သန္ဓေသားတားဆေးထိုးခြင်း

 

သန္ဓေသားတားဆေးထိုးခြင်း (Injection Contraceptives) 

       သန္ဓေသားတားဆေးထိုးခြင်းသည် အများအားဖြင်းလုပ်သောနည်းလမ်းတစ်ခုဖြစ်ပါသည်၊ဘာလို့လဲဆိုတော့ဆေးသောက်ဖို့မေ့ခြင်းကိစ္စကိုမလိုပါတော့သည်၊အဲ့တာကြောင့်မေ့တတ်တဲ့သူနဲ့သင့်လျော်ပါသည်၊ထို့နောက်ကိုယ်၀န်တားနိုင်ခြင်းအရည်အသွေးမြင့်မားပါသည်။၎င်းသည်ဉကျခြင်းကိုဟန့်တားစေပြီး သုတ်ရည်၀င်မသွားလောက်အောင်သားအိမ်ခေါင်းအချွဲကိုထူစေပါသည်၊ဒါပေမဲ့အချိန်၁-၃လအထိသာလျှင်ကြာရှည်ခံပါသည်။ထို့နောက်ဆေးကိုအမြဲတမ်းမထိုးပါက မိမိအတွက်ကိုယ်၀န်ရနိုင်ခြေရှိစေပါသည်။

Injection Contraceptives

ฉีดยาคุมกำเนิดที่ต้นแขน

သိလိုချင်သောအကြောင်းအရာကိုရွေးချယ်ပါ

  • တားဆေးထိုးခြင်း (Injection Contraceptives)

  • တားဆေးထိုးသောဆေးအမျိုးအစား

  • တား‌ဆေး၁လစာထိုးခြင်းနှင့်တားဆေး၃လစာထိုးခြင်းသည်ဘယ်ဟာပိုကောင်းမလဲ

  • တားဆေးထိုးခြင်း၏အကျိုးကျေးဇူးများ

  • တားဆေးထိုးခြင်း၏ဆိုးကျိုးများ

  • ကုန်ကျစရိတ်များ

  • တားဆေးထိုးခြင်းနဲ့ပတ်သက်ပြီးမကြာခဏကြုံတွေ့ရသောမေး‌ခွန်းများ

သန္ဓေသားတားဆေးအမျိုးအစားဟော်မုန်း၂မျိုးရှိပါသည်။၎င်းမှာ 

  • ပေါင်းစပ်ထားသောတားဆေးestrogen နှင့် progestogen ဟော်မုန်းများပါ၀င်သည်။ ဒီအမျိုးစားသည် ၁လ အတွင်းကိုယ်၀န်ရှိခြင်းကိုကာကွယ်စေနိုင်ပါသည်၊ပုံမှန်အားဖြင့်လက်မောင်းသို့မဟုတ် ဖင်မှာထိုးပေးပါသည်။ထို့နောက် ဒီဆေးသည်ပုံမှန်အတိုင်း ရာသီလာစေပါသည်။

  • progestogen ဟော်မုန်းပါတားဆေးများသည် ၃လ အတွင်းကိုယ်၀န်ရှိခြင်းကိုကာကွယ်စေနိုင်ပါသည် ၊ပုံမှန်အားဖြင့်လက်မောင်း သို့မဟုတ် ဖင်မှာထိုးပေးပါသည်။၎င်းသည်မိမိရာသီမူမမှန်ခြင်း ကိုဖြစ်စေလိမ့်မည်၊ဉပမာအားဖြင့် စစချင်းသည်ရာသီလာလိုက်ပျောက်လိုက်နှင့် နောက်ပြီးအနည်းငယ်သာလျှင်လာလိိမ့်မည် နောက်ဆုံး၌ရာသီပျောက်သွားစေနိုင်ပါသည်။

ชนิดของยาฉีดคุมกำเนิด
ฉีดยาคุมกำเนิด 1 เดือน และ 3 เดือน

၃လစာဆေးထိုးခြင်းနှင့် ၁လစာဆေးထိုးခြင်းသည် ဘယ်တစ်ခုပိုကောင်းပါသလဲ? 

 

1. ၁လစာဆေးထိုးခြင်း

  • ပေါင်းစပ်ထားသောတားဆေး (estrogen နှင့် progestogen ဟော်မုန်းများ)

  • ထိုးဖို့ရန် လတိုင်းချိန်းပါသည်၊ ၁လ ၁ကြိမ်

  • ရာသီလတိုင်းလာလိမ့်မည်

  • နို့တိုက်နေတဲ့မိခင်နဲ့မသင့်‌တော်ပါ ဘာဖြစ်လို့လဲဆိုတော့ မိခင်၏နို့ရည်ကိုခြောက်ပြီးနည်းပါးစေလိမ့်မည်။

  • လက်‌မောင်းမှာထိုးပေးလိမ့်မည်

  • ရာသီလာပြီး၅ရက်အတွင်းမှာ စထိုးသင့်ပါသည်

2. ၃လစာဆေးထိုးခြင်း

  • ဟော်မုန်းအမျိုးအစားတစ်မျိုးတည်းသာလျှင် (progestogen ဟော်မုန်း)

  • ထိုးဖို့ရန် ၃လ တစ်ကြိမ်ချိန်းပါသည်

  • ရာသီလာလိုက်ပျောက်လိုက်နှင့် သို့မဟုတ် ရာသီမလာခြင်းများဖြစ်လိမ့်မည် (ဒါပေမဲ့ကျန်းမာရေးကိုမထိခိုက်စေပါသည်)

  • နို့တိုက်နေတဲ့မိခင်နဲ့သင့်တော်ပါသည်

  • ဖင်မှာထိုးလိမ့်ပေးမည်

  • ရာသီလာပြီး၅ရက်အတွင်းမှာ စထိုးသင့်ပါသည်

သန္ဓေသားတားဆေးထိုးခြင်း၏ကောင်းကျိုးများ 

  1. တားနိုင်ခြေအရည်အသွေးမြင်းမားပါသည်

  2. လွယ်ကူစွာထိုးနိုင်သည်၊လုပ်ရသောနည်းများလဲရှုပ်ထွေးမှုမရှိပါ၊အမျိုးသမီးများအတွက်အဆင်ပြေစေပါသည်၊၎င်းသည်တခြားဆေးနဲ့ဆန့်ကျင်မှုရှိနိုင်ခြေနည်းသည်

  3. လိင်ဆက်ဆံခြင်းထိရောက်မှုမရှိပါ၊ကိုယ်၀န်ရှိခြင်းစိုးရိမ်မှုလဲပျောက်ကင်းသွားလိမ့်မည်

  4. ဆေးကဒ်နေ့တိုင်းသောက်စရာမလိုပါ

  5. ရက်ချိန်းမှုကိုလဲ ၂ပတ်ကျော်ခွင့်ပြုသည်

  6. မည်သည့်အသက်မဆိုထိုးနိုင်သည်

  7. estrogen ဘေးထွက်ဆိုးကျိုးမရှိပါ

  8. ပြင်ပသန္ငေသားတည်ခြင်း၊သားဉကင်ဆာ၊သားအိမ်အကျိတ်များဖြစ်ခြင်းများကိုကာကွယ်စေနိုင်သည်

  9. သွေးအားနည်းရောဂါမဖြစ်စေပါ အဘယ်ကြောင့်ဆိုသော်ဆေးကိုအချိန်ကြာမြင့်စွာထိုးနေသူအများစုသည်ရာသီလာခြင်းမရှိပေ

ผลข้างเคียงของยาฉีดคุมกำเนิด

သန္ဓေသားတားဆေးထိုးခြင်း၏ဆိုးကျိုးများ 

  1. ရာသီလာခြင်းနည်းပါးစေမည်၊ဒါပေမဲ့အန္တရာယ်များမဖြစ်စေပါ

  2. လူအနည်းစုမှာရာသီလာခြင်းအလွန်များပြီး ၈ရက်ထက်ပိုပြီးရာသီလာစေပါသည်၊ဒီထက်ပိုပြီးလာပါကဆရာ၀န်ကိုတိုင်ပင်သင့်ပါသည်

  3. ရာသီမလာခြင်းဖြစ်လိမ့်မည် ၊ဒါပေမဲ့အန္တရာယ်များမဖြစ်စေပါ

  4. တစ်နှစ်အတွင်းမှာအလေးချိန်၁-၂ကီလိုလောက်တက်လာစေလိမ့်မည်၊ဒါပေမဲ့အစာစားခြင်းနှင့်လေ့ကျင့်ခန်းလုပ်ခြင်းပေါ်လဲမူတည်မည်။အကယ်၍အလေးချိန်အလွန်တက်လာပါကဆရာ၀န်ကိုတိုင်ပင်သင့်သည်

  5. အခြားသောလက္ခဏာများ ဉပမာ ကောင်းမူးခြင်း၊ကောင်းကိုက်ခြင်း၊ရင်တုန်ခြင်း၊စိတ်အာရုံပြောင်းလဲခြင်း၊မောပန်းခြင်

" အကျဉ်းချုပ်။ ။၁လစာတားဆေးနှင့်၃လစာတားဆေးများသည်နှစ်ခုလုံးအရည်အသွေးမြင်းမားမှုရှိပါသည်၊ကောင်းကျိုးရောဆိုးကျိုးပါရှိပြီးကွဲပြားသွားပါသည်၊အဲ့တာကြောင့်ဘယ်တစ်ခုကပိုကောင်းလဲဆိုတာတိတိကျကျအဖြေမရှိပါ။လူနာပေါ်၏အဆင်ပြေမှုပေါ််သက်ဆိုင်ပါလိမ့်မည်။ "

ราคาฉีดยาคุมกำเนิด

အင်ထပ်မီဒယ်ခဲတားဆေးထိုးခြင်း၀န်ဆောင်မှုရယူပါသည် 

၁လစာတားဆေးထိုးခြင်း စတင်သောစျေးနှုန်း 499ဘတ် 

၃လစာတားဆေးထိုးခြင်း စတင်သောစျေးနှုန်း 399ဘတ် 

မှတ်ချက်။ ။ဤစျေးနှုန်းသည်ဆရာ၀န်၏သင့်တော်ပုံမြင်ခြင်းအရပြောင်းလဲနိုင်သည်။


တားဆေးထိုးခြင်းများ

မကြာခဏတွေ့ရသောမေးခွန်းများ


  • တားဆေးကိုဘယ်ချိန်မှာစထိုးသင့်ပါသလဲ?

တား‌ဆေးကိုရာသီလာတဲ့ချိန်၅ရက်အတွင်းမှာထိုးသင့်ပါသည်


  • တား‌ဆေးထိုးပြီးနောက်တခါတည်းလိင်ဆက်ဆံခြင်းရှိနိုင်ပါသလား ?

လိင်ဆက်ဆံချိန်မှာမကာကွယ်ဘဲရ‌အောင်လို့တား‌ဆေးကိုရာသီလာတဲ့ချိန်၅ရက်အတွင်းမှာထိုးသင့်ပါသည်၊‌နောက်ပြီးစထိုးတဲ့ရက်မှာကိုယ်၀န်မဆောင်ဘူးလို့‌သေချာအောင်၊အကယ်၍ရာသီလာတဲ့ချိန်မဟုတ်၍ထိုးရင် 7ရက်‌နောက်ပိုင်းမှ စိတ်ချစွာဖြင့်လိင်ဆက်ဆံခြင်းရှိနိုင်ပါသည်၊တား‌ဆေးထိုးခြင်းသည်လိင်မှတဆင့်ကူးစက်‌သောရောဂါကိုမကာကွယ်‌စေဘူး အဲ့တာ ကြောင့် လိင်မှတဆင့်ကူးစက်‌သောရောဂါကို ကာကွယ်ဖို့ဆိုလိင်ဆက်ဆံချိန်မှာကွန်တုံးကိုသုံးသင့်ပါသည်


  • ရာသီမလာတဲ့ရက်မှာတားဆေးထိုးလို့ရပါသလား ?

တား‌ဆေးထိုးနိုင်ပါသည်၊ဒါ‌ပေပေဆရာ၀န်ထံမှကိုယ်၀န်ကိုစစ်‌ဆေးခြင်းခံယူသင့်ပြီး မထိုးခင်ဆရာ၀န်ထံမှအြကံဉာဏ်ယူသင့်ပါသည်


  • တား‌ဆေးထိုးတဲ့‌နောက်ဘာလို့ရာသီပုံမှန်မလာတာလဲ

တား‌ဆေးထိုးပြီးရာသီမလာတာအများမှာ‌တွေ့နိုင်ပြီးဖြစ်နိုင်ပါသည်၊တ‌ယောက်နဲ့တယောက်လဲမတူညီကြပေ။ဒါ‌ပေမဲ့ မည့်သည့်အန္တရာယ်မှမရှိပါ။


  • ၃လစာဆေးထိုးတာနှင့် ၁လစာ‌ဆေးထိုးတာ ဘယ်လိုကွာခြားသလဲ ?

- ၁လစာ‌ဆေးထိုးခြင်းသည်ပေါင်းစပ်‌ဟော်မုန်းဖြစ်ပြီး (အီစထရိုဂျင်နှင့် ပရိုဂျက်စတင် နှစ်မျိုးလုံးပါရှိသည်) ၁ လ၁ကြိမ်ထိုးရန်ချိန်းလိမ့်မည်။ရာသီပုံမှန်အရလာလိမ့်မည်။
- ၃လစာ‌ဆေးထိုးခြင်းသည် ‌ဟော်မုန်းတစ်မျိုးဖြစ်သောပရိုဂျက်စတင်တခုတည်းပါ၀င်ပါသည်၊၃ လတစ်ကြိမ်ထိုးရန်ချိန်းပါသည်၊ရာသီ‌ပျောက်သွားနိုင်သည်၊ဒါ‌ပေမဲ့ကျန်းမာ‌ရေးကိုမထိခိုက်ပါ။


  • လစာတား‌‌ဆေးထိုးပြီး၃လစာပြောင်းထိုးလို့ရပါသလား (သို့) ၃လစာထိုးပြီး၁လစာ‌ပြောင်းထိုးလို့ရပါသလား

ပြောင်းထိုးမယ်ဆိုရင် နောက်တ‌ခေါက်ထိုးဖို့ချိန်းထား‌သောရက်အတိုင်းလာရပါမည်၊ချိန်း‌သောရက်မတိုင်မီလာနိုင်ပြီးချိန်းရက်‌‌ကျော်ပြီး နောက်ပိုင်းမလာသင့်ပါ


  • တား‌ဆေးထိုးခြင်းသည် ရက်ချိန်းအရထိုးရမလား၊ရက်ချိန်းမတိုင်ခင် သို့မဟုတ် ရက်ချိန်း‌ကျေ်လို့ရပါသလား ?

တား‌ဆေးသည်ဟော်မုန်းအမျိုးအစား၂မျိုးရှိသည်၊အက်ထရိုဂျင်အုပ်စုနှင့်ပရိုဂျက်တင်အုပ်စုများဖြစ်သည်၊ပရိုဂျက်တင်အုပ်စုဟော် မုန်းတည်းရှိ‌သောအမျိုးအစားသည်အချိန်မီထိုးသင့်ပါသည်

ဘယ်လိုဖြစ်ဖြစ်ရက်မတိုင်ခင်ထိုးလိုပါက ‌ယေယျအားဖြင့်၁လစာ‌ဆေးလတိုင်းထိုးရမည့်ဟာသည် ရက်ချိန်းမတိုင်ခင်၇ရက်ကြိုထိုးနိုင်ပြီး ၃လစာ‌ဆေးသည် ရက်ချိန်းမတိုင်ခင် ၂ပတ်ကြိုထိုးနိုင်ပါသည်၊