အင်ထပ်မီဒယ်ခဲဆေးခန်းတွင်ဖောက်သည်များ အမှန်တကယ်လူကိုယ်တိုင်စစ်ဆေးခံယူရရန် မူဝါဒရှိပါသည် အဘယ်ကြောင့်ဆိုသော် ဆရာဝန်နှင့်အမှန်တကယ်စစ်ဆေးမှုမခံယူဘဲဆေးလက်မှတ်ထုတ်ပေးခြင်းသည် လူနာကိုယ်တိုင်ယာဉ်တိုက်မှု၊ မတော်တဆမှုစသည်.ဆိုးကျိုးသက်ရောက်မှုများရှိနိုင်ပြီး ၎င်းသည်လမ်းပေါရှိခြားလူများအပေါ်တွင်လည်းထိခိုက်စေပါသည်။
ယာဉ်မောင်းလိုင်စင်လျှောက်ရန် သို့မဟုတ် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရန်ဆေးလက်မှတ် တောင်းလိုသူများသည် ယုံကြည်စိတ်ချရသောဆေးရုံ သို့မဟုတ် ဆေးခန်းတို.သွားပြီးဝန်ထမ်းများအား သင်ယာဉ်မောင်းလိုင်စင်လိုအပ်ကြောင်းပြောကြားပြီး ဖြစ်စဉ်အလိုက်ဆက်လက်ဆောင်ရွက်နိုင်ပါသည်။
အင်ထပ်မီဒယ်ခဲဆေးခန်းတွင် ၎င်း၏စစ်မှန်ကြောင်းအတည်ပြုရန် အောက်ပါရောဂါရှာဖွေရေးလုပ်ငန်းစဉ်များရှိပါသည်။
၁. ဝန်ဆောင်မှုရယူရန်လာရောက်သူများ၏ နိုင်ငံသားကတ် ( သို.မဟုတ် နိုင်ငံတော်မှထုတ်ပေးသောစာရွက်စာတမ်းများ ) သည်ဝန်ဆောင်မှုလာရောက်လက်ခံသူဖြစ်ကြောင်းစစ်ဆေးခြင်း
၂. မျက်စိအရောင်ကွယ်ခြင်းစမ်းသပ်မှုနှင်. သွေးပေါင်ချိန်တိုင်းတာခြင်း
၃. ဆရာဝန်သည် ကားမောင်းရာတွင်အသုံးပြုရန်ရုပ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်ကြောင်းစစ်ဆေးခြင်း
အင်ထပ်မီဒယ်ခဲဆေးခန်းတွင် ယာဉ်မောင်းလိုင်စင်အတွက်ဆေးလက်မှတ်ပုံစံသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏စည်းမျဉ်းများအတိုင်း ဆေးလက်မှတ်ပုံစံကိုအသုံးပြုထားခြင်းဖြစ်သည်။ (ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှကိုးကားထားခြင်း)။