး

တတ်ကျွမ်းအောင်လေ့ကျင့်ပေးထားလို့ ဆေးရုံကနေဆင်းရသည်.အခါမိဘများ၏အရည်အချင်းထက်ကျော်လွန်၍မခက်ခဲပါ။ မိဘများသည်၎င်းတို့၏သားသမီးများအတွက် စောင့်ရှောက်မှုပံ့ပိုးပေးနိုင်ရန် အချက်အလက်များပိုမိုလေ့လာရပါမည်။

 

မိခင်အသစ်များအတွက် မိဘအုပ်ထိန်းမှုနည်းလမ်းများသည် ခြေလှမ်းတိုင်းကအရေးကြီးပါသည်။ ကလေးတွေကိုပြုစုပျိုးထောင်ရာမှာ သိထားသင့်သည်.အခြေခံအချက်ကတော့ မိခင်နို့တိုက်ခြင်း၊ ရေချိုးဆံပင်ဆေးခြင်း၊ ချက်ကြိုးစောင့်ရှောက်ခြင်း၊ ကလေး၏စွန့်ထုတ်မှု၊ သင့်လျော်သောအိပ်စက်ခြင်းနှင့်ကိုယ်ဟန်အနေအထား၊ ကျန်းမာရေးစစ်ဆေးခြင်းနှင်.ကာကွယ်ဆေးထိုးခြင်း၊ ကလေးပြုစုပျိုးထောင်ရာတွင်အသုံးပြုသည့်နေရာ၏

သန့်ရှင်းမှုကိုထိန်းသိမ်းခြင်းအပါအဝင် သို့မဟုတ် ကလေးအသုံးပြုသောနို.ဗူးကဲ.သို.အမျိုးမျိုးသောပစ္စည်းကိရိယာများကိုသန့်ရှင်းလုပ်ရန်လိုအပ်ပါသည်။ အဆိုပါနည်းလမ်းများထဲမှ မိခင်များသည် သားဖွားမီးယပ်ဆေးခန်း သို့မဟုတ် ကိုယ်ဝန်ဆောင်အပ်ထားသောဆေးခန်း သို့မဟုတ် သားဖွားဆေးရုံတွင် ဆရာဝန်နှင့်သင်ယူပြီးတိုင်ပင်နိုင်ပါသည်။


 

 

မိခင်၏ကျန်းမာရေးစောင့်ရှောက်မှုအတွက် သားဖွားမီးယပ်ဆေးခန်းကိုဘယ်လိုရွေးချယ်မလဲ

သားဖွားစောင့်ရှောက်မှုအဖွဲ့ကို ဘယ်လိုရွေးချယ်ရမလဲ ဘယ်ဟာကသင့်ဘဝအခြေအနေနဲ့သင့်တော်မလဲ။ အဘယ်ကြောင်.ဆိုသော် သင်ဒီအဖွဲ.မှာနှစ်ပေါင်းများစွာရှိနေမည်ဆိုတာသတိရပါ။ ကိုယ်ဝန်ဆောင်အစကနေ မီးဖွားပြီးချိန်အထိ ဆရာဝန်

သို.မဟုတ် သားဖွားဆရာမနှင်.ပြသရမှာဖြစ်ပါသည်။ ကလေးမွေးဖွားပြီးရင်‌တောင်ဆက်လက်ပြုစုစောင့်ရှောက်ရန်လိုအပ်သောကြောင်. အသင်းကောင်းတစ်သင်းကိုရွေးချယ်ဖို့ကအရမ်းအရေးကြီးပါသည်။

ห้องตรวจ คลินิกสูตินรีเวช
  • သင်၏ယုံကြည်မှုနှင့်ယုံကြည်မှုကိုတည်ဆောက်ပေးနိုင်သော ဆရာဝန်အဖွဲ့ ၊ စုံလင်သောကိရိယာ ၊ နည်းပညာနှင်.အသိပညာတွေ ၊ကျန်းမာရေးကိစ္စတွေအားလုံးကို ဂရုစိုက်တယ်လို့ ခံစားရ‌သောနေရာကိုသာရွေးချယ်ပါ ။

  • ငှာနခွဲများအားလုံးရှိ ကျွမ်းကျင်ပညာရှင်များအဖွဲ့ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန်အဆင်သင့်ဖြစ်ရမည်။ အဘယ်ကြောင်.ဆိုသော် ကိုယ်ဝန်ဆောင်မိခင်တွေကိုပြုစုစောင့်ရှောက်ရာတွင် သားဖွားမီးယပ်ဆရာဝန်တွေတင်မက တခြားကျန်းမာရေးစောင့်ရှောက်မှုကို အထူးပြုသည်.ဆရာဝန်လည်း ရှိရ။ အမေကြောင့် ဆီးချို၊ သွေးတိုး၊ စိတ်ကျန်းမာရေးစသည်ဖြင့် အန္တရာယ်များစွာရှိသည်။ ကိုယ်ဝန်ဆောင်မိခင်တွေသည်  ဆီးချို၊ သွေးတိုး၊ စိတ်ကျန်းမာရေးစသည်ဖြင့် အန္တရာယ်များစွာရှိတက်ကြပါသည်။

  •  သင့်ကိုယ်သင်အရေးကြီးသောအခိုက်အတန့်တိုင်းကိုဂရုစိုက်ဖို. လက်လွတ်မခံစေရန် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုနှင့် ချိန်းဆိုမှုများကို ခြေရာခံရန်မတူညီသောအဆင့်စနစ်ဖြင်.အသုံးပြုထားပါသည်။

เจ้าหน้าที่ประจำคลินิกฝากครรภ์
  • ကောင်းသောပံ့ပိုးကူညီမှုအသင်းနှင့်အတူ သူနာပြုများနှင့်ဘက်စုံကျွမ်းကျင်ပညာရှင်များ အဆင်သင့်ရှိနေပါသည်။

  • အဆင်ပြေမှုနှင့် မြန်ဆန်မှုကိုပေးစွမ်းပြီး လုံခြုံမှုရှိစေရမည်။  မိခင်များအနားယူရန်အချိန်ရှိသင့်သည်မှာအရမ်းအရေးကြီးသောကြောင့် မြန်ဆန်သောဝန်ဆောင်မှုသည်စဉ်းစားရမည့်အရာဖြစ်သည်။

  • သင့်တင့်သောစျေးနှုန်းဖြင့် ဝန်ဆောင်မှုပေးသည့်နေရာကို ရွေးချယ်သင့်သည်။ စျေးလည်းမကြီးသလို အရမ်းလည်းစျေးမပေါသော ကျိုးကြောင်းဆီလျော်သောနေရာကို ရွေးချယ်သင့်သည်။ အဘယ်ကြောင်.ဆိုသော် မွေးပြီးရင်ကလေးပြုစုဖို့ စရိတ်တွေက အများကြီးရှိသေးသည်။ ထို့ကြောင့် သင့်အားဘတ်ဂျက်အနည်းငယ် ချွေတာနိုင်သောဝန်ဆောင်မှုပေးသည့် နေရာကိုသာ ရွေးချယ်ရန်အရေးကြီးပါသည်။

ဝန်ဆောင်မှုကိုရွေးချယ်ရန်အတွက် လမ်းညွှန်ချက်များ

အထွေထွေကုသခြင်းဆေးခန်း


အထက်ဖော်ပြပါအသေးစိတ်အချက်အလက်များအရ ဝန်ဆောင်မှုအားလုံးရှိနိုင်သည်ဖြစ်စေ မရှိသည်ဖြစ်စေသင်ခံစားရပေမည်။ ကျွန်ုပ်တို့အင်ထပ်မီဒယ်ခဲ ဆေးဘက်ဆိုင်ရာဆေးခန်းကိုအကြံပြုပါသည်။ ၎င်းသည် အတိုင်းအတာအားလုံးကိုလွှမ်းခြုံနိုင်

သော ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံတစ်ခုဖြစ်သည်။ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုအတွက်ရွေးချယ်နိုင်သည်၊၊ ၎င်းအတွက်ပေးချေရန် သင့်ပိုက်ဆံအိတ်တွင်သက်တောင့်သက်သာရှိစေကာ၊ မီးဖွားပြီးနောက်စစ်ဆေးမှုကိုလည်း ပြုလုပ်နိုင်

ပါသည်။ အလွယ်တကူစဉ်ဆက်မပြတ် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုအတွက် အပိုဝန်ဆောင်မှုများနှင့်အတူ Ultrasound ကိရိယာများ ခေတ်မီသန့်ရှင်းသောဆရာဝန်များအဖွဲ့ဖြင့် အိမ်သို့လာရောက်လှည်.လည်ခြင်းတို.ရှိပါသည်။


ကုသမှုရလဒ်များကို ရောဂါလက္ခဏာများနှင့်ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးသောက်သုံးခြင်း၏ညီညွတ်မှု ရှိမရှိကိုသိရှိနိုင်ရန် အိမ်တွင်စောင့်ကြည့်နိုင်ပါသည်။ အစားအသောက်၊ လေ့ကျင့်ခန်း၊ စိတ်နေစိတ်ထား သို့မဟုတ် အန္တရာယ်ပြုမူများကဲ့သို့

သော ကုသမှုဆိုင်ရာလူနေမှုပုံစံစဥ်အမူအကျင့်များကို ကြီးကြပ်သည့်ဘက်စုံစည်းကမ်းအဖွဲ့နှင့် သင့်ဆရာဝန်ထံမှအကြံဉာဏ်ကိုလည်းရယူနိုင်သည်။ ကုသမှု၏ထိရောက်မှုကိုတိုးတက်စေရန်ကူညီလိမ့်မည်။
ฝากครรภ์

သားဖွားမီးယပ်ဆေးခန်းတွင် ဆရာဝန်များကမိခင်များနှင့်ကလေးများ၏ ကျန်းမာရေးအကျိုးကျေးဇူးများကြောင့် ကိုယ်ဝန်ဆောင်ချိန် ၁၂ ပတ်မတိုင်မီတွင်ကိုယ်ဝန်ဆောင်အပ်ရန်အကြံပြုထားပါသည်။

၁.ကိုယ်ဝန်အသက်အတိအကျကို အတည်ပြုနိုင်ရပါမည်။

၂. ဆရာဝန်သည်ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန်အန္တရာယ်ဖြစ်စေနိုင်သော ဆီးချိုရောဂါကဲ့သို့သိရှိနိုင်မည်ဖြစ်သည်။

၃. သားအိမ်အပြင်ကိုယ်ဝန်သည်ခြင်းစသည်. မူမမှန်မှုများကိုလျင်မြန်စွာကုသနိုင်ခြင်းဖြစ်သည်။

၄. ကိုယ်ဝန်ဆောင်ကာလအတွက် ဆရာဝန်များသည်သင့်လျော်သောဗီတာမင်များနှင်.အာဟာရကိုထိန်းချုပ်နိုင်မည်ဖြစ်သည်။

၅. ကိုယ်ဝန်ဆောင်မိခင်များအတွက် ပုံမှန်မဟုတ်သောလက္ခဏာများ ပေါ်လာသည်.အခါ အပြုအမူနှင်.ပတ်သက်ပြီး မှန်ကန်သောအသိပညာများရရှိစေမည်။

၆. ကိုယ်ဝန်မအပ်သည်.မိခင်တွေသည် ကိုယ်ဝန်လာအပ်သည်.မိခင်ထက် မွေးလာမည်.ကလေး၏ကိုယ်အလေးချိန် ၃ ဆ လျော့နည်းနိုင်ခြေရှိပါသည်။


 

***ဤစျေးနှုန်းသည် facebook သို့မဟုတ် လိုင်းမှတစ်ဆင့် ဆက်သွယ်၍ ကိုယ်ဝန် 12 ပတ်အောက် ပထမအပ်နှံသူများအတွက်သာဖြစ်ပါသည်။

 

ဤကဲ့သို့သော ဝန်ဆောင်မှုနှုန်းထားများတွင် အောက်ပါအရာများ မပါဝင်ပါ

၁. ပရိုဂရမ်တွင်ပါဝင်သေအကြိမ်အရေအတွက်အပြင် အာထရာဆောင်းစစ်ဆေးခြင်း

၂. အလွန်ပြင်းထန်သောအန်ခြင်း ဆေးရုံတွင်ကုသမှုခံယူရသည်.အခြေအနေ

၃. ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် ကိုယ်ဝန်ဖျက်ချဆေးထိုးပြီးသွေးကျခြင်း

၄. သားအိမ်အပြင်ကိုယ်ဝန်သယ်ခြင်း

၅.ကိုယ်ဝန်ဆောင်ချိန် လမစေ့ဘဲကလေးမီးဖွားခြင်းဝေဒနာကို ကာကွယ်ရန်ဆေးဝါးလိုထိုးဖို.လိုအပ်ခြင်း၊ မတော်တဆထိခိုက်မှုများနှင့် အဖျားတက်ခြင်းစသည်တို.

၆. ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုအစီအစဉ်ထဲမှပါဝင်သောဆေးဝါးများလွှဲ၍ အခြားဆေးဝါးများနှင့်ပစ္စည်းဝန်ဆောင်မှုခများ

၇. ကိုယ်ဝန်ဆောင်စဉ်ဆီးချိုရောဂါစစ်ဆေးခြင်း

၈. သန္ဓေသား၏နှလုံးလုပ်ဆောင်ချက်ကို စစ်ဆေခြင်း

 

အာထရာဆောင်း ultrasound

 

အင်ထပ်မီဒယ်ခဲဆေးခန်းနှင်. သက်စာသောစျေးနှုန်းဖြင်. မီးဖွားပြီးနောက်စစ်ဆေးခြင်း

 

 

သားဖွားစောင့်ရှောက်မှုကိုအင်ထပ်မီဒယ်ခဲဆေးခန်းနှင်.ဆက်လက်ဆောင်ရွက်သည့်အခါ ထပ်လောင်းဝန်ဆောင်မှုများ


အင်ထပ်မီဒယ်ခဲဆေးခန်းတွင် ကိုဝန်အပ်ခြင်း၏ကောင်းကျိုး

ကိုယ်ဝန်ရှိသည်.အခါပထမဆုံးလုပ်သင့်တာကတော့ ကိုယ်ဝန်ဆောင်အပ်ခြင်းဖြစ်ပါသည် ။ ကိုယ်ဝန်ဆောင်အပ်ခြင်းသည်မိခင်များအတွက် မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ကိုအကြံဉာဏ်များ ပေးဆောင်းပြီး ကိုယ်ဝန်ဆောင်ချိန်မှမီးဖွားပြီးချိန်အထိ မိခင်ရောကလေးအတွက်ပါ ကောင်းမွန်သည်. သက်ရောက်မှုရှိစေပါသည်။ အင်ထပ်မီဒယ်ခဲဆေးခန်းတွင် ဝန်ဆောင်မှုစတင်သည့်နေ့မှစ၍ သင့်အား ဂရုစိုက်ပေးမည့်ဆရာဝန်များနှင့် သူနာပြုအဖွဲ့များရှိပါသည်။


အင်ထပ်မီဒယ်ခဲဆေးခန်း၏ ဖောက်သည်တော်တော်များများက နှစ်ရှည်လများယုံကြည်ခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးသောဆေးခန်းဖြစ်ပါသည် ။ စဉ်ဆက်မပြတ်ပြုစုပျိုးထောင်ပြီး မဆုတ်မနစ်ဖွံ့ဖြိုးတိုးတက်လာသောဝန်ဆောင်မှု အရည်အသွေးနှင့် စံချိန်စံညွှန်းများကြောင့် ကျွန်တော်တို့ဟာကျန်းမာရေးစောင့်ရှောက်မှုမှာဦးဆောင်သူဖြစ်ပါသည်။

ฝากครรภ์ที่อินทัชเมดิแคร์คลินิกเวชกรรม

၁. ကျွန်ုပ်တို့တွင်အတွေ့အကြုံရှိသော သားဖွားမီးယပ်အထူးကုဆရာဝန်၊ သူနာပြုနှင့် ဘက်စုံနယ်ပယ်မှ သင်.အတွက်ခြေလှမ်းတိုင်းကိုဂရုစိုက်ဖို့အဆင်သင့်ပါ။

၂.  ကိုယ်ဝန်ဆောင်လာအပ်သောမိခင်တိုင်းအတွက်အရေးကြီးသောအခိုက်အတန့်တိုင်းကိုဂရုစိုက်ဖို.လက်လွတ်မခံစေရန် ကျွန်ုပ်တို့တွင်ခေတ်မီသောနည်းစနစ်ဖြင်.ရက်ချိန်းချိန်းဆိုမှုကိုပြုလုပ်ပေးပါသည်။

၃. ကျွန်ုပ်တို့တွင်အပိုကုန်ကျစရိတ်မရှိဘဲစေတနာစိတ်ဖြင့်ဆောင်ရွက်ပေးလိုသောဝန်ထမ်းများနှင့် အထူးစောင့်ရှောက်မှုဝန်ဆောင်မှုများရှိပါသည်။ 

၄. ကျွန်ုပ်တို့သည် မီးဖွားပြီးနောက်စစ်ဆေးခြင်းဝန်ဆောင်မှုများလည်းရှိသဖြင်. အားလုံးတစ်နေရာတည်းမှာ သင့်ကလေးကိုကောင်းကောင်းစောင့်ရှောက်နိုင်မည်လို့ ယုံကြည်စိတ်ချနိုင်ပါသည်။


မွေးပြီးနောက်သန္ဓေတားလိုအပ်သောမိခင်များသည် လက်မောင်းအောက်သန္ဓေတားဆေး ထည့်သွင်းခြင်းဝန်ဆောင်မှုအတွက် ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်နိုင်ပါသည်။ဆရာဝန်ကသင့်အား မှန်ကန်သောလုပ်ထုံးလုပ်နည်းများကိုအကြံပေးလိမ့်မည်။ မိခင်များကိုစိတ်အေးချမ်းသာစွာဖြင့် သားသမီးများကိုပြုစုစောင့်ရှောက်ရန်ကူညီပေးပြီး နို့တိုက်ခြင်းတွင်လည်းဘေးထွက်ဆိုးကျိုးများမရှိပါ။ ဒါ့အပြင်ကိုယ်ဝန်အသစ်ရဖို့အတွက်လည်း စိတ်ပူစရာမလိုပါတော.ဘဲ သန္ဓေတားဆေးသည်မိခင်များ၏ဘဝနှင့် မိသားစုကိုကောင်းမွန်စွာစီစဉ်နိုင်ပါသည် ။

ให้คำปรึกษาคุณแม่ตั้งครรภ์

အင်ထပ်မီဒယ်ခဲဆေးခန်းတွင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နာတာရှည်ရောဂါများဖြစ်နိုင်ခြေရှိသော မိခင်များ၏အခြေအနေကိုဂရုစိုက်ပြုစုစောင့်ရှောက်ပေးခြင်းသာမက မီးဖွားပြီးနောက်စစ်ဆေးခြင်းကိုပါပြုစုပေးခြင်းဖြစ်သည်။


မီးဖွားပြီးနောက်စစ်ဆေးပေးခြင်းအပြင် သားဖွားမီးယပ်အဖွဲ့မှသန္ဓေတားခြင်းအစီအစဉ်နှင်. အမျိုးသမီးတွေ၏ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးပါသည် ။ မိသားစုလိုပြုစုစောင့်ရှောက်သလိုအဆင်ပြေပြီး ပိုထိရောက်သောကုသမှုကိုခံစားရပါမည် ။   ခေတ်မီသောစက်ကိရိယာများနှင့်အထူးကုဆရာဝန်များ၏ ကြီးကြပ်မှုအဖွဲ့ဖြစ်သဖြင်. ယုံကြည်စိတ်ချရပြီး ဆေးကိုကိုယ်တိုင် သွားယူရန်မလိုဘဲအိမ်တိုင်ရာရောက်ပို့ဆောင်ပေးသောဝန်ဆောင်မှုရှိပါသည်။


စိတ်ပါဝင်စားသူများအတွက် အိမ်အနီးနားရှိဆေးခန်းဌာနခွဲတိုင်းတွင်အင်ထပ်မီဒယ်မီဒယ်ခဲမှ ဝန်ဆောင်မှုကိုအသုံးပြုနိုင်ပါသည်။ အသေးစိတ်အချက်အလက်များအတွက် သို့မဟုတ် ဆရာဝန်နှင့်ရက်ချိန်းယူရန် Google တွင်ရိုက်ရှာမေးမြန်းနိုင်ပါသည်။ 

 


အသေးစိတ်စုံစမ်းမေးမြန်းလိုပါက 
  Hot Line 081-637-2626 ဆက်သွယ်ရန် (မြန်မာစကားပြန်ရှိပါသည်။)
  @qns9056c
  อินทัชเมดิแคร์คลินิกเวชกรรม (အင်ထ‌‌ပ်မီဒယ်ခဲဆေးခန်း)

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy