အမေဖြစ်ခါစသူအတွက်ကလေးကိုကျွေးမွေးနည်း မွေးပြီးနောက်အချိန်ကြာရီးမောပန်းနေအုန်းမှာပါ

 

အမေဖြစ်ခါစသူအတွက်ကလေးကိုကျွေးမွေးနည်

 

       အမေဖြစ်ခါစသူအတွက်ကလေးကိုကျွေးမွေးနည်း မွေးပြီးနောက်အချိန်ကြာရီးမောပန်းနေအုန်းမှာပါ မိခင်ဖြစ်သူသည်ကိုယ်၀န်ရှိတဲ့အချိန်ကစပြီးမောပန်းပါသည် ဗိုက်သွားအပ်ရခြင်း၊ဆရာ၀န်ချိန်းသောရက်အရလာရခြင်း၊ကာကွယ်ဆေးထိုးခြင်းနှင့်ဗိုက်ထဲ၌ကလေးကိုမထိခိုက်စေရန်အတွက်မိမိကိုယ်ကိုထိန်းရခြင်း မွေးဖွားပြီးနောက်လဲကလေးကိုကျွေးမွေးဖို့ရန်အတွက်လိုပါသေးသည်။သို့ပေမဲ့အမေဖြစ်ခါစသူသည်သတင်းအချက်အလက်များကိုပိုစုံစမ်းရမည်ဖြစ်ပါသည်၊ဘာလို့လဲဆိုတော့ကလေးကျွေးမွေးနည်းသည်အသေးစိတ်များရှိပါသည်၊နည်းနည်းလွဲချော်ပါကကလေးကိုအန္တရာယ်ထိခိုက်စေနိုင်ပါမည်။ထို့ကြောင့်ကလေးကိုမှန်မှန်ကန်ကန်ကျွေးမွေးအောင် ကျွနုပ်တို့ဆေးခန်းသည်သင့်အတွက်လမ်းညွန်ဖို့ အချက် ၁၀နည်းရှိပါသည်။၎င်းတို့မှာ-


1. အချိန်မှန်မှန်နို့တိုက်ရခြင်း

       ပထမဆုံးအချက်ဖြစ်ပြီးအရေးကြီးဆုံးအချက်ဖြစ်ပါသည်၊ဘာလို့လဲဆိုတော့ စစချင်းမွေးလာရင်နို့ကိုမကြာခဏတိုက်ရမည်ဖြစ်ပါသည် ကလေးကိုအမြဲ 2-3 နာရီ တိုက်ပေးရပါမည်။ကလေးအိပ်နေသော်လည်း နိုးပြီးနို့တိုက်ပေးရမည်ဖြစ်ပါသည်။

 

2. ခန္ဓာကိုယ်ကိုသန့်သန့်ရှင်းရှင်းထားရခြင်း 

       မိခင်များသည် မိမိ၏ကလေးငယ်ကိုခန္ဓကိုယ်သုတ်ပေးရခြင်း၊မျက်နှာသုတ်ပေးရခြင်း သို့မဟုတ် တရက်ကို ၂ကြိမ် မနက်နှင့်ညနေရေချိုးပေးခြင်း သို့ပေမဲ့ အနည်းဆုံး တရက်ကို၁ကြိမ်ရေချိုးပေးလဲလုံလောက်ပါသည်၊ခေါင်းကိုတရက်တကြိမ်သာလျှင်လျှော်ရပါသည်။
 

3. အညစ်အကြေးစွန့်ခြင်း

       ကလေး၏အညစ်အကြေးစွန့်ခြင်းသည် ပုံမှန်၀မ်းသွားရင်တော့အရည်ပဲဖြစ်ပါသည် တရက်ကို6-8ကြိမ်အထိဖြစ်နိုင်ပါသည်။သို့ပေမဲ့လဲ ကလေး၏နို့တိုက်ခြင်းပေါ်မှာလဲမူတည်ပါမည်၊ဆီးသွားရင်တော့တရက်ကို10-20အထိရှိနိုင်ပါသည်။မွေးဖွားပြီးနောက်မိခင်နှင့်ဖခင်လဲဤအရာကိုဂရုစိုက်ပေးရမည်ဖြစ်ပါသည်။


4. ရေချိုးပြီးနောက်ချက်ကြိုးမှာသန့်ရှင်းအောင်သုတ်ခြင်း

       ရေချိုးပြီးတဲ့နောက်ပိုင်း ၀ါဂွမ်းကိုအယ်ဂေါ်ဟော  75% နဲ့စွတ်ပြီးချက်ကိုသုတ်ပေးရပါမည်။ပုံမှန်အရဆိုရင် ချက်ကြိုးသည်7-10အတွင်းကြွေကျပါမည် အကယ်၍ရောင်ရမ်းခြင်း၊အနံ့ဆိုးခြင်းများရှိပါက လျှင်မြန်စွာဆရာဆီသို့သွားပြရမည်ဖြစ်ပါသည်။သေချာသတိထားရမည့်အရာကြတော့ မိခင်များသည်မိမိ၏ကလေးကိုမည်သည့်ဆေးနဲ့မဆိုချက်ထဲမလိမ်းပေးသင့်ပါသည်၊ဘာလို့လဲဆိုတော့ချက်ကြိုးအရာနှင့်အသားရည်ကိုပြဿနာထိခိုက်တတ်ပါသည်။

 

5. ရေချိုးပြီးနောက်မျက်စိမှာသန့်ရှင်းအောင်သုတ်ခြင်း

       ရေချိုးပြီးတဲ့နောက်ပိုင်း ၀ါဂွမ်းကိုရေနွေးနဲ့စွတ်ပြီးသုတ်ပေးသင့်ပါသည် မိမိ၏ကလေးကိုမျက်စိမသုတ်ပေးခင် မိခင်များသည်လက်ကိုအရင်ဆုံးသေချာသုတ်ပေးသင့်ပါသည်။မျက်စိစိုစွတ်နေရင် ကလေး၏မျက်စိအပေါ်ကိုဖြည်းဖြည်းလေးနှိပ်ပေးနိုင်ပါသည် အကယ်၍မူမမှန်သောလက္ခဏာရှိပါက ဉပမာမျက်ချီးအများထွက်နေရင်ဆရာ၀န်ကိုပြရမည်ဖြစ်ပါသည်။

 

6. အစားအစာ၅အုပ်စုပြည့်အောင်စားခြင်း

        မွေးဖွားပြီးနောက်မိခင်အတွက်သို့မဟုတ်နို့တိုက်နေသောအချိန်ကာလသည် စားသောအစာသည်အလွန်အရေးကြီးပါသည်။မိခင်သည်အစားအစာ၅အုပ်စုပြည့်စုံအောင်စားရပါမည်၊လက်လုပ်ချဉ်အစာများ၊အစပ်များ၊ Alcohol ရှိသောအရည်အမျိုးမျိုးကိုလဲမစားသင့်ပါ။ကိုယ်၀န်ချိန်ကာလထဲ၌အစာဆင်ခြင်ပြီးစားရခြင်းမဟုတ်ပါ ေမွးပြီးနောက်ကိုလဲဆင်ခြင်ပြီးစားရမည်ဖြစ်ပါသည်။

 

7. မွေးဖွားပြီးနောက်သင့်တော်သောနေရာကိုကျွေးမွေးသင့်ခြင်း 

       ကလေးမွေးပြီးနောက်မိမိ၏ကလေးကို လေ၀င်ပြီးအဆင်ပြေသောနေရာကိုအသင့်တော်ဆုံးထားပေးသင့်ပါသည်၊ လုံခြုံသောနေရာထားပြီး အန္တရာယ်ထိခိုက်နိုင်မည့်နေရာကိုရှောင်သင့်သည် ဉပမာအားဖြင့် စိုစွတ်သောနေရာ၊ ဖုန်ရှိသောနေရာ၊ဆေးလိပ်အနံ့ပျင်းသောနေရာအစရှိသဖြင့် ရှောင်ရှားသင့်ပါသည်။

 

8. မိမိကိုယ်ကိုသန့်စင်အောင်နေခြင်း

       မိခင်၏သန့်ရှင်းမှုလဲအရေးကြီးပါသည် မိမိ၏ကလေးကိုအမြဲတစေကိုင်တွယ်ရမည်ဖြစ်တဲ့တွက်ကြောင့် လက်ကိုအမြဲဆေးပေးပြီးခြောက်အောင်သုတ်သင့်ပါသည် ကလေးရဲ့လုံခြုံရေးအတွက် အခြားသောကူးစက်ရောဂါလက္ခဏာများမဖြစ်ဖို့စေရန်အတွက်ဖြစ်ပါသည်။


9. အသား၀ါခြင်းလက္ခဏာများ

        အများအားဖြင့်မွေးဖွားပြီးနောက်၃ရက်သည်ကလေးအသား၀ါနေတာကိုတွေ့ရပါမည် အကယ်၍မိခင်သည်မိမိ၏ကလေးမူမမှန်မှုအသား၀ါနေတာကိုမြင်ပြီး နို့မစို့သို့မဟုတ်ထုံထိုင်းပြီးပျော့ပျောင်းနေသောလက္ခဏာဖြစ်ပါကဆရာ၀န်ကိုလျှင်မြန်စွာသွားပြရပါမည်။

 

10. နှာခေါင်း၌သန့်ရှင်းလုပ်ခြင်းနှင့်အခြားသုံးသောပစ္စည်းများကိုသန့်ရှင်းရေးလုပ်ခြင်း 

        မိခင်သည်မိမိကိုယ်ကိုနို့မတိုက်နိုင်ပါက နို့မုန့်တိုက်မယ်ဆိုရင်အခြားသုံးသောပစ္စည်းများကိုသန့်သန့်ရှင်းရှင်းထားပေးရပါမည် အထူးသဖြင့်နို့စို့တဲ့ဟာသည်ရေနဲ့ပြုတ်ပြီးအမြဲသုံးရပါမည်။ကလေးကိုမတိုက်ခင် ဤကိရိယာကိုမသုံးခင်ရေနွေးနှင့်ပြုတ်ပေးသင့်ပါသည်။

        ထို့ကြောင့်မွေးဖွားပြီးနောက်သည် မိခင်များသည်ကလေးကိုကျွေးမွေးရန်အလုပ်ကိစ္စများလိုနေသေးတာကိုတွေ့မြင်နေရပါသည် သို့ပေမဲ့အမေဖြစ်ခါစသူများသည်အချက်အလက်များကိုသေချာစုံစမ်းထားရပါမည်။ဤအရာသည်ဖခင်ဖြစ်သူကိုလဲ မိခင်နှင့်အတူ တပြည်းညီလေ့လာရပါမည်။

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy