မိန်းမကိုယ် (ယားခြင်း) ထားခဲ့ဖို့မကောင်းပါဘူး အမြန်ဖြေရှင်းချက်ရှာပါ။
 
မိန်းမကိုယ် (ယားခြင်း)
 

မိန်းမကိုယ်ယားခြင်းသည် အမျိုးသမီးတော်တော်များများ၏လက္ခဏာတွေထဲကတစ်ခုပါ လူတွေကိုစိုးရိမ်ပူပန်မှုတွေနှင်.စိတ်အနှောက်အယှက်ဖြစ်စေပြီး အများဆုံးကြုံတွေ့ရသောပြဿနာဖြစ်ပါသည် ။ လက္ခဏာများသည်ယားယံမှုအပျော့စားမှ အလွန် ပြင်းထန်သောယားယံခြင်းတို.ဖြစ်စေပြီး အချို့သည်ယားလိုက်ပျောက်လိုက်ဖြစ်တက်ပါသည်။ ဒီယားယံခြင်းအတွက်အကြောင်းရင်းများစွာရှိပြီး အချို့လူများတွင်မိန်းမကိုယ်မှအဖြူဆင်းခြင်း  သို့မဟုတ် အနံ့နှင့်အတူအဖြူဆင်းခြင်းတို.ဖြစ်စေပြီး နေ့စဉ် ဘ၀မှာအရင်ကထက် ယုံကြည်မှုပိုလျှော.လာစေပါသည်။

 

ဒီဆောင်းပါးမှာမိန်းမကိုယ်ယားယံသည်. ညီအစ်မတွေအတွက်အမျိုးမျိုးသောအကြောင်းအရင်းနှင်.ပတ်သတ်ပြီး အမျိုးသမီးတွေကိုသိအောင်ပြောပြပေးသွားမှာပါ။ သို့မဟုတ် အကယ်၍သင်သည် ဆရာဝန်နှင့်ပြသရန်လိုအပ်ပါက ကျွန်ုပ်တို့သည် သင်  ဆရာဝန်ကိုအသေးစိတ်ပြောပြနိုင်ရန် အချက်အလက်များကိုညွှန်ကြားပေးပါမည်။ ၎င်းသည်သင်၏ ပုံမှန်မဟုတ်သောလက္ခဏာများကို ပိုမိုလွယ်ကူစွာနားလည်ရန် ဆရာဝန်များကိုကူညီပေးသည်။ ကုသမှုအပါအဝင် သားဖွားမီးယပ်ဆေးခန်းတွင် အထူးပြုဆရာဝန်နှင့် သွားရောက်ပြသသည်အထိညွှန်ကြားပေးပါသည်။


ယားယံရခြင်းအကြောင်းအရင်း

คันน้องสาว เพราะติดเชื้อรา

မှိုပိုးကူးစက်မှု

  • မွေးလမ်းကြောင်းအတွင်းပိုင်းယားယံခြင်းသည်မှိုပိုး သို့မဟုတ် ကပ်ပါးပိုးများသည် မကြာခဏတွေ့ရပါသည်။ ယင်းကြောင့် ယားယံခြင်း၊ ပူလောင်ခြင်းနှင့် အခဲကဲ.သို.အဖြူဆင်းခြင်းများဖြစ်နိုင်သည်။

  • အမွေးတစ်ဝိုက်မှာယားယံခြင်းသည်ဗောက်တွေကြောင့် ဖြစ်နိုင်ပါသည်။

สารเคมีทำให้เกิดอาการคันน้องสาว

ယားယံစေသောဓာတုပစ္စည်းများ

  • ရေမွှေးပါဝင်သောမိန်းမကိုယ်သန့်စင်ဆေး သို.မဟုတ် ဆေးဖက်ဝင်အပင်မှပြုလုပ်ထားသောသန့်စင်ဆေးသုံးတာကြောင့် မိန်းမကိုယ်ကိုယားယံစေပါသည်။ ဖြေရှင်းချက်သည် ထိုမိန်းမကိုယ်သန့်စင်ဆေးကိုရပ်သုံးပြီး ရိုးရိုးရေကိုသာသန့်စင်အောင် ဆေးကြောပေးပါ။

  • ပဋိဇီဝဆေးများကို ကြာရှည်စွာသုံးစွဲခြင်းကြောင့်လည်းဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါဆေးသည်မိန်းမကိုယ်အတွင်းရှိ မှိုပိုးမွှားကူးစက်မှုအရေအတွက်ကိုထိန်းချုပ်ရန်ကူညီပေးသော ကောင်းသောဘက်တီးရီးယားပိုးများကို ဖျက်ဆီးပစ်သောကြောင့်ဖြစ်သည်။

การโกนขนบริเวณจุดซ่อนเร้น

အမြှေးပါးနေရာကို အမွှေးရိတ်ခြင်း

အမြှေးပါးနေရာတွင်အမွှေးရိတ်ခြင်းသည် အမွှေးငယ်ပြန်ပေါက်သောအခါတွင် ယားယံစေပါသည်။ အမွှေးငယ်ပြန်ပေါက်ပြီးနောက် အချို့လူများသည် ပြင်းထန်စွာယားယံခြင်းကို ခံစားရတတ်ပါသည်။ အမွှေးညုပ်ခြင်းနည်းလမ်းကိုပြောင်းသုံးသင့်ပါသည်။

โรคติดต่อทางเพศสัมพันธ์

လိင်မှတဆင့်ကူးစက်သောရောဂါများ

အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းက လိင်ကတဆင့်ကူးစက်တဲ့ရောဂါကိုကူးစက်စေနိုင်ပါသည်။ ဉပမာအားဖြင်.trichomoniasis ပိုးလိုမျိုး ဆီးပူညောင်းကျရောဂါ၊ ကြွက်နို့များ သို့မဟုတ် လိင်အင်္ဂါရေယုန်များ စသည်တို့သည်မိန်းမကိုယ်ယားယံစေ ခြင်းနှင်. အခြားသောလက္ခဏာများ ဥပမာ၊ မိန်းမကိုယ်မှ အဝါရောင် သို့မဟုတ် အစိမ်းရောင်ရှိသောအဖြူဆင်းခြင်းများ ဆီးသွားစဉ်ပူလောင်နာကျင်ခြင်းစသည်တို့ဖြစ်တက်ပါသည်။

မိန်းမကိုယ်ယားလျှင် ဘာလုပ်ရမလဲ

မိန်းမကိုယ်ယားယံသည်.လက္ခဏာကို သက်သာစေရန် ကာကွယ်နည်းသည်.လူနေမှုပုံစံအလေ့အထတွေကိုပြောင်းလဲပြီး တစ်ကိုယ်ရေသန့်ရှင်းမှုကို အောက်ပါအတိုင်းလုပ်ဆောင်နိုင်ပါသည်။ 

၁. အန္တရာယ်ရှိသောဓာတုပစ္စည်းမပါဝင်သော နူးညံ့သောသန့်စင်ဆေးဖြင့် သို.မဟုတ် သန့်ရှင်းသောရေနှင့်ဆပ်ပြာဖြင်.လည်းဆေးကြောနိုင်ပါသည်။ သို့သော်သန့်စင်ဆေးကို တစ်နေ့တစ်ကြိမ်ထက်ပိုမသုံးသင့်ပါ။  အဘယ်ကြောင့်ဆိုသေ်မိန်းမကိုယ် ခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်ပါပြီး နောက်ပိုင်းတွင်အခြားသောဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါသည်။

 

၂. လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ။ လိင်မဆက်ဆံမီနှင့် အပြီးတွင်အမြဲဆီးသွားပါ။ လိင်ဆက်ဆံပြီးနောက် လိင်အင်္ဂါ၏ပြင်ပကိုဆေးကြောပါ။

ใส่ถุงยางอนามัยทุกครั้ง

၃. မိန်းမကိုယ်ယားယံပါက ဖြေရှင်းချက်သည်မိန်းမကိုယ်သန်.စင်ဆေးကိုရပ်သုံးပြီး ရေ သို့မဟုတ် ဆပ်ပြာကိုသာအသုံးပြုပြီး မိန်းမကိုယ်အပြင်ပိုင်းကိုသာဆေးကြောပါ။ အဘယ်ကြောင့်ဆိုသော် မိန်းမကိုယ်သန်.စင်ဆေးရည်တွင်ရှိသော ဓာတုပစ္စည်းများသည် မိန်းမကိုယ်အတွင်းရှိ Lactobacilli ကဲ့သို့သော ကောင်းသောဘက်တီးရီးယားများကိုဖျက်ဆီးနိုင်ပြီး မိန်းမကိုယ်အတွင်းမညီမျှမှုကိုဖြစ်ပြီး ယားယံသည်အထိအဖြူဆင်းခြင်း သို့မဟုတ် အနံ့အသက်ဆိုးများ ဖြစ်ပေါ်စေစေသည်။

 

၄. မိန်းမကိုယ်ယားယံပါကမကုတ်ရန် စိတ်ထိန်းထားသင်.ပါသည်။ အဘယ်ကြောင်.ဆိုသော် ကုတ်လေလေ ပြန့်ပွားလေလေဟုရွတ်ဆိုပါ။

 

“အကောင်းဆုံးနည်းလမ်းက ရောဂါလက္ခဏာများစတင်သောအခါ ဆရာဝန်ကိုစောစောပြပါ "

การเลือกใส่ชุดชั้นใน

၅. ချည်သားနှင်.ပြုလုပ်ထားသည်.ဘောင်းဘီတိုကို ရွေးချယ်ဝတ်ဆင်သင်.ပြီး ပွတ်တိုက်မှုကိုလျှော့ချရန်လေဝင်လေထွက်ကောင်းသောအရမ်းမကြ‌ပ်သော ဘောင်းဘီတိုကိုရွေးချယ်ဝတ်ဆင်သင်.ပြီး  နူးညံ့သောဆေကြောဆပ်ပြာ ဖြင့် ဆေးကြောသင့်

သည်။ ဖြစ်နိုင်လျှင် ၎င်းတို့ကိုသီးခြားဆေးကြောခြင်းသည် ကောင်းမွန်သောနည်းလမ်းဖြစ်သည်။


၆. တစ်ရှူစက္ကူ မသုံးသင်.ပါ၊ ဆပ်ပြာ သို့မဟုတ် ရေချိုးခရင်မ် နှင်.ရေမွှေးများပါရှိသောအမျိုးသမီးလစဉ်သုံပစ္စည်းများမသုံးသင်.ပါ ယားယံခြင်းကိုဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။ သန်.စင်ခန်းသွားပြီးနောက် လိင်အင်္ဂါကိုသုတ်ရန် တစ်ရှူးအသုံးပြု

တက်သော အမျိုးသမီးများအတွက် တစ်ရှူးများသည်မိန်းမကိုယ်အတွင်းသို့ ဝင်ရောက်သွားနိုင်ကြောင်းသတိပြုပါ  အလွန်ညစ်ပတ်သော၊ ဟောင်းသော၊ အရည်အသွေးညံ့သောတစ်ရှူးများသည် ပိုးမွှားတွေရဲ့လှောင်အိမ်လည်း ဖြစ်တတ်ပါသည်။


အမျိုးသမီးများအတွက်မိန်းမကိုယ်ယားယံခြင်း သို့မဟုတ် ပုံမှန်မဟုတ်သောမိန်းမကိုယ်မှအဖြူဆင်းခြင်းကိုဖြစ်စေပြီး သွေးကြောထဲရောဂါပိုးဝင်သည်ဝင်အထိ ပြင်းထန်နိုင်ပါသည်။

ผ้าอนามัยแบบสอด

၇. အမျိုးသမီးလစဉ်သုံး Tampons များကိုသင့်လိင်အင်္ဂါထဲသို့ ထည့်သွင်းခြင်းမှရှောင်ကြဉ်ပါ။ အကြာကြီးမထည်.မိအောင် သတိထားပါ။ အဘယ်ကြောင့်ဆိုသော်၎င်းသည် ရောဂါပိုးမွှားများကိုပေါက်ဖွားနိုင်သော နေရာတစ်ခုဖြစ်နိုင်သောကြောင့်ဖြစ်သည်။

၈. အကယ်၍မိန်းမကိုယ်တွင်အရမ်းယားယံပြီး အဖြူဆင်းခြင်း ၊ မိန်းမကိုယ်မှသွေးထွက်ခြင်းဖြစ်ပါက မိန်းမကိုယ်အတွင်းပိုင်းစစ်ဆေးရန် သို့မဟုတ် မီးယပ်ရောဂါစစ်ဆေးရန်အတွက် ဆရာဝန်ထံချက်ချင်းသွားပေးပါ။ သားအိမ်ခေါင်းကင်ဆာကဲ့သို့

ပြင်းထန်သောရောဂါ၏ လက္ခဏာဖြစ်နိုင်သောကြောင့်ဖြစ်သည်။ အကြောင်းရင်းကိုသိရှိပါက ကုသမှုကိုပိုမိုထိရောက်စေမည်ဖြစ်သည်။


အဖြစ်များသောမီးယပ်ရောဂါ၊ ဆရာဝန်နှင့်ပြသသင့်သောရောဂါ ၅ မျိုးကိုဆက်လက်လေ.လာရန်

ညီမလေး(မိန်းမဂိုလ်)ယားယံခြင်းလက္ခဏာပုံစံဘယ်နှမျိုးရှိလဲ

မိန်းကလေးမိန်းမဂိုလ်မိန်းမအင်္ဂါပိုင်းမှာယားယံခငြၽးသည်အများအားဖြင့်ပုံစံ ၂ မျိုးရှိပါတယ်

1.ပိုးမွှားကူးစက်မှုမရှိပဲယားယံခြင်း

မိန်းမဂိုလ်ယားယံခြင်းအစပိုင်းလက္ခဏာသည်ပိုးမွှားကူးစက်မှုမရှိပဲယားယံခြင်းမိန်းမအင်္ဂါတဝိုက်အရေပြားတွင်ယားစိယားစိဖြစ်ပြီးအကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်နိုင်ပါတယ်အကြောင်းကတော့အတွင်းခံဘောင်းဘီကအစက်အပြောက်နဲ့မိန်းမင်္ဂါထိပွန်းခြင်း၊ဆေးကြောရာတွင်အသုံးပြုသည့်ဓာတုပစ္စည်းများဥပမာအ၀တ်လျော်ဆပ်ပြာသို့မဟုတ်အ၀တ်စိမ်ရေမွေးသို့မဟုတ်အတွင်းဘောင်းဘီလွန်စွာတင်းကျင်းဝတ်ဆင်ခြင်းဖြင့်ချွေးထွက်စိုစွတ်ခြင်းသို့မဟုတ်မိန်းမဂိုလ်သားလမ်းကြောင်းချို့ယွင်းချက်ရှိခြင်းကြောင့်ပဲဖြစ်ပါတယ်

 

2.ပိုးမွှားကူးစက်ခြင်းကြောင့်ယားယံခြင်း

မိန်းမဂိုလ်ယားယံခြင်းဤအမျိုးအစားသည်များသောအားဖြင့်အခြားသောရောဂါလက္ခဏာနဲ့ပူးတွဲဖြစ်ပေါ်စေတတ်ပြီးထင်ရှားပြသလေ့ရှိပါတယ်အကြောင်းရင်းကတော့ကူးစက်ခံရသောပိုးမွှားမျိုးကွဲမှုပေါ်မူတည်ပြီးအမျိုးမျိုးရှိပါတယ်ဥပမာဘက်တီးရီးယားကြောင့်ဖြစ်လျှင်အနံ့ဆိုး၀ါးပြီးအဖြူဆင်းမယ် ယားယံပြီးစပ်မယ် ပူပြီးနာကျင်မယ် တကယ်လို့မှိုရောဂါတစ်ခုကြောင့်ဖြစ်လျှင်ဒိန်ချဥ်ကဲ့သို့သောလက္ခဏာရှိအနံ့ဆိုးဝါးသောအဖြူဆင်းခြင်းနှင့်ယားယံခြင်းစသည့်လက္ခဏာပဲဖြစ်ပါတယ်တကယ်လို့ဒီလိုလက္ခဏာရှိပြီဆိုရင်နကိုယ်ရှိနေတာထက်ပိုပြီးပြင်းထန်တဲ့အဆင့်မဖြစ်ပွားရလေအောင်မီးယပ်ဆရာဝန်နဲ့ပြသပြီးကုသမှုခံယူသင့်ပါသည်


อาการคันจิมิแบบไหน ต้องไปพบแพทย์

ဘယ်လိုပုံစံလက္ခဏာမိန်းမဂိုလ်ယားယံကဆရာဝန်နဲ့ပြသရပါသလဲ

  • သားမွေးလမ်းကြောင်းတဝိုက်တွင်အနာဖြစ်နေခြင်း

  • ဆီးသွားနေချိန်တွင်ပြဿာနာရှိခြင်း

  • သားမွေးလမ်းကြောင်းမှတဆင့်မူမမှန်သည့်အဖြူဆင်းခြင်း

  • ပြင်းထန်သောလက္ခဏာများဖြစ်သည့်မျိုးပွားင်္ဂါတွင်နီရဲရောင်ရမ်းခြင်အရေပြားအက်ကွဲသည့်အထိအသားပပ်ခြင်း

  • မိန်းမအင်္ဂါတဝိုက်တွင်နာကျင်ခြင်းသို့မဟုတ်တင်းကျပ်သလိုခံစားရခြင်း

  • အတူနေလိင်ဆက်ဆံနေချိန်တွင်နေထိုင်မကောင်းသလိုခံစားရခြင်း


"တကယ်လို့ဤကဲ့သို့သောလက္ခဏာတစ်ခုခုစရှိပြီဆိုပါကအေးဆေးငြိမ်နေမသင့်ပါဆရာဝန်နဲ့ပြသစစ်ဆေးပြီးရောဂါရှာဖွေ သုံးသပ်သင့်ပါတယ်အကြောင်းရင်းသိပြီးဆရာ၀န်ဖြင့်ရောဂါအစောပိုင်းကတည်းရှာဖွေတွေ့ရှိပါကကုသမှုအရည်အသွေးအပေါ်မှာလည်းများစွားကောင်းကျိုးတက်ရောက်စေပါတယ်"

မိန်းမင်္ဂါသည်မိမိတို့မိန်းကလေးအတွက်အရေးပါသောခန္ဓာကိုယ်အင်္ဂါတစ်ရပ်ဖြစ်ပါတယ်အခြားသောခန္ဓာကိုယ်အင်္ဂါအစိတ်ပိုင်းလိုပါပဲရောဂါနဲ့မူမှန်သောလက္ခဏာများဖြစ်ပွားစေနိုင်ပါတယ်အခြားသောခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများဂရုစိုက်ပြုစုခြင်းလိုပါပဲမိမိရဲ့မိန်းမဂိုလ်အင်္ဂါကိုလည်းထိုနည်းတူစွာအရေးပါပြုစုရပါမယ်


သို့သော်မျိုးပွားအင်္ဂါအကြောင်းပြောဆိုဆွေးနွေးပြီဆိုပါကဘယ်ရှူတောင့်ကမဆိုမိန်းကလေးများအတွက်ရှက်စရာဖြစ်သည့်အတွက်ကြောင့်မိန်းကလေးတော်တော်များများကိုယ်စိတ်ဒုက္ခကိုမလိုအပ်ပဲကြာရှည်စွာရင်ဆိုင်ခံစားနေရပါတယ်ဤဆောင်းပါးဖတ်ပြီးမိန်းကလေးတိုင်းအတွက်မီးယပ်ပိုင်းနဲ့ပက်သက်ပြီးဆရာဝန်နဲ့ပြသရာတွင်ပိုပြီးစိတ်အားထက်သန်ရဲတင်းမယ်လို့အားထားရည်ရွယ်ပါသည်

คันจิมิมาก กินอาหารเพื่อสุขภาพช่วยได้

တကယ်လို့များမိန်းမပျိုဘယ်တစ်ယောက်ကိုမဆိုညီမလေး(မိန်းမဂိုလ်)ယားယံခြင်းလက္ခဏာရှိပြီးနည်းလမ်းမှန်ကန်စွာကုသရန်လိုအပ်ပါကဆရာဝန်မှတဆင့်မှန်ကန်သောအကြံပြုချက်ကိုကျွန်ုပ်တို့မှအင်ထပ်မီဒယ်ခဲမီးယပ်ဆေးခန်းကိုအကြံပေးပါရစေ


ကျွမ်းကျင်ဆရာဝန်ရှိပြီး (ဆေးခန်းတွင်ပုံမှန်ထိုင်သည့်အမျိုးသမီးဆရာဝန်) ရှက်ကြောက်ခြင်းစိတ်မျိုးကင်းပြီးဝန်ဆောင်မှုခံယူနေချိန်တွင်သက်တောင့်သက်သာရှိစေပြီးဆရာဝန်နဲ့၀န်ထမ်းများမှဖော်ရွေစိတ်ရှိပြီးမိသားစုလိုစိတ်ရင်းစေတနာမှန်ဖြင့်စျေးနှုန်းသက်သာစွာဖြင့်ဝန်ဆောင်မှုပေးပါတယ်ရှင့်

အချက်အလက်ကိုးကားချက်

  • CHNWALEE SRISUKHO, MD. 2550.အမျိုးသမီးဘာသာစကားပြောဆိုသူ အမျိုးသမီးများသိထားရမည့်အကြောင်းတရားများ အမျိုးသားများဖတ်ရန် TO YOU စာအုပ်ထုတ်ဝေရေးစင်တာ

  • ကိုယ့်အကြောင်းကိုယ်သိပြီလား? မျိုးပွားအင်္ဂါပိုင်းဆိုင်ရာကျန်းမာရေးမြှင့်တင်ရေးအစီအစဉ်၊ အမျိုးသမီးကျန်းမာရေးဖောင်ဒေးရှင်း (SorKhor.)၊ ကျန်းမာရေးမြှင့်တင်ရေးဖောင်ဒေးရှင်းရုံး (ThaiHealth)၊

  • မီးယပ်ပိုင်းကို ဘယ်လို ဂရုစိုက်ရမလဲ အပိုင်း ၂။ ပါမောက္ခ ဒေါက်တာ ဝိဇ္ဇာသီသာဖန်၊ သားဖွားမီးယပ်ဆေးပညာ( Faculty of Medicine Siriraj Hospital)၊ ဆေးပညာဌာန Siriraj ဆေးရုံကြီး။

  • သားမွေးလမ်းကြောင်းမှိုရောဂါကူးစက်ခြင်း အမျိုးသမီးအထူးကုဆရာ၀န်Jenjit Chayajinda မီးယပ်ရောဂါပိုးမွှားကူးစက်ခြင်းနှင့်လိင်မတဆင့်ကူးစက်သောရောဂါ သားဖွားမီးယပ်ပိုင်းဆိုင်ရာဆေးပညာဌာန(Faculty of Medicine Siriraj Hospital)Siri

စာတမ်းပြုစုသည် အင်ထပ်မီဒယ်ခဲဆေးကုဆေးခန်းမှ

  28/09/2022 နောက်ဆုံးအချက်အလက်တင်သွင်းသည်။

free web counter
This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy