တားဆေးပစ်စည်းထုတ်ခြင်းအကြောင်းသိပြီးလျှင် တားဆေးပစ်စည်းထုတ်ပြီးနောက်မည်သို့လိုက်နာသင့်ပါသလဲ 

 

       သားဆက်ခြားတားဆေးပစ်စည်းထည့်သွင်းအသုံးပြုသောနည်းသည် ကိုယ်၀န်ရှိခြင်းမှကာကွယ်ရာတွင်တားဆေးပစ်စည်း၏ထိရောက်မှု့ကိုအားလုံးကောင်းမွန်စွာသိခဲ့ပြီးဖြစ်ပါသည်။3 နှစ်မှ 5 နှစ်အထိအချိန်ကြာမြင့်စွာကာကွယ်နိုင်ပြီး ရေရှည်ကလေးမယူချင်သေးသောသူများနှ့င့်သင့်တော်ပါသည်။ဉပမာ ကိုယ်၀န်ရှိရန်အသင့်မဖြစ်သေးသောမိန်းမပျိုညီမငယ်လေးများအတွက် (သို့) သားဆက်ခြားလိုသောသူများ တစ်ချို့သားဆက်ခြားတားဆေးပစ်စည်းထည့်သွင်းပြီးသောသူများနှင့် တားဆေးပစ်စည်းထုတ်ရန်အချိန်ပြည့်နေသောသူများ (သုိ့) တားဆေးပစ်စည်သက်တမ်းအချိန်မကုန်သေးပဲထုတ်ချင်သူများအား   ကျွနု်ပ်တုိ့မှသင့်အတွက် သက်ဆိုင်သောအချက်အလက်အချို့အားဤဆောင်းပါးတွင်ပါရှိပါသည်။ 

 

ဘယ်အချိန်မှာကျွန်ုပ်တို့တားဆေးပစ်စည်းအားထုတ်နိုင်မလဲ

       ယေဘုယျအားဖြင့် မိမိရွေးချယ်အသုံးပြုသောဆေးအမျိုးအစားပေါ်မူတည်၍တားဆေးအချိန်သက်တမ်းပြည့်လျှင်ထုတ်နိုင်ပါသည်။ဉပမာ  3 နှစ် (သို့) 5 နှစ် ပြည့်သောအခါတားဆေးပစ်စည်းထည့်ထားပေးသောဆရာ၀န်မှဘယ်နေ့ထုတ်ရမည်ဟူသောရက်ချိန်းရှိပါလိမ့်မည်။ကလေးယူရန်ထိုရက်ချိန်းထက်စော၍တားဆေးပစ်စည်းအားထုတ်ချင်သူများအတွက်(သို့)အခြားဆိုးကျိုးများကြောင့်ထုတ်ချင်သောသူများသည် မိမိဆန်ဒအတိုင်းထုတ်ယူနိုင်ပါသည်။တားဆေးပစ်စည်းထည့်ထားပေးသောဆရာ၀န်ထုတ်ပေးမှဟုမဆိုလိုပဲ ဆေးဘက်ဆိုင်ရာဌာနများဖြစ်သောဆေးရုံ(သို့)သားဖွားမီးယပ်ဆေးခန်းများ၌လည်းထုတ်ယူနိုင်ပါသည်။



သားဆက်ခြားတားဆေးပစ်စည်းထုတ်ခြင်း၏ နည်းလမ်းအဆင့်ဆင့်ကဘာလဲ

သားဆက်ခြားတားဆေးပစ်စည်းထုတ်ခြင်းသည်အလွယ်တကူလုပ်နိုင်ပါသည်။ ရှူပ်ထွေးသောပြင်ဆင်မှု့များမလိုအပ်ပဲခွဲစိတ်မှု့အသေးစားပြုလုပ်ခြင်းဖြင့် ထုတ်ယူမည့်တားဆေးပစ်စည်းအဖျားနားအားထုံဆေးထိုးရုံဖြင့် ဆေးအာနိသင်၏သက်ရောက်မှု့ကိုစောင့်ပြီးနောက် တားဆေးပစ်စည်းချောင်း၏အစွန်အဖျားနား၌လျှရာအနာလေးပြုလုပ်ပြီး လိုအပ်သောပစ်စည်းများအားသုံး၍ ဆွဲထုတ်ယူခြင်းဖြစ်ပါသည်။ပြီးနောက် တစ်ချို့ထည့်သွင်းထားခြင်းနက်နဲမှု့ကြောင့်မှလွဲ၍ ဒဏ်ရာအ၀နားလေးအားသန့်စင်ပြီးရေစိုခံပလာစတာနှင့်ပိတ်ခြင်းဖြင့် ပြီးဆုံးမည်ဖြစ်ပါသည်။တားဆေးပစ်စည်းထုတ်ပြီးနောက် အနာအားရေမစိုသင့်ပါ အဘယ်ကြောင့်ဆိုသော် အနာအားပိုး၀င်မှု့ကိုဖြစ်ပေါစေနိုင်ပြီး တားဆေးပစ်စည်းထည့်သွင်းထားသောလက်မောင်းအားအလေးအပင်မခြင်းများမှလည်းရှောင်သင့်ပါသည်။အဘယ်ကြောင့်ဆိုသော် အနာအားသွေးထွက်မှု့ကို ဖြစ်ပေါ်စေနိုင်ပါသည်။


သားဆက်ခြားတားဆေးပစ်စည်းထုတ်ပြီးနောက် လိုက်နာရမည့်အချက်များ

  1. သေးငယ်သောခွဲစိတ်ဒဏ်ရာဆိုပေမဲ့ ဒဏ်ရာ၏အ၀နားတစ်၀ုိက်ပုံမှန်မဟုတ်သောသွေးထွက်ခြင်းမျိုးရှိမရှိ သတိထားကြည့်ရပါမည်။ပုံမှန်မဖြစ်ပါက ချက်ချင်းဆရာ၀န်နှင့်အမြန်ဆုံးသွားပြရပါမည်။

  2. ခွဲစိတ်ဒဏ်ရာမှနာကျင်ကိုက်ခဲသောအခါ ကိုက်ခဲပျောက်ဆေးပါရာစီတမောသောက်နိုင်ပါသည် သို့ပေမဲ့ အက်စ်ဖိုင်လင်အုပ်စုဖြစ်သောကိုက်ခဲပျောက်ဆေးများသောက်ခြင်းမှရှောင်သင့်ပါသည်။

  3. ပိုး၀င်ခြင်းကူးစက်မှု့ကိုကာကွယ်ရန်အတွက် ခွဲစိတ်ဒဏ်ရာအားနေ့စဉ်သန့်စင်မှု့ပြုလုပ်ရပါမည်။

  4. ဆရာ၀န်မှာကြားသည့်အတိုင်း ပိုးသတ်ဆေးအားကုန်အောင်သောက်သင့်ပါသည်။

  5. အကယ်၍ ဖျားခြင်း၊ကိုက်ခဲခြင်း၊ရောင်ရမ်းခြင်း(သို့)ပြည်တည်ခြင်းများရှိလျှင် ချက်ချင်းဆေးကုသမှု့ခံယူသင့်ပါသည်။

  6. အနာအားရေမစိုသင့်ပါ အဘယ်ကြောင့်ဆုိသော်အနာအားပိုး၀င်မှု့ကိုဖြစ်ပေါ်စေနိုင်ပြီး အကယ်၍ရေချိုးချင်သောအခါအနာအ၀အားရေစိုခံပလာစတာနှင့်ပိတ်ခြင်းရေစိုခြင်းကြောင့်ဖြစ်ပေါ်စေသောဆိုးကျိုးများအားရှောင်ရန်အတွက်ဖြစ်ပါသည်။

  7. မခွဲစိတ်မီဆရာ၀န်မှထုံဆေးထိုးထားခြင်းကြောင့် ဒဏ်ရာအနီးတစ်၀ိုက်၌ထုံခြင်းအား 1-2 နာရီအတွင်ပျောက်ကင်းမည်ဖြစ်ပါသည်။

  8. အနာချုပ်ရသောသူများသည်စစ်ဆေးရန်နှင့်ချုပ်ရိူးပြန်ဖြည်ရန်အတွက်ဆရာ၀န်ရက်ချိန်းအတိုင်းလာပြသင့်ပါသည်။

 

      လက်မောင်းအောက်တားဆေးထုတ်ပြီးနောက်ပြုလုပ်လိုက်နာရမည့်အချက်များသည် ရှုပ်ထွေးမှု့နှ့င့်နောက်ဆက်တွဲပြဿနာအများအပြားမရှိပဲ သေးငယ်သောဒဏ်ရာဖြစ်သည့်အတွက်အခြားဒဏ်ရာအနာများအားစောင့်ကြည့်သကဲ့သို့လွယ်ကူစွာလိုက်နာနိုင်သောအချက်များဖြစ်ပါသည်။သို့ပေမဲ့ ပေါ့ဆမှု့မဖြစ်စေရန်  လက်မောင်းအောက်တားဆေးထုတ်တားဆေးပြီးခါစအချိန်တွင် ဒဏ်ရာပုံမှန်ရှိမရှိကိုသတိထားစောင့်ကြည့်သင့်ပါသည်။အဘယ်ကြောင့်ဆိုသော်ပြဿနာတစ်ခုခုပေါ်ပေါက်ခဲ့ပါကမချိန်မှီဖြေရှင်းနိုင်ရန်အတွက်ဖြစ်ပါသည်။

 

อาการชาบริเวณบาดแผลหลังถอดเข็มยาคุม

การคุมกำเนิดหลังถอดเข็มยาคุม

ตรวจภายในหลังถอดเข็มยาคุม
This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy