လက်မောင်းအောက်သားဆက်ခြားပစ္စည်းထည့်ခြင်းအားသာချက် (၁၂) ချက်


လက်မောင်းအောက်သားဆက်ခြားပစ္စည်းထည့်ခြင်းအားသာချက် (၁၂) ချက်

 

       ရှေးခေတ်ကအမျိုးသမီးတွေကဆေးကဒ်သောက်သောက်ခြင်းအားဖြင့်ကိုယ်၀န်တားကြပါသည်၊ဘာလို့လဲဆိုတော့ဆေး၀ယ်သောက်ရခြင်းလွယ်တာနဲ့ စျေးချိုတာနဲ့ နောက်ပြီးတားရခြင်းအရည်အသွေးမြင့်မားပါသည် ဒါပေမဲ့ဆေးသောက်ဖို့ရန်မေ့ခဲ့တယ်ဆိုရင်တော့ကိုယ်၀န်ရနိုင်ပါသည်၊အဲ့တာကြောင့်မေ့တတ်တဲ့သူတွေက တခြားနည်းနဲ့ကိုယ်၀န်တားကြပါသည်၊ဉပမာ သားကြောဖြတ်တာ၊ ဆေးထိုးတာ (သို့)အမျိုးသမီးတွင်းထဲကွင်းထည့်တာ များလုပ်ကြပါသည်ကိုယ်၀န်မရအောင်။အခုလက်ရှိအများပိုင်းသည် လက်မောင်းတွင်းထည့်နည်းနဲ့တား တာများကြပါသည်၊ဘာလို့လဲဆိုတော့အရည်အသွေးမြင့်မားပြီး အဆင်ပြေစွာနဲ့အချိန်ကုန်တာသက်သာစေပါသည်။အဲ့တာကြောင့်အခုခေတ်လူငယ်တွေနဲ့ပိုပြီးလုပ်တာများကြပါသည်၊ဘာကြောင့်လဲဆိုတာပိုနားလည်အောင်သွားကြည့်ကြရအောင်-

ข้อดีฝังยาคุมกำเนิด

လက်မောင်းအောက်တားဆေးထည်.ခြင်း၏ ကောင်းကျိုး ၁၂ ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ကိုယ်ဝန်မရအောင် ကာကွယ်ရာမှာ အလွန်ထိရောက်ပါသည်။

  2. အခြားသန္ဓေတားနည်းများနှင့် နှိုင်းယှဉ်ပါက ဘေးထွက်ဆိုးကျိုးနည်းပါးသည်။

  3. ဆေးအမျိုးအစားပေါ် မူတည်၍ ၃ နှစ်မှ ၅ နှစ်အထိ တာရှည် ကာကွယ်နိုင်သည်။ ဒါကြောင့် မကြာခဏ အချိန်ကုန်နေဖို့ မလိုတော.ပါ။

  4. တားဆေးသောက်ခြင်း၊ . တားဆေးထိုးခြင်းနှင်.မတူသော လက်မောင်းအောက်တားဆေးထည်.ခြင်းသည် အဆင်ပြေသောကြောင့် မေ့မေ့ပျောက်ပျောက်ဖြစ်မည်ကို စိုးရိမ်စရာမလိုတော.ပါ။

  5. သန္ဓေတားဆေးကို ဖယ်ထုတ်ရန်လိုအပ်ပါက မေ့ဆေးထိုးသွင်းရုံဖြင့် အလွယ်တကူ ဖယ်ထုတ်နိုင်ပါသည်။

  6. သန္ဓေတားဆေးကိုဖယ်ရှားပြီးပါနောက် အချိန်တိုအတွင်း မျိုးပွားနိုင်မည်ဖြစ်သည်။

  7. လက်မောင်းအောက်တားဆေးဖယ်ထုတ်ပြီးသည်.နောက် သန္ဓေတားဆေးထိုးခြင်းထက် 90% အထိကိုယ်ဝန်ပိုရမြန်ပါသည်။

  8. ရာသီလာချိန်‌ဗိုက်နာမှုကို လျှော့ချပေးပြီး ရာသီသွေးဆင်းများသူအတွက် သွေးဆင်းနည်းအောင်ကူညီပေးပါသည်။

  9. နို့အရည်အသွေးနှင့် ပမာဏကို မထိခိုက်စေဘဲ နို့တိုက်မိခင်များလည်း လက်မောင်းအောက်တားဆေးထည်.လို.ရပါသည်။

  10. အီစထရိုဂျင်ပါ၀င်သော တားဆေးများကို အသုံးမပြုနိုင်သူများအတွက် သင့်လျော်သည်။

  11. သားအိမ်တွင်းကင်ဆာ၊ ရင်သားကင်ဆာနှင့် သားအိမ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးသည်။

  12. အသည်း၏လုပ်ဆောင်ချက်ကိုမပြောင်းလဲစေပါ။


1. ကိုယ်ဝန်မရအောင် ကာကွယ်ရာမှာ အလွန်ထိရောက်ပါသည်။

သန္ဓေတားနည်းအားလုံးထဲတွင် လက်မောင်းအောက်သန္ဓေတားဆေးထည့်သွင်းခြင်းသည် အထိရောက်ဆုံးဟု ယူဆပါသည်။ ကိုယ်ဝန်တားဆေးသောက်ခြင်းထက် ဟော်မုန်းတစ်ခုတည်းနှင့် ပေါင်းစပ်ဟော်မုန်း လက်မောင်းအောက်သန္ဓေတားဆေး၏ ကိုယ်ဝန်တားနှုန်းသည် 99% အထိထိရောက်မှုရှိသည်။ တားဆေးသောက်ခြင်းမေ.လျှင် သို.မဟုတ် သောက်သုံးပုံမှားလျှင် 9% အထိကိုယ်ဝန်ရနိုင်ချေရှိသည်။


2. အခြားသန္ဓေတားဆေးပုံစံများနှင့် နှိုင်းယှဉ်ပါက ဘေးထွက်ဆိုးကျိုးနည်းသည်။

လက်မောင်းအောက်သန္ဓေတားဆေး၏ နောက်ထပ်အားသာချက်မှာ တားဆေးထိုးခြင်း၊ တားဆေးသောက်ခြင်းနှင်.နှိုင်းယှဉ်လျှင် ဘေးထွက်ဆိုးကျိုးနည်းသည်။ လက်မောင်းအောက်သန္ဓေတားဆေးထည်.ထားသူအများစုသည် ခေါင်းမူးခြင်း၊ အော့အန်ခြင်း၊ ပျို့အန်ခြင်း များမခံစားစေပါ။ ဤဘေးထွက်ဆိုးကျိုးများသည် သန္ဓေတားဆေးသောက်သုံးသူများနှင့် တားဆေးထိုးသူများထံတွင်အဖြစ်များပါသည်။

 

3. 3-5 နှစ်အထိ ကိုယ်ဝန်တားနိုင်ပါသည်။

လက်မောင်းအောက်သန္ဓေတားဆေးထည့်သွင်းခြင်းသည် ဆေးအမျိုးအစားပေါ်မူတည်ပြီး 3-5 နှစ်ကြာအောင် ကိုယ်တန်တားနိုင်ပါသည်။ သန္ဓေတားဆေးတွင် ပရိုဂျက်စတင်ဟော်မုန်း(Progestin)အသုံးပြုထားခြင်းဖြစ်သည်။ အင်ထိုနိုဂျင်တင် (Etonogestrel) ပါဝင်သောလက်မောင်းအောက်သန္ဓေတားဆေးမျိုးသည် ၃ နှစ်အထိကိုယ်ဝန်တားနိုင်ပြီး လီဝိုနိုဂျပ်တင် (Levonorgestrel) ပါဝင်သောလက်မောင်းအောက်သန္ဓေတားဆေးမျိုးသည် ၃ နှစ်အထိကိုယ်ဝန်တားနိုင်သည်။
 

 

အင်ထပ်မီဒယ်ခဲတွင် လက်မောင်းအောက်သန္ဓေတားဆေးထည်.ရန်စိတ်ဝင်စားပါက

  ဝန်ဆောင်ခကြည့်ရှုရန် ဤနေရာကိုနှိပ်ပါ။

 

4. အဆင်ပြေချောမွေ.စေပြီး စိုးရိမ်ပူပန်မှုကို လျော.ချ‌စေပါသည်။

ဖော်ပြခဲ့သည့်အတိုင်း သန္ဓေတားဆေးသည် သင်ရွေးချယ်သည့်ဆေးပေါ်မူတည်၍ ကိုယ်ဝန် ၃ နှစ်မှ ၅ နှစ်အထိ တားဆီးနိုင်ပါသည်။ ဤနည်းလမ်းသည် အဆင်ပြေလုံခြုံမှုရှိသည်ဟု ယူဆပြီး အချိန်များစွာမယူပါ။ လက်မောင်းအောက်သန္ဓေတားဆေးထည်.ခြင်းသည် သန္ဓေတားဆေးထိုးခြင်း၊  သန္ဓေတားဆေးသောက်သုံးခြင်းတို.လို အချိန်မှန်ဆေးသောက်ရန် ဆေးထိုးရန် မေ.မှာကိုစိုးရိမ်စရာမလိုတော.ပါ။

 

5. လက်မောင်းအောက်သန္ဓေတားဆေးထည်.ခြင်းသည် အလွယ်တကူဖယ်ရှားနိုင်ပါသည်။

လက်မောင်းအောက်သန္ဓေတားဆေးသည် အလွယ်တကူထည်.သွင်းနိုင်ပြီး အလွယ်တကူဖယ်ရှားနိုင်ပါသည်။ ကိုယ်ဝန်ဆောင်ရန် လက်မောင်းအောက်သန္ဓေတားဆေးဖယ်ထုတ်ခြင်း သို.မဟုတ် သန္ဓေတားဆေးကို ပြောင်းလဲလိုပါက မေ့ဆေးထိုးသွင်းခြင်းဖြင့်သာ လုပ်ဆောင်နိုင်သည်။


6. အချိန်တိုအတွင်း သန္ဓေအောင်နိုင်ခြင်း

လက်မောင်းအောက်သန္ဓေတားဆေးကိုဖယ်ရှားပြီးပါက အချိန်တိုအတွင်း မျိုးပွားနိုင်မည်ဖြစ်သည်။ အခြားသော သန္ဓေတားနည်းများသည် ဆေးသုံးပြီးနောက် မျိုးပွားမှုကို ထိခိုက်စေနိုင်သည်။ ထို.ကြောင်. လက်မောင်းအောက်သန္ဓေတားဆေးကိုထည့်သွင်းလိုပါက သို့မဟုတ် ဖယ်ရှားလိုပါက ဆရာဝန်နှင့် တိုင်ပင်ပြီး လိုအပ်သည့်အချိန်တိုင်း ဝန်ဆောင်မှုရယူနိုင်ပါသည်။

ข้อดีฝังยาคุมคือมีบุตรได้เร็วกว่าการป้องกันแบบฉีดยาคุม

7. လက်မောင်းအောက်သန္ဓေတားဆေးထုတ်ပြီးနောက် သန္ဓေတားဆေးထိုးခြင်းထက် ကိုယ်ဝန်ရနှုန်း 90% ပိုမြန်သည်

 လက်မောင်းအောက်သန္ဓေတားဆေးထုတ်ပြီးနောက် သန္ဓေတားဆေးထိုးထားခြင်းထက် ကိုယ်ဝန်ရနှုန်း 90% ပိုမိုမြန်ဆန်ကြောင်း သင်သိပါသလား။ အဘယ်ကြောင့်ဆိုသော် ဟော်မုန်းများသည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တွင် စုပုံမနေဘဲ ဖြန့်ဝေနိုင်‌သောနှုန်းသည် အလွန်သေးငယ်သော အချိုးအစားကြောင့် ဖြစ်သည်။

 

8. ရာသီလာချိန်ဗှိုက်နာခြင်းကိုလျှော့ချစေပြီး  ရာသီသွေးပမာန နည်းပါးစေသည်။

 လက်မောင်းအောက်သန္ဓေတားဆေးထည်.ခြင်းသည် ရာသီလာချိန်ဗိုိုနာခြင်းကိုလျှော့ချစေပြီး ရာသီလာချိန် သွေးဆင်းများသူအတွက်  သွေးဆင်းနည်းအောင်ကူညီပေးသည်။ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ကူညီပေးပြီး ရာသီလာချိန်ဖြစ်ပေါ် တတ်သော ဆိုးရွားသောခံစားမှုကို မခံစားစေတော.ပါ(လူပေါ်မူတည်သည်)။

9. နို့အရည်အသွေးနှင့် ပမာဏကို မထိခိုက်စေပါ။

လက်မောင်းအောက်သန္ဓေတားဆေးထည်.ခြင်း၏အားသာချက်မှာ နို့တိုက်နေသော အမျိုးသမီးများအတွက်ရွေးချယ် ရန်သင်.တော်သည်။ အဘယ်ကြောင့်ဆိုသော် အသုံးပြုထားသောဆေးသည် မိခင်၏နို့ရေရောဏကို မထိခိုက်စေဘဲ မိခင်နို့အတွင်းရှိ အာဟာရများကိုလည်း မထိခိုက်စေသောကြောင့်ဖြစ်သည်။

 

10. အီစထရိုဂျင်ပါသော သန္ဓေတားဆေးသောက်ပြီး ဓာတ်မတည်.သူများအတွက် ရွေးချယ်ရန်သင့်လျော်သည်။

တချို့သောသူသည် အီစထရိုဂျင်ပါသော သန္ဓေတားဆေးသောက်ပြီး ဓာတ်မတည်.သောကြောင်. ခန္ဓာကိုယ်နှင့် နေထိုင်မှုပုံစံကို ထိခိုက်စေစေင်သည်။ ထို့ကြောင့်အီစထရိုဂျင်ပါသော သန္ဓေတားဆေးနှင်.ဓာတ်မတည်.သူအတွက် လက်မောင်းအောက်သန္ဓေတားဆေးထည်.ရန်သင်.တော်သည်။ 

 

11. အမျိုးသမီးများတွင် ပြင်းထန်သောရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးပါသည်။

လက်မောင်းအောက်သန္ဓေတားဆေးထည်.ခြင်းသည် အမျိုးသမီးများအတွက် သက်တောင့်သက်သာရှိမှုအပြင် ဉပမာအားဖြင်. သားအိမ်ဉကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ပြင်သန္ဓေတည်ခြင်း စ‌‌‌သော ရောဂါဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေသည်ဟု ဆိုနိုင်သည်။

 

12. အသည်း၏လုပ်ဆောင်ချက်ကိုမပြောင်းလဲစေစေ။

လက်မောင်းအောက်သန္ဓေတားဆေးထည်.ခြင်းသည် အသည်း၏လုပ်ဆောင်ချက်ကိုမထိခိုက်စေပါ။ အဘယ်ကြောင့်ဆိုသော်အန္တရာယ်ရှိသော ဟော်မုန်းများ မပါဝင်ခြင်းကြောင့်ဖြစ်သည်။ ဒါ.အပြင် အီစထရိုဂျင်ဟော်မုန်းများသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်် လာနိုင်မည်.ဦးနောက်သွေးကြောပိတ်ရောဂါဖြစ်နှုန်းကိုလည်း လျော့ချစေသည်။

 


လက်မောင်းအောက်သန္ဓေတားဆေးထည်.ခြင်းသည် ဖော်ပြထားသည်.အတိုင်း ကောင်းကျိုးများစွာရှိပါသည်။ သို့သော်လည်း သင့်အတွက်  လက်မောင်းအောက်သန္ဓေတားဆေးထည်.ရာတွင် ထိရောက်မှုနှင့် ဘေးကင်းမှုဆိုင်ရာ ပိုမိုယုံကြည်နိုင်စေရန် စံချိန်စံညွှန်းမီသော သမားတော်နှင့် ဆေးဘက်ဆိုင်ရာဌာနမှ စီမံညွှန်ကြားခြင်းအရဆောင်ရွက်သင့်သည်။ ကျွန်ုပ်တို့အင်ထပ်မီဒယ်ခဲဆေးခန်းသည် စျေးနှုန်းချိုသာပြီး ခေတ်မီစက်ကိရိယာများဖြင့် အတွေ့အကြုံရှိဆရာဝန်များမှ ဝန်ဆောင်မှုများပေးနေပါပြီ။ သင်.အိမ်နှင်.နီးသော ဆေးခန်းငှာနခွဲကိုရွေးချယ်ပြီး ဆေးခန်းတည်နေရာကို google ထဲတွင်ရိုက်ရှာခြင်း သို.မဟုတ် ဝဘ်ဆိုက်တွင် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။


This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy