မီးဖွားပြီးနောက်သင်၏ကျန်းမာရေးကိုမည်သို့ဂရုစိုက်ရမည်နည်း

 

မီးဖွားပြီးနောက်သင်၏ကျန်းမာရေးကိုမည်သို့ဂရုစိုက်ရမည်နည် 

 

၉လပြည့်ကိုယ်၀န်သယ်ဆောင်လာပြီးနောက် ဗိုက်အပ်ခြင်းသည်ပြီးဆုံးသွားပြီဖြစ်သည်။ထိုအချိန်၌ကျန်းမာရေးစစ်ခဲ့ခြင်း ၊ကာကွယ်ဆေးထိုးခဲ့ခြင်း ၊ မွေးတဲ့အထိဆရာ၀န်အကြံအရလိုက်နာလုပ်ဆောင်ပြီးနောက် သို့ပေမဲ့အမေများသည်မိမိကိုယ်ကိုကျန်းမာရေးဂရုစိုက်ရန်လိုအပ်ပါသေးသည်။မွေးဖွားပြီးနောက်မိခင်သည်ကလေးရောမိမိကိုယ်ကိုရောကျန်းမာရေးကိုဂရုစ်ုကါပြုစုစောင့်ရှောက်ရမည်ဖြစ်ပါသည်။သို့သော်မွေးဖွားပြီးနောက်မိမိကိုယ်ကိုမည်သို့ဂရုစိုက်ရမည်ကိုသွားကြည့်ရအောင်

 

1. လုံလောက်စွာအနားယူသင့်ခြင်း

မွေးဖွားပြီးနောက် မိခင်များသည်နားဖို့အချိန်ကိုသေချာပေးရမည်ဖြစ်ပါသည်။မိမိ၏သား/သမီးအိပ်နေသောအချိန်လဲ အမေများသည်အဲ့အချိန်ထဲကိုလဲနားပြီးအိပ်သင့်ပါသည် အိပ်ရေးမ၀ခြင်းသည်မိမိ၏ခန္ဓကိုယ်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါမည် ဘာကြောင့်လဲဆိုတော့ကိုယ်ဝန်ဆောင်ချိန်မှာမိခင်တွေဟာ၉လအထိအချိန်ကြာကြာကိုယ်၀န်သယ်ပြီးအတော်လေးပင်ပန်းနွမ်းနယ်နေကြလို့ပါ။


2. အဟာရရှိသောအစားအစာကိုစားခြင်

မွေးဖွားပြီးနောက်ပိုင်းမိမိကိုယ်ကိုဂရုစိုက်ခြင်းသည် အာဟာရပြည့်ဝသောအစားအစာများစားခြင်းသည်မိခင်ကိုယ်တိုင်အတွက်သာမကကျန်းမာရေးအတွက်ပါကောင်းသည်။ ၎င်းသည်ကလေးများအားတိုက်ရိုက်ထိခိုက်စေနိုင်သည် အမေစားတဲ့အရာကြောင့် ကလေးကိုနို့ရည်အဖြစ်ပြောင်းလဲလိမ့်မည် သင့်ကလေးကိုအာဟာရကောင်းကောင်းရစေချင်လျှင် ကလေးမွေးဖွားပြီးနောက်မိခင်များသည်အာဟာရပြည့်ဝသောအစားအစာများကိုရွေးချယ်စားသင့်သည်၊ အစပ်များသောအစားအစာများ၊ ချဉ်သောအစားအစာများနှင့်အရက်အမျိုးမျိုးတို့ကိုရှောင်သင့်သည်။


3. လေ့ကျင့်ခန်းလုပ်ခြင်း

သင့်တော်သောလေ့ကျင့်ခန်းသည်ခန္ဓာကိုယ်အတွက်ကောင်းသည်ကိုကျွန်ုပ်တို့အားလုံးသိသည်။မွေးဖွားပြီးနောက်မိခင်များအတွက်သည် မိမိ၏ကျန်းမာရေးပြန်လည်ကောင်းမွန်စေရန်လေ့ကျင့်ခန်းလုပ်ပေးသင့်ပါသည် သို့ပေမဲ့ပြင်းပြင်းထန်ထန်တော့မလုပ်သင့်ပါ ဘာလို့လဲဆိုတေ့ာချုပ်ထားသောအရာ၌ထိခိုက်မှာကိုလဲသတိထားရပါမည် သို့မဟုတ် လမ်းဖြေးဖြေးလျှောက်ခြင်း၊ပေါ့ပေါ့ပါးပါးအိမ်အလုပ်လုပ်ခြင်းများကိုလဲလုပ်နိုင်ပါသည်၊ထိုလျှင်သာမကကိုယ်၀န်ချိန်ကာလ၌တိုးလာသောအလေးချိန်မှလေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် မိမိကိုယ်အလေးချိန်လဲကျစေနိုင်ပါသည်၊၎င်းသည်သင့်ကိုပျော်ရွှင်စေသောအရာများဖြစ်သော endorphins ကိုထုတ်လွှတ်ရန်ကူညီပေးသည်။

4. သန့်သန့်စင်စင်နေအောင်ရေချိုးခြင်း

ကလေးမွေးပြီးနောက် 12-14 နာရီနောက်ပိုင်းသည် မိခင်သည်ရေချိုးနိုင်ပါသည်။အကယ်၍အမေသည် နို့ရည်အများထွက်နေပါက အထဲကအကျီကိုမကြာခဏလဲပေးနိုင်ပါသည် သို့မဟုတ်ပ၀ါနဲ့သုတ်လို့ရပြီး နို့ရည်ကိုဗူးထဲစုပ်ထားပြီးသိမ်းထားနိုင်ပါသည်

 

5. ရင်သားနှင့်နို့သီးခေါင်းသန့်စင်ရမည်

မွေးပြီးနောက်အမေများသည်နို့ရည်အမြဲထွက်နေပါမည် မိမိ၏ကလေးလဲနို့ရည်တိုက်ရမည်ဖြစ်တဲ့တွက်ကြောင့် မွေးပြီးနောက်သန့်ရှင်းရမည်ဖြစ်ပါသည်။အကောင်းဆုံးနည်းလမ်းမှာတော့ နို့မတိုက်ခင်အခါတိုင်းမှာ၀ါဂွမ်းကိုရေနွေးနဲ့စွတ်ပြီးရင်သားနှင့်နို့သီးခေါင်း၀န်းကျင်ကိုသုတ်ပြီးသန့်ရှင်းရေးလုပ်ပေးသင့်ပါသည်။

 

6. ခွဲစိတ်ထားရသောချုပ်ရာကိုဂရုစိုက်ရခြင်း

       မိခင်သည်ရိုးရိုးမွေးသည်ဖြစ်စေ၊ခွဲမွေးသည်ဖြစ်စေ မည်သို့နည်းနဲ့မွေးသည်ဖြစ်စေချုပ်ရာတော့ရှိပါမည်၊အဲ့တာကြောင့်မိခင်သည် ချုပ်ရာကိုပိုးမ၀င်အောင်နှင့်ရောင်ရမ်းမှုများမဖြစ်စေရန်အတွက် သေချာဂရုစိုက်ရပြီးသန့်စင်စွာလုပ်ထားပြီးနေရပါမည်။၎င်းသည်ကလေးကိုကျွေးမွေးရန်အတွက်သက်ရောက်စေပါမည်။

 

7. မွေးဖွားပြီးနောက်စစ်ဆေးခြင်း

ကိုယ်၀န်မဆောင်ခင်ကျန်းမာရေးစစ်ဆေးသာလျှင်မဟုတ်ပါ မွေးဖွားပြီးနောက်စစ်ဆေးခြင်းလဲအရေးကြီးပါသည်။ပုံမှန်အရဆိုရင် ဗိုက်အပ်ထားသောဆရာ၀န်သို့မဟုတ်မွေးဖွားပေးသောဆရာ၀န်သည် မိမိမွေးပြီးနောက် ၁လနောက်ပိုင်းသည်သားအိမ်စစ်ဆေးရန်အတွက်ရက်ချိန်းပေးမည်ဖြစ်ပါသည်၊ သားအိမ်တွင်းပိုင်းစစ်ဆေးခြင်း၊သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း အကယ်၍မူမမှန်ခြင်းများရှိပါကအချိန်မှီကုသဖို့ရန်ရရှိပါမည်။

 

ကလေးရှိချင်ကြသောမိခင်များသည် အများအားဖြင့် ကိုယ်၀န်မတိုင်ခင်၊ ကိုယ်၀န်နေစဉ်၊ မွေးဖွားပြီးနောက်အထိ သူတို့သည်အဆင်သင့်ပြင်ဆင်ထားကြပါသည်။ထိုအချိန်ကာလများသည် မိမိ၏ကလေးငယ်ကိုကောင်းကျိုး၊ဆိုးကျိုးသက်ရောက်စေပါမည်။မိခင်ကျန်းမာရေးကောင်းသလောက်မိမိ၏ကလေးငယ်ကိုလဲကြီးထွားဖွံ့ဖြိုးမှုကောင်းစေပါမည် ၊အဲ့လိုသိပြီးနောက်မိခင်များကျန်းမာရေးဂရုစိုက်ဖို့ရန်မမေ့ကြပါနဲ။

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy