မိခင်များသိရမည် ကိုယ်၀န်ချိန်ကာလ၌ရရှိသင့်သောကာကွယ်ဆေးများ

 
 
 မိခင်များသိရမည် ကိုယ်၀န်ချိန်ကာလ၌ရရှိသင့်သောကာကွယ်ဆေးများ
 
 

       အသက်အရွယ်တိုင်း၌ ခန္ဓာကိုယ်ခုခံအားကိုမြှင့်တင်ရန်ကာကွယ်ဆေးအားလုံးထိုးရန်လိုသည်။ ကိုယ်ဝန်ရချင်တဲ့အခါမိခင်ကိုယ်တိုင်ကကာကွယ်ဆေးထိုးတာကိုအရေးထားရပါမည်။ ကူးစက်ရောဂါအန္တရာယ်ကာကွယ်ရန် မိခင်အတွက်ကိုယ်ခံစွမ်းအားကိုတည်ဆောက်ရန်နှင့်မမွေးသေးသောကလေးငယ်အတွက်လုံခြုံရန် ဆရာဝန်ကကာကွယ်ဆေးထိုးလိမ့်မည် ဒါကကိုယ်ဝန်မဆောင်ခင်ကနေကလေးမီးဖွားချိန်အထိသက်ရောက်မှုရှိလိမ့်မယ်။  ကိုယ်ဝန်မဆောင်မီနှင့်ကိုယ်ဝန်ဆောင်နေစဉ်ကာလ၌ဘယ်ဆေးတွေကိုထိုးကြရလဲဆိုတာကိုသွားကြည့်ရအောင်-

 

ကိုယ်၀န်မဆောင်ခင်ကာကွယ်ဆေး

       ကိုယ်ဝန်မဆောင်မီကာကွယ်ဆေးများသည် အသည်းရောင်အသားဝါ B ပိုး (Hepatitis B) ကာကွယ်ဆေးဖြစ်သည်။ အသည်းရောင်အသားဝါ B ပိုးကြောင့် ပြင်းထန်သောအသည်းရောင်ရောဂါဖြစ်စေနိုင်သည်။ အသည်းပျက်စီးခြင်းကိုဖြစ်စေနိုင်သည် သို့မဟုတ်အချို့လူများသည်မျိုးရိုးဗီဇရောဂါသယ်ဆောင်သူများဖြစ်နိုင်သည်။ ကိုယ်ဝန်ဆောင်ချိန်မှာဒီပိုးများသည်ကမိခင်ကနေသန္ဓေသားဆီကိုကူးစက်နိုင်ပါသည်။


ကိုယ်၀န်ဆောင်နေစဉ်ကာကွယ်ဆေး

ဆုံဆို့ကာကွယ်ဆေး ကြက်ညှာချောင်းဆိုးနှင့်မေးခိုင်ဆေး

       သင်ကိုယ်ဝန်ရှိနေကြောင်းသိလျှင်ဆုံဆို့ရောဂါကာကွယ်ဆေး ကြက်ညှာချောင်းဆိုးနှင့်မေးခိုင်ဆေးကိုထိုးဖို့ရန်လိုအပ်သည်။ဒီရောဂါဟာမိခင်ရောကလေးပါပါသေစေနိုင်ပါသည်။ ၎င်းသည်ကိုယ်ဝန် ၂၇ ပတ်မှ ၃၆ ပတ်ကြားတွင်ထိုးနိုင်ပါသည်။ အကြောင်းမှာတတိယသုံးလပတ်တွင်ရောဂါကူးစက်မှုခုခံနိုင်စွမ်းကျဆင်းလာသည် ၊ဆေးထိုးသောအခါ၎င်းသည်မိခင်ကိုကာကွယ်ရန်ကူညီလိမ့်မည်။ ၎င်းသည်ဖျားနာခြင်းကိုသက်သာစေပြီးရောဂါမကူးစက်ရန်လွယ်ကူစေသည်။ ကိုယ်ဝန်ဆောင်မိခင်ဖျားနာလျှင်ရောဂါကူးစက်ပါကမိမိသည်မွေးရမည့်အချိန်သတ်မှတ်ထားအတိုင်း အချိန်မတိုင်မီကလေးမွေးရန်အခွင့်အရေးရှိလိမ့်မည်။ ဤကာကွယ်ဆေးသည်၃မျိုးပေါင်းစပ်ပြီး တစ်ချောင်းထဲ၌ထိုးပေးပါသည် ၎င်းထဲပါ၀င်သောဆေးအမျိုးအစားမှာ မေးမေးခိုင်ရောဂါ၊ ကိုယ်၀န်ဆောင်နေကာလနှင့်မွေးပြီးနောက်ကလပါရောဂါကူးစက်မှုများကိုကာကွယ်စေနိုင်ပါမည်။


တုပ်ကွေးရောဂါကာကွယ်ဆေး

       တုပ်ကွေးရောဂါသည်ကိုယ်ဝန်ဆောင်မိခင်များထဲတွင်သာမာန်လူများထက်ပိုမိုပြင်းထန်သောလက္ခဏာရောဂါဖြစ်ပေါ််တတ်သည်၊ အမျိုးမျိုးသောရှုပ်ထွေးမှုများကိုလဲဖြစ်ပေါ်စေနိုင်သည် ဉပမာအားဖြင့် အဆုတ်ရောင်ရောဂါ၊ နှလုံးအမြှေးရောင်ခြင်းနှင့်နှလုံးတိုက်ခိုက်မှုကဲ့သို့ပိုမိုပြင်းထန်သောအခြေအနေများဖြစ်ပြီး၎င်းသည်သေစေနိုင်သည်။ အများအားဖြင့်ဒီတုပ်ကွေးကာကွယ်ဆေးထိုးခြင်းသည် ၁ နှစ်တစ်ကြိမ်ထိုးသင့်ပြီး ၊ ထို့နောက်မိခင်နှင့်ကလေးအားပြင်းထန်သောထိခိုက်မှုကိုလျှော့ချရန်ကိုယ်၀န်ကာလ၄လအထက်ထဲတွင်ထိုးသင့်ပါသည်။ ထို့ကြောင့်ဗိုက်အပ်ခြင်းသည် ဆရာ၀န်အားဖြင့်ပြုစုစောင့်ရှောက်ခြင်းကိုရယူပြီးဆေးထိုးဖို့ရန်မမေ့ဖို့အတွက်လဲကူညီပေးစေပါသည်။

 

       ထို့ကြောင့်ကိုယ်၀န်ရှိပြီးဗိုက်အပ်ဖို့ရန်နေရာရွေးချယ်ပြီးနောက် အပေါ််ကဖော်ပြထားသောအတိုင်းကာကွယ်ဆေးများကိုထိုးဖို့ရန်လဲမမေ့သင့်ပါ ၎င်းသည်အမေနှင့်ကလေးရဲ့ထိခိုက်စေနိုင်မည့်အန္တရာယ်များကိုလျော့‌ချစေနိုင်ပြီး ကုသရန်အတွက်နှင့်လုံခြုံမှုအတွက်များဖြစ်ပါသည်။

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy