လက်မောင်းအရေပြားအောက်ထည့် သား‌ဆက်ခြားပစ္စည်းထည့်ခြင်းနှင့်ထုတ်ခြင်း

 

အင်ထပ်မီဒယ်ခဲး (Intouch Medicare) ဆေးခန်းသည်လက်မောင်းအောက်၌သန္ဓေတားဆေးပစ္စည်းထည့်သွင်းခြင်းနှင့်သန္ဓေတားဆေးထုတ်ခြင်းကိုအထူးကုဆရာဝန်တစ်ဦးမှဆောင်ရွက်ပေး၍ ခဏသာအချိန်ကြာပြီး လုံခြုံသောကိုယ်၀န်တားနည်းဖြစ်ပါသည်၊၊ အဆင်ပြေမြန်ဆန်ပြီးဒဏ်ရာနာကျင်ခြင်းလဲမရှိပါ။ထို့နောက် ကိုယ်ဝန်ကို ၃-၅ နှစ်အထိကာကွယ်ပေးနိုင်ပါသည်။

လက်မောင်းအောက်သန္ဓေတားဆေးထုတ်ရန်လိုအပ်ပါကအလွယ်တကူထုတ်နိုင်ပါသည်။ လက်မောင်းအောက်သန္ဓေတားဆေးကိုဖယ်ရှားလိုက်ပြီးနောက် ကိုယ်ဝန်ဆောင်ရန်လွယ်ကူပါသည် ။ အဘယ်ကြောင့်ဆိုသေ်သန္ဓေတားဆေးကိုဖယ်လိုက်ပြီးနောက် ခန္ဓာကိုယ်ကဟော်မုန်းတွေကို ပုံမှန်ဖြစ်အောင် ၁ လအတွင်း ထိန်းညှိပေးနိုင်သည်.အတွက် ကိုယ်ဝန်ရနိုင်ခြေ မြင့်မားပါသည်။

လက်မောင်းအောက်သန္ဓေတားဆေးထည့်ခြင်းနှင့် သန္ဓေတားဆေးထုတ်ခြင်းကို နားလည်ရန်အောက်ပါအကြောင်းအရာများကိုလေ့လာနိုင်ပါသည်။

  • လက်မောင်းအောက်သားဆက်ခြားပစ္စည်းထည့်ခြင်း (contraceptive implant)

  • လက်မောင်းအောက်သားဆက်ခြားပစ္စည်းထည့်ခြင်းသန္ဓေတားဆေးသည်ကိုယ်ဝန်မရအောင်ဘယ်လိုကာကွယ်နိုင်ပါသလဲ?

  • လက်မောင်းအောက်သန္ဓေတားဆေးအမျိုးအစားများ

  • အခြားသောသန္ဓေတားဆေးအမျိုးအစားနှင့်လက်မောင်းအောက်သားဆက်ခြားပစ္စည်းထည့်ခြင်း၏အရည်အသွေးများ

  • လက်မောင်းအောက်သားဆက်ခြားပစ္စည်းထည့်ရန်သင့်လျော်သောအချိန်

  • လက်မောင်းအောက်သားဆက်ခြားပစ္စည်းထည့်ရန်ပြုလုပ်ပုံအဆင့်ဆင့်

  • လက်မောင်းအောက်သားဆက်ခြားပစ္စည်းထည့်နေချိန်အတောတွင်းသတိပြုရမည့်အချက်များ

  • လက်မောင်းအောက်သားဆက်ခြားပစ္စည်းထည့်ပြီးဘယ်အချိန်တွင်သန္ဓေတားဆေးအာနိသင်အကျိုးသက်ရောက်မှုစရှိပါသလဲ(ဘယ်ချိန်မှာအတူနေလိင်ဆက်ဆံလို့ရနိုင်မလဲ)

  • လက်မောင်းအောက်သားဆက်ခြားပစ္စည်းထည့်ခြင်းရဲ့ဘေးထွက်အကျိုးသက်ရောက်မှုရဲ့အချက်အလက်ဇယားဖြင့်နှိုင်းယှဥ်ခြင်း

  • လက်မောင်းအောက်သားဆက်ခြားပစ္စည်းထည့်ပြီးနောက်လိုက်နာလုပ်ဆောင်ရသည့်အချက်များ

  • လက်မောင်းအောက်သားဆက်ခြားပစ္စည်းအသုံးပြုရန်တားမြစ်ထားသည့်အချက်များ

  • လက်မောင်းအောက်သားဆက်ခြားပစ္စည်းထည့်ခြင်းနှင့်ပက်သက်ပြီးသိကောင်းစရာအကြောင်းအရာများ

  • လက်မောင်းအောက်သားဆက်ခြားပစ္စည်းထုတ်ခြင်း(လက်မောင်းအောက်ကအပ်(ဗိုက်)ချောင်းထုတ်ခြင်း)

  • လက်မောင်းအောက်ကအပ်(ဗိုက်)ချောင်းထုတ်ခြင်းပြုလုပ်ပုံအဆင့်ဆင့်

  • လက်မောင်းအောက်သားဆက်ခြားပစ္စည်းထည့်ခြင့်နှင့်ထုတ်ခြင်းအမေးအဖြေများ

  • လက်မောင်းအောက်သားဆက်ခြားပစ္စည်းထုတ်ပြီးနောက်ပိုင်းအနာဂရုစိုက်ရမည့်အချက်များ

  • အင်ထပ်မီဒယ်ခဲဆေးခန်းတွင်လက်မောင်းအောက်သားဆက်ခြားပစ္စည်းထည်းခြင်းနှင့်ထုတ်ခြင်းပြုလုပ်ရန်သင့်တော်သည့်အကြောင်းအရာများ

  • လက်မောင်းအောက်သားဆက်ခြားပစ္စည်းထည့်ခြင်းနှင့်ထုတ်ခြင်းစျေးနှုန်းများ


လက်မောင်းအောက်သန္ဓေတားဆေးထည့်ခြင်း (Contraceptive implant)

လက်မောင်းအောက်သန္ဓေတားဆေးထည့်ခြင်းဆိုသည်မှာ လက်မောင်း၏အရေပြားအောက်နေရာတွင်တားဆေးကိုထည့်သွင်းခြင်းဖြစ်သည်။ အသုံးနည်းသောလက်မောင်းဘက်တွင် ကောက်ရိုးမှ 8-10 စင်တီမီတာခန့်အကွာတွင် တားဆေးကိုထည့်သွင်း ခြင်းဖြစ်သည်။လက်မောင်းအောက်သန္ဓေတားဆေးထဲတွင် ပိုဂျက်စတိုဂျင်( progestagen ) ဟော်မုန်းပါဝင်သော (3နှစ်စာကိုယ်ဝန်တားနိုင်ခြင်း ) သို.မဟုတ် လီဝိုနော်ဂျက်စတင် (levonorgestrel) ဟော်မုန်းပါဝင်သော (5နှစ်စာကိုယ်ဝန်တားနိုင်ခြင်း)  တို.ရှိပါသည်။ ဆေးအမျိုးအစားပေါ် မူတည်၍ ကိုယ်ဝန် ၃ နှစ် သို့မဟုတ် ၅ နှစ်အထိ ကိုယ်ဝန်ကာကွယ်ပေးပြီး ဘေးကင်းအဆင်ပြေသော ထိရောက်မှု မြင့်မားသော သန္ဓေတားဆေးဟု ယူဆပါသည်။

 

 


လက်မောင်းအောက်သန္ဓေတားဆေးက ကိုယ်ဝန်မရအောင် ဘယ်လိုကာကွယ်နိုင်မလဲ

၁. လက်‌မောင်းအောက်သန္ဓေတားဆေးသည် သားအိမ်ခေါင်းတစ်ဝိုက်ရှိ ချွဲများကို ပုံမှန်ထက်ပိုထူစေနိုင်သည်။ ထို့ကြောင့်အမျိုးသားသုတ်ပိုးသည် ဖြတ်သန်းရန် အခွင့်အလမ်းပိုခက်ခဲစေသစေ။

၂. အကယ်၍သုတ်ပိုးသည် သားအိမ်ခေါင်းထဲသို.ဝင်နိုင်လျှင် သားအိမ်အလွှာကပါးလွှာလာပြီး မျိုးဥကိုမျိုးမအောင်နိုင်အောင်ဖြစ်စေသည်။

၃. မျိုးဥထွက်ခြင်းကိုတားမြစ်ပေးပါသည်။

 


လက်မောင်းအောက်သန္ဓေတားဆေး၏အမျိုးအစားများ

လက်မောင်းအောက်သန္ဓေတားဆေးအမျိုးအစားများသည် သုံးဆွဲသောဆေးပေါ် မူတည်၍အမျိုးအစားခွဲခြားနိုင်သည်။ ပထမဆုံးအသုံးပြုသောဆေးအမျိုးအစားမှာ ပရိုဂျက်စတီဂျင်ဟော်မုန်းတစ်မျိုးတည်းပါသောဆေးအမျိုးအစားဖြစ်သည်။ ဤအုပ်စုထဲ

တွင်သန္ဓေတားဆေးအဖြစ်အသုံးပြုသောဆေးမှာ အေထိုနိုဂျင်စတေ (Etonogestrel) ဟုခေါ််သောဆေးသည်ကိုယ်ဝန် ၃ နှစ်အထိတားနိုင်ပြီး ဒုတိယအမျိုးအစားမှာ လီဝိုေနာ်ဂျက်စတင် (levonorgestrel)  ဟော်မုန်းသည် ကိုယ်ဝန် ၅ နှစ်အထိတားနိုင်ပါသည်။

 

  သန္ဓေတားနည်း ၅ မျိုးကို နှိုင်းယှဉ်ခြင်း  လက်‌မောင်းအောက်သန္ဓေတားဆေး နှင့် တခြားသန္ဓေတားဆေး၏ခြားနားချက်

ယခုခေတ်အသုံးပြုသောလက်‌မောင်းအောက်သန္ဓေတားဆေးသည် တားဆေးအချောင်းရေအတွက်အလိုက် အမျိုးအစားခွဲခြားထားသည်။ ပထမအမျိုးအစားမှာ ၁ ချောင်းတည်းပါသောသန္ဓေတားဆေးသည်ကိုယ်ဝန်  ၃ နှစ်အထိတားနိုင်ပြီ ဒုတိယအမျိုး အစားမှာ ၂ ချောင်းပါသောသန္ဓေတားဆေးသည်ကိုယ်ဝန်  ၅ နှစ်အထိတားနိုင်ပါသည်။ သန္ဓေတားဆေးအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁. တားဆေး ၁ ချောင်းတည်းပါသောလက်မောင်းအောက်သန္ဓေတားဆေး (၃ နှစ်တားဆေး)

၃ နှစ်စာလက်မောင်းအောက်သန္ဓေတားဆေးသည် ဆေးချောင်း ၁ ချောင်းသာဖြစ်ပြီး အီထိုနိုဂျက်စတင် (etonogestrel) 68 မီလီဂရမ် ပါဝင်ပါသည်။ ဆေးချောင်းအရွယ်အစားခန့်မှန်းခြေမှာ 2 x 40 မီလီမီတာ ရှိပါသည်။ တားဆေးကိုလက်မောင်း

အောက်တွင် ထည့်သွင်းပြီးနောက်  ၅-၆ ပတ်မြောက်တွင် တားဆေးချောင်းတွင်တစ်နေ့လျှင် ဟော်မုန်း 60-70 မိုက်ခရိုဂရမ်ထုတ်ပေးသည်။ ပထမနှစ်နှင်.ဒုတိယနှစ်အကုန်တွင် တစ်နေ့လျှင် ၃၅-၄၅ မိုက်ခရိုဂရမ်အထိ လျှော့ချပေးပြီး

တတိယနှစ်ရဲ့အဆုံးမှာ တစ်နေ့လျှင် 25-30 မိုက်ခရိုဂရမ်သို့လျှော့ချသည်။ ၃ နှစ်အထိကိုယ်ဝန်တားနိုင်ပါသည်။

 ၂. တားဆေ ၂ ချောင်းပါသောလက်မောင်းအောက်သန္ဓေတားဆေး (၅ နှစ်စာတားဆေး )

၃ နှစ်စာလက်မောင်းအောက်သန္ဓေတားဆေးသည် သေးငယ်ပျော့ပြောင်းသော ဆေးချောင်း ၂ ချောင်းဖြစ်ပြီး လီဝိုနော်းဂျက်စတင်ဟော်မုန်း (levonorgestrel) 75 မီလီဂရမ်ပါဝင်ပါသည်။  ဆေးချောင်းအရွယ်အစားခန့်မှန်းခြေမှာ 2.5 x 43 မီလီမီတာ ရှိပါသည်။

တားဆေးကိုလက်မောင်း၏အတွင်းပိုင်းအရေပြားအောက်တွင် ထည့်သွင်းပြီးတစ်နေ့လျှင် လီဝိုနော်းဂျက်စတင်ဟော်မုန်း (levonorgestrel) ပမာဏ 40-100 မိုက်ခရိုဂရမ်ကို တဖြည်းဖြည်းထုတ်ပေးပါသည်။

အစပိုင်းတွင် မြင့်မားသောဟော်မုန်းများထုတ်ပေးပြီး တည်ငြိမ်သည်အထိတဖြည်းဖြည်းလျော့ကျသွားမည်။ တာရှည်ခံပြီး 5 နှစ်အထိ ထိရောက်မှုရှိသည်။ ထုတ်ပေးသည်။

အင်ထပ်မီဒယ်ခဲဆေးခန်းမှလက်မောင်းအရေပြားအောက်သား‌ဆက်ခြားပစ္စည်းထည့်ခြင်းနှင့်ထုတ်ခြင်းများ၀န်ဆောင်မှု

လက်မောင်းအောက်၌တားဆေးထည့်ခြင်း

  • ၅ နှစ်သား‌ဆက်ခြားပစ္စည်းထည့်ခြင်း ဈေးနှုန်း 5,990 ဘတ်
  • ၃ နှစ်သား‌ဆက်ခြားပစ္စည်းထည့်ခြင်း ဈေးနှုန်း 5,650 ဘတ်
  • သား‌ဆက်ခြားပစ္စည်းထုတ်ခြင်း စတင်သော ဈေးနှုန်း  2,990 ဘတ် 

    မှတ်ချက်။ ။ 1. ဈေးနှုန်းသည် ဆရာဝန်အားဖြင့် ဦးစွာအကဲဖြတ်ရန်လိုအပ်ပြီးတစ်ဉီးနှင့်တစ်ဉီးကွဲပြားသွားမည်။ 
                  2. ဒီနည်းလုပ်ဆောင်ခြင်းသည်ဆရာ၀န် သို့မဟုတ် သူနာပြုနဲ့သာလျှင်လုပ်ဆောင်ရပါမည်။မိမိကိုယ်တိုင်မလုပ်ဆောင်သင့်ပါ၊မယူထုတ်သင့်ပါ။
image
image
image

လက်မောင်းအောက်မှာသန္ဓေသားတားဆေးထည့်ခြင်းနှင့်ပတ်သက်၍မကြာခဏကြုံတွေ့ရသောမေးခွန်းများ 

 

  • သား‌ဆက်ခြားပစ္စည်းထည့်ခြင်းသည်အနာဂတ်မှာကလေးရဖို့ခက်ပါသလား?

ယာယီကိုယ်၀န်တားချင်သောသူများအတွက်သည် အနာဂတ်မှာကလေးယူဖို့ခက်လား လွယ်လားဟုအမြဲသံသယဖြစ်ကြပါသည်။ဒီနည်းလမ်းသည် မိမိထုတ်ပြီးနောက်ပိုင်းကလေးရဖို့မခက်ပါ၊ထုတ်ပြီးနောက်ပိုင်းသည် ကလေးအလွယ်တကူရနိုင်ပါသည်။

ပလတ်စတစ်အချောင်းဆေးထုတ်ပြီးနောက်ပိုင်းသည် ခန္ဓကိုယ်ထဲရှိဟော်မုန်းများလျင်မြန်စွာပြောင်းလဲစေပါသည် ခန္ဓာကိုယ်ကဟော်မုန်းပမာဏကိုမြန်မြန်ထိန်းညှိလိမ့်မည် ၊မျိုးဥများသည် ၁-၂ လအတွင်းပုံမှန်မျိုးဥထွက်နိုင်သည်၊ ဆိုလိုသည်မှာ ၁ နှစ်အတွင်းချက်ချင်းကိုယ်ဝန်ပြန်တက်ရန်အလားအလာမြင့်မားသည်။ ထို့ကြောင့်အနာဂတ်တွင်ခက်ခဲစွာကလေးများရှိမည်ကိုစိုးရိမ်သောမိခင်များသည်၎င်းအတွက်စိတ်မပူစရာမလိုပါတော့သည်။

 


  • ရက်လွန်သောသန္ဓေတားဆေးထည့်သွင်းခြင်းသည်အန္တရာယ်ရှိပါသလား။?

ကိုယ်ရေးကိုယ်တာအကြောင်းအမျိုးမျိုးကြောင့်သတ်မှတ်အချိန်ထက် ပိုကြာသောသန္ဓေတားဆေးထည့်သွင်းခြင်းသည် အန္တရာယ်ရှိသောဘေးထွက်ဆိုးကျိုးများမဖြစ်စေပါ။ သို.သော် သက်တမ်းလွန်ပြီးသန္ဓေတားဆေးကိုမထည်.သင်.ပါ။ အဘယ်ကြောင်.ဆိုသော် သက်တမ်းလွန်သောသန္ဓေတာ‌ဆေးအပ်ထုတ်ရန် ခက်ခဲစေပါသည်။ တချို.သောသူသည် သန္ဓေတာ‌ဆေးဖယ်ထုတ်ရန် ခွဲစိတ်ရပါသည်။

မိမိအဆင်ပြေသောအချိန်တွင်တားဆေးသွားထုတ်နိုင်ပါသည်၊၊ သို.သော် သန္ဓေတားဆေးသက်တမ်းကုန်ပါက အခြားသောနည်းလမ်းဖြင့်ကိုယ်၀န်တားရန်လိုအပ်ပါသည်၊၊ အဘယ်ကြောင်.ဆိုသော် ထည့်ထားသည်.တားဆေးအပ်သည် အာနိသင်မရှိ သောကြောင်.ဖြစ်သည်။ လိင်ဆက်ဆံချိန်ကာကွယ်ခြင်းမရှိပါက ကိုယ်၀န်ရှိနိုင်ခြေအလွန်မြင့်မားပါသည်။

 

  •  သန္ဓေတားဆေးကို ရက်လွန်စွာထည့်သွင်းခြင်းသည် ကိုယ်ဝန်ကို တားဆီးနိုင်ပါသလား။?

ကိုယ်ဝန်ရနိုင်ခြေမြင့်မားသည် သို့မဟုတ် ကိုယ်ဝန်မရအောင်ကာကွယ်ရာတွင် အကျိုးသက်ရောက်မှုအနည်းငယ်သာရှိပါသည်။ အဘယ်ကြောင့်ဆိုသော်ဟော်မုန်းသည် သုံးစွဲမှုတွင်လျော့နည်းနေပြီဖြစ်သည်။ သန္ဓေတားဆေးထိုးခြင်းသည် အခြား

စိတ်ဝင်စားဖွယ်ရွေးချယ်မှုတစ်ခုဖြစ်ဖြစ်ပြီး ကိုယ်ဝန် ၁ လမှ ၃ လအထိတားနိုင်ပါသည်။

သန္ဓေတားဆေးထည့်သွင်းခြင်းအတွက် အမေးများသောမေးခွန်းများကို ပိုမိုဖတ်ရှုရန်

 

  • သန္ဓေတားဆေးထိုးအပ်ကို ဖယ်ရှားပြီးနောက် ဘေးထွက်ဆိုးကျိုးများ ရှိပါသလား?

ဒီမေးခွန်းသည်မကြာခဏမေးလာကြပါသည်၊၊ သို.သော် ဘေးထွက်ဆိုးကျိုး သို့မဟုတ် အန္တရာယ်ရှိသောလက္ခဏာများလုံးဝမရှိသောကြောင့်ဖြစ်သည် စိုးရိမ်စရာမလိုပါ။ ဒါပေမယ့် ခွဲစိတ်ဒဏ်ရာတဝိုက်မှာသာ နည်းနည်းပါးပါးနာကျင်မှုကိုခံစားစေနိုင်ပြီး ပုံမှန်လက္ခဏာဟု ယူဆနိုင်ပါသည်။


  • သန္ဓေတားဆေးကိုဖယ်ရှားပြီးနောက် အသစ်ပြန်လည်ထည့်သွင်းခြင်းကို ဆက်လက်လုပ်ဆောင်နိုင်ပါသလား။ ?

သန္ဓေတားခြင်းကိုဆက်လက်လုပ်ဆောင်လိုသူများသည် ဆရာဝန်ထံတိုက်ရိုက်အကြောင်းကြားနိုင်ပါသည်။ သန္ဓေတားဆေးအပ်ကို ချက်ချင်းဆက်လက်ထည်.သွင်းနိုင်ပါသည်။ ဆရာဝန်သည်သန္ဓေတားဆေးအပ်ထည်.ခြင်းကိုဆက်လက်ပြုလုပ်ပြီး စဉ်ဆက်မပြတ်သန္ဓေတားရန် ကူညီပေးပါသည်။ ကိုယ်ဝန်ပြဿနာအတွက် စိတ်ပူစရာမလိုတော.ပါ ။ သန္ဓေတားဆေးကို ဖယ်ထုတ်ပါက ကိုယ်ဝန်ရနိုင်ခြေမြင်.မားပါသည်။

 

  • ถอดยาคุมแล้วจะมีลูกเลยได้ไหม သန္ဓေတားဆေးအပ်ကိုထုတ်ပြီးနောက် ကလေးရနိုင်ပါသလား။?

သန္ဓေတားဆေးအပ်ကိုဖြုတ်ပြီးလျှင်ကလေးလိုချင်သူများအတွက် ခန္ဓာကိုယ်သည် ၁-၂ လအတွင်းပုံမှန်အတိုင်းလျင်မြန်စွာထိန်းညှိပေးသည်။ အမျိုးသမီး အများစုသည် ၃ လအတွင်း မျိုးဥထွက်တတ်သည်။ ထို.နောက်မှာ ခန္ဓာကိုယ်ကပုံမှန်ပြန်ဖြစ်လာပြီး ကလေးယူခွင့်ချက်ချင်းရလာမှာပါမည်။ သင့်ကိုယ်သင် ဘယ်လိုဂရုစိုက်ရမလဲဆိုသည်မှာ ဆရာဝန်နှင်.တိုင်ပင်ဆွေးနွေးဖို့ အကြံပြုပါသည်။

ပဋိသန္ဓေတားဆေးကိုဖယ်ရှားပြီးနောက်ကိုယ်ဝန်ရှိပါက မိခင်နှင့်ကလေးအတွက်အထိရောက်ဆုံးပြုစုစောင့်ရှောက်မှုအတွက် ကိုယ်ဝန် ၁၂ ပတ် မတိုင်မီတွင် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကိုလုပ်ဆောင်ရန် ကိုယ်ဝန်အပ်ဖို.အကြံပြုပါသည်။ ကိုယ်ဝန်အပ်ခြင်းသည် မိခင်များကိုမည်သို့ သင့်လျော်စွာဂရုစိုက်ရမည်ကိုအကြံဉာဏ်ပေးခြင်းဖြစ်သည်။ မူမမှန်မှုတစ်ခုခုဖြစ်သည့်အခါ အပြုအမူနှင့်ပတ်သက်သောတိကျသောအသိပညာပေးခြင်းနှင်. ကိုယ်ဝန်ဆောင်စဉ်ကောင်းမွန်စွာဆက်ဆံကူညီပေးပါသည်။

 

  •  သန္ဓေတားဆေးကိုသတ်မှတ်ချိန်မတိုင်မီ သို့မဟုတ် သတ်မှတ်ချိန်လွန်ပြီးဖယ်ရှားနိုင်ပါသလား။?

ပဋိသန္ဓေတားဆေးကိုဖယ်ရှားခြင်းသည် ဆရာဝန် ညွှန်ကြားသည့်အချိန်မတိုင်မီ သို့မဟုတ် သတ်မှတ်ချိန်ကျော် လွန်ပြီးသည်နှင့်မသက်ဆိုင်ပါ။ ကိုယ်ဝန်ရယူရန်တားဆေးအပ်ဖယ်ချင်လျှင် ဘေးထွက်ဆိုးကျိုးမရှိဘဲချက်ချင်းထုတ်လို့ရပါသည်။ သို့မဟုတ် သတ်တမ်းကုန်သောတားဆေးအပ်ကို ဖယ်ရှားရန်အချိန်မရှိပါက ထားခဲ့နိုင်ပါသည်။ သို.သော် သတ်တမ်းကုန်သောတားဆေးအပ်ကို ၁ လထက်ပိုပြီးမထားသင်.ပါ။ တားဆေး၏ အရည်အသွေးသည် ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်ခြေမရှိတော.ပါ။ 

တားဆေးအပ်ကိုဖယ်ရှားခြင်းအတွက် အမေးများသောမေးခွန်းများကို ဖတ်ရှုပါ




လက်မောင်းအရေပြားအောက်ထည့်သား‌ဆက်ခြားပစ္စည်းထုတ်ပြီးနောက်ပိုင်းပြုစုစောင့်ရှောက်ခြင်း

  • သား‌ဆက်ခြားပစ္စည်းထုတ်ထားသောလက်တခြမ်းကိုပစ္စည်းအလေးမမှသင့်ပါ။

  • ရေမထိရပါ ‌ရေမချိုးသင်.ပါ။ ရေစိုခံအနာကပ်ပလတ်စတာကပ်ထားပါက ရေထိနိုင်ပါသည်။

  • အနာမကိုက်ခဲလျှင်ပုံမှန် ၅-၇ ရက်နောက်ပိုင်းအနာမှာကပ်ပေးထားသောပလတ်စတာကိုယူထုတ်နိုင်ပါသည်၊၊အကယ်၍အလွန်ကိုက်ခဲပြီးသွေးထွက်ပါကဆရာ၀န်ကိုချက်ချင်းလာပြရပါမည်။

*ဒီနည်းလုပ်ဆောင်ခြင်းသည်ဆရာ၀န် သို့မဟုတ် သူနာပြုနဲ့သာလျှင်လုပ်ဆောင်ရပါမည် ၊၊မိမိကိုယ်တိုင်မလုပ်ဆောင်သင့်ပါ ကိုယ်တိုင်မထုတ်ယူသင့်ပါ ၊၊ အန္တရာယ်ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။


This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy