မိန်းကလေးများသိထားသင့်သောအနံ့ရှိတဲ့အဖြူဆင်းခြင်းအကြောင်

 

အမျိုးသမီးတိုင်းသိထားသင်.သော အနံ့ပါသောအဖြူဆင်းခြင်း

 

အဖြူဆင်းခြင်းသည် အမျိုးသမီးတိုင်း ကြုံတွေ့ရမည်.အရာဖြစ်ပါသည်။ များသောအားဖြင့် ကလေးမွေးဖွား နိုင်သည့်အရွယ် အမျိုးသမီးများတွင် ပုံမှန်အားဖြင့် မိန်းမကိုယ်မှအဖြူဆင်နိုင်‌‌‌ချေရှိပါသည်။ ၄င်းသည်ခန္ဓာကိုယ်အတွက် ဆိုးကျိုးမရှိပါ။

 

အဖြူဆင်းခြင်းသည် အမျိုးသမီးတိုင်း ကြုံတွေ့ရမည်.အရာဖြစ်သောကြောင်. ရှက်စရာမဟုတ်ပါ။ ရောဂါပိုးမွှားများကို ကာကွယ်ရန်နှင့် ပုံမှန်မဟုတ်သော အဖြူဆင်းခြင်းမဖြစ်စေရန်အတွက် မိန်းမကိုယ်ကို သန့်ရှင်းစေရန်အရေးကြီးပါသည်။

 

အနံ့ပါသောအဖြူဆင်းခြင်းသည် အမျိုးသမီးတိုင်း မိမိကိုယ်ကိုယ်စောင့်ကြည့်ရန် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ရန် လိုအပ်သည့် သတိပေး အချက်ပြမှု ဖြစ်သည်။

ตกขาวของผู้หญิง

အဖြူဆင်းခြင်းအကြောင်းပိုမိုနားလည်ရန် သင့်အား ပို့ဆောင်ပေးပါမည်။ အဘယ်ကြောင်.ဆိုသော် ထူးဆန်းသောအဖြူဆင်းခြင်းသည် ခန္ဓာကိုယ်တွင်း မူမမှန်သော လက္ခဏာကိုဖော်ပြခြင်းဖြစ်သည်။

 

အဖြူဆင်းခြင်းဆိုင်ရာအချက်အလက်များ

ตกขาวคืออะไร

အဖြူဆင်းခြင်းသည်ဘာလဲ

အဖြူဆင်းခြင်းသည် မိန်းမကိုယ်အပြင်သို့ စီးဆင်းလာသည်. သွေးမဟုတ်သောအရည်ကြည် သို.မဟုတ် နို.နစ်ရောင်ကဲ့သို. မိန်းမအင်္ဂါအရေပြားကို ချောမွေ. စိုစွတ်စေပြီး ယားယံမှုဖြစ်စေသည်အထိ မခြောက်ပါ။


အဖြူဆင်းခြင်းသည် ဟန်ချက်ညီအောင် ကူညီပေးပြီး မိန်းမကိုယ်ရှိ အက်ဆစ်အခြေအနေကို ချိန်ညှိပေးခြင်းနှင်. မိန်းမကိုယ်ထဲကို ၀င်လာတဲ့ ပိုးမွှားတွေကိုလည်း သေစေပါသည်။ အဖြူဆင်းခြင်းသည် အခြားအသက်အရွယ် အမျိုးသမီးများထက် ကလေးမီးဖွားနိုင်သည့်အရွယ်အမျိုးသမီးမျာတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကလေးမီးဖွားနိုင်သည့်အရွယ်အမျိုးသမီးမျာတွင် အမျိုးသမီးဟော်မုန်းများ ပိုမိုထုတ်လုပ်နိုင်သော ကာလ ဖြစ်သည်။ 

ตกขาว เกิดขึ้นได้อย่างไร

ဘာကြောင်.အဖြူဆင်းတာလဲ

 

အဖြူဆင်းခြင်းသည် မိန်းမကိုယ်နှင်.သားအိမ်ခေါင်းတို့မှ ထုတ်လုပ်လာခြင်းသည်။ များသောအားဖြင်. မိန်းမကိုယ်မှအဖြူဆင်းခြင်းသည် ခန္ဓာကိုယ်ပြောင်းလဲမှုအရ ကွဲပြား နိုင်ပြီး

 

ရုပ်ပိုင်းဆိုင်ရာ မူမမှန်မှုများကို ညွှန်ပြ ခြင်းဖြစ်သည်။

 

ပုံမှန်အဖြူဆင်းခြင်းသည် နို.နစ်အဖြူရောင် သို.မဟုတ် အနံ့မရှိသော ယားယံခြင်းမရှိသော အရည်ကြည်ဖြစ်ပါသည်

ตกขาวมีกลิ่นเกิดขึ้นได้อย่างไร

အနံ့ပါအဖြူဆင်းခြင်းသည် ဘာကြောင့်ဖြစ်စေသလဲ

မိန်းမကိုယ်အတွင်း ပိုးဝင်ခြင်းကြောင့် အဖြူဆင်းပြီး အနံ့ဆိုးထွက်ခြင်း၊ ယားယံခြင်း၊မိန်းမကိုယ်မှအဖြူဆင်းခြင်းအရောင်သည် ပုံမှန်မှပြောင်းလဲသွားခြင်း သို့မဟုတ် ဆီးသွားစဉ် နာကျင်ခြင်း ဖြစ်သည်။  အနံ့ဆိုးပါသောအဖြူဆင်းခြင်းသည် မနှစ်မြို့ဖွယ်ရာအခြေနေဖြစ်သည်။


စိုးရိမ်ပူပန်မှုရှိလာသည်အထိ အချို့သူများတွင် ငါးညှော် နံ့ကဲ.သို. အနံ့သည် အပြင်သို့ လွင့်နေနိုင်သည်။


အနံ့ပါသောအဖြူဆင်းခြင်းသည် လစဉ်ရာသီသွေးမလာခင် နှင်. လာပြီးနောက် ဖြစ်ပေါ်် တက်ပြီး တစ်ခါတစ်ရံ လိင်ဆက်ဆံနေစဉ် ချစ်သူများနှင့် ဆက်ဆံရေးတွင် ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါသည်။

 

 

မိန်းမကိုယ်သန်.ရှင်းရေးလုပ်နည်း

  • မိန်းမကိုယ်သန်.ရှင်းရေးလုပ်နည်းသည် အဖြူဆင်းခြင်းနှင်. မိန်းမကိုယ်အတွင်းပိုး၀င်ပြီး အနံ့ပါသောအဖြူဆင်းခြင်းအပေါ် သက်ရောက်မှုရှိသည်။

  • မိန်းမကိုယ်ကို သန့်စင်ရန် အကောင်းဆုံးနည်းလမ်းမှာ ရိုးရိုးရေကို အသုံးပြုပြီး ခြောက်အောင်သုတ်ပါ။

  • အမျိုးသမီးလစဉ်သုံး ပစ္စည်းများမကြာခဏပြောင်းခြင်းနှင်. အတွင်းခံဘောင်းဘီကို သန့်ရှင်းအောင်ထားပါ။

  • မိန်းမကိုယ်မှပုံမှန်မဟုတ်သော အဖြူဆင်းခြင်းဖြစ်ပေါ်် ပါက သင်ကိုယ်တိုင် မသိမ်းဆည်းရန်အရေးကြီးပါသည်။ ၎င်းသည်အတွင်းရောဂါ၏ လက္ခဏာတစ်ခုဖြစ်နိုင်ပါသည်။

  • ပုံမှန်မဟုတ်သော လက္ခဏာများတွေ့ရှိပါက မှန်ကန်သောကုသမှုရယူရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။


ลักษณะของตกขาวที่ปกติ

ပုံမှန်အဖြူဆင်းခြင်း၏လက္ခဏာများ

ကလေးမီးဖွားနိုင်သည်.အရွယ်အမျိုးသမီးများထံမှ အဖြူဆင်းခြင်းသည် ရာသီလာချိန်မှာ ဟော် မုန်းအပြောင်းအလဲကြောင်.ဖြစ်သည်။ ဒါ ကြောင်.မျိုးပွားမှုစနစ်မှာရှိသည်. ကိုယ်တွင်းအင်္ဂါတွေကို အရည်ထုတ်လုပ်လာခြင်းဖြစ်သည်။


မျိုးဥထွက်ခါနီးကာလအတွင်း မိန်းမကိုယ်မှအဖြူဆင်းခြင်းသည် ကြည်လင်သောအရည်ဖြစ်ပြီး အခြားအချိန်များတွင် နို.နစ်ရောင်အဖြူဆင်းခြင်းဖြစ်သည်။

  

ตกขาว ปกติ

ပုံမှန်အဖြူဆင်းခြင်းသည် အရောင်မပါသော ချွဲကဲ.သို.အရည်ကြည်ဖြစ်သည်။ ရာသီမလာမီ နှင်. ရာသီလာပြီးနောက် အဖြူဆင်းခြင်းသည် နို.နစ်ရောင်ကဲ.သို.အရောင်ဖြစ်တက်ပြီး ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်သည်။ လူတစ်ဦးချင်းစီ၏ကိုယ်အနံ့ပေါ်မူတည်၍ အနံ့အနည်းငယ်ထွက်နိုင်သည်။ 


ဥပမာအားဖြင့် မျိုးဥထွက်စဉ်၊ လိင်စိတ်နို.ဆွနေစဉ်၊ စိတ်စိုးရိမ်ပူပန်နေစဉ်မှာ အဖြူဆင်းခြင်း ပိုဖြစ်စေပါသည်။ ဒါ.အပြင်စိုထိုင်းခြင်း၊ ရာသီဉတုပူပျင်းခြင်း စသည်.ဆက်စပ်အချက်တွေလည်းအဖြူဆင်းစေပါသည်။


ပုံမှန်အဖြူဆင်းခြင်းမဟုတ်သော မိန်းမကိုယ်ယားယံခြင်း သို့မဟုတ် နာကျင်ခြင်း တို့ဖြစ်ပေါ် ပါက အတွင်းပိုင်း ချို့ယွင်းမှု ရှိလာနိုင်တဲ့ လက္ခဏာကိုပြသခြင်းဖြစ်ပါသည်။


ပုံမှန်မဟုတ်သောအဖြူဆင်းခြင်း၏အသွင်အပြင်

ပုံမှန်အဖြူဆင်းခြင်းသည် အနံ့မရှိ‌သောအရည်ကြည် သို.မဟုတ် နို.နစ်‌‌အဖြူကဲ.သို.အရောင်ဖြစ်ရမည်။ ပုံမှန်မဟုတ်သော မိန်းမကိုယ်မှ အဖြူဆင်းခြင်းကို ညွှန်ပြသော လက္ခဏာများ အောက်ပါအတိုင်း ကြည့်ရှုနိုင်ပါသည်။

  • မိန်းမကိုယ်မှပုံမှန်ထက် အဖြူဆင်းခြင်းဖြစ်ပေါ််လာပါက ပုံမှန်မဟုတ်သောအဖြူဆင်းခြင်းဖြစ်နိုင်ကြောင်. သံသယရှိသင်.သည်။

  • ပုံမှန်မဟုတ်သောအနံ့အသက်ရှိခြင်း ငါးပုပ်နံ့နှင့်တူသောအနံ့ရှိခြင်း။

  • ပုံမှန်အဖြူဆင်းခြင်းထက်ပြောင်းလဲမှုရှိလာပါက ဥပမာအားဖြင်. အဖြူဆင်းခြင်းသည် ပုံမှန်ထက်အရည်ပြစ်ခြင်း ၊ အမြုပ်ထွက်ခြင်း၊ အခဲ ဖြစ်ခြင်းတို.သည် ပုံမှန်မဟုတ်သောအဖြူဆင်းဟုယူဆသည်။

ลักษณะของตกขาวที่ผิดปกติ
  • အခဲသဏ္ဌာန်ရှိသည်. အဖြူဆင်းခြင်း

  • နှစ်ပတ်ဆက်တိုက်ပြည်ကဲ.သို.အဖြူဆင်းခြင်းနှင်.ရောပါလာခြင်း သို.မဟုတ် သွေးကဲ.သို.ရောပါလာသောအဖြူဆင်းခြင်း 

  •  မိန်းမအင်္ဂါယားယံခြင်း၊နာကျင်ခြင်း၊ အနာရှိခြင်း ၊ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း၊ ဖျားခြင်းဟူသည့် လက္ခဏာများသည် ဆေးကုသမှု ချက်ချင်းခံယူရန် သတိပေးချက်ဖြစ်သည်။


สีตกขาวบอกโรค

အဖြူဆင်းသောအရောင်သည် ရောဂါကိုဖော်ပြသည်။

  • မီးခိုးရောင်အဖြူဆင်းခြင်းသည် အများအားဖြင့် ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်တတ်ပါသည်။ မည်သည့်ဘက်တီးရီးယား အမျိုးအစားဖြစ်သည်ဆိုတာ စမ်းသပ်စစ်ဆေးသင်.ပါသည်။ လိင်ဆက်ဆံမှု ကြောင့်ကူးဆက်လာသော ဘက်တီးရီးယားပိုးမွှားဖြစ်ပါက ဆရာဝန်သည် သင့်အိပ်ဖော်နှင်.အတူဆေးပေးခြင်းဖြင့် သင့်ကုသမှုပြုလုပ်ပါမည်။

  • ပန်းရောင်အဖြူဆင်းခြင်းသည်  ကလေးမွေးပြီးတဲ့ အမျိုးသမီးတွေမှာ တွေ့ရပြီး သားအိမ်တွင်းရှိ အမြှေးပါးများ ပေါက်ခြင်းကြောင့် ဖြစ်တတ်ပါသည်။

  • အမြှုပ်ထွက်သောအဖြူဆင်းခြင်းသည် ဆီးသွားသည့်အခါ ယားယံခြင်းနှင့် နာကျင်ခြင်းဖြစ်စေပြီး လိင်မှတဆင့် ကူးစက်နိုင်ပါသည်။

  • အဖြူနှင်.အဝါရောင်ပါအဖြူဆင်းခြင်းသည်ဆီးအောင်.စေပြီး ကိုယ်ခံစွမ်းအားနည်းသည်.သူတွေမှာ ပိုးဝင်တက်ပါသည်။

  • အဝါရောင်အဖြူဆင်းခြင်းသည် ယားယံခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်း၊ ဆီးပူညောင်းကျရောဂါမှဗိုင်းရပ်စ်ပိုးကူးစက်ခြင်းကြောင်.ဖြစ်သည်။

  • အစိမ်းရောင်ပါအဖြူဆင်းခြင်းသည် ဆီးသွားစဉ် နာကျင်ခြင်း၊ ယားယံခြင်း သို့မဟုတ် လိင်ဆက်ဆံနေစဉ်နာကျင်ခြင်းသို.ဖြစ်စေပြီး များအားဖြင့် ဘက်တီးရီးယားပိုးမွှား၀င်ခြင်းကြောင်.၊ လိင်မှတဆင့်ကူးစက်သောရောဂါများကြောင်. သို.မဟုတ် ကပ်ပါးပိုးတွေကြောင့် ဖြစ်နိုင်ပါသည်၊၊

  • သွေးပါအဖြူဆင်းခြင်း  အနံ့ပါအဖြူဆင်းခြင်းသည် ဓမ္မတာလာပြီးနောက် သို့မဟုတ် သားအိမ်ခေါင်း ပိုးဝင်ခြင်းကြောင်.ဖြစ်သည်။

  • အညိုရောင်အဖြူဆင်းခြင်း  သွေးထွက်ခြင်း၊တင်ပါးဆုံတွင်း နာကျင်ခြင်း၊ ဆီးသွားစဉ်နာကျင်ခြင်း သို့မဟုတ် လိင်ဆက်ဆံနေစဉ်နာကျင်ခြင်းလက္ခဏာများသည် စေ့စေ့စပ်စပ်စစ်ဆေးရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သားအိမ်အတွင်း အကျိတ်ကင်ဆာ သို့မဟုတ် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေရှိသည်။

 

 


  • မီးခိုးရောင်အဖြူဆင်းခြင်းသည် လိင်ဆက်ဆံရာမှ ဘက်တီးရီးယား ပိုးဝင်ခြင်း ကြောင်.ဖြစ်သည်။

  • နို.နစ်ရောင်အဖြူဆင်းခြင်းသည် ယားယံစေပြီး၊ မိန်းမကိုယ်တ၀ိုက်တွင် ပူလောင်ခြင်း ခံစားမှုဖြစ်ပေါ်စေပြီး များသောအားဖြင်. မှိုပိုး၀င်ခြင်းကြောင်.ဖြစ်သည်။ လိင်ဆက်ဆံဖော်နှင်.အတူကုသမှုခံယူသင်.သည်။

 အဖြူဆင်းခြင်းသည် ပုံမှန်ဖြစ်ရင်တောင် သံသယရှိလာပါက ဆရာ၀န်နှင်.စစ်ဆေးပြသဖို.လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အချို့သောရောဂါများသည် အလားတူလက္ခဏာများပြတတ်သောကြောင့် မှန်ကန်သောကုသမှုရယူနိုင်ရန် ဆရာ၀န်နှင်.စစ်ဆေးပြသဖို.လိုအပ်ပါသည်။

အထူးသဖြင်. လိင်ဆက်ဆံခြင်းမှကူးဆက်လာသောရောဂါ မျိုးကိုဖော် ပြသည်.အဖြူဆင်းခြင်းသည် ရောဂါလက္ခဏာများမှ ပြန်လည်ကောင်းမွန်လာစေရန် လိင်ဆက်ဆံဖော်နှင်.အတူကုသမှုခံယူသင်.သည်။

အင်ထပ်မီဒယ်ခဲဆေးခန်းမှစီစဉ်ခြင်း

   ပြင်ဆင်ရက် 17/06/2022

free counter
This website uses cookies for best user experience, to find out more you can go to our นโยบายความเป็นส่วนตัว  ,  นโยบายคุกกี้