HIV ပိုးမကူးစက်မီ သိထားရမည့်အချက်များ 

အင်ထပ်မီဒယ်ခဲဆေးခန်း


 1. HIV အသိပညာ

HIV ပိုး (HN) ကို နည်း ၃ မျိုးဖြင့် ကူးစက်နိုင်ပါသည်။

               1.1. လိင်ပိုင်းဆိုင်ရာ

               1.2. သွေးမှတဆင့် ရောဂါရှိသူ၏သွေးကိုလက်ခံခြင်း သို့မဟုတ် ရောဂါရှိသူများနှင့်ဆေးထိုးအပ်များမျှဝေအသုံးပြုခြင်း

               1.3. ကိုယ်ဝန်ဆောင်စဉ် မိခင်မှကလေးသို့ ကူးစက်ခြင်း မီးဖွားစဉ် သို့မဟုတ် နို့တိုက်ကျွေးခြင်းမှကူးစက်ခြင်း

               HIV ကူးစက်မှု၏ အစောပိုင်းလက္ခဏာမှာ ခန္ဓာကိုယ်အနှံ့တွင်ကြီးမားသော တက်စေ.များဖြစ်ပေါ်စေနိုင်ပါသည်။ နောက်ပိုင်းတွင် ပါးစပ်တွင်မှိုပိုးဝင်ခြင်း၊ ရေယုန်ပေါ််ပေါက်ခြင်း ၊ မကြာခဏဝမ်းလျှောခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်းစ သည့်ရောဂါလက္ခဏာများပိုမိုပြသလာသည်။ နောက်ဆုံးတွင်အေအိုင်ဒီအက်စ်ရောဂါလက္ခဏာများသည် ဦးနှောက်မှိုကဲ့သို့သောရောဂါလက္ခဏာများ၊  ပြင်းထန်သောအဆုတ်ရောင်ရောဂါ၊ ကင်ဆာ၊ စိတ်ကျရောဂါများပေါ်လာလိမ့်မည်။ ရောဂါအစမှ AIDS အဆင့်အထိရောဂါလက္ခဏာများသည် နှစ်တွေကြာနိုင်ပါသည်။ ရောဂါလက္ခဏာများမကုသဘဲထားပါက 2-3 နှစ်အတွင်း သေဆုံးနိုင်ပါသည်။

 

2. HIV ပိုးရှိမရှိ စစ်ဆေးခြင်း

HIV ပိုးအတွက်ရေပန်းအစားဆုံး စမ်းသပ်မှုမှာသွေးစစ်ခြင်း ဖြစ်သည်။ သွေးရလဒ်က positive ဖြစ်ပါက သင်သည် HIV ပိုးကူးစက်ခံနေသည်ဖြစ်ပြီး သွေးရလဒ်က negative ဖြစ်ပါက သင်သည် HIV ပိုးမရှိ‌ကြောင်းဆိုလိုပါသည်။ သွေးရလဒ်က positive ဖြစ်တိုင်း အမြဲတမ်းရောဂါလက္ခဏာများပေါ််မည်ကိုမဆိုလိုပါ။ အဘယ်ကြောင်.ဆိုသော် ဖျားနာသည်.ရောဂါလက္ခဏာပေါ််ပေါက်နိုင်ရန် နှစ်နှင်.ချီကြာနိုင်ပါသည်။ အနုတ်လက္ခဏာသွေးစစ်ဆေးမှုရလဒ်ပေါ် ပါက HIV ပိုးမကူးစက်ဘူးလို့ အမြဲတမ်းမဆိုလိုသင်.ပါ။ တခါတရံမှာ မကြာသေးမီကမှကူးစက်ခဲ့သောကြောင့် ပထမ 1-2 လအတွင်းတွင် သွေးစစ်ရလဒ်သည်အနုတ်လက္ခဏာဖြစ်နေတက်ပြီး နောက်ပိုင်းမှာ positive ဖြစ်လာတက်ပါသည်။ ထို့ကြောင့်သွေး၏ရလဒ်သည် အနုတ်လက္ခဏာဖြစ်လျှင် ကျိုးကြောင်းဆီလျော်စွာသံသယရှိပါက HIV ပိုးမကူးစက်ကြောင်းသေချာစေရန် ၃-၆ လအကြာတွင်ထပ်မံစစ်ဆေးသင့်သည်။

 

3. HIV ပိုးရှိမရှိ ဘာ့ကြောင့်စမ်းသပ်သင့်လဲ

HIV ရှိမရှိသိခြင်းသည် သင်၏ခင်ပွန်း၊ ဇနီး၊ သားသမီးများ မွေးဖွားလာမည့်ချစ်မြတ်နိုးရသူများကို ကာကွယ်စောင့်ရှောက်ရန်နှင်.HIV ပိုးမကူးစက်စေရန်စသည်.အကျိုးကျေးဇူးတွေအများကြီးရှိပါသည်။ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်နိုင်ခြင်းနှင်. ခန္ဓာကိုယ်တွင်း HIV ပမာဏကိုထိန်းချုပ်ရန် HIV ပိုးခုခံဆေးဝါးများကိုပုံမှန်သောက်သုံးသင်.ပါသည်။ တခြားသူတွေလိုသန်မာပြီး အရည်အသွေးကောင်းပြီးအသက်ရှည်စေရန်ဖြစ်သည်။ လက်ရှိတွင်အစိုးရက ၎င်းတို့၏ဆေးဝါးကုသခွင့်များအတိုင်း အခမဲ့ကုသပေးနေပြီး HIV ပိုးခုခံဆေးဝါးများကိုခွဲဝေပေးနေပါသည်။ ယင်းကရောဂါပိုးရှိသူအား မိမိကိုယ်ကိုကုသရန် ဝန်ထုပ်ဝန်ပိုးကိုထမ်းရွက်ခြင်းမှ လွတ်မြောက်စေမည်ဖြစ်သည်။

 

4. HIV စစ်ဆေးခြင်း၏သက်ရောက်မှု

သွေးစစ်ရလဒ်တွင် positive ဖြစ်ပါက တစ်ချို့လူတွေက အခြေအနေကိုလက်မခံနိုင်ကြဘဲ သို့မဟုတ် ပုံမှန်ကျန်းမာဖြစ်စေနိုင်သော အခမဲ့ကုသမှုများရှိသည်ကိုမသိဘဲ သေကြောင်းကြံခြင်း၊ မျှော်လင့်ချက်ကင်းမဲ့စေခြင်းနှင်. လုပ်ငန်းခွင်အတွင်းအလုပ်ဖြုတ်ခံရခြင်းများ ဖြစ်ပေါ်နိုင်သည်။ အချို့သောအာမခံကုမ္ပဏီများသည်လည်း HIV စစ်ဆေးမှုရလဒ်များကို မပေးပါကအာမခံပေးမည်မဟုတ်ပါ။ သွေးစစ်ရလဒ်တွင် negative ဖြစ်ပါက ပြဿနာတွေကိုဖြစ်စေနိုင်ပါသည်။ 1-2 လအတွင်းရောဂါပိုးကူးစက်ခံရသောအခါ သွေးစစ်ခြင်းအနုတ်လက္ခဏာဖြစ်နိုင်ပါသည်။ ထို့ကြောင့် လက်တွဲဖော် သို့မဟုတ် အခြားသူတစ်ဦးနှင့်လိင်ဆက်ဆံရာတွင် ဗိုင်းရပ်စ်ပိုးကူးစက်နေကြောင်းမသိမီတွင် အကာအကွယ်မပါဘဲလိင်ဆက်ဆံပါက ၎င်းတို့သည်ဗိုင်းရပ်စ်ကိုပျံ့နှံ့ရာရောက်ပါသည်။

 

5. HIV စစ်ဆေးမှု လက်ခံသူများ၏အခွင့်အရေး

 HIV အတွက်စမ်းသပ်လက်ခံသူများသည် သင့်လျော်သလိုကုသမှုခံယူပိုင်ခွင့်ရှိသည်။ စမ်းသပ်လက်ခံသူများသည် HIV အတွက်မစစ်ဆေးမီ ၎င်းတို့၏အခွင့်အရေးများကို အောက်ပါအတိုင်း သိထားသင့်သည်

5.1. အရေးပေါ်အခြေအနေများမှလွဲ၍ သို့မဟုတ် ပကတိလိုအပ်ချက်အရ HIV ရှိမရှိစစ်ဆေးရန် လိုအပ်သောအကြောင်းပြချက်ရှိပါက ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများက သွေးစစ်ရလဒ်အဖြေနှင်.အဓိပ္ပာယ်ဖွင့်ဆိုမှု၏အကျိုးသက်ရောက်မှုများကို စစ်ဆေးခံယူသူလူနာအား နားလည်သည်အထိရှင်းပြရမည်။

 5.2. စစ်ဆေးခံယူသူသည် သွေးစစ်ခြင်း၏လုပ်ထုံးလုပ်နည်းများနှင့် ရလဒ်များနှင့်ပတ်သက်၍ မေးခွန်းများမေးမြန်းပိုင်ခွင့်ရှိသည်။ ဆရာဝန် သို့မဟုတ် ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် မေးခွန်းများကိုနားလည်သည်အထိ အကြံဉာဏ်ပေးဖြေပြီးဆိုရပါမည်။ 

 5.3. HIV စစ်ဆေးမှုရလဒ်များသည် ဆရာဝန်၊ သွေးစစ်လက်ခံရရှိသူနှင့် သက်ဆိုင်သည့်ကျန်းမာရေးဝန်ထမ်းများကြားတွင်လျှို့ဝှက်ထားသည်။စစ်ဆေးခြင်းသာဆရာဝန်များနှင့် သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများသည် လူနာများ၏လျှို့ဝှက်ချက်ကို တင်းကြပ်စွာထိန်းသိမ်းထားရမည်ဖြစ်သည်။အခြားလူများထံသွေးစစ်ရလဒ်အသိပေးခြင်းမှာ ဆရာဝန်သည်စစ်ဆေးမှုရလဒ်များကို လက်ခံရရှိသူ၏သဘောတူညီချက်ကိုရရှိပြီးနောက် သို့မဟုတ် ဥပဒေကိုလိုက်နာရန်လိုအပ်သည့်အခါမှသာ ၎င်းကိုပြုလုပ်နိုင်သည်။

 5.4. သွေးစစ်ဆေးခံယူသူသည် ဤနေရာတွင်မစစ်ဆေးချင်ပါက သင်ခံစားခွင့်ရှိသည်.မည်သည့်နေရာမဆိုသွားရောက်စစ်ဆေးနိုင်မည်ဖြစ်သည်။ အမျိုးသားကျန်းမာရေးလုံခြုံရေးရုံး (NHSO) သည် တစ်နှစ်လျှင်နှစ်ကြိမ် အခမဲ့စစ်ဆေးခွင့် ပေးသည်၊ သို့မဟုတ် အခြားရွေးချယ်စရာများဖြစ်သော အမည်မသိဆေးခန်းသို့ အမည်ပြောစရာမလိုဘဲဝန်ဆောင်မှုရယူနိုင်ပါသည်။

 

အကိုးအကား- ထိုင်းနိုင်ငံဆေးကောင်စီဒါရိုက်တာဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက် အစည်းအဝေး အမှတ်စဉ် ၉/၂၀၁၄ ၌
  နောက်ဆုံးပြင်ဆင်မှု : 11/08/2023

free counter for websites

This website uses cookies for best user experience, to find out more you can go to our Privacy Policy  ,  Cookies Policy