နိုင်ငံခြားသားအလုပ်သမားများအတွက်ကျန်းမာရေးစစ်ဆေးခြင်း (Work Permit Program)
ဆေးလက်မှတ်သည် လူတစ်ယောက်၏ကျန်းမာရေးတကယ်၀င်စစ်သည်ဟုဆိုပြီးအတည်ပြုထားသောစာရွက်စာတမ်းတစ်ခုဖြစ်ပါသည်။ ဉပမာ -အလုပ်ေလျောက်ရန်ဆေးလက်မှတ်၊ယာဉ်မောင်းလိုင်စင်လုပ်ရန်ဆေးလက်မှတ်၊နိုင်ငံခြားသွားရန်ဆေးလက်မှတ်၊ကျောင်းဆက်တက်ရန်ဆေးလက်မှတ်၊ work permit လုပ်ရန်ဆေးလက်မှတ်များဖြစ်ပါသည်၊၎င်းသည်ဆေးကောင်စီမှသာဆေးကုသခွင့်လိုင်စင်ရရှိထားသောဆရာဝန်တစ် ဦးကသာလျှင်ထုတ်ပေးပိုင်ခွင့်ရှိပါသည်။ထို့နောက်နိုင်ငံခြားသားအလုပ်သမားများအတွက်ကျန်းမာရေးစစ်ဆေးခြင်း (Work Permit Program) အတွက်ဆေးလက်မှတ်သည် အင်ထပ်မီဒယ်ခဲဆေးခန်းနှင့်တကွအောက်ပါအတိုင်းအသေးစိတ်များရှိပါသည်၊၎င်းတို့မှာ-
Work Permit ဆိုသည်မှာ သူများနိုင်ငံမှာအလုပ်လုပ်ပိုင်ခွင့်ရှိသောစာရွက်စာတမ်း၊စီးပွားရေးတည်ထောင်ခြင်း (သို့) အလုပ်အကိုင်အမျိုးမျိုးတွင်အလုပ်ခန့်ခဲ့သူများအတွက် ဗီဇာနဲ့အတူသုံးရမည်။ထို့နောက်ဗီဇာအမျိုးအစားကို Non-Immigrant VISA “B” ပြောင်းရန်လိုအပ်ပါသည် နောက်ပြီးWork Permitကိုတဆင့်တောင်းပြီးအလုပ်လုပ်ခွင့်ပြုပါမည်၊ဒါကြောင့်Work Permit တောင်းရန်အတွက်သည် နိုင်ငံခြားသားအလုပ်သမားများအတွက်ကျန်းမာရေးစစ်ဆေးခြင်း (Work Permit Program) အတွက်ဆေးလက်မှတ်ကိုလိုအပ်ပါသည်။
နိုင်ငံခြားသားအလုပ်သမားများအတွက်ကျန်းမာရေးစစ်ဆေးခြင်း (Work Permit Program) သည်ဘာတွေစစ်ရပါသလဲ ?
နိုင်ငံခြားသားအလုပ်သမားများအတွက်ကျန်းမာရေးစစ်ဆေးခြင်း (Work Permit Program) အတွက်ဆေးလက်မှတ်သည်အောက်ပါအတိုင်းစစ်ဆေးရန်လိုပါသည်၊၎င်းများမှာ-
အထူးကုဆရာ၀န်အားဖြင့်မိမိကိုယ်ခန္ဓာစစ်ဆေးပေးခြင်း / Physical Examination
သွေးဖိအား, သွေးခုန်နှုန်း, အလေးချိန်, အမြင့်များကိုတိုင်းတာခြင်း / Vital Signs
အဆုတ်နှင့်နှလုံးကြည့်ရှုရန် X-Ray ဓါတ်မှန်ရိုက်ခြင်း / Chest X-ray
မူးယစ်ဆေးဝါးစစ်ဆေးခြင်း / Urine Met,Amphetamine
ဆစ်ဖလစ်ရောဂါအတွက်အပြုသဘောဆောင်သောသွေးတုံ့ပြန်မှုရှိမရှိစစ်ဆေးခြင်း / VDRL
ရောဂါ (၆) ခုအတွက်ဆေးဘက်ဆိုင်ရာအထောက်အထားစာရွက်စာတမ်းများ
1. လက်ပရိုစီအနာကြီးရောဂါ / Leprosy
2. တီဘီရောဂါ / Advandced Pulmonary Tuberculosis
3. မူးယစ်ဆေးစွဲရောဂါ / Drug addiction
4. နာတာရှည်အရက်ရောဂါ / Chronic alcoholish
5. ဆင်ခြေထောက်ရောဂါ / Elephantiasis
6.တတိယအဆင့်၌ဆစ်ဖလစ်ရောဂါ / Tertiary syphilis
ထို့နောက်Work Permit တောင်းရန် နိုင်ငံခြားသားအလုပ်သမားများအတွက်ကျန်းမာရေးစစ်ဆေးခြင်း၏ဆေးလက်မှတ်သက်တမ်းသည် လာစစ်တဲ့ရက်ကစပြီး 60 ရက်သာလျှင်ရှိပါသည်။
ကျန်းမာရေး၀င်မစစ်ဆေးခင်ကြိုဆိုပြင်ဆင်သင့်သောအချက်များ
ရေနှင့်အစာကိုရှောင်ရန်မလိုပါ
လက်မောင်း၌သွေးစစ်ရန်အဆင်ပြေသည့်ရှပ်အင်္ကျီကို၀တ်ဆင်သင့်သည်
အလုံအလောက်အိပ်ရန်နှင့်ပြည့်ပြည့်၀၀အနားယူသင့်ပါသည်၊မစစ်ခင်တရက်အိပ်ရေးပျက်ခြင်းမရှိသင့်ပါ
ယခင်က X-RAYဓါတ်မှန်ရိုက်ထားခြင်းရှိပါကအမြဲယူဆောင်လာရမည်
မစစ်ဆေးခင်မိမိကိုယ်၀န်ရှိခြင်းထင်ပါကဆရာ၀န်များကိုကြိုတင်တိုင်ကြားပြောထားရပါမည်
အင်ထပ်မီဒယ်ခဲဆေးခန်းနှင့် နိုင်ငံခြားသားအလုပ်သမားများအတွက်ကျန်းမာရေးစစ်ဆေးခြင်း(Work Permit Program)ဆေးလက်မှတ်အတွက်လုပ်ဆောင်ရခြင်းသည်လွယ်ကူစွာအဆင်ပြေပြီးလျင်မြန်စေပါသည်၊ကျွမ်းကျင်သောဆရာ၀န်အားဖြင့်ပြုစုစောင့်ရှောက်ပေးပါသည်၊သင်အိမ်နဲ့နီးသောဆေးခန်းခွဲကိုသွားနိုင်ပြီး အသေးစိတ်များကိုထပ်ပြီးစုံစမ်းမေးမြန်းလိုပါက အင်ထပ်မီဒယ်ခဲဆေးခန်းကိုGoogle ထဲ၌ရှာနိုင်ပါသည်။
အသေးစိတ်စုံစမ်းမေးမြန်းရန်
