ထိုးဆေးသုံး၍တားခြင်းသည်မည်သည့်အားသာချက်များ(သို့)သတိထားသင့်သည့်အချက်များကဘာတွေလဲ

 

การฉีดยาคุมกำเนิดมีข้อดีหรือข้อควรระวังอย่างไรบ้าง

 

       တားဆေးထိုး၍တားခြင်းသည် ယာယီကိုယ်၀န်တားနည်းတစ်မျိုးဖြစ်ပါသည်။ ထိရောက်မှု့မြင့်မားပြီးစျေးသက်သာ၍ မည်သည့်ဆေးခန်းတွင်မဆို အလွယ်တကူ၀န်ဆောင်မှု့ရယူနိုင်ပါသည်။ဤဆေးသုံးခြင်းသည်မိမိသုံးရနိုင်သည်လား သုံးမရနိုင်သည်လား တိကျစွာဆုံဖြတ်ချက်ချနိုင်ရန်အတွက် ကျွနုပ်တို့မှတားဆေးထိုးသုံးခြင်၏အားသာချက်များနှင့်သတိထားရမည့်အချက်များအား ဖော်ပြပေးသွားမည်ဖြစ်ပါသည်။


ထိုးဆေးသုံး၍ကိုယ်၀န်တားခြင်းက(Injection Contraceptives)ဘာလဲ

       ထိုးဆေးသုံး၍ကိုယ်၀န်တားခြင်း 1 လခံသုံးပေါင်းစပ်ဟော်မုန်းဆေး နှင့် ဟော်မုန်းတစ်မျိုးတည်းပါသောဆေး 3 လခံသုံးဆေးဟူ၍နှစ်မျိုးရှိပြီးတစ်ဉီးချင်းစီ၏လိုအပ်ချက်များအတိုင်းထိုးရန်ရွေးချယ်နိုင်ပါသည်။ဆရာ၀န်(သို့)သူနာပြုမှမျိုးဉထွက်ခြင်းအားဟန့်တားသည့်ဟော်မုန်းဓာတ်ထွက်စေရန်လက်မောင်းရင်းရှိကြွက်သား(သို့)တင်ပါးဆုံ၌ထိုးပေးမည်ဖြစ်ပါသည်။သားအိမ်နံရံအားမျိုးဉထွက်ခြင်းနှင့်မသင့်တော်အောင်သားအိမ်ခေါင်း၀အနီးရှိချွဲများပျစ်ပြီးထူလာသောကြောင့်သုတ်ရည်ပိုး ၀င်ရောက်မှု့မပြုနိုင်ခြင်းကြောင့် ကိုယ်၀န်မရနိုင်ပါ။


ထိုးဆေးသုံး၍ကိုယ်၀န်တားခြင်း၏ဆိုးကျိုးများ

       တားဆေးထိုးပြီးနောက်ရှိလာနိုင်သောဆိုးကျိုးများမှာ ဉပမာ ရာသီလာခြင်းပုံမှန်မဟုတ်ညီမျှမှု့မရှိပဲသွေးထွက်ခြင်း (သို့) တပျစ်ပျစ်သွေးထွက်နေပြီးနောက် နည်းနည်းချင်းကျန်၍ အလိုလိုပျောက်သွားခြင်း အချိ့၌ ရင်သားတင်းခြင်းနှင့်ခေါင်းကိုက်ခြင်းများဖြစ်နိုင်ပြီးစိတ်ပိုင်းဆိုင်ရာအပြောင်းအလဲများလည်းဖြစ်တတ်၍ ဤလက်ခဏာများသည် ပုံမှန်တွေ့ရတတ်သော လက်ခဏာများဖြစ်ပါသည်။
 

ထိုးဆေးသုံး၍ကိုယ်၀န်တားခြင်း၏ကောင်းကျိုးများ

  1. ဖွင့်လှစ်၀န်ဆောင်မှု့ပေးသောမည့်သည့်ဆေးခန်းတွင်မဆို ရွေးချယ်၍သွားနိုင်ပါသည် အနီးနားရှိဆေးခန်းဟုရေး၍ရှာဖွေနိုင်ပါသည်။

  2. အခြာကာကွယ်မှု့းနည်းလမ်းနှင့်နှိုင်းယှဉ်သောအခါ စျေးသက်သာခြင်း

  3. အလွန်ထိရောက်မှု့ရှိသော တားဆေးဖြစ်ခြင်း

  4. ရာသီမလာမီဖြစ်တတ်သော စိတ်ဖိစီးမှု့အားလျော့ကျစေခြင်

  5. လိင်ဆက်ဆံနေသောကာလအတွင်း၌လည်း ကိုယ်၀န်ရရှိရန်စိတ်မပူရခြင်း

  6. သွေးအားနည်းခြင်းရောဂါနှင့်ရာသီလာချိန် နာကျင်ကိုက်ခဲမှု့အားလျော့ကျစေခြင်း

  7. သားဉအိမ်ကင်ဆာနှင့်သားအိမ်ကင်ဆာ ရောဂါဖြစ်နိုင်ချေအားလျော့ကျစေခြင်း

 

ထိုးဆေးသုံး၍ကိုယ်၀န်တားခြင်း၏သတိထားရမည့်အချက်များ

  1. ကိုယ်၀န်ဆောင်သည်များ(သို့)ကိုယ်၀န်ရှိနေကြောင်းသံသယရှိနေသောသူများ ထိုးဆေးမသုံးသင့်ပါ

  2. ဤထိုးဆေးသည်အရိုးသန်မာမှု့အားထိခိုက်နိုင်သောကြောင့်အသက် 18 နှစ်အောက်လူငယ်များနှင့် အသက် 45 နှစ်အထက်လူကြီးများမသင့်တော်ပါ။

  3. အခံရောဂါအမျိုးမျိုးရှိသောသူများသည် ဆိုးကျိုးသက်ရောက်မှု့ရှိမရှိအား ထိုးဆေးမသုံးမီဆရာ၀န်နှင့်အရင်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

  4. ထိုးဆေးသုံး၍ကိုယ်၀န်တားခြင်းသည် ကုိယ်၀န်ရှိခြင်မှကာကွယ်နိုင်သော်လည်း လိင်ဆက်ဆံခြင်းမှကူးစက်နိုင်သောရောဂါများအားမကာကွယ်နိုင်ပါ

  5. ဟော်မုန်းဆေး၏သက်ရောက်မှု့အပြည့်အ၀ကိုရစေရန်အတွက်ဆေးထိုးပြီနောက်လိင်ဆက်ဆံခြင်အား အခြားနည်းလမ်းများဖြင့်တားခြင်းဖြစ်သော ဉပမာ ကွန်ဒုံးသုံးခြင်းဖြင့် 7 ရက်ရှောင်သင့်ပါသည်။

  6. တားဆေးထိုးပြီးနောက်  ဆေးထိုးသည့်နေရာအားစမ်းခြင်(သို့) ပွတ်ခြင်းများမပြုလုပ်သင့်ပါ အဘယ်ကြောင့်ဆိုသော် ဆေးအာနိသင်အားလျင်မြန်စွာစုပ်ယူနိုင်ခြင်းကြောင့် ကိုယ်၀န်မရအောင်သတ်မှတ်ထားသောအချိန်အားထိခိုက်နိုင်သောကြောင့်ဖြစ်ပါသည်။

  7. နောက်တစ်ကြိမ်ထိုးဆေးအားသတ်မှတ်ထားသောအချိန်အတိအကျတိုင်းထိုးရမည်ဖြစ်ပါသည်။အကယ်၍ဆေးသွားထိုးရန်မေ့ခဲ့ပါက တားဆေး၏ထိရောက်မှု့အားလျော့ကျစေနိုင်ပါသည်။

  8. ဆေးထိုးခြင်းအား ဆရာ၀န်၊ သူနာပြု(သို့)ဆေးဘက်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှု့ပညာရှင်များကသာလျှင်စီမံပေးသင့်ပါသည်။

 

       တားဆေးထိုးခြင်းသည် ကိုယ်၀န်တားခြင်းအားကာကွယ်ရာတွင်ကောင်းသောအချက်များစွာရှိပါသည်။ထိရောက်မှု့၊သောက်ဆေးသုံးခြင်းထက်ကောင်းသောကာကွယ်မှု့  ဖြစ်သောအားသာချက်များရှိပါသည် အခြားနည်းများဖြင့်ကာကွယ်ခြင်းထက် စျေးသက်သာခြင်း အင်ထပ်မီဒယ်ခဲ ဆေးခန်းကဲ့သို့သေ ကျွမ်းကျင်သေအထူးကုဆရာ၀န်များနှင့်သူနာပြုများမှ အကြံပေးခြင်းအားရယူ၍ နည်သည့်ဆေးသည်သင်နှင့်အသင့်တော်ဆုံးဖြစ်မည်ကိုရွေးချယ်နိုင်ရန်အတွက်ဖြစ်ပါသည်။


This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy